HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Home၁.ဖြူစင်သောမေတ္တာ လေးနက်သောအချစ် ခိုင်မြဲသောသစ္စာ နှင့် ၂. ဘ၀နောက်ကွယ်မှ အခိုးအငွေ့လေးများ I_icon_mini_portalLatest imagesSearchRegisterLog in

 

 ၁.ဖြူစင်သောမေတ္တာ လေးနက်သောအချစ် ခိုင်မြဲသောသစ္စာ နှင့် ၂. ဘ၀နောက်ကွယ်မှ အခိုးအငွေ့လေးများ

Go down 
AuthorMessage
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

၁.ဖြူစင်သောမေတ္တာ လေးနက်သောအချစ် ခိုင်မြဲသောသစ္စာ နှင့် ၂. ဘ၀နောက်ကွယ်မှ အခိုးအငွေ့လေးများ Empty
PostSubject: ၁.ဖြူစင်သောမေတ္တာ လေးနက်သောအချစ် ခိုင်မြဲသောသစ္စာ နှင့် ၂. ဘ၀နောက်ကွယ်မှ အခိုးအငွေ့လေးများ   ၁.ဖြူစင်သောမေတ္တာ လေးနက်သောအချစ် ခိုင်မြဲသောသစ္စာ နှင့် ၂. ဘ၀နောက်ကွယ်မှ အခိုးအငွေ့လေးများ EmptyFri Mar 26, 2010 10:21 am

၁.ဖြူစင်သောမေတ္တာ လေးနက်သောအချစ် ခိုင်မြဲသောသစ္စာ
နှင့်
၂. ဘ၀နောက်ကွယ်မှ အခိုးအငွေ့လေးများ


“လင်း”
ငါ့ကိုမေ့လိုက်တော့နော် မင်းဘ၀အတွက် ငါ့ဘ၀တစ်ခုကိုစွန့်လွှတ်လိုက်ပါတော့ ငါမင်းမသိအောင် အဝေးကိုထွက်သွားပြီ မင်းကိုမချစ်လို့ မဟုတ်ဘူးနော် မင်းကိုချစ်လို့ပါ……

ကျွန်တော်စာဖတ်ပြီးတဲ့အချိန်မှာ အရမ်းတွေဝေသွားခဲ့မိပါတယ်.. အဲဒီစာကို ကျွန်တော် အကြိမ် ၂၄၀ မြောက်ဖတ်မိခြင်းပါ လွန်ခဲ့တဲ့ ၁၂နှစ်လောက်က ကျွန်တော့်ကိုပေးခဲ့ဖူးတဲ့စာလေးတစ်စောင်ပေါ့……
ကျွန်တော်နဲ့သူသူ မနက်ခင်းတိုင်းမှာ လက်ဖက်ရည်ဆိုင်မှာဆုံနေကျပါ ကျွန်တော်က ရွာလေးတစ်ရွာကနေ ဒီမြို့ကိုအလုပ်လာလုပ်တာ သူသူကတော့ ရွာတစ်ရွာကနေဒီမြို့ကို ပြောင်းလာတာ (၄)နှစ်လောက်ပဲရှိဦးမယ် ဒီနေ့လဲ ကျွန်တော် သူ့ကိုစောင့်နေမိတယ် သူပေါ်မလာသေးပါ ရှစ်နာရီခွဲနေပြီလေ.. ကျွန်တော်ရဲ့အလုပ်က ကိုးနာရီဆိုရင်စမှာမို့ သူ့ကိုလာစေချင်လှပြီ သူကပေါ်မလာသေးဘူး စိတ်လဲအရမ်းတိုနေပြီ… ဟောဟိုမှာသူလာနေပြီလေ.. သူ့ကိုကျွန်တော်ရောက်ရောက်ချင်းအော်လိုက်မယ်လို့စိတ်ထဲမှာမှန်းထားပေးမယ့် သူလာတဲ့အချိန်မှာတော့ အဲဒီစိတ်တွေက အဝေးကိုလွင့်စင်ထွက်သွားပါပြီ….

(လင်း) “သူသူ” နင်ကလဲဟာနောက်ကျလိုက်တာ ငါက မလာတော့ဘူးမှတ်နေတာ ဘာလို့နောက်ကျနေတာလဲ…….

အဲဒီလိုပြောရတာလဲ အခါခါပါ သူကမိန်းကလေးမဟုတ်လား မိန်းကလေးတွေဆိုတာက ယောက်ျားလေးတွေထက် အလုပ်များသား အလှပြင်ရတာနဲ့ သူတို့ရဲ့ အချိန်က အမြဲတမ်းအလကားဖြစ်ဖြစ်နေတာလေ…

(သူသူ)သြော် “လင်း”ရယ် အိမ်မှာအလုပ်တွေက မပြီးဘူး ဘွားဘွားကလဲနေမကောင်းဘူးလင်းရဲ့….
(လင်း)ကဲပါထားလိုက်တော့ “သူသူ”ဘာမှာဦးမလဲ ……
(သူသူ) တော်ပြီမမှာတော့ဘူး အိမ်ကစားခဲ့ပြီ…..
(လင်း) အဲဒါဆိုလဲ သွားရအောင် …… ဆိုပြီးကျွန်တော်တို့ ပိုက်ဆံရှင်းပြီးထွက်ခဲ့ကြပါတယ်…

သူနဲ့ကျွန်တော်က အရမ်းချစ်ကြတာလေ မနက်ခင်းတိုင်းမှာ သူနဲ့ကျွန်တော် အမြဲတမ်းလိုလိုတွေ့ဖြစ်ကြပါတယ်.. သူအလုပ်ကပြန်ရင်လဲ ကျွန်တော့်ဆီဝင်နေကြပါ ကျွန်တော်အားတဲ့အချိန်တိုင်းလဲ သူ့ရှိတဲ့နေရာကိုကျွန်တော်သွားနေကြ…. ကျွန်တော်တို့ လက်ထပ်ကြမယ်ဆိုရင်တော့ ငယ်တော့တဲ့အရွယ်တော့မဟုတ်ပါ.. ကျွန်တော့်အသက်က ၂၅နှစ် သူနဲ့ကျွန်တော်က ရွယ်တူပါ…. ကျွန်တော်သူ့ကိုလက်ထပ်ရန် အသင့်ဖြစ်နေပါပြီ သူ့ကိုလက်ထပ်ဖို့ပြောလိုက်တိုင်း…..
“လင်း”ရယ် ငါတို့ငယ်ပါသေးတယ် ငါတို့အချိန်တွေအများကြီးရှိပါသေးတယ် အခုချိန်လက်ထပ်ရင် “လင်း”မိဘတွေကို “လင်း”ဘယ်လိုကျေးဇူးဆပ်မလဲ မိဘကျေးဇူးဆပ်ချင်သေးတယ်ဆို နေပါဦး“လင်း”ရယ်နော်… လက်ထပ်တာလွယ်တယ် “လင်း”ရဲ့ လက်ထပ်ပြီးတောာ့ ဘာလုပ်ကြမှာလဲ………

ကျွန်တော့်အိမ်မှာက ဖေဖေက ကျောင်းဆရာ၊ မေမေက တောင်သူ ညီမလေးက ၁၀ တန်းအောင်ထားပြီး တက္ကသိုလ်ဆက်တက်ရမှာ ကိုကိုက တော့သူ့အိမ်ထောင်နဲ့သူမို့လို့ အားကိုးလို့တော့မဖြစ်နိုင်တော့……. ကျွန်တော့်အိမ်အကြောင်းကိုအားလုံးသိနေတော့ သူက ကျွန်တော့်ကိုလက်မထပ်ချင်….. လက်ထပ်လိုက်ရင် ကိုယ့်အတွက်စားဖို့သောက်ဖို့ရာအတွက်လုပ်နေရတာနဲ့မိဘတွေအတွက် ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ သူသိနေပါသည်…. လက်ထပ်မယ်ပြောတိုင်းမှာ သူအမြဲတမ်းအကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်ခဲ့ပါတယ် တစ်နေ့မှာတော့…….

(လင်း)“သူသူ” မင်းကိုငါလက်ထပ်ချင်တယ်ပြောတိုင်း မင်းငါ့ကို အကြောင်းအမျိုးမျိုးပြပြီး ငြင်းတယ် ဘာလဲမင်းငါ့ကိုမချစ်လို့လား… ဒါမှမဟုတ် ငါ့အိမ်ရဲ့ဆင်းရဲတာကို မင်းသိနေလို့လက်မထပ်ချင်တာလား ပြောပါ မင်းငါ့ကိုသနားစရာမလိုဘူး ငဲ့ကွက်စရာမလိုဘူး ချစ်ရင်မင်းငါ့ကိုလက်ထပ်ရမယ်… မင်းငါ့ကိုမချစ်ဘူးလားချစ်လားပြော
(သူသူ) မဟုတ်ပါဘူး“လင်း”ရယ် ငါပြောနေတာတွေက မင်းအတွက်ပါ ငါ့အတွက်တစ်ခုမှမပါဘူး “လင်း”ကိုချစ်ပါတယ် လက်ထပ်ချင်ပါတယ် ဒါပေမယ့် သူသူ ကိုလက်ထပ်လိုက်ရင် “လင်း”ရဲ့မိဘတွေဘယ်သူ့ကိုအားကိုးရမလဲ “လင်း”မိဘတွေက “လင်း”ကိုအားကိုးနေကြတာ သိရဲ့သားနဲ့မဆိုးချင်ပါနဲ့ကွာ…..
(လင်း) မဟုတ်ဘူး သူသူ မင်းငါ့ကိုမချစ်လို့ပြောနေတာ မင်းငါ့ကိုမချစ်လို့သာလက်မထပ်ချင်တာ ဟုတ်တယ်မဟုတ်လား သူသူ မှာ ငါ့ထက်ချစ်ရမယ့်သူ ရှိနေတယ်မဟုတ်လား ပြောပါ ပြောလေ…
(သူသူ) “လင်း”ငါ့ရဲ့စေတနာကိုမစော်ကားနဲ့ အခု“လင်း”ပြောနေတဲ့ပုံစံက သူသူရဲ့စေတနာကိုတင်မကဘူး သူသူရဲ့အချစ်ကိုပါစော်ကားနေတာ
(လင်း) ဟုတ်ပါတယ် ဟုတ်ပါတယ် ငါမှားပါတယ် သူသူ ငါသိပ်ကိုမှားခဲ့တယ် ငါ့ကိုမချစ်တဲ့လူကိုမှ ငါကချစ်မိနေတာ ငါသိလိုက်ပါပြီး မင်းငါ့ကိုလက်မထပ်ချင်ဘူးဆိုရင်ရတယ် ငါဒီကနေထွက်သွားတော့မယ် နောက်ရက်ကစပြီး “လင်း”ကိုမတွေ့စေရဘူး
(သူသူ) ရတယ်လေ “လင်း”မင်းထင်ချင်သလိုထင် သူသူကတော့ “လင်း”ကိုလုံးဝလက်မထပ်ချင်သေးဘူး
(လင်း) ရတယ်လေ သူသူ အဲဒါဆိုလဲ သူသူ ကို နှုတ်ဆက်ခဲ့ပါတယ်…….

ကျွန်တော် ပြောချင်တာတွေပြောပြီး သူ့အနားကနေ ထွက်လာခဲ့ပါတယ် ကျွန်တော်ထွက်လာခါနီးမှာ မြင်ရတာက သူသူမျက်နှာပေါ်က မျက်ရည်စက်အချို့ပါ… အမှန်အတိုင်းပြောရရင် ကျွန်တော် ပြောချင်ရာတွေသာပြောခဲ့တာ သူသူနဲ့ဝေးရာကို ထွက်မသွားနိုင်ပါဘူး… အဲဒီလိုနဲ့နောက်တစ်ရက်မှာလဲ ကျွန်တော်တို့စုံနေကျလက်ဖက်ရည်ဆိုင်လေးဆီကို သွားနေကျအတိုင်းသွားစောင့်ခဲ့ပါတယ် သူသူ ပေါ်မလာဘူး ကျွန်တော် ကိုးနာရီထိုးတော့မှာမို့ဒီနေ့တော့နေပါစေတော့လေဆိုပြီးပြန်လာခဲ့မိပါတယ် နောက်ရက်မှာလဲ အဲဒီလိုပဲ သွားစောင့်ခဲ့ပါတယ် သူသူ မလာဘူး စာပွဲထိုးလေးတစ်ယောက်ကတော့ စာလေးတစ်စောင် လာပေးပါတယ်… ကျွန်တော် သူသူရဲ့အလုပ်ကို ဖုန်းဆက်မေးတော့ သူသူမလာတာ နှစ်ရက်ရှိနေပြီတဲ့ အဲဒါနဲ့ပဲကျွန်တော် သူ့အိမ်ကိုဖုန်းဆက်မေးတော့ သူသူ ထွက်သွားတယ် အိမ်ကလဲစိတ်ပူနေတယ် တွေ့ရင်ပြန်လာဖို့ပြောပေးပါဦးလို့ ကျွန်တော့်ကိုပြောလိုက်ပါသေးတယ် ကျွန်တော့်စိတ်တွေ အားလုံး ရှုတ်ထွေးကုန်တာအမှန်ပါ…. အခုတော့ သူပြောနေကျစကားလေးတစ်ခွန်းနဲ့အတူ သူသူကျွန်တော်နဲ့ဝေးရာကိုထွက်သွားပါပြီ သူကအမြဲတမ်းကျွန်တော့်ကိုပြောပါတယ်….
“လင်း” လင်းကိုငယ်ငယ်ရွယ်ရွယ်နဲ့ ပင်ပန်းဆင်းရဲတာကိုမဖြစ်စေချင်ဘူး “လင်း”ကိုလက်မထပ်ချင်သေးဘူး “လင်း”အတွက်ပါ “လင်း”အတွက်တင်မဟုတ်ဘူး “လင်း”ရဲ့မိဘတွေအတွက်ထိ သူသူ ပြောတာပါ သူသူ အဝေးကို“လင်း”မသိအောင်ထွက်သွားမယ် အချိန်တန်မှပြန်လာမယ် “လင်း”နဲ့လက်ထပ်မယ်…………..

ကျွန်တော့်အစွမ်းကုန် ကြိုးစားပြီးဆက်သွယ်ပါတယ် ဒါပေမယ့် အချည်းနှီးသာ…… ဒီလိုနဲ့ကျွန်တော်လက်ဖက်ရည်ဆိုင်လေးကို မရောက်ဖြစ်တော့ပါဘူး ကျွန်တော်နယ်ကိုပြန်သွားခဲ့ပါတယ် ကျွန်တော်ရဲ့အိမ်မှာပဲ တောင်သူလုပ်ငန်းဘ၀နဲ့ပဲ ဆက်ပြီးအသက်မွေးနေပါတယ် တစ်ခြားအလုပ်ကိုလဲ မလုပ်ဖြစ်တော့ပါဘူး ဒီလိုနဲ့ ညီမလေးလဲကျောင်းပြီးသွားပြီး ဖေဖေနဲ့မေမေလဲအသက်တွေကြီးနေပြီ…

တံခါးပွင့်တဲ့အသံကြားတာနဲ့ ကျွန်တော်ဖတ်လက်စ စာကို ခေါက်ပြီး ရုတ်တရက် ပျာပျာယာယာ သိမ်းလိုက်မိပါတယ်… ဖေဖေနဲ့မေမေ၀င်လာတာပါ…..
သားရယ် မင်းအိမ်ထောင်ပြုဖို့လေးဘာလေွးစဉ်းစားပါဦး ဖေဖေနဲ့မေမေတို့လဲ မြည်းချီချင်လှပြီး ရွာဦးက မိအေးဆိုရင် မဆိုးပါဘူး လိမ္မာပါတယ် သားရယ် ကောင်မလေးက လှလဲလှပါတယ် သားနဲ့လဲငယ်ငယ်လေးကတည်းကပေါင်းလာတာ တစ်ယောက်နဲ့တစ်ယောက်လဲ သိနေကြတာကို ဘာကို အလိုမကျနေတာလဲသားရယ်…… ဖေဖေနဲ့မေမေပြောနေကျစကားလေးပါ ကျွန်တော်အမှန်အတိုင်းပြောရရင် သူသူကိုစောင့်နေမိတယ် ကျွန်တော့်ဆီကိုဖုန်းလဲမဆက် စာလဲမလာနဲ့ အိမ်ထောင်များကျနေပြီလား တစ်ခါတစ်လေကျတော့လဲ သူသူငါ့ကိုမချစ်လို့ပစ်သွားတာပဲလေ လို့တွေးမိလိုက်တိုင်း သူသူပြောနေကျ…… စကားလေးတစ်ခွန်း……..
“လင်း” လင်းကိုငယ်ငယ်ရွယ်ရွယ်နဲ့ ပင်ပန်းဆင်းရဲတာကိုမဖြစ်စေချင်ဘူး “လင်း”ကိုလက်မထပ်ချင်သေးဘူး “လင်း”အတွက်ပါ “လင်း”အတွက်တင်မဟုတ်ဘူး “လင်း”ရဲ့မိဘတွေအတွက်ထိ သူသူ ပြောတာပါ သူသူ အဝေးကို“လင်း”မသိအောင်ထွက်သွားမယ် အချိန်တန်မှပြန်လာမယ် “လင်း”နဲ့လက်ထပ်မယ်…………..

အဲဒီလိုနဲ့ ကျွန်တော်လဲ မိအေးကိုလက်မထပ်ဖြစ်ပါဘူး ဒါပေမယ့် မိအေးကိုတော့ ကျွန်တော့်ဖေဖေနဲ့မေမေအပြင် မိအေးရဲ့မိဘတွေကပါ သဘောတူနေတာမို့ အတူသွားအတူလာ ပြောစရာမလိုပါ ဒါပေမယ့်ကျွန်တော့်စိတ်ထဲမှာတော့ မိအေးကို ကျွန်တော့်ရဲ့ညီမလေးတစ်ယောက်လိုပဲ သဘောထားတာမို့လို့ လက်ထပ်ဖို့မဖြစ်နိုင်ပါ…. တစ်နေ့မှာတော့ ကျွန်တော်နဲ့မိအေး မြို့တက်ပြီး ပစ္စည်းတွေဝယ်ကျရင်းနဲ့ ကျွန်တော်နဲ့ သူသူဆုံနေကျ လက်ဖက်ရည်ဆိုင်လေးကို တစ်ခေါက်ရောက်အောင်လာခဲ့မိပါတယ် ကျွန်တော်က ရွာကနေ မြို့ကိုလာပြီး အလုပ်လုပ်တာလေ သူသူကတော့ မြို့သူပေါ့… တစ်ခါတစ်ခါ မှမြို့ကိုလာဖြစ်တာဆိုတော့ တစ်လစာ ဒါမှမဟုတ် ခြောက်လ ခုနစ်လစာ ဟင်းချက်စရာတွေကို ၀ယ်ရပါတယ် အခုလဲ ပစ္စည်းတွေဝယ်ပြီးလို့ အေးအေးဆေးဆေးပြန်ရမယ့်အချိန်မှာ သူသူ့ကိုသတိရနေပြီမို့ ခဏ၀င်လိုက်ခြင်းပါ….. စာပွဲထိုးလေးက အမတစ်ယောက်က အကို့ကို စာပေးသွားတယ်ဆိုပြီး ကျွန်တော့်ကိုစာတစ်စောင်ပေးလာပါတယ် စားပွဲထိုးလေးကတော့ ကျွန်တော့်ကိုအခုထိမှတ်မိနေတယ်ထင်ပါတယ် ကျွန်တော်နဲ့သူသူ ထိုင်တုန်းက အဲဒီကောင်လေးက ကလေးသာသာမျှသာ စကားမပီကလာပီကလာနဲ့လာလာပြီး မေးနေကျပါ အခုတော့အတော်တောင်ကြီးနေပြီ… သူက စားပွဲထိုးဆိုပေမယ့် ဆိုင်ရှင်ရဲ့တူဆိုတော့ နှစ်တွေအကြာကြီးလုပ်နေတာထင်တယ်….
ကျွန်တော်လဲစာကိုချက်ချင်းဆိုသလိုဖွင့်ဖတ်မိပါတယ်….

“လင်း”
သူသူ “လင်း” ကိုအရမ်းချစ်ပါတယ် “လင်း”ကိုမချစ်လို့ထွက်သွားတာမဟုတ်ပါဘူး “လင်း”ကိုချစ်လွန်းလို့ထွက်သွားတာပါ… “လင်း”လာမယ်ထင်လို့ဒီဆိုင်လေးကို မနက်ခင်းတိုင်းလာလာကြည့်ပါတယ် ရက်စက်လိုက်တာ“လင်း”ရယ် “လင်း”သူသူ ကိုစိတ်နာသွားတာလား ဟုတ်ပါတယ် “လင်း”စိတ်နာရင်လဲ သူသူလုပ်ပုံက စိတ်နာစရာပဲကိုး သူသူကြားမိတာကတော့ “လင်း”က ရွာကကောင်မလေးတစ်ယောက်နဲ့လက်ထပ်တော့မယ်ဆိုတာပါပဲ သူသူဝမ်းသာပါတယ် အဲဒီကောင်မလေးက “လင်း”ကိုလဲချစ်တယ်လို့ကြားတယ် “လင်း”တို့ဘ၀ပျော်ရွှင်ပါစေ သူသူ တစ်ယောက်ထဲနေလာတာကြာလို့ တစ်ယောက်ထဲနေတတ်တဲ့အကျင့်က ရနေပါပြီ “လင်း”တို့ဘ၀သာယာပါစေလို့ဆုတောင်းရင်းနဲ့ပဲ
ချစ်တဲ့ “သူသူ”

စာဖတ်အပြီးမှာတော့ ကျွန်တော် စာပွဲထိုးလေးကို လှမ်းခေါ်လိုက်ပါတယ် ညီရေ ဒီစာကို ဘယ်တုန်းက ပေးသွားတာလဲလို့မေးတော့ စားပွဲထိုးလေးက လွန်ခဲ့တဲ့ (၄)ရက်လောက်ကလို့ပြောပါတယ်… ကျွန်တော် အရမ်းပျာယာခတ်သွားပါပြီ ကျွန်တော်သူသူကိုအရမ်းတွေ့ချင်တယ် ကျွန်တော် သူသူကိုတွေ့ရင် အကြောင်းစုံရှင်းပြမယ် ပြီးရင်သူသူနဲ့လက်ထပ်မယ်ပေါ့ ကျွန်တော် ချက်ချင်းပဲ သူသူ့အိမ်ကို နီးရာဖုန်းဆိုင်ကနေ ဖုန်းဆက်လိုက်ပါတယ် ဒါပေမယ့်ဖုန်းကိုင်တဲ့လူက သူတို့ပြောင်းသွားတာ မကြာသေးပါဘူး ဘယ်ကိုပြောင်းသွားတယ်ဆိုတာကိုတော့ မသိဘူး ဆိုတဲ့အဖြေပဲရလိုက်ပါတယ်… ကျွန်တော်လဲ ရွာပြန်ရမှာမို့လို့ မိုးချုပ်မှာစိုးတာနဲ့ပဲ ရွာကို ပြန်သွားခဲ့ပါတယ်

ဒီနေ့တော့ ကျွန်တော့်စိတ်တွေအရမ်းတက်ကြွနေပါတယ် သူသူ သူတို့ငယ်ငယ်ကနေခဲ့တဲ့ရွာမှာရှိတယ်လို့သတင်းရလို့ သူသူ့ဆီကိုသွားဖို့ ပြင်ဆင်ထားခြင်းပါ ကျွန်တော် ကားနဲ့ပဲ သူသူရှိရာရွာကိုအဆင့်ဆင့်လာခဲ့ပါတယ် ကျွန်တော် သူသူတို့နေတဲ့အိမ်ကို ရွာမှာရှိတဲ့ရွာသူရွာသားတွေကို မေးရင်းနဲ့သူသူ့အိမ်ကိုရောက်လာခဲ့ပါတယ် သူသူရှိရာအိမ်နားကိုရောက်လာလေလေကျွန်တော်အရမ်းတက်ကြွလာလေလေပါပဲ ကျွန်တော်သူသူတို့အိမ်ကိုရောက်တော့ အမှတ်မထင်တွေ့လိုက်ရတာက အိပ်ရာပေါ်မှာလဲနေတဲ့သူသူကိုပါပဲ သူသူဘယ်လိုဖြစ်တာလဲ သူသူဘာဖြစ်တာလဲ ကျွန်တော် သူသူမိဘတွေမျက်နှာကိုမကြည့်နိုင်တော့ပါ… သူသူရှိရာကုတင်ဘေးထိဘယ်လိုရောက်သွားတယ်ဆိုတာလဲမသိတော့ပါ
(လင်း) သူသူ ဘာဖြစ်တာလဲ ဘယ်လိုဖြစ်တာလဲ
(သူသူ) “လင်း”ရယ်သူသူဘာမှမဖြစ်ပါဘူး သူသူနေကောင်းပါတယ် သူသူ“လင်း”ကိုစောင့်နေတာ.. “လင်း”ကိုအရမ်းတွေ့ချင်နေတာ
ကျွန်တော်သတိထားမိတဲ့အချိန်မှာ သူသူဟာကျွန်တော့်ရဲ့ရင်ခွင်ထဲမှာရောက်နေပါပြီ… ကျွန်တော်သတိလက်လွတ်ဖြစ်သွားခဲ့တယ်ထင်ပါတယ် ကျွန်တော်သူသူ့မျက်နှာကိုကြည့်လိုက်တော့ ဖြူဖတ်ဖြူရော်နဲ့ ခန္ဓာကိုယ်ကလဲ ပျော့ချိနေလေပြီ………… သူသူ ကျွန်တော်လှုပ်နှိုးကြည့်ပါသည် သူသူ့ရဲ့မျက်လုံးပွင့်မလာဘူး သူသူရဲ့ပါးစပ်ကနေလဲ ဘာသံမှထွက်မလာတော့ဘူး သူသူ့မှာ အရင်ကတည်းက နှလုံရောဂါအခံရှိခဲ့တာပါ ကျွန်တော်သိခဲ့ပါတယ်. သူတစ်ယောက်ထဲ ဘ၀အတွက်ရုံးကန်ရင်းနဲ့ ရောဂါ ဆိုးဝါးခဲ့သည်ထင်ပါတယ်…. အခုတော့ ကျွန်တော့်ကိုချစ်တဲ့သူသူ ကျွန်တော်နဲ့လက်ထပ်ရအောင်ပြန်လာမယ့်သူသူက ကျွန်တော့်ကိုပစ်သွားခဲ့ပါပြီ…သြော် သူသူ………………………………………………….
ကျွန်တော်သူသူ့ဆီမှအပြန်လမ်းမှာဘာတွေဖြစ်ခဲ့လဲ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မမှတ်မိတော့ပါဘူး… ကျွန်တော်အိမ်ပြန်ရောက်တော့ ကျွန်တော့်အိမ်ရှေ့မှာလူတွေဝိုင်းနေတာတွေ့လိုက်ရတယ် ကျွန်တော်လဲစိတ်ပူပြီးဘာဖြစ်တာလဲ လူကြားတိုးကြည့်တော့ ကျွန်တော့်ရဲကခန္ဓာကိုယ်က ကုတင်ပေါ်မှာ ပကတိ တည်ငြိမ်လျှက်………….

နောက်နေ့မနက်ခင်းမှာတော့ကျွန်တော်လာနေကျလက်ဖက်ရည်ဆိုင်ကိုတစ်ခေါက်ထပ်ရောက်ခဲ့ပါတယ်…. သူသူက အရင်ရောက်နှင့်နေပြီ… သူသူကျွန်တော့်ကို ပြုံးပြုံလေးစီးကြိုနေတယ် ကျွန်တော်တို့စားချင်ရာစားပြီး ထွက်လာခဲ့ကြပါတယ် ကျွန်တော်တို့နှစ်ယောက်လုံးရဲ့စိတ်တွေက လေထဲမှာပေါ့ပါးနေသလိုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကလဲ အရမ်းသွက်လက်နေကြတာပါ…… သူသူအိမ်နဲ့ ကျွန်တော့်အိမ်မှာကျန်ခဲ့ကြတဲ့ မိဘဆွေမျိုးးတွေကတော့ သူတို့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်များ အဆက်မပြတ်စီးကျလျှက်……………………………………………….

ခန္ဓာပျက်စဲ ချစ်နေဆဲ…

(ကျွန်တော့်ဘ၀ရဲ့တစ်စိတ်တစ်ဒေသကို တင်ပြရင်း…………)
(စာရေးသူ ကိုနေလင်း)

ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်း ဒီဇာတ်လမ်းတိုလေးးအတွက် ခေါင်းစဉ်ရွေးတဲ့နေရာမှာ သူ့စိတ်ကြိုက်နဲ့ ကျွန်တော့်စိတ်ကြိုက် မတူတာမို့ ပရိတ်သတ်များမှ ဇာတ်လမ်းလေးနဲ့ ကိုက်ညီမယ့် ခေါင်းစဉ်လေးကို ရွေးပြီး university.monywa@gmail.com သို့မေးလ်ပို့ပေးကြပါရန် မေတ္တာရပ်ခံပါသည်ခင်ဗျာ……..
Back to top Go down
http://www.hapmalaysia.net
 
၁.ဖြူစင်သောမေတ္တာ လေးနက်သောအချစ် ခိုင်မြဲသောသစ္စာ နှင့် ၂. ဘ၀နောက်ကွယ်မှ အခိုးအငွေ့လေးများ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: FUN & ENTERTAINMENT(စာအုပ်စာပေများ) :: အွန်လိုင်းပေါ်ရှိ ဘလော့စာစုများကို ဒီနေရာမှာတင်ပြနိုင်ကြပါတယ်။-
Jump to: