HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeအပြုံးအင်အား I_icon_mini_portalLatest imagesSearchRegisterLog in

 

 အပြုံးအင်အား

Go down 
AuthorMessage
kokyawko777




Posts : 51
Join date : 2010-03-26

အပြုံးအင်အား Empty
PostSubject: အပြုံးအင်အား   အပြုံးအင်အား EmptyWed Apr 07, 2010 12:24 am

အပြုံး
အပြုံးတစ်ချက် ပြုံးပြဖို. ဘာမျှ မကုန်ကျပါ ။ သို.သော် အပြုံးတစ်ချက်သည်
ကြီးမားသော အကျိုးဆက်ကို ဖြစ်စေနိုင်ပါသည် ။ အပြုံးကိုရသူသည် ပိုမို
အင်အားပြည့်ဝသလို အပြုံးကို ပေးရသူအတွက်လည်း ဘာမှလျော့ပါးသွားခြင်း
မရှိပါ။ တစ်ချက်ပြုံးပြဖို. တစ်ခဏသာ ကြာပါသည် ။ အပြုံးလက်ခံရသူဧ။်
စိတ်နှလုံးထဲတွင် ထာဝရ တည်သွားနိုင်ပါသည် ။ ချမ်းသာလွန်းသူ ၊ အင်အားကြီးလွန်းသူ
ဆိုတာ မရှိပါ ။ သူတို.တွေလည်း အပြုံးအင်အား ၊ အပြုံးချမ်းသာ ထပ်လိုကြပါသည် ။
အပြုံး နှင့် ချမ်းသာအောင် မလုပ်နိုင်လောက်သည် အထိ ဆင်းရဲနွမ်းပါးသူ ဆိုတာလည်း မရှိနိုင်ပါ ။
အပြုံးတစ်ချက်သည် မိသားစု ပျော်ရွင်မှုကို ဖန်တီးပေးပါသည် ။ လုပ်ငန်း
လုပ်ဆောင်ရာတွင်လည်း စိတ်စေတနာကောင်းဖို. ဖြစ်စေပါသည် ။ တစ်ဦး နှင့် တစ်ဦး
မိတ်ဆွေဖြစ်မှုဧ။် သက်သေလက္ခဏာ တစ်ရပ် ဖြစ်ပါသည် ။ မတည်မငြိမ်ေ၀၀ါးနေသူအတွက်
အပြုံးက အနားရစေပါသည် ။ ၀မ်းနည်းနေသူအတွက် မျှော်လင့်ချက်နေရောင်သဖွယ် ဖြစ်ပါသည် ။
အပြုံးသည် ဒုက္ခရောက်မှုအတွက် အကောင်းဆုံး သဘာဝပေး ဒုက္ခကင်းဝေးဆေးပင် ဖြစ်ပါသည် ။
သို.သော် သူ.ကို ၀ယ်ယူလို. မရပါ ။ တောင်းခံလို.လည်း မရပါ ။ ချေးငှားခြင်း သို.မဟုတ်
ခိုးယူခြင်းဖြင့်လည်း မရနိုင်ပါ ။ အပြုံးသည် အခြားသူအတွက် မပေးကမ်းသမျှ ဘယ်သူ.အတွက်မှ
တန်ဖိုးမရှိသော အရာဖြစ်ပါသည် ။
တချို.သူများသည် သင့်ကို အပြုံးဖြင့် ကြိုဆိုနုတ်ဆက်ဖို. သိပ်ပြီး ပင်ပန်းနေနိုင်ပါသည် ။
သင့် အပြုံးဖြင့် သူ.ကို စတင်ကြိုလိုက်ပါ ။ သူတပါးအတွက် မပြုံးနိုင်သူလောက် အပြုံးရဖို. လိုအပ်နေသူ
တစ်ဦးတစ်ယောက်မျှ မရှိနိုင်ပါ ။



***Chicken Soup For The Soul မှ ကူးယူဖေါ်ပါပြသည် ။
Back to top Go down
 
အပြုံးအင်အား
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: GENERAL (CHIT CHAT) :: ဖိုရမ်ထဲရှိသီးသန့်အကြောင်းအရာမရှိသည့်ခေါင်းစဉ်များကိုဒီနေရာလေးမှာ တင်ပြဆွေးနွေးနိုင်ကြပါတယ်-
Jump to: