HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
HomeGmail ကို လုံခြုံရေး တင်းကျပ်ခြင်ရင်.......... I_icon_mini_portalLatest imagesSearchRegisterLog in

 

 Gmail ကို လုံခြုံရေး တင်းကျပ်ခြင်ရင်..........

Go down 
AuthorMessage
kokyawko777




Posts : 51
Join date : 2010-03-26

Gmail ကို လုံခြုံရေး တင်းကျပ်ခြင်ရင်.......... Empty
PostSubject: Gmail ကို လုံခြုံရေး တင်းကျပ်ခြင်ရင်..........   Gmail ကို လုံခြုံရေး တင်းကျပ်ခြင်ရင်.......... EmptyTue Apr 06, 2010 4:38 am

ကျနော်က ဂျီမေးလ် သုံးနေတာတော့ အတော်ကြာပါပြီ။ မရှိမဖြစ်လောက်ကို
သုံးနေရတာပါ။ ဒီတော့ ဂျီမေးလ် အကောင့်လေးနှင့် ပါတ်သက်လာရင် တော်တော်လေး
လန့်ပါတယ် ။ Hack တယ်လို့ ကြားရင် ကိုယ့်မေးလ်လေး စိတ်မချဖြစ်ရတာ အမောပါ ။
ကျနော် အကောင့်လုံခြုံအောင် အမြဲတမ်းရှာဖွေနေမိပြီး ကျနော့လိုဘဲ ဂျီမေးလ်
အကောင့်လေး စိုးရိမ်တက်သူများအတွက် ရေးပေးလိုက်တာပါ ။
ဘာပညာမှတော့ထူးထူးဆန်းဆန်းမပါပါဘူး။ ပညာရှင်များအတွက်တော့ ဟာသဖြစ်နေမှာပါ။
ဒါပေမယ့်ကျနော်လို ဘာမှ မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ ။
ပထမအဆင့် Protocol Secure
ကိုယ့်အကောင့်ကို Changing the HTTPS setting သို့ပြောင်းပါ HTTPS
(Hypertext Transfer Protocol Secure) ဆိုတာက HTTP (Hypertext Transfer
Protocol) ထက် ပိုပြီး လုံခြုံရေးအဆင့်တခုရှိနေပါတယ်။ သူက secure protocol
ပါ။
လုပ်ရတာလွယ်ပါတယ်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) General မှာ Browser connection မှ Always use https ကို
မှတ်ပေးလိုက်ပါ
(၄) အောက်ဆုံးမှာသွားပြီး Save Changes လုပ်လိုက်ရင် ပြီးပါပြီ
ကိုယ်မေးလ်အကောင့် ကို ၀င်လိုက်တိုင်း http:// မဟုတ်တော့ပါဘူး https://
ဖြစ်နေတာကိုတွေ့ရမှာပါ

ဒုတိယအဆင့် Password
မိမိ အကောင့် password ကို ရိုးရိုးကြီး မပေးထားပါနှင့် ဥပမာ( password)
ဆိုတာမျိုးထက်( pAssWord123SeCurE )လို့ပေးနိုင်ရင် အကောင်းဆုံးလို့
Google ဆိုထားပါတယ်။ နောက်ပြီး အကောင့် password ကို တနှစ်မှာ အနည်းဆုံး
နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်းထားပါတယ်။ Microsoft အဆိုအရ password
တခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါဘူးလို့ ပြောထားတာလည်း ရှိပါတယ်။
မိမိနှစ်သက်သလို ရွေးချယ်ပါ

တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်အကောင့် password မေ့သွားရင် ဖြစ်ဖြစ် ဒါမှမဟုတ်
အခြားသူတယောက်က မိမိအကောင့်ကို password recovery လုပ်ပြီးအခိုးမခံရအောင်
မိမိအကောင့်စဖွင့်တဲ့အချိန်က ပေးထားသော recovery အကောင့်ကို
များသောအားဖြင့် သူငယ်ချင်း တယောက်ယောက်ရဲ့ အကောင့်ပေးထားလေ့ရှိပါတယ်
အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ မိမိရဲ့ အကောင့်
Recovery ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်
(၁) မိမိအကောင့်ကို Sign up လုပ်ဝင်လိုက်ပါ
(၂) yourmail@gmail.com ဘေးနားမှ Settings ထဲကို ၀င်လိုက်ပါ
(၃) Account and Import မှ အောက်ဆုံးမှာရှိသော Google Account setting မှ
Visit your Google Account setting ကလစ်နှိပ်ဝင်ပါ
(၄) Personal Settings အောက်မှ Change password recovery options ကို
ကလစ်နှိပ်ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနိုင်ပါသည်။

ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ Google နှင့်
အဆင့်မြင့်နည်းပညာသုံး မသာမာသော အစိုးရ ပညာရှင်များသာလျှင်
မိမိအကောင့်ကိုခိုးနိုင် ဖတ်နိုင်ပါလိမ့်မည်။


*** Forever Friend မှ ကူယူဖေါ်ပြပါသည် ။
Back to top Go down
 
Gmail ကို လုံခြုံရေး တင်းကျပ်ခြင်ရင်..........
Back to top 
Page 1 of 1
 Similar topics
-
» Gmail Password မေ့နေသူများ Reset from gtalk

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: GENERAL ( ကွန်ပျူတာနှင့် အိုင်တီ ) :: GMAIL, GTALK နှင့်ပတ်သက်သမျှကိုဒီနေရာလေးမှာ တင်ပြဆွေးနွေးမျှဝေပေးနိုင်ကြပါတယ်။-
Jump to: