HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeခေတ်သစ် ပုံပြင် I_icon_mini_portalLatest imagesSearchRegisterLog in

 

 ခေတ်သစ် ပုံပြင်

Go down 
AuthorMessage
kokyawko777




Posts : 51
Join date : 2010-03-26

ခေတ်သစ် ပုံပြင် Empty
PostSubject: ခေတ်သစ် ပုံပြင်   ခေတ်သစ် ပုံပြင် EmptyTue Aug 24, 2010 6:44 am

ခေတ်သစ် ပုံပြင်
တစ်နေ့မှာ ကျိကျိတတ် ချမ်းသာကြွယ်ဝတဲ့ ဖခင်တဥိးက သူ့ရဲ့သားငယ်ကို ကျေးရွာငယ်လေးတခုဆီကို အလည်အပတ် ခေါ်ဆောင်သွားခဲ့တယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ရွာမှာဆိုရင် လူတွေဟာ ဆင်းရဲကျပ်တည်းစွာနဲ့ နေထိုင်ရတယ်ဆိုတာကို သားဖြစ်သူကိုလက်တွေ့ပြသပြိးတော့ မိမိတို့မြို့မှာ ချမ်းသာကြွယ်ဝတဲ့ဘ၀ပိုင်ဆိုင်ထားတဲ့ အတွတ် ဆင်းရဲခြင်းရဲ့ဒုက္ခ ချမ်းသာခြင်းရဲ့သုခကို သိစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။
ဒါနဲပသာအဖနှစ်ယောက်ဟာ ရွာမှာရှိတဲ့ဆင်းရဲသား မိးသားစုတစုရဲ့ ခြံမှာထဲမှာ ရက်အနည်းငယ် နေကြတာပေါ့။အချိန်တန်လို့ မြို့ပြန်လာတဲ့အခါ အဖေက သားကို………………
“ကဲ ငါ့သား ဖေဖေတို့သွားခဲ့တဲ့ ခရီးက ဘယ်လိုလည်းဆိုတာပြောပါဥိး” လို့မေးတော့
သားက……………..“သိပ်ပျော်စရာ ကောင်းလိုက်တာဗျာ” လို့ဖြေလိုက်တယ်။
ဒါနဲ့အဖေက “ဆင်းရဲသားတွေရဲ့ ဘ၀ဟာ ဘယ်လိုအခြေအနေမှာ ရှိတယ်ဆိုတာရော ငါ့သားလေးမြင်တွေ့ခဲ့ ရတယ်မဟုတ်လား”
သားလေးက “မြင်တွေ့ခဲ့ရတာပေါ့ ဖေဖေ“ လို့ဖြေတော့
အဖေက “ကဲ သား ဒိခရီးစဉ်ကနေ သားအနေနဲ့ဘာတွေများ မှတ်သားခဲ့ရလည်း ဆိုတာ ဖေဖေိုပြောပြကွာ“
သားလေးက ဒီလိုဖြေတယ်။
“ဖေဖေ သားတို့ဆီမှာ ကြောင်တကောင်ပဲရှိတာ သူ့တို့ဆီမှာ လေးကောင်တောင်ရှိတယ် သားတို့ဆီမှာ ပန်းခြံသေးသေးလေးနဲ့ ရေကန်လေးသေးသေးလေးတကန် ပဲရှိတယ်။ သူတို့ဆီမှာတော့ ကြိးမားတဲ့ပန်ခြံ(တောအုပ်)နဲ့ အေးချမ်းပြိး အဆုံးအစ မမြင်ရတဲ့ စမ်းချောင်းရှိတယ်။သားတို့မှာ အလင်းရောင်ရဖို့ကို မီးအိမ်တွေ ထွန်းနေရပေမဲ့ သူတိုမှာတော့ ကြိးမားလှပတဲ့လမင်းကြိးရယ် ကြယ်တွေရယ်ရှိတယ်။ သားတို့မှာ ခြံစည်းရိုးတွေနဲ့ ဘောင်ခတ်ထားတဲ့ ခြံသေးသေးလေးပဲရှိတယ် သူတို့မှာ တော့ခြံစည်းရိုးခေတ်လို့မရတဲ့ကြိးမားတဲ့ ခြံဝန်းကြီးတွေရှိတယ်။သားတို့မှာက ပြုစုစောင့်ရှောက်ဖို့ အစောင့်အရှောက်တွေနဲ့ နေနေရတယ်။သူတို့ကတော့ သူတပါးကိုတောင် ပြုစုစောင့်ရှောက်နေကြတယ်။ သားတို့ကစားဖို့အတွတ်ကို အသီးအနှံတွေ ကိုငွေနဲ့ဝယ်ကြရတယ် သူတို့ကတော့စားသုံး ဖို့ကို ကိုယ်တိုင်စိုက်ပျိုးပြိးတော့ စားကြတယ်။သားတို့က ပစ္စည်းဥစ္စာတွေကို ကာကွယ်ဖို့အတွတ် ပတ်ပတ်လည်မှာနံရံတွေပဲရှိတယ်။ သူတို့မှာတော့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ဖို့ ပတ်ပတ်လည်မှာ မိတ်ဆွေကောင်းတွေရှိတယ်။
ဒိလိုမျိုး သားတို့ဘယ်လောက်တောင် ဆင်ရဲနေတာလည်းဆိုတာကို သိစေဖို့ လိုက်လံပြသပေးတဲ့ ဖေဖေ့ကို သားအမျာကိုကျေးဇူးတင်လိုက်တာဗျာ………….ပုံပြင်လေးကတော့ ဒါပါပဲဗျာ…………….။……..။

The Muslim Diget မှ ကူးယူတင်ပြသည်။
Back to top Go down
 
ခေတ်သစ် ပုံပြင်
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: GENERAL (CHIT CHAT) :: ဖိုရမ်ထဲရှိသီးသန့်အကြောင်းအရာမရှိသည့်ခေါင်းစဉ်များကိုဒီနေရာလေးမှာ တင်ပြဆွေးနွေးနိုင်ကြပါတယ်-
Jump to: