HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeရစ်ကီမာတင်ဘာလဲဆိုတာ ဖေါ်ပြလိုက်ပြီ I_icon_mini_portalLatest imagesSearchRegisterLog in

 

 ရစ်ကီမာတင်ဘာလဲဆိုတာ ဖေါ်ပြလိုက်ပြီ

Go down 
2 posters
AuthorMessage
ဘေဘေး




Posts : 1
Join date : 2010-03-30

ရစ်ကီမာတင်ဘာလဲဆိုတာ ဖေါ်ပြလိုက်ပြီ Empty
PostSubject: ရစ်ကီမာတင်ဘာလဲဆိုတာ ဖေါ်ပြလိုက်ပြီ   ရစ်ကီမာတင်ဘာလဲဆိုတာ ဖေါ်ပြလိုက်ပြီ EmptyThu Apr 01, 2010 9:06 am

ပျိုမေတို့အသည်းစွဲ အဆိုတော်ရီကီမာတင်လည်းပွင့်သွားပြီ


မတ်လ ၃ဝရက်နေ့၊ ၂ဝ၁ဝခုနှစ်

သက်တံ့အယ်ဒီတာအဖွဲ့

Ricky Martin

ဆယ်စုနှစ်တစ်ခုလုံးနီးပါး သူရဲ့ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး သို့လောသို့လောနဲ့
ကောလဟာလ သတင်းပေါင်းစုံ ထွက်ခဲ့တဲ့ လက်တင်တေးဂီတအဆိုတော် ရီကီမာတင်(Ricky
Martin)တယောက် မနေ့က သူ့ကိုယ်ပိုင်အင်တာနက် စာမျက်နှာမှာ မိမိကိုယ်ကိုယ် မိမိ
လိင်တူချစ်သူတယောက်အဖြစ်နဲ့ ဝန်ခံထုတ်ပြန် ကြေညာခဲ့ပါတယ်။

ရီကီမာတင်ဟာ လွန်ခဲ့တဲ့နှစ်တွေက သူ့ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်လာလို့ရှိရင်
ဘယ်သတင်းမီဒီယာဌာနနဲ့မှ လက်ခံဆွေးနွေး ပြောဆိုလေ့ရှိတာ မဟုတ်ပါဘူး။ အခုအခါမှာတော့
သူ့ရဲ့အင်တာနက် စာမျက်နှာပေါ်မှာ “ကျနော်အလွန်ကိုကံကောင်းတဲ့
လိင်တူချစ်သူအမျိုးသားတဦးဖြစ်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်
အမြဲတမ်း ဂုဏ်ယူလို့မဆုံးပါဘူး။ အခုလို လိင်တူချစ်သူတယောက် ဖြစ်ရတာဟာလည်း
ဘုရားသခင်ပေးတဲ့ ကောင်းချီးဆုမင်္ဂလာတရပ်လို့လည်း ကျနော်ယုံကြည်ပါတယ်”လို့
သူ့ရဲ့လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး
အခုလိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ရေးသားထားပါတယ်။

ပြီးတော့ “လွန်ခဲ့တဲ့လတွေထဲမှာ ကျနော့်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ပတ်သက်ပြီး
အမှတ်ရစရာ အဖြစ်အပျက်လေးတွေကို ကျနော်မှတ်တမ်းတခုအနေနဲ့ရေးသားဖို့
စတင်ပြင်ဆင်ခဲ့ပါတယ်။ အဲဒီလိုစ စဉ်းစားလိုက်ကတည်းကနေ ကျနော်ရဲ့ဘဝ
တကွေ့ချိုး ပြောင်းလဲတော့မယ်ဆိုတာကို ကျနော့်စိတ်ထဲကအလိုလိုသိနေခဲ့သလို
ဒီအပြောင်းအလဲက ကျနော်နှစ်ရှည်လများစွာ သယ်ဆောင်လာခဲ့ရတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို
ဖယ်ရှားပေးတော့မယ်ဆိုတာကိုလည်း သိနေခဲ့ပါတယ်။ ပြီးတော့ မကြာခင်ကျနော်ဟာ
ကျနော့်ရင်ထဲမှာ တိတ်တဆိတ် အကျဉ်းချခံနေရတဲ့ဘဝကနေ လွတ်မြောက်တော့မယ် ဆိုတာကိုလည်း
ကျနော်ကောင်းကောင်း သိနေခဲ့တယ်”လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရီကီမာတင်ဟာ ခလေးအမွှာပူး မက်ကျီယို(Matteo)နဲ့
ဘလင်ထီနို(Valentino)တို့နှစ်ယောက်ကို မွေးစားလိုက်ပြီးတဲ့ နောက်ပိုင်း
သူ့ရဲ့အချိန်တွေကို သားငယ်နှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
လုံးဝအချိန်ပြည့် ပေးဆပ်လိုက်တော့မယ်လို့ ကြေညာလိုက်ပြီးကတည်းက
တနှစ်ကျော်ကျော်နီးပါး အနုပညာလောက ကနေ ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။

ရီကီမာတင်ရဲ့ မှတ်တမ်းစာအုပ်နဲ့သီချင်းအယ်လ်ဘမ်အသစ်တွေကို ဒီနှစ်ကုန်ပိုင်းမှာ
ပြန်လုပ်ထုတ်ဝေ ဖြန့်ချီတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ရီကီမာတင် အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကတော့
၁၉၉၈ကမ္ဘာ့ဖလားဘောလုံးပွဲသီချင်းဖြစ်တဲ့ Cup of life, Velvet, She Bang, I don’t
care တို့ပဲဖြစ်ပါတယ်။
Back to top Go down
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ရစ်ကီမာတင်ဘာလဲဆိုတာ ဖေါ်ပြလိုက်ပြီ Empty
PostSubject: Re: ရစ်ကီမာတင်ဘာလဲဆိုတာ ဖေါ်ပြလိုက်ပြီ   ရစ်ကီမာတင်ဘာလဲဆိုတာ ဖေါ်ပြလိုက်ပြီ EmptyThu Apr 01, 2010 10:32 pm

ဟောဗျာအဲ့လိုကြီးလားဗျ....မှားပါတယ်ကိုသောင်းရယ်...hapmalaysia
Back to top Go down
http://www.hapmalaysia.net
 
ရစ်ကီမာတင်ဘာလဲဆိုတာ ဖေါ်ပြလိုက်ပြီ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: FUN & ENTERTAINMENT (သီချင်းများကဏ္ဍ) :: ကမ္ဘာ့အဆိုတော်များအကြောင်းဆွေးနွေးကြမယ်-
Jump to: