HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeဤလူတို့ပြည်တွင် အဘိဓမ္မာတရားကိုမဟောသောအကြောင်းရင်း I_icon_mini_portalLatest imagesSearchRegisterLog in

 

 ဤလူတို့ပြည်တွင် အဘိဓမ္မာတရားကိုမဟောသောအကြောင်းရင်း

Go down 
AuthorMessage
tatoo




Posts : 4
Join date : 2010-04-14

ဤလူတို့ပြည်တွင် အဘိဓမ္မာတရားကိုမဟောသောအကြောင်းရင်း Empty
PostSubject: ဤလူတို့ပြည်တွင် အဘိဓမ္မာတရားကိုမဟောသောအကြောင်းရင်း   ဤလူတို့ပြည်တွင် အဘိဓမ္မာတရားကိုမဟောသောအကြောင်းရင်း EmptyWed Apr 14, 2010 12:22 pm

ဤလူတို့ပြည်တွင် အဘိဓမ္မာတရားကိုမဟော

မြတ်စွာဘုရားဟောကြားသော ဒေသနာတော်တို့မှာ သုတ်၊ အဘိဓမ္မာ၊ ၀ိနည်းဟူ၍ သုံးမျိုးခွဲခြား ထားရာတွင် အခြားဒေသနာတော်များကို ဤလူတို့ပြည်၌ ဟောကြားတော်မူခဲ့ပါသော်လည်း အဘိဓမ္မာ ဒေသနာတော်ကိုမူ ဤလူတို့ပြည်၌ ဟောကြားတော်မမူပေ။ ၀ါတွင်းသုံးလပတ်လုံး (ရက်ပေါင်းကိုးဆယ်ခန့်) ဟောကြားရမည့် ဤအဘိဓမ္မာဒေသနာတော်ကြီးကို ဤလူတို့ပြည်တွင် ဟောကြားရန် မလျော်ဘဲဖြစ်နေသည်။ မြတ်စွာဘုရားက ဟောကြားနိုင်သည်ဆိုဦးတော့ နာကြားကြရမည် ဖြစ်သော လူပရိသတ်တို့တွင် နာကြားနိုင်ရာသော ဣရိယာပုထ်ကား မရှိပေ။ နေ့ရောညဥ့်ပါ မပြတ် သုံးလတာကာလပတ်လုံး နာကြားဖို့မဆိုထားနှင့် လူတို့အနေဖြင့်မူ သုံးရက်ပင် မထတန်း နာကြားနိုင်ကြမည်မဟုတ်။

ယခုမျက်မှောက် ဓမ္မကထိကတို့ သုံးနာရီခန့် ဟောကြားလျှင်ပင် တချို့တရားနာပရိသတ်တို့မှာ ငိုက်သူငိုက်၊ ထပြန်သူပြန် ဖြစ်ကုန်ကြသည်။ ထို့ကြောင့် နတ်တို့ပြည်၌ နာရီပိုင်းမျှသာ ကြာမည်ဖြစ်သော တာဝတိံသာ နတ်တို့ဌာနကိုလည်းကောင်း၊ ဤမျှသော အချိန်ကာလ၌ ငြီးငွေ့ဖွယ်မရှိဘဲ နာကြားနိုင်သော နတ်၊ ဗြဟ္မာပရိသတ်ကို လည်းကောင်း၊ ရွေးချယ်တော်မူ ပြီးလျှင် ဤအဘိဓမ္မာဒေသနာတော်ကြီးကို တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူလေသည်။
Back to top Go down
 
ဤလူတို့ပြည်တွင် အဘိဓမ္မာတရားကိုမဟောသောအကြောင်းရင်း
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELIGIONS ( ဘာသာများနှင့် သက်ဆိုင်သည့်အကြောင်းအရာများ) :: BUDDHISMအကြောင်း အပြုသဘောဆောင်သည့်ဆွေးနွေးမှုများကိုဒီနေရာလေးမှာပြုလုပ်နိုင်ကြပါတယ်။-
Jump to: