HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeဆွဟီးဟ် ဟဒီးဆ်တော်ဆိုသည်မှာ အဘယ်အရာနည်း I_icon_mini_portalLatest imagesSearchRegisterLog in

 

 ဆွဟီးဟ် ဟဒီးဆ်တော်ဆိုသည်မှာ အဘယ်အရာနည်း

Go down 
AuthorMessage
soliman

soliman


Posts : 8
Join date : 2010-04-04
Age : 38

ဆွဟီးဟ် ဟဒီးဆ်တော်ဆိုသည်မှာ အဘယ်အရာနည်း Empty
PostSubject: ဆွဟီးဟ် ဟဒီးဆ်တော်ဆိုသည်မှာ အဘယ်အရာနည်း   ဆွဟီးဟ် ဟဒီးဆ်တော်ဆိုသည်မှာ အဘယ်အရာနည်း EmptyThu Apr 08, 2010 10:06 pm

ဆွဟီးဟ်ဟဒီးဆ်နှစ်မျိုးရှိသည်၊၊ {1}ဆွဟီးဟ်လေဇာသေဟီ {2} ဆွဟီးဟ်လေဂိုင်းရေဟီ
ဆွဟီးဟ်လေဇာသေဟီဖြစ်ရန်အတွက် အောက်တွင်ဖော်ပြမည့် အချက် {5} ချက်နှင့် ညီညွတ်ရန် အရေးကြီးပါသည်၊၊
{1} ထိုဟဒီးဆ်တော်ကိုဆင့်ပြန်သောရာဝီအားလုံးသည် အာဒင်လ် ခေါ် တရားမျှတသူများဖြစ်ရမည်၊
{2} ထိုဟဒီးဆ်တော်ကိုဆင့်ပြန်သောရာဝီအားလုံးသည် ကာမေလေ့သွဗ်သ ခေါ် ပြည့်ပြည့်ဝဝ ကျက်မှတ်ထိန်းသိမ်းထားနိုင်သူများဖြစ်ရမည်၊
{3} ထိုဟဒီးဆ်တော်သည် မွသ်သစွင်လ် ဖြစ်ရမည်၊အလိုသဘောမှာ ထိုဟဒီးဆ်တော်၏ စနဒ်တွင် စလယ်ဆုံး
ရာဝီများအား ဖော်ပြထားရမည်၊ မည်သည့်ရာဝီကိုမျှ ဖြုတ်ချထားခြင်းမရှိစေရ၊
{4} ထိုဟဒီးဆ်တော်သည် မိုအလ္လလ် မဖြစ်ရပါ၊ ဆိုလိုရင်းမှာ ထိုဟဒီးဆ်တော်တွင် ဆွဟီးဟ်ဟဒီးဆ်ဖြစ်ရာတွင် ချွင်းချက်ဖြစ်စေသော လျှို့ဝှက်အကြောင်းခံ မပါရှိရပါ၊
မှတ်ချက်၊၊ ၊၊ ဟဒီးဆ်ပညာရပ်တွင် ကျွမ်းသူသောသူများသာလျှင် ထိုလျှို့ဝှက်အကြောင်းခံအား သိရှိနိုင်ပေသည်၊လူတိုင်းမသိရှိနိုင်ပေ၊၊
{5} ထိုဟဒီးဆ်တော်သည် ရှားဇ် ဟဒီးဆ်မဖြစ်ရပါ၊အလိုသဘောမှာ ထိုဟဒီးဆ်တော်၏ ရာဝီသည် ကိုယ်တိုင်တော့ စေကာဟ် ရာဝီဖြစ်ပြီး ၎င်းရာဝီ၏ရေဝါယသ်လုပ်သော ဟဒီးဆ်တော်သည် အခြားသူ့ထက် ပိုပြီးစေကာဟ်ဖြစ်သော ရာဝီများ၏ ရေဝါယသ်နှင့် ဆန့်ကျင်မှု့မရှိစေရပါ၊၊
စေကာဟ်ရာဝီဆိုသည်မှာ ဟဒီးဆ်တော်ကို ပိုင်ပိုင်နိုင်နိုင်အာဂုံဆောင်ထားနိုင်သော၊တရားမျှတသော၊မု့သားနှင့်ပတ်သတ်ပြီးစွတ်ဆွဲခြင်းမခံရသော ရာဝီများကိုခေါ်ဆိုပါသည်၊၊
ဒုတိယအမျိုးအစားဖြစ်သော ဆွဟီးဟ်လေဂိုင်းရေဟီ ဆိုသည်မှာ စနဒ်လမ်းကြောင်းများသော ဟစန်လေဇာတေဟီကို ခေါ်ဆိုပါသည်၊
ဟစန်လေဇာသေဟီဆိုသည်မှာ ထိုဟဒီးဆ်တော်တွင် ဆွဟီးလေဇာသေဟီးဟ် ဟဒီးဆ်တော်၏ စည်းကမ်းချက် များအနက်မှ အချက်{4} ပါရှိပြီး သိုသော်လည်း ကာမေလေသွဗ် မရှိပေ၊ ကာမေလေ့ဇွဗ်သ ဆိုသည်မှာ အထက်နံပတ်စဉ် {2}တွင်တင်ပြခဲ့ပြီးဖြစ်သည်၊၊
ဟဒီးဆ်တော်များတွင် အမျိုးအစားပေါင်းမြောက်များစွာ ရှိပေသည်၊ ဤနေရာတွင် တင်ပြလိုသည့် ဆွဟီးဟ်ကိုသာလျှင် တင်ဆတ်လိုက်ခြင်းဖြစ်ပါသည်၊၊
Back to top Go down
soliman

soliman


Posts : 8
Join date : 2010-04-04
Age : 38

ဆွဟီးဟ် ဟဒီးဆ်တော်ဆိုသည်မှာ အဘယ်အရာနည်း Empty
PostSubject: အပေါ်ယံအလိုသဘော ကွဲလွဲဆန့်ကျင်နေသော ဟဒီးဆ်တော်နှစ်ပုဒ်၏ကြား၌ ညှိနှိုင်းဆောင်ရွက်သည့်ပုံစံ   ဆွဟီးဟ် ဟဒီးဆ်တော်ဆိုသည်မှာ အဘယ်အရာနည်း EmptyThu Apr 08, 2010 10:09 pm

ဟဒီးဆ်တော်တစ်ပုဒ်တွင်[လာဆွလာသ လေမာန်လမ်ရက်ရအ် ဗေဖွာသေ့ဟသေလ်ကေသာဗ်]ဟုလာရှိပါသည် အခြားဟဒီးဆ်တော်တစ်ပုဒ်၌ [မန်ကာနလဟူအေမာမွန် ဖကေရာအသွလ်အေမာမေ့ လဟူကေရာအသွန်]လို့လည်းလာရှိပြန်တယ်..
ပထမဟဒီးဆ်တော်၏ အဓိပ္ပာယ်(ဝါ)အလိုသဘောမှာ[အကြင်မည်သူမဆို စူရာဖွာတေဟာမဖတ်သော် ထိုသူ၏ နမာဇ်သည်ပြည့်ဝစုံလင်သောနမာဇ် မဖြစ်ပေ]
ဒုတိယဟဒီးဆ်တော်၏ အဓိပ္ပာယ်(ဝါ)အလိုသဘောမှာ[အကြင်သူအတွက် အေမာမ်ရှိသော(ဝါ) အေမာမ်၏နောက်မှ အနွံအတာခံ၍ နမာဇ်ဖတ်သောအေမာမ်၏ ကေရာအသ်သည် ထိုသူ့အတွက်လုံလောက်ပေသည်]
သတိ. နမာဇ်ဝတ်ပြုသူသည် အေမာမ်၊ မွန်ဖွရသ်၊ မွက္ကသဒီ ဆိုပြီ သုံးမျိုးရှိသည်၊
ပထမဟဒီးဆ်တော်အရ နမာဇီသုံးမျိုးစလုံးအတွက် စူရာဖွာတေဟာဖတ်ရန်အရေးကြီးပြီ အကယ်၍မဖတ်ပါက ပြည့်ဝစုံလင်သော နမာဇ်မဖြစ်ဟု သိရှိရပါသည်
ဒုတိယဟဒီးဆ်တော်အရ မွက္ကသဒီအတွက် စူရာဖွာသေဟာ နောက်ပြီး စူရာဖတ်ခြင်း အရေးမကြီးကြောင်းကိုသိရှိရပါတယ်
စာရှုသူပရိတ်သတ်အပေါင်း ထိုနေရာမှ စ၍ အထူးဂရုတစိုက်နှင့်ဖတ်ရှုစေလိုပါသည် . အလွန်လွယ်လင့်တကူဖြစ်အောင် အလ္လာဟ်အသျှင်မြတ်ကို အားကိုပြီး ရေးသာတင်ဆတ်သွားမှာဖြစ်ပါတယ်
ဟဒီးတော်နှစ်ခုအပေါ်မှာ ညှိနှိုင်းတဲ့ပုံစံနှစ်မျိုးရှိပါတယ်
{1}ပထမဟဒီးဆ်တော်ရဲ့အလိုသဘောကို အေမာမ်နှင့်မွန်ဖွရသ်အတွက်ယူပြီး ဒုတိယဟဒီးဆ်တော်ရဲ့ အလိုသဘောကို မွက္ကသဒီအတွက် ကောက်ယူလို့ရပါတယ်
ဆိုလိုသည်မှာ အေမာမ်နှင့်မွန်ဖရသ်အတွက် စူရာဖွာသေဟာမဖတ်ပါက ပြည့်ဝသောနမာဇ်မမည်ပါ နောက်ပြီး အေမာမ်၏ဖတ်ခြင်းသည် မွက္ကသဒီအတွက် လုံလောက်သည့်အတွက်ကြောင့်မွက္ကသဒီအတွက်စူရာဖွာသေဟာ ဖတ်စရာမလိုပါ
{2}ပထမဟဒီးဆ်တော်အရ စူရာဖွာသေဟာဖတ်ခြင်းကို နမာဇီသုံးမျိုးစလုံးအတွက် ဝါဂျဗ်ဖြစ်သည်ဟုတ်ကောက်ယူလိုက်ပြီး ဒုတိယဟဒီးဆ်တော်အရ အေမာမ်၏ ကေရာအသ်သည် မွက္ကသဒီအတွက်လုံလောက်သည်ဟု ဆိုခြင်း၏ အလိုသဘော်မှာ မွက္ကတဒီအနေနှင့် စူရာတွဲစရာမလိုပါဟု ကောက်ယူလို့ရပါတယ်
ဆတ်လက်ပြီး အထက်ပါဟဒီးဆ်၌ ဖြစ်နိုင်သည့် အမလ်ခေါ် လိုက်နာကျင့်ကြံရန် ပုံစံနှစ်မျိုးရှိသေး၏
{1}ခေတ်လူမိုက် အတတ်ကြူး မင်းသားမဟုတ်တဲ့မောင်နင်းပြား ဒီးန်းနဲ့ပတ်သတ်ပြီး အသိခေါက်ခက်အဝင်နက် နေတဲ့ လူတစ်ယောက်ဟာ မိမိ၏ ကိုယ်ပိုင်အတွေးအခေါ်ကိုအသုံးချပြီး တစ်ခုကိုလိုက်နာကျင့်ကြံပြီး ကျန်တစ်ခုကို ပစ်ပယ်လိုက်မှာလား?
{2}ဒါမှာမဟုတ် အေလင်မ်နှင့်သက္ကဝါပိုင်းတွေမှာ အဆင့်မြင့်မားလှပြီး ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးဆ်တော်တွေရဲ့ အဓိပ္ပာယ်ယက္ခတွေကိုပါ သဘောပေါ်က်နာလည်းပြီး အာဂုံဆောင်ကျက်မှတ်ထားနိုင်ကြတဲ့ အေမာမ်ဆဗ်ကြီးတွေရဲ့ ပျားလည်းစွဲသာ လျှင့်လည်းရှောက်သာဆိုသလို အစ္စလာမ်လူထု လွယ်လင့်တကူကျင့်ကြံအားထုပ်နိုင်ရန် ညှိနှိုင်းခဲ့တဲ့ အဆိုများအပေါ်မှာ အမှီပြုပြီး ကျင့်ကြံအားထုပ်သွားမှာလား?
ကဲ ဒီမေးခွန်းနှစ်ခုရဲ့အဖြေကိုတော့ ဦးနှောက်အသိဥာဏ်ရှိသူပီပီ အမှားအမှန်ကို ခွဲခြား နိုင်သူတစ်ယောက်အနေနဲ့ ပုဂ္ဂိုလ် ရေးယာဝါဒီမပါပဲနဲ့ မျှတစွာ ဆုံးဖြတ်ပေးပါ ..........
ဦးနှောက်ရှိသူများအနေနှင့်ကတော့ ဒုတိယအချက်ကိုသာ ရွေးချယ်မှာအမှန်တကယ်ပါ
ဒီစာသားလေးရဲ့အဆုံးသွားတာနဲ့ ပထမဖိုးရိန်မှာ ကျွန်တော်ခေါင်းစီးတင်ပြခဲ့တဲ့ အဟ်လေစွန္နသ်ဝလ်ဂျမာအသ် ဝင်များရဲ့ စစ်မှန်တဲ့ သက္ကလီသ်ရဲ့သဘောတရားကို စာဖတ်သူ ပရိတ်သတ်အပေါ်င်း ကွက်ကွက်ကွင်းကွင်းသိမြင်သွားမယ်လို့မျှော်လင့်မိပါတယ်
ထပ်လောင်းပြောကြားချင်တာလေးတစ်ခုကတော့ အဟ်လေစွန္နသ်ဝလ်ဂျမာအသ် ဝင်များ၏ သက္ကလီသ် လုပ်ချင်း၏ သဘောတရားမှာ အေမာမ်ဆဗ်ကြီးများရဲ့ အဆိုအပေါ်မှာ အမှီပြုပြီး ကုရ်အာန်ကျမ်းတော်မြတ်နှင့် အဟာဒီးဆ်တော်များ၏ အမိန့်တော်နှင့်အညီ လိုက်နာကျင့်ကြံခြင်းကိုဆိုလိုပါသည်
ရှင်းလင်းချက်၊၊ ၊၊ မှတ်မှောက်ခေတ်ဂိုင်းရ်မိုက္ကလသ်များ ထင်မြင်ယူဆနေသော (ရှရ်က်)ဖြစ်စေသောသက္ကလီသ်မျိုးမဟုတ်ပါ၊၊
(ရှရ်က်)ဖြစ်စေသောသက္ကလီသ်မျိုးဆိုသည်မှာ ကုရ်အာန်နှင့်ဟဒီးဆ်တော်များကိုပယ်ချပြီး ပုဂ္ဂိုလ်ဆွဲပုံစံပြုပြီး တစ်ဦးတစ်ယောက်၏နောက်လိုက်ခြင်းကို ခေါ်ဆိုပါသည်၊၊
အကယ်၍ အဟ်လေစွန္နသ်ဝလ်ဂျမာအသ်များ၏ စစ်မှန်လှသည့် သက္ကလီသ်ကို လိုင်းကြောင်နေသူများက ရှရ်က် ဟုပြောဆိုပါက ကျွန်တော်သူတို့ကို တစ်ခု မေးချင်းပါတယ်
ဥပမာ၊၊ ၊၊ လူတစ်ယောက်အနေနှင့် ရှရီအသ်နှင့်ပတ်သတ်ပြီး မသိနားမလည်ထားပါက စစ်မှန်သော အာလင်မ်သာသနာ့ပညာရှင်များထံမှာ ချဉ်းကပ်ခါ မေးမြန်းပြီး အမာလ်လုပ်ဖို့အတွက်ဟာ သူ့၏တာဝန်တစ်ရပ်ပါ၊ ထိုကဲ့သို့မေးမြန်းပြီး အမာလ်လုပ်ပါက ထိုသူ၏အမာလ်လုပ်ချင်းကို ရှရ်က်ဖြစ်စေသောသက္ကလီသ်ဟု သူတို့ဂိုင်းရ်မိုကလ္လီသ်တွေခေါ်ဆိုပါက ၄င်းကောင်းဂိုင်းရ်မိုက္ကလီသ်များ မသိနားမလည်လို့ သူထို့ထံမှာရှိတဲ့ အတက်ကြူးနေတဲ့ သူတို့ဆရာစာရင်းသွင်းထားတဲ့ သူများကို မေးမြန်ပြီး အမာလ်လုပ်ချင်းဟာ ရှရ်က်မဖြစ်လျှင်နောက်အခြားဘယ်အရာရှိနိုင်အံနည်း???????
အမှန်တကယ်တော့ သူတို့တတွေဟာ အမှန်တရားကို ဥပေက္ခာပြုပြီး ဇွတ်မှိတ်ပြီးငါသိတယ်၊ငါတက်တယ်၊ငါတော်တယ်ဆိုပြီး ငါကော ကောနေကြတာပါ....
ဘယ်သူ့ကိုမှအောက်မကျို့ဘူးဆိုတဲ့ နထင်သွေးရောက် ဘဝင်လေဟတ် ဆိုတဲ့မာနသားကောင်ငမိုက်သားလေးတွေပါ........
ကဲအဟ်လေစွန္နသ်ဝလ်ဂျမာအသ်ဝင် မွတ်စလင်မ်အပေါင်းတို့ခင်ဗျာ အေမာမ်ဆဗ်ကြီးများ၏ အဆိုပေါ်မှာ အမှီပြုပြီး ကုရ်အာန်နှင့် ဟဒီးဆ်တော်များတွင်ပါရှိသော အမိန့်ပညတ်အတိုင်းရဲဝံစွာ သံသယကင်းရှင်းစွာနဲ့ စိတ်ချလက်ချသာသနာ့အပေါ်တွင် လိုက်နာကျင့်သုံးနိုင်ကြပါနိုင်ကြပါစေလို့ဆုမွန်ဒိုအာပြုလိုက်ပါတယ်...အာမိန်း........
Back to top Go down
 
ဆွဟီးဟ် ဟဒီးဆ်တော်ဆိုသည်မှာ အဘယ်အရာနည်း
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (ဟဒီးဆ်) တော်နှင့်ပတ်သက်သမျှကို ဒီနေရာလေးမှာတင်ပြဆွေးနွေးနိုင်ပါတယ်။-
Jump to: