HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeကိုသူရတင်ထားတဲ့ hikmah ပိုစ့်လေးပါ......... I_icon_mini_portalLatest imagesSearchRegisterLog in

 

 ကိုသူရတင်ထားတဲ့ hikmah ပိုစ့်လေးပါ.........

Go down 
AuthorMessage
kokyawko777




Posts : 51
Join date : 2010-03-26

ကိုသူရတင်ထားတဲ့ hikmah ပိုစ့်လေးပါ......... Empty
PostSubject: ကိုသူရတင်ထားတဲ့ hikmah ပိုစ့်လေးပါ.........   ကိုသူရတင်ထားတဲ့ hikmah ပိုစ့်လေးပါ......... EmptySat Apr 24, 2010 7:06 am

ကျနော်အရင်ကလည်းညီနောင်ခြင်း အကွဲအလွဲအတွက် တိုက်ခိုက်ရန်မလိုကြောင်းမကြာခနပြောခဲ့ပါသည်။။သို.သော် ထပ်မံရွေ့သာ မလိုလားအပ်သည့် ပြသနာများပေါ်ပေါက်လာခဲ့ပါသည်။အခြေအမြစ်မဲ့ပြောဆိုခြင်းထင်ပြီး အထောက်အထားသာတွင်တွင်တောင်းခဲ့ကြသည်။ကျနော်အထောက်အထားတွေနှင့်မပြောချင်ပါ။ပြောခဲ့ရင်လည်း ဘယ်သူပြောတာကိုတော့လက်မခံပါ။ဘယ်ဆိုဒ်က ဘာဖြစ်သည်ဆိုတာမျိုးတွေဖြစ်လာတတ်လို.ပါ။ယခု အစလာမ်တိုင်းလက်ခံလေးစားသည့်
အာလင်ထိပ်ခေါင် ၀လီသူတော်စဉ်ကြီး ပညာနုငယ်စဉ်ကရေးတာမဟုတ်ပဲ ပညာပြည့်ဝပြီး မုကာရှိဖသ်ပညာ ရော မုအာမလာသ်ပညာကိုပါ သိရှိပြီးချိန်တွင်ရေးခဲ့သော စာအုပ်ကို အထောက်အထားပြပြီး ညီနောင်တို. အငြင်းအခုံတွေကို ရပ်ဖို.ကြိုးပမ်းလိုက်ပါတယ်။ မဇ်ဟဗ်တွေတော့ပစ်မှာ စကားစပ်ပြီးဆက်တင်ရမှာပေမဲ့ ဒီတော့ပစ်နဲ့ပို သင့်တော်မယ်ထင်လို.ဒီမှာတင်လိုက်ပါတယ်။
ယခုတင်ပြချက်များမှာအစွန်းထွက်၏အစွန်းထွက်ကိုသာတင်ပြလိုက်ပါသည်။ဥာဏ်ရှိသူအဖို.လုံလောက်မည်ထင်ပါသည်။မလုံလောက်လို.စောဒကတက်ချင်ပါက ထိုကျမ်းတစ်အုပ်လုံးဖတ်လိုက်ပါက အင်ယှာအလဟ် အလဟ်အရှင် ဟေဒါယသ်လမ်းမှန်ပြပေးလိမ့်မည်ဟုမျှော်လင့်ပါသည်။အလဟ်အရှင်သဘောတူလက်ခံတော်မူပါစေ..။။

အီမာမ် မာလိက်သခင်သည် မိမိ၏ ပညာဖြင့် အလဟ်အရှင်ကျေနပ်နှစ်သက်မှုကိုလိုလားခဲ့သည်။ထိုအချက်ကို သခင်၏ ဆိုမိန့်မှူဖြင့်သိရသည်။သာသနာနှင့်ပတ်သက်ပြီး အငြင်းပွားရန်ဖြစ်ရသည်ဆိုခြင်းသည် အခြေအမြစ်မရှိသော ကိစဖြစ်သည်ဟုဆိုခဲ့သည်။
အဲဟ်.ယာအွလ် အိုလူမ်မြန်မာပြန် စာမျက်နှာ ၉၅
(အီမာမ်မာလိက်သခင်က ငါတို.မဇ်ဟဗ်ရှင်မဟုတ်လို.လက်မခံနိုင်ပါဆိုလျင်လည်း လက်မခံပဲနေနိုင်ပါသည်။။သူရ)

တစ်ယူသန်ခြင်းသည် အကီဒဟ်ခံယူချက်များစိတ်နှလုံးတွင် စွဲမြဲစေရန်အကြောင်းဖြစ်သည် ထို.ပြင်တစ်ယူသန်ခြင်းသည်ပညာရှင်ဆိုးတို.တွင်ရှိနေသောဘေးဒုက္ခဖြစ်သည်။အဘယ့်ကြောင့်ဆိုသော်၎င်းတို.သည် အမှန်အတွက် အလွန်အကျွံတယူသန်ကြသည်။မိမိတို.၏ဆန့်ကျင်ဘက်လူများကို အထင်သေးနှိမ့်ချသည့် မျက်စိများဖြင့်ကြည့်ကြသည်။ထိုသို.ကြည့်ခြင်းဖြင့်အကြည့်ခံသူဘက်ကလည်း အလားတူရင်ဆိုင်တုံ့ပြန်လာစေသည်။လမ်းမှားတရားကို အားပေးအားမြှောက်ပြုလာစေသည်။၎င်းတို.အပေါ်စွပ်စွဲထားသော ခံယူချက်များကို အခိုင်အမာဖက်တွယ်လာစေသည်။အကယ်ရွေ့သာ ပညာရှင်များက တယူသန်မှူ အထင်သေးမှုမပါပဲ ၄င်းတို.ဆီသွားပြီး မေတ္တာဂရုဏာရှေ့ထားပြီး ၂ကိုယ်ကြားသွန်သင်ဆုံးမမည်ဆိုပါက မုချအောင်မြင်မှု ရှိမည်ဖြစ်သည်။
သို.နှင့်တိုင် ဂုဏ်သိမ်ကြီးမြင့်မှုဟူသည် လူတို.အားနောက်လိုက်နောက်ပါမပြုပဲ မဖြစ်နိုင်ပေ။ထိုတွင်တယူသန်ခြင်း ပြိုင်ဘက်ပုဂ္ဂိုလ်အား ပြစ်တင်ရှုံ့ချခြင်းများမပြုပဲ နောက်လိုက်နောက်ပါ စွဲဆောင်ရန်လည်းမဖြစ်နိုင်ပေ။သို.ဖြစ်ရာ ပညာရှင်ဆိုးတို.သည် တယူသန်မှု ကို မိမိတို.၏အကျင့်ဝသီနှင့် လက်နက်ကိရိယာအဖြစ် ဆွဲကိုင်ကြလေသည်။
ထို.ပြင် ထိုတယူသန်မှုကို သာသနာအားကာကွယ်ထိမ့်သိမ်းမှု ဟု၎င်း၊မွတ်စလင်မ်တို.ဘက်မှုရပ်တည်ပြီးခုခံတိုက်ခိုက်မှုဟု၎င်း အမည်ပေးကြသည်။စင်စစ်တွင်ကား ထိုပုံစံအရ အကျင့်စာရပျက်ပြားမှုနှင့် စိတ်သဘောထားများတွင် ဗိဒအသ်ကို တမ်းတမ်းစွဲမှုများသာ ဖြစ်ရန်ရှိလေသည်။
ဝိ၀ါဒအကွဲအလွဲများကိုကား နောက်ပိုင်းခေတ်များတွင်မှ ဖော်ထုတ်လာခြင်းဖြစ်သည်။ထိုခေတ်နောက်ပိုင်းများတွင် ၀ိဝါဒများနှင့်ပတ်သက်ပြီး ရေးသားပြုစုမှုများ၊အပြန်အလှန်ငြင်းခုံမှုများအထူးသဖြင့်ပေါ်ထွက်လာသည်။ထိုအရာများသည်ရှေးသူဟောာင်းတို့၏ခေတ်အခါ့က ရှိခဲ့သည်မဟုတ်ပါ။သို.ဖြစ်ပေရာ အသင်သည်ထိုအရာများ၏အနီးသို.မကပ်သင့်ပါ။အသက်သေစေသောအဆိပ်ကို ရှောင်သလို ရှောင်သင့်ပါသည်။အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည် ကုရာနတ္တိဆေးမရှိသောရောဂါများ ဖြစ်ပါသည်။ထိုအရာများကပင် ဖိကဟ်ပညာရှင်များအားလုံးအားအောက်ခြေလွတ် ဘ၀င်မြင့်သွားစေပြီးတစ်ဦးနှင့်တစ်ဦး ဂုဏ်တံခိုးပြိုင်မှုများတွင် နစ်မွန်းစေခြင်းဖြစ်သည်။
ယခုကဲ့သို.ရှင်းလင်းဖော်ထုတ်သည့်အခါ ထိုပညာရှင်ဆိုးတို.က လူတွေဟာကိုယ်မသိတဲ့ကိစ္စမှာ ရန်ရှာကြတယ် ဟုပြောဆိုလိမ့်မည်။သို.သော်သူပြောသလို ထင်မှတ်မမှားသင့်ပါ။ထိုကိစ္စပေါ်တွင်နှစ်ကာလချီပြီး သက်တမ်းကုန်ဆုံးခဲ့သူ၏ ယခုလိုကောင်းကျိုးလိုလား ပြောဆိုမှုကို အသင်လက်ခံစေချင်သည်။ယခုပြောဆိုနေသူသည် ပထမ ပုဂ္ဂိုလ်များထက် အရေးအသားတွင်၎င်း၊သုံးသပ်စောကြောမှုတွင်၎င်း၊ချေပရှင်းလင်းမှုတွင်လည်းကောင်း ပိုပြီးများခဲ့သူဖြစ်သည်။ထို.နောက်တွင် အလ္လဟ်အရှင်က သူ.အားအသိပေးညွှန်ပြတော်မူခဲ့သည်။ထိုကိစ္စ၏အပြစ်အနာအဆာများကို အသိပေးတော်မူခဲ့သည်။သို.ဖြစ်ရာ သူသည်၎င်းကိစ္စရပ်များမှရှောင်ခွာခဲု့ပြီး မိမိ၏ နပ်ဖ်စ်အတွက် အားထုတ်နေခဲ့သည်။
(အထက်ပါနေရာမှ သူဆိုသည်မှာ အီမာမ် ဂဇာလီ(ရဟေ့)ကိုယ်တိုင်ဖြစ်သည်။သခင်သည် မိမိ၏အတွေးအခေါ်နှင့် နာမ်ဝ်ဥာဉ်ရေးအဆင့် ပြောင်းလဲလာပုံကို အလ်မွန်ကိဒ်မင်နပ်ဇွလာလ် ကျမ်းတွင် ကိုယ်ရေးအထုပတ်အဖြစ် ရေးသားခဲ့ရာ ထိုကျမ်းတွင် နုစဉ်က တရားဓမရေး ခြင်းခုံမှု များတွင် ခုံမင်ပုံ ထို.နောက်မှ ထိုကိစ္စများကို စွန့်လွှတ်ပြီး တစောင်ဝုဖ်လမ်းသို.ခြေစုံပစ်လိုက်ခဲ့ပုံများကို ဖော်ပြခဲ့သည်)
တစုံတစ်ယောက်က သင့်အားဖသ်ဝါသည်ရှရီအသ်၏မဏ္ဏိုင်ဖြစ်သည်။ဝိ၀ါဒကွဲမှုများကို မသိပဲ ထိုဖသ်ဝါအကြောင်းကို မသိနိုင်ပါ ဟုပြောဆိုလာခဲ့လျှင် သင်သည်ထင်ယောင်ထင်မှားမဖြစ်လေနှင့်။အမှန်မှာမဇ်ဟဗ်၏ ကြောင်းကျိုးပြမှုများသည် မဇ်ဟဗ်ထဲတွင်ဖော်ပြပါရှိပြီးဖြစ်သည်။ထို.ထက်ကျော်လွန်ပြီးအပိုပါသမျှသည် အခြင်းပွားမှုများသာဖြစ်ပြီး ထိုအရာများကို ခေတ်ဦးပိုင်းပုဂ္ဂိုလ်များမသိခဲ့ဖူးသလို
ဆွဟာဗဟ်(ရသွေ့) သခင်များလည်းမသိခဲ့ကြပါ။ထိုသခင်တို.သည် ဖသ်ဝါရေးအကြောင်း ပြချက်များကို အခြားသူများထက် ပိုအသိဆုံးဖြစ်ခဲ့ကြသည်။စင်စစ်မှာ မဇ်ဟဗ်အသိပညာတွင် ၀ိဝါဒကွဲပြားမှုများသည် အကျိုးမဲ့အရာများဖြစ်သည်။သို.သာမက ဖိကဟ်၏ အရသာကိုဖျက်စီးသောအရာများဖြစ်သည်။
ထိုအချက်ကို မုဖ်သီ၏တွေးခေါ်မျှော်မြင်မှုက သက်သေခံလျှက်ရှိသည်။မုဖ်သီတစ်ဦးသည်ဖိကဟ်ကို မှန်မှန်ကန်ကန်လိုလားမှုရှိမည်ဆိုလျှင်
များသောအားဖြင့်သူသည် စကားစစ်ထိုးမှုဘက်သို.ခြေဦးမလှည့်ပေ။ဗီဇသဘာဝက ငြင်းခုံမှုတွင် ခုံမင်ပြီး အင်ြင်းအခုံကိစဘက်သို.တိမ်းညွတ်မှုရှိနေသူအဖို.ကား ဖိကဟ်ကို လိုလားမက်မောမှုသည် သူ.ထံမှ ရှောင်ခွာထွက်သွားမည်ဖြစ်သည်။
ထိုအခြေအတင်ငြင်းးခုန်မှုတို.ကို ကျော်ကြားမှုနှင့် ဂုဏ်ကြီးမှု ကိုရှာဖွေသူသာလိုက်စားသည်။ထို.နောက်သူက ဆင်ခြေပေးသည်မှု ထိုသို.လိုက်စားရခြင်းသည်မဇ်ဟဗ်တစ်ု၏ ကြောင်းကြိုးပြမှုများကို သိရှိနိုင်ရန်ဖြစ်သည် ဟု ဖြစ်၏်။သို.နှင့်တိုင် သူ၏ သက်တမ်းသာကုန်ဆုံးသွားသော်လည်း မဇ်ဟဗ်ကို သိရှိမှုဘက်သို.မလှည့်တော့ခြေ။သို.ဖြစ်ပေရာ သင်သည်ဂျင်ရှိုင်သွာန်များမှလည်း လွတ်အောင်ရှောင်ပါ။လူရှိုင်သွာန်များမှလည်းလွတ်အောင်ရှောင်ပါ။အကြောင်းမှ ထို လူရှိုင်သွာန်တည်းဟူသော အိုလမာဆိုးတို.သည်ဂျင်ရှိုင်သွာန်များကို လူသားများအား မှားယွင်းတိမ်းချော်စေသည့်အလုပ်တာဝန် ပန်ပန်းမှုမှ အနားရသက်သာအောင်လူစားဝင်ဆောင်ရွက်လျက်ရှိသည်။
အချုပ်ဆိုရသော် ဥာဏ်ရှင်တို.၏အကြိုက်လမ်းစဉ်မှာ အသင်သည် မိမိကိုယ်ကို ကမ္ဘာလောကတွင် အလ္လဟ်အရှင်နှင့်အတူ ကိုယ်တစ်ဦးတည်းရှိနေသည် ဟုမှတ်ယူပြီး သေခြင်းတရား၊အရှင်၏ရှေ့တော်မှောက် ခစားရမည့်အရေး စာရင်းစစ်ဆေးမည့်အရေး
များကို သင်၏ရှေ့တွင်ထားပါ။ထို.နောက်မိမိရှေ့တွင်ရှိသော မိမိကိုအကျိုးပြုမည့်အရာများကို စဉ်းစားတွေးတောပါ။ထို.အပြင်အခြားအရာများကို စွန့်လွှတ်လိုက်ပါ။သို.ဆိုလျှင် အသင်ချမ်းမြေ့ရမည်။
***********************************************************
ကိုသူရတင်ထားခဲ့တဲ့ hikmah ပိုစ့်လေးကိုပြန်တင်ပေးရင်းနဲ့ ကိုသူရကိုအခုလိုပိုစ့်လေးတွေတင်ဖို့ဖိတ်ခေါ်ပါတယ်။........
Back to top Go down
 
ကိုသူရတင်ထားတဲ့ hikmah ပိုစ့်လေးပါ.........
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (ဖိကာဟ်နဲ့မဇ်ဟဗ်များ) နှင့်ပတ်သက်သမျှကို ဒီနေရာမှာတင်ပြဆွေးနွေးနိုင်ပါတယ်။-
Jump to: