HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeအနုပညာသတင်းများ I_icon_mini_portalLatest imagesSearchRegisterLog in

 

 အနုပညာသတင်းများ

Go down 
AuthorMessage
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: အနုပညာသတင်းများ   အနုပညာသတင်းများ EmptyFri Mar 26, 2010 8:39 am

နီနီဝင်းရွှေနှင့် အင်တာဗျူး

မနီ ဒီတစ်ခေါက်ပြန်လာချိန်မှာ လုပ်ဆောင်မယ့်အစီအစဉ်လေးတွေ မျှဝေပေးပါဦး။

ပထမတစ်ခေါက်က မပြီးပြတ်ခဲ့တဲ့စီးရီးတွေအတွက် သီချင်းတွေပြန်လာသွင်းတာပါ။ ရွှေဘိုဘက်မှာ အလှူတစ်ခုဆိုဖို့ ဖိတ်ထားတာလည်း တစ်ခါတည်းဆိုရင်းနဲ့ပေါ့။ စီးရီးက မြန်မာသံစဉ် စုံတွဲအခွေကို ရွှေဘိုကမိုးကျော်နိုင်ဆိုတဲ့ အဆိုတော်နဲ့တစ်ခု၊ နောက် မောင်ကျော်ဇောစီစဉ်တဲ့ မြန်မာသံ တစ်ကိုယ်တော်အခွေပေါ့။ သီချင်းအဟောင်းလေးတွေရော အသစ်တွေပါပါတယ်။ နောက်တစ်ခွေက ဂီတလုလင်ဦးကိုကို သီချင်းတွေကို ပြန်ဆိုဖို့ တစ်ခွေရှိတယ်။

အမေရိကားမှာ မနီ၊ မဆွေနဲ့ မရတနာဦးတို့ သုံးယောက်ပေါင်းအခွေ လုပ်ဖို့ရှိတယ်လို့သိရတယ်။ အဲဒါဘယ်အခြေအနေ ရောက်နေပြီလဲ။

လောလောဆယ်တော့ စီစဉ်တုန်းအဆင့်ပါပဲ။ ဒီကတေးရေးတွေကို သီချင်းတွေ အပ်ထားတယ်လို့တော့ သိရတယ်။ သီချင်းတွေရရင်တော့ စလုပ်ဖြစ်မယ်ထင်တယ်။

မနီ ရောက်တုန်းရောက်ခိုက် တစ်ကိုယ်တော် Live Concert လုပ်ဖို့ စိတ်ကူးမရှိဘူးလား။

အစ်မမှာ စိတ်ကူးရှိတယ်။ ပြီးခဲ့တဲ့တစ်ခေါက် ပြန်လာတုန်းကဆို ဒီဇင်ဘာမှာ အစ်မရဲ့ မွေးနေ့လည်းရှိ၊ အမျိုးသားကလည်း ရှိနေတော့ မရဲ့တစ်ကိုယ်တော်ပွဲဆိုတာမျိုး သူ့ကိုကြုံစေချင်တာပေါ့။ ဒါပေမဲ့ အချိန်ကလည်း သိပ်မရတာရယ်၊ စီစဉ်ရတာလည်း မလွယ်တာကြောင့် တချို့စိတ်ဝင်စားလို့ ကမ်းလှမ်းတာတောင် အစ်မမလုပ်ဖြစ်ခဲ့ဘူး။ နောင် တစ်ချိန်မဟုတ် တစ်ချိန်တော့ လုပ်ဖြစ်မှာပါ။

မနီရဲ့အမျိုးသားက မြန်မာဗီဒီယိုဇာတ်ကားတွေ အမေရိကားမှာ ဖြန့်ဖို့လုပ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူ့လုပ်ငန်းတွေမှာ စိတ်တူကိုယ်တူ ပါဝင်ဖြစ်ပါသလား။

သူ့အလုပ်တွေကို မ သိပ်မပါဖြစ်ဘူး။ သူက အဲဒီအသင်းမှာဥက္ကဋ္ဌ။ ပြီးတော့သူ့အောက်မှာ Member တွေလည်းရှိတော့ အကြံဉာဏ် နည်းနည်းပါးပါး ပေးတာလောက်ပါပဲ။ မကတော့ သူ့ရဲ့အလုပ်တွေကို စိတ်ဖြောင့်ဖြောင့်လုပ်နိုင်ဖို့ အိမ်ကို ပြန်လှည့်ကြည့်စရာမလိုအောင် အိမ်တာဝန်ကိုပဲ ယူပါတယ်။

ဒီမှာ ပြည်တွင်းအဆိုတော်တွေကို အခွန်ထပ်မံစည်းကြပ်လိုက်တော့ မနီအနေနဲ့ ဒီကာလတွေအပေါ် ဘယ်လိုများမြင်ပါသလဲ။အမေရိကားက အဆိုတော်တွေဆိုရင်ရော ဘယ်လိုပုံစံမျိုး ရှိပါသလဲ။

ပြောရတာတော့ခက်ပါတယ်။ နိုင်ငံတစ်ခုနဲ့တစ်ခုတော့ Lawတွေ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ မတူနိုင်ဘူးလေ။ ဒီမှာ ဒီလိုထုတ်ပြန်လိုက်တော့ ဘယ်သူတွေ ဘယ်လိုဖြစ်လာမှာလဲဆိုတာ မနီ အကြံမပေးတတ်ပါဘူး။ စောင့်ကြည့်ရမှာပေါ့လေ။ မနီက ဟိုမှာအနေများတော့ ဒါဟာကောင်းတာလား မကောင်းတာလားလည်း မသိဘူး။ ဟိုမှာကတော့ Taxတွေကများတယ်။ ရတဲ့အနုပညာကြေးကလည်းမြင့်တော့ Taxလည်း အများကြီးဆောင်ကြရတယ်။ ဒီနိုင်ငံအနေနဲ့ဆိုရင်တော့ မ မပြောတတ်ဘူး။

တေးရေးတွေရဲ့ ရပိုင်ခွင့်အတွက် တောင်းဆိုလာတဲ့အပေါ်မှာရော မရဲ့အမြင်လေးက..


တေးရေးတွေလည်း ရသင့်ပါတယ်။ ခုချိန်မှာအခွေကလည်း သိပ်မထွက်နိုင်တော့ သူတို့ဘ၀ ရပ်တည်မှုကလည်းရှိတော့ တေးရေးတွေကိုလည်း နားလည်ပါတယ်။ အဆိုတော်တွေကိုလည်း သူတို့က တမင်လုပ်တာမဟုတ်ပါဘူး။ စီးပွားရေးဆန်တဲ့ပွဲမျိုးတွေဆိုရင်တော့ တေးရေးတွေလည်း ရသင့်တာပေါ့။ တေးရေးဆရာ ရေးလိုက်တဲ့သီချင်းက ဒီအဆိုတော်ဆိုလို့ ကောင်းသွားတာလည်းရှိတော့ နှစ်ဦးနှစ်ဖက် နားလည်မှုလေးနဲ့ သွားကြတာကောင်းတာပေါ့။

ရေမြေခြားမှာ အနေကြာလာတော့ မနီမှာ ပြောင်းလဲသွားတဲ့အပြောအဆို၊ အပြုအမူတွေရှိလာခဲ့ပါသလား။ အရင်က ရိုးရိုးယဉ်ယဉ်နဲ့ လူကြောက်တတ်တဲ့မနီက ဒီကနေ့မနီနဲ့တော့ လုံး ၀မတူတော့ဘူးနော်။


ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်တစ်ခုတော့ ရခဲ့တယ်။ ဆင်းရဲချမ်းသာမရွေး ကိုယ့်ဘာသာလုပ်မှရမယ့် လူနေမှုစနစ်ဆိုတော့ အဲဒီအကျင့်တော့ရခဲ့တယ်။ ဒီမှာဆို မနီက အငယ်ဆုံးဆိုတော့ အမေတွေ အစ်မတွေကို အရမ်းအားကိုးခဲ့တာ။ အခုတော့ သူများလုပ်ပေးရင်တောင် သိပ်မကြိုက်တော့ဘူး။ နောက်တစ်ခုက ညီမပြောသလိုပဲ အရင်ကဆို လမ်းတောင်သိပ်မလျှောက်ရဲဘူး။ လူကြောက်တတ်တာလည်း တရားလွန်ပဲ။ စင်ပေါ်မှာ သီချင်းဆိုရရင် ကိုယ့်အလုပ်ကို ပြီးအောင်သာလုပ်သွားတယ်။ ပရိသတ်ကို မကြည့်ရဲဘူး။ ခုကျတော့ ဒါတွေမရှိတော့တာက မနီအတွက် အမြတ်ပေါ့။

မနီရဲ့ ခင်ပွန်းက မြင်ကွန်းမင်းသားကြီးရဲ့ မြစ်ဖြစ်တယ်လို့ သိရတယ်။ အနွယ်တော်တစ်ဦးနဲ့ လက်ထပ်ရတဲ့ အစ်မရဲ့ခံစားချက်က ဘယ်လိုရှိပါသလဲ။

အစ်မအမျိုးသားဆို အမြဲစတယ်။ နှမတော်လေးဆိုပြီးတော့လေ။ မနီက အဲဒီလိုတွေစရင် ရှက်တယ်(ရယ်လျက်)။ မနီရဲ့ယောက္ခမက မြင်ကွန်းမင်းသားရဲ့မြေးပါ။ မြင်ကွန်းမင်းသားရဲ့သမီး မြင်ကွန်းထိပ်ခေါင်တင်မလေး(ခ) ရီနေးမြင်ကွန်းကမွေးတဲ့ အနွယ်တွေပေါ့။

မနီရဲ့ အနာဂတ်ကို ဘယ်လိုပုံစံနဲ့ ဖြတ်သန်းသွားဖို့ရှိပါသလဲ။

သီချင်းတွေလည်း ဆိုချင်သေးတယ်။ မနီရဲ့သမီးက အခုလက်မလွှတ်သေးဘူး။ နိုင်ငံခြားမှာဆိုတော့ ပိုတောင်ဂရုစိုက်ရဦးမယ်။ မနီတို့က အိမ်ထောင်သက်လည်းကြာပြီဆိုတော့ သူလည်း သူလုပ်စရာရှိတာလေးတွေလုပ်၊ မနီလည်း မနီအလုပ်ကိုလုပ်ပေါ့။ သမီးလေးကိုပြုစုပျိုးထောင်ရင်း၊ တာဝန်ကျေတဲ့ အိမ်ထောင်ရှင်မလုပ်ရင်း အစ်မရဲ့ဘ၀အတွက် သီချင်းတွေကို အရွယ်သိပ်မကြီးခင်ဆိုရင်းနဲ့ပဲ ဖြတ်သန်းချင်ပါတယ်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: ကမ္ဘာကျော်ဖြစ်လာသည့်အတွက် ဆူဇန်ဘွိုင်းလ် အလွန်စိတ်လှုပ်ရှား   အနုပညာသတင်းများ EmptyMon Mar 29, 2010 8:24 pm

ကမ္ဘာကျော်ဖြစ်လာသည့်အတွက် ဆူဇန်ဘွိုင်းလ် အလွန်စိတ်လှုပ်ရှား


စကော့တလန်သူ အဆိုတော် ဆူဇန်ဘွိုင်းလ်သည် သူမ၏ လူမသိသူမသိ ဘ၀မှ ကမ္ဘာကျော်တစ်ဦးအဖြစ် ထင်ရှားအောင်မြင်လာခြင်းအပေါ် အလွန်စိတ်လှုပ်ရှားမိကြောင်း ၀န်ခံပြောကြားခဲ့သည်။ ဆိုင်မွန်ကော်ဝဲလ်၏ Britain’s Got Talent အစီအစဉ်ကြောင့် (၂၀၀၉)ခုနှစ်အတွင်း လူသိများလာခဲ့ပြီးနောက် ဆူဇန်သည် I Dreamed A Dream အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ရာ ချပ်ရေသန်းပေါင်းများစွာ ရောင်းချခဲ့ရသည်။ သူမသည် ဂီတလောက အောင်မြင်မှုများမှတဆင့် (၂၀၁၁)ခုနှစ်တွင် ဒေါ်လာ(၂၄)သန်းမျှထိ ရရှိလာမည်ဖြစ်သည်။ ဆူဇန်၏ I Dreamed A Dreamသည် (၂၀၀၉)ခုနှစ်အတွက် ဗြိတိန်၏ အရောင်းရဆုံးအယ်လ်ဘမ်အဖြစ် အောင်မြင်ခဲ့ပြီး ကမ္ဘာနှင့်တ၀ှမ်းသို့မူ အယ်လ်ဘမ်ချပ်ရေ (၈.၅)သန်းထိ ရောင်းချနိုင်ခဲ့သည်။ဘွိုင်းလ်သည် လက်တလောတွင် ကော်ဝဲလ်စီစဉ်ပေးသည့် အိမ်တစ်လုံးတွင် နေထိုင်လျက်ရှိပြီး April Foolနေ့တွင် ကျရောက်မည့် သူမ၏ (၄၉)နှစ်ပြည့် မွေးနေ့၌ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာသန်းချီ ပမာဏရှိသော သူမ၏ ဂီတလောက အောင်မြင်မှုအတွက် ငွေကြေးများကို စတင်ရရှိမည်ဖြစ်သည်။ ထို့နောက်တွင်တော့ ဆူဇန်က စကော့တလန်ရှိ လိုသီယန်အနောက်ပိုင်းမှ အိပ်ခန်း(၅)ခန်း၊ ရေချိုးခန်း(၃)ခန်း ပါဝင်သော မြစ်ကမ်းဘေး အိမ်ကြီးတစ်လုံးကို ၀ယ်ယူရန် စီစဉ်ထားကြောင်း သိရသည်။ “ဒါက ကျွန်မအတွက် April Foolအတွက် အရူးလုပ်ခံရတာ မဟုတ်ပါဘူး။ ကျွန်မက ခုဆိုရင် ဒေါ်လာ(၂၄)သန်းတန် လူသားဖြစ်နေပြီ”ဟု ဆူဇန်က စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် ပြောဆိုခဲ့သည်။ ဆူဇန်၏အစ်ကို ဂယ်ရီက “ဆူဇန်က ခုတော့ကလေးလေးလို ပျော်နေတာပဲ။ သူ့တစ်သက်မှာ တစ်ခါမှ မကြုံဖူးတဲ့ ငွေကြေးပမာဏကို ပိုင်ဆိုင်ရတော့မယ်ဆိုတော့ သူ့ဖာသာတောင် မယုံနိုင်အောင် ဖြစ်နေတာပေါ့”ဟုဆိုသည်။ ဆူဇန်က သူမ၏ မွေးနေ့တွင် ငွေကြေးသန်းနှင့်ချီ ရရှိမည်ဟု ထုတ်ဝေသူများက ဖုန်းဆက်ပြောဆိုပြီးနောက် ဖုန်းခွက်ကို ပစ်ချကာ အခန်းထဲတွင် ကခုန်နေမိကြောင်းပင် ၀န်ခံပြောကြားသွားသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: Britains Empire Awards ဆုပေးပွဲတွင် Avatar ဇာတ်ကား အောင်ပွဲခံ   အနုပညာသတင်းများ EmptyMon Mar 29, 2010 8:26 pm

Britains Empire Awards ဆုပေးပွဲတွင် Avatar ဇာတ်ကား အောင်ပွဲခံ


ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် ရိုက်ကူးသော Avatarဇာတ်ကားသည် အော်စကာဆုပေးပွဲတွင် Hurt Lockerကို မကျော်နိုင်ခဲ့သော်လည်း မတ်လ(၂၈)ရက်နေ့က ပေးအပ်ချီးမြှင့်သည့် ဗြိတိသျှအင်ပါယာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်မူ အောင်ပန်းဆင်နိုင်ခဲ့သည်။ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းကို Animationများဖြင့် ပုံဖော်ရိုက်ကူးထားပြီး ကမ္ဘာ့သမိုင်းတွင် ငွေကြေးအများဆုံး ရရှိစေခဲ့သည့် Avatarဇာတ်ကားသည် ဗြိတိသျှအင်ပါယာ ရုပ်ရှင်ဆုပေးပွဲ၌ အကောင်းဆုံး ဒါရိုက်တာဆုနှင့် အကောင်းဆုံး ဇာတ်ကားဆုများ ရရှိခဲ့သည်။ ကင်မရွန်အနေနှင့် ဒါရိုက်တာဆုအတွက် အရွေးချယ်ခံရသလို မင်းသမီး ဇိုးဆယ်လ်ဒါနာသည်လည်း လန်ဒန်ရှိ Theceremonyတွင် ကျင်းပသော ဆုနှင်းသဘင်တွင် အကောင်းဆုံး မင်းသမီးအဖြစ် ရွေးချယ်ခံရသည်။ Inglourious Basterdsစတား ခရစ္စတို့ဖ်ဝေါ့ဇ်က Quentin Tarantinoဇာတ်ကားအတွက် အကောင်းဆုံး မင်းသားအဖြစ် ရွေးချယ်ခံရပြီး ဂိုင်းရစ်ချီ ရိုက်ကူးသည့် Sherlock Holmesမှာမူ အကောင်းဆုံး ရင်ထိတ်သည်းဖို ဇာတ်ကားအဖြစ် ဖော်ပြခံရသည်။ Star Trekကမူ အကောင်းဆုံး စိတ်ကူးယဉ်သိပ္ပံဇာတ်ကားအဖြစ် ရွေးချယ်ခံရသည်။ ထိုပွဲတွင် ရေးဝင်းစတုန်း၊ ဂျုဒ်လော၊ အန်ဒီဆားကစ်နှင့် ဆာအီယန်အက်ကောလန်တို့သည်လည်း အထူးဂုဏ်ပြုဆုများ ချီးမြှင့်ခံခဲ့ရသေးကြောင်း သတင်းရရှိသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: စိုင်းစိုင်းခမ်းလှိုင်နှင့်အင်တာဗျူး   အနုပညာသတင်းများ EmptyThu Apr 01, 2010 10:09 pm

စိုင်းစိုင်းခမ်းလှိုင်နှင့်အင်တာဗျူး


မွေးနေ့၊ မွေးနှစ်အတိအကျကို ပရိသတ်အား ပေးသိထားသည့် စိုင်းစိုင်းခမ်းလှိုင်က ၃၁နှစ်ပြည့် မွေးနေ့ကို ရန်ကုန်မျှော်စင်ကျွန်းတွင်ပင် ပြုလုပ်ဦးမည် ဖြစ်သည်။ ဒီနှစ်ဖျော်ဖြေပွဲမှာ “တောဂေါ်လီ”လို သီချင်းမျိုးကို တီးဝိုင်းနှင့်ဆိုဖို့ စီစဉ်ထားသည်ဟုလည်း အသိပေး ပြောကြားသည်။ ၂နှစ်တစ်ခွေနှုန်း ထွက်လေ့ရှိသည့် သူ၏တစ်ကိုယ်တော် စီးရီးကိုလည်း ယခုနှစ်တွင် “ထိတ်ထိတ်ကြဲ” ခေါင်းစဉ်ဖြင့် စီစဉ်နေပြီဖြစ်သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်သုံးခုကြား ပြေးလွှားလှုပ်ရှားနေသည့် စိုင်းစိုင်း၏ ပရိသတ် စိတ်အ၀င်စားဆုံး လက်ရှိ နှလုံးသားခံစားချက်များကို တင်ဆက်လိုက်ပါသည်။

မွေးနေ့ရှိုးကို မန္တလေးမှာ လုပ်မယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့် ခုရန်ကုန်မှာပဲလုပ်ဖြစ်တာ ဘာကြောင့်လဲ။

ကျွန်တော်က အပြောင်းအလဲများ ဖြစ်သွားမလားလို့ မန္တလေးမှာလုပ်ဖို့စိတ်ကူးတာပါ။ ဒါပေမဲ့ မန္တလေးက ကိုယ်လည်းမကျွမ်းဘူး။ ကျွန်တော်လုပ်ချင်တဲ့ပုံစံမျိုးကလည်း ရန်ကုန်မှာပဲ အဆင်ပြေတယ်။ မန္တလေးနယ်ခံတစ်ယောက်နဲ့ ဒီကိစ္စကို တိုင်ပင်ခဲ့တော့ အဲဒီက သတင်းထွက်တယ်ထင်ပါတယ်။

ထိတ်ထိတ်ကြဲနာမည်နဲ့ စီးရီးလုပ်နေတော့ ထိတ်ထိတ်ကြဲခေါင်းစဉ်နဲ့ သီချင်းတစ်ပုဒ်ဖြစ်လာဖို့ ရှိလား။

သီချင်းတွေက အခွေထွက်ရလောက်အောင်တော့ မပြည့်သေးဘူး။ ရေးလက်စသီချင်းတွေကတော့ ခါတိုင်းလုပ်နေကျပုံစံတွေနဲ့ နည်းနည်းကွဲပြားတယ်။ ခွေထွက်လာမှပဲ ဘယ်လိုပုံစံတွေဆိုတာ ပြောလို့ရပါမယ်။ ထိတ်ထိတ်ကြဲနာမည်နဲ့ သီချင်းတစ်ပုဒ် ဖြစ်လာဖို့က ခုထိတော့ မသေချာသေးပါဘူး။

ဒီဗီဒီတွေ ဗီဒီယိုတွေရိုက်နေပေမယ့် ထင်သလောက် ပျံနှံ့မှုမရှိတာကို Franzo အနေနဲ့ ဘယ်လိုဖြေရှင်းသွားဖို့ရှိလဲ။

ဗီဒီယိုထုတ်လုပ်ရေးဘက်က ကျွန်တော်ကိုယ်တိုင် စူးစူးစိုက်စိုက် သိပ်မလုပ်ဖြစ်တာကြောင့်ပါ။ သီချင်းထုတ်လုပ်ရေးဘက်ရယ်၊ ရှိုးဆိုတာတွေရယ် ကြားထဲကနေ ကားရိုက်တာကို မျှပြီးလုပ်နေရတာကိုး။ “အမုန်းသမိုင်း” ဒီဗီဒီအပြီးမှာ “၀တ်မှုန်မျှော်တဲ့လိပ်ပြာ”ကိုတော့ ဗီဒီယိုအနေနဲ့ပဲ ထုတ်ဖြစ်မယ်။ ဖလင်ရိုက်ဖို့လည်း ကြိုးစားနေပါတယ်။ အိတ်ခ်ျဒီနဲ့ရိုက်ပြီးမှ ဖလင်ပေါ်ပြန်တင်ဖြစ်တာလည်း ဖြစ်နိုင် မယ်ထင်တယ်။ အခု “အာဒံ၊ ဧ၀၊ ဒဿ”ကို ရုပ်ရှင်ကားကြီးအဖြစ် ပြောင်းခွင့်ရထားပါတယ်။

ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ အနုပညာလှုပ်ရှားမှု အရှိန်လျော့သွားပြီး ပရိသတ်နဲ့ထိတွေ့မှု နည်းသွားတယ်လို့ ထင်မိပါတယ်။ ကိုယ်တိုင်ရော ဘယ်လိုသုံးသပ်မလဲ။

ပုံမှန်ဆိုလည်း ၂နှစ်မှ တစ်ခွေနှုန်းထွက်ဖြစ်တာပါ။ အရင်နှစ်တွေကတော့ ရုပ်ရှင်ရိုက်ဖြစ်တဲ့အတွက် ရုပ်ရှင်ကားရုံတင်ပြန်ပြီ၊ နောက်ဝတ္ထုတွေရေးခဲ့တော့ ၀တ္ထုထွက်ပြန်ပြီ၊ စီးရီးထွက်ပြန်ပြီနဲ့ လှုပ်လှုပ် ရှားရှားပိုဖြစ်တယ်။ ၂၀၀၉မှာတော့ ဂီတအလုပ်တစ်ခုတည်း လုပ်ဖြစ်ခဲ့ပြီး၊ တစ်လမှာ ရက်၂၀က နယ်ရှိုးတွေကို ရောက်နေတာကိုး။

အဆိုတော်တွေကို အခွန်ထပ်မံစည်းကျပ်လိုက်ခြင်းအပေါ် စိုင်းစိုင်းဘာများ ဖြည့်စွက်ပြောချင်လဲ။

ကျွန်တော် အလုပ်စလုပ်ကတည်းက အခွန်ဆောင်ခဲ့တဲ့ လူဆိုတော့ ဘာမှပြောစရာမရှိပါဘူး။ ကျွန်တော်က နဂိုကတည်းက အခွန်ထမ်းတစ်ယောက်ပါ။

မွေးနေ့ရှိုး စာနယ်ဇင်းပွဲမှာ အိမ်ထောင်ပြုမယ့် သူငယ်ချင်းတွေကို တားချင်တယ်လို့ ပြောခဲ့တာဟာ အချစ်ကို စိတ်ကုန်စိတ်ပျက်သွားလို့လား။

တားချင်တယ်လို့ မပြောပါဘူး။ နောက်တာပါ(ရယ်လျက်)။ အချစ်ကိုလည်း စိတ်မကုန်ပါဘူး။ စိုင်းစိုင်းပြောသမျှ စကားတွေအကုန်လုံး အတည်ပဲလို့သတ်မှတ်ရင်တော့ ကျွန်တော်လည်း လောကကြီးမှာ နေလို့ပျော်မှာ မဟုတ်တော့ဘူး။

အချစ်က မကောင်းဆိုးဝါးလိုပဲ။ ကံနိမ့်တဲ့သူမှ မြင်ရတယ်ဆိုတဲ့ စကားကို စိုင်းစိုင်းခုချိန်မှာ ပြောင်းပြီးပြောဆိုချင်တာများ ရှိပြီလား။

အဲဒါသီချင်းထဲက စာသားပါ။ သီချင်းတိုင်းက စာသားတိုင်းဟာ စိုင်းစိုင်းကို ကိုယ်စားမပြုပါဘူး။

ဒါဆို စိုင်းစိုင်းကိုယ်စားပြုတဲ့ အချစ်က ...


အမျိုးမျိုးစဉ်းစားပြီးတော့ အမျိုးမျိုးပြောခဲ့ဖူးပေမယ့် အခုနောက်ဆုံးသိလိုက်ရတာက အချစ်ကို ကျွန်တော်တကယ်မသိသေးဘူး။

တစ်ချိန်က စိုင်းစိုင်းပြောခဲ့ဖူးတဲ့ အချင်းချင်းနားလည်မှုရှိပြီး သူမအတွက် ပြည့်စုံတဲ့ ဘ၀တစ်ခုဖြစ်ဖို့ ကြိုးစားပြီးမှ လက်ထပ်ချင်ပါတယ်ဆိုတဲ့စကားက ခုထိအကျုံးဝင်နေဆဲလား။

ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ ကျန်နေသေးတဲ့ဘ၀သက်တမ်းမှာ ကိုယ်ကလည်း စိတ်ချမ်းသာအောင် ထားနိုင်ပြီး၊ ကိုယ့်ကိုလည်း စိတ်ချမ်းသာအောင်ထားနိုင်တဲ့ အခြေအနေမျိုးလေးနဲ့ ရှေ့ဆက်ချင်ပါ တယ်။

အဲဒီစကားထဲက သူမက အပြောင်းအလဲဖြစ်သွားပြီလား။

အင်း(အနည်းငယ်စဉ်းစားရင်း) မပြောင်းလဲဘူးနဲ့တူပါတယ်။

ရွေးကောက်ပွဲဥပဒေတွေ ထွက်ပေါ်လာပြီ။ ပါတီတွေလည်း ထောင်ကြပြီ။ ဒီအခြေအနေပေါ်မှာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ alertဖြစ်ပါသလဲ။ အပြောင်းအလဲတွေကနေ ဘာတွေမျှော်လင့်ထားချင်ပါလဲ။

အမှန်အတိုင်းဝန်ခံရရင် အဲဒီကိစ္စတွေကို အရမ်းကြီးနားမလည်ပါဘူး။ အကောင်းဆုံးဖြစ်မယ့် အရာတစ်ခုကို နားလည်တတ်ကျွမ်းတဲ့လူကြီးတွေက လုပ်နေတယ်လို့ နားလည်ထားပါတယ်။

Credit: အေးသူ (7Day News Journal)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: ကိုရီးယားအဆိုတော် ရုပ်ရှင်မင်းသား သေကြောင်းကြံသွား   အနုပညာသတင်းများ EmptyThu Apr 01, 2010 10:14 pm

ကိုရီးယားအဆိုတော် ရုပ်ရှင်မင်းသား သေကြောင်းကြံသွား


မတ်လ(၂၉)ရက်နေ့က တောင်ကိုရီးယား ရုပ်ရှင်မင်းသားနှင့် အဆိုတော်ဖြစ်သူ ချွိုင်ဂျီယွန်း မိမိကိုယ်ကိုယ် သတ်သေသွားပြီးနောက် တောင်ကိုရီးယား သေကြောင်းကြံမှု အခြေအနေအတွက် စိုးရိမ်စရာ အနေအထား ဖြစ်လာခဲ့သည်။ ဂျီယွန်းသည် ကွယ်လွန်သွားပြီဖြစ်သည့် The Nation’s Actressဟု တင်စားခံရသူ မင်းသမီး ချွိုင်ဂျီရှီလ်၏ မောင်ဖြစ်ပြီး ဂျီရှီလ်သည် (၂၀၀၈)ခုနှစ်အတွင်းက မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေသွားခဲ့သည်။ ယခုအခါ တောင်ကိုရီးယား အစိုးရအနေနှင့် ကမ္ဘာပေါ်တွင် သေကြောင်းကြံမှု အမြင့်ဆုံး အနေအထားထိ ရောက်လာသော နိုင်ငံ၏ အခြေအနေအပေါ် ပူပင်နေရပြီဖြစ်သည်။



(အမဖြစ်သူ မင်းသမီးချွိုင်ဂျီရှီလ်၏ ဈာပနတွင်တွေ့ရသည့် ချွိုင်ဂျီယွန်း)

တောင်ကိုရီးယားသည် အဖွဲ့ဝင်နိုင်ငံ (၃၀)ပါဝင်သည့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအသင်းတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံမှု အမြင့်ဆုံးအဖြစ် ရပ်တည်နေသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ လူတစ်သိန်းတွင် (၂၄.၃)ဦးခန့်မှာ ပျမ်းမျှအားဖြင့် သေကြောင်းကြံနေကြောင်း သိရသည်။ ထို့အပြင် ဆယ်စုနှစ်တစ်ခုအတွင်း တောင်ကိုရီးယား၏ သေကြောင်းကြံမှု ပမာဏသည် (၅၀)ရာခိုင်နှုန်းဝန်းကျင် တက်လာခဲ့ပြီး (၁၉၉၈)ခုနှစ်က သေကြောင်းကြံမှု (၈၆၂၂)ခု ဖြစ်ပွားခဲ့ပြီး (၁၀)နှစ်အကြာ (၂၀၀၈)ခုနှစ်တွင်မူ စုစုပေါင်း လူဦးရေ (၁၂၈၅၈)ဦး မိမိကိုယ်ကိုယ် သတ်သေခဲ့ကြောင်း သိရသည်။ အသက်(၃၉)နှစ်အရွယ် ဂျီယွန်း၏ သေဆုံးမှုကို ရဲများက စစ်ဆေးပြီးနောက် တစ်စုံတစ်ဦး၏ ပယောဂမပါဘဲ ကိုယ်တိုင်သတ်သေမှုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း ဂျီယွန်းသည် သေတမ်းအမှာစာကဲ့သို့ နောက်ဆုံးစကားလုံးများ ချန်ရစ်ထားခဲ့မှု မရှိဟုဆိုသည်။ ၎င်းသည် ဆိုးလ်မြို့တော်တောင်ပိုင်းရှိ နိုဟွမ်းဒွန်းမှ ၎င်း၏နေအိမ်တွင် ၀ါယာကြိုးတစ်ချောင်းဖြင့် ဆွဲကြိုးချ သေကြောင်းကြံသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: AsiaOne, XinhuaNet
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: Re: အနုပညာသတင်းများ   အနုပညာသတင်းများ EmptyMon Apr 26, 2010 6:33 pm

၂၀၀၇ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျနီဖာလိုပက်ဇ်၏ ဇာတ်ကားသစ်ထွက်ရှိလာ

၂၀၀၇ခုနှစ်နောက်ပိုင်းကာလ ၌ ဇာတ်ကားသစ်ထွက်ရှိမှုမရှိခဲ့သော ဂျနီဖာလိုပက်ဇ်၏ ဇာတ်ကားသစ် ထွက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။


ဂျနီဖာလိုပက်ဇ်၏ဇာတ်ကား သစ်မှာThe Back-Up Plan ဟူ သောဇာတ်ကားဖြစ်ပြီး ထိုဇာတ်ကားသည် ၂၀၀၇ ခုနှစ်အတွင်းက ထွက် ရှိထားခဲ့သော Feel the Noice ဇာတ် ကားနောက် ပြန်လည်ထွက်ရှိလာခဲ့သည့် ဇာတ်ကားဖြစ်ပါသည်။ ထို ဇာတ်ကားသည် ဟာသဇာတ်မြူး အမျိုးအစားဇာတ်ကားဖြစ်ပြီး အိမ်ထောင်ပြုရန်စဉ်းစားထားသော အမျိုးသမီးတစ်ဦး၏စိတ်ကူးများကို တင်ဆက်ထားခြင်းဖြစ်ပါသည်။


ဇာတ်ကားကို ဧပြီလ ၂၃ ရက် နေ့က စတင်ရုံတင်ပြသခဲ့ပြီး ဒါရိုက် တာအယ်လန်ပိုးလ်က ရိုက်ကူးခဲ့ပြီး ဂျနီဖာလိုပက်ဇ်နှင့်အတူ အဲလက်စ်အော်လောက်လင်းက ပါဝင်သရုပ် ထားခဲ့ပါသည်။ အဆိုပါဇာတ်ကား တွင်ပါဝင်ထားသော ဂျနီဖာလိုပက်ဇ် အား သူမ၏ပရိသတ်များကအံ့အားသင့်ခဲ့ကြပြီး ဂျနီဖာလိုပက်ဇ်အနေဖြင့် ရင်သွေးမွေးဖွားခဲ့ပြီးနောက်ပိုင်း ခန္ဓာကိုယ်အားပြုပြင်ထားသည်ဟူသော သတင်းထွက်ပေါ်ခဲ့ပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: Re: အနုပညာသတင်းများ   အနုပညာသတင်းများ EmptyMon Apr 26, 2010 6:34 pm

နိုင်ငံစုံမှ တူရိယာပစ္စည်း ၁၃၀၀၀ကျော်အား ပြသထားသည့် ဂီတတူရိယာပြတိုက်အား အမေရိကန်နိုင်ငံ၌ ဖွင့်လှစ်


ပြတိုက်ဖွင့်ပွဲနေ့က စောင်းကောက်တူရိယာကိုတီးခတ်ကြည့်နေသူတစ်ဦး



နိုင်ငံတကာမှ ဂီတတူရိယာ အမျိုးအစားပေါင်း ၁၃၀၀၀ကျော် အား သိမ်းဆည်းပြသသွားမည့် ဂီတတူရိယာပြတိုက်တစ်ခုအား အမေရိကန်နိုင်ငံ Arizona ပြည်နယ် Phoenix ၌ ဧပြီလ ၂၄ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါဂီတတူရိယာပြတိုက် သည် ကမ္ဘာပေါ်တွင်အကြီးဆုံးသော တူရိယာပြတိုက်ဖြစ်လာမည် ဖြစ်သည့်အပြင် နိုင်ငံစုံမှတူရိယာပစ္စည်းများကို အများဆုံးစု စည်းပြသခဲ့သည့် ပထမဆုံးသော ပြတိုက်တစ်ခုလည်း ဖြစ်လာမည် ဟု သိရှိရပါသည်။


ပြတိုက်၌ နိုင်ငံပေါင်း ၂၀၀ ကျော်မှတူရိယာပစ္စည်း ၁၃၀၀၀ ကျော်ကိုပြသခဲ့ထားခဲ့ပြီး တူရိယာ ပစ္စည်းအများစုမှာ အိန္ဒိယ၊တရုတ်၊ ရုရှား၊ အမေရိကန်နှင့် ကွန်ဂိုနိုင်ငံ များမှတူရိယာပစ္စည်းများ အပါ အ၀င် အခြားသောနိုင်ငံများမှ ရိုး ရာ တူရိယာမျိုးစုံကိုလည်း ပြသထားခဲ့ကြောင်း သိရှိရပါသည်။


ပြတိုက်တည်ဆောက်မှုကို ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလအတွင်း ကပင်စတင်ခဲ့ခြင်းဖြစ်ပြီး ဧက ၂၀ ကျယ်ဝန်းသောမြေပြင်၌ စတုရန်း ပေ ၁၉၀၀၀၀ ကျော်ကျယ်ဝန်းသည့် အဆောက်အဦကို တည်ဆောက် ထားခဲ့ခြင်းဖြစ်ကာ အမေရိကန် ဒေါ် လာသန်း ၂၅၀ကျော်အကုန်အကျ ခံပြီး တည်ဆောက်ခဲ့ကြောင်းသိရှိရ ပါသည်။


''ကျွန်တော်တို့ အနေနဲ့ကတော့ အလွန်ကျယ်တဲ့ဧရာမခြေလှမ်း တစ်ခုကိုစတင်လိုက်ပါပြီ။ ပြတိုက် ကိုလာတဲ့ ပရိသတ်အနေနဲ့ နိုင်ငံ တကာမှရှိနေတဲ့ လူအမျိုးမျိုးတူရိယာတွေကတစ်ဆင့် သူတို့ရဲ့ခံစားမှု အတွေ့အကြုံတွေကို ပြန်လည်မျဝေ ပေးပါလိမ့်မယ်''ဟု ပြတိုက်အား တည်ထောင်ခဲ့သူနှင့် ပြတိုက်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Bob Ulrich က ပြောပြခဲ့ပါသည်။


ပြတိုက်တွင် ဒေသများအလိုက် အဓိကပြခန်းငါးခန်းခွဲခြားထားခဲ့ပြီး အာဖရိကနှင့်အရှေ့အလယ်ပိုင်းဒေသ ရှိ တူရိယာများအား စုစည်းပြသထား သည့်ပြခန်း၊ အာရှတိုက်နှင့် ပစိဖိတ် ကျွန်းစုဒေသများမှ တူရိယာများအား စုစည်းပြသထားသည့်ပြခန်း၊ဥရောပ မှတူရိယာပစ္စည်းများကို ပြသထား သည့်ပြခန်း၊ လက်တင်အမေရိကနှင့် ကာရေဘီယံမှ တူရိယာပစ္စည်း များကို ပြသထားသည့်ပြခန်းနှင့် အမေရိကနှင့်ကနေဒါတို့မှ တူရိယာ များအားပြသထားသည့် ပြခန်း ဟူ၍ အဓိကပြခန်းငါးခန်း ခွဲခြားထားကြောင်း သိရှိရပါသည်။


အမေရိကန်နိုင်ငံ၌ ယခုဖွင့် လှစ်ခဲ့သည့် ဂီတတူရိယာပြတိုက် မတိုင်ခင်က ဘယ်လ်ဂျီယံနိုင်ငံရှိ ဘရပ်ဆဲလ်တော်ဝင်သမိုင်းနှင့် အနုပညာပြတိုက်သည်လည်း ဂီတတူရိယာပြတိုက်အဖြစ်လည်း ထင်ရှားပါသည်။


အဆိုပါပြတိုက်တွင် တူရိယာပစ္စည်းအမျိုးအစား ၁၅၀၀ကျော် သာရှိခဲ့ပြီး ဂီတတူရိယာပစ္စည်းပြ တိုက်အနေဖြင့် ဖွင့်လှစ်ထားခဲ့ခြင်း မဟုတ်ကြောင်း သိရှိရပါသည်။


ထို့အပြင် အမေရိကန်နိုင်ငံ၊ ဒါကိုတာတောင်ပိုင်းတွင် ပြသထားသော အမျိုးသားဂီတပြတိုက် မှာလည်း ထင်ရှားသောပြတိုက် တစ်ခုဖြစ်ခဲ့ပြီး အဆိုပါပြတိုက်တွင်မူ အမေရိကန်၊ ဥရောပဒေသများမှ ဂီတတူရိယာပစ္စည်း ၁၃၅၀၀ ကျော်ကို ပြသထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: Re: အနုပညာသတင်းများ   အနုပညာသတင်းများ EmptyMon Apr 26, 2010 6:35 pm

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများ၏ လုံခြုံရေးအား ပိုမိုသတိထားလာ







သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့ရှိရုပ်ရှင်ရုံများအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြသခဲ့ရာ လုံခြုံရေးများအား ပိုမိုသတိထားလာကြောင်း စုံစမ်းသိရှိရသည်။


''နှစ်ဆန်းတစ်ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြသခဲ့ပါတယ်။ အကြတ်နေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် လုံခြုံရေးကိုအထူးသတိထား ပါတယ်။ ၀င်ပေါက်မှာ စစ်ဆေးတဲ့ အပြင် မသင်္ကာဖွယ် ရှိ၊ မရှိကိုလည်း စောင့်ကြည့်စစ်ဆေးနေပါတယ်''ဟု ရန်ကုန်မြို့ရှိ အဆင့်မြင့်ရုပ်ရှင်ရုံတစ် ရုံမှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။


မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများ အားလုံး၌ ပုံမှန်အတိုင်း ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူများ၏ လုံခြုံရေးအတွက် ပိုမိုသတိထား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နှစ်ဆန်းတစ်ရက်နေ့မှ စတင် ၍ ရုံတင်ပြသလျက်ရှိသည့် ရုပ်ရှင်ဇာတ်ကားများမှာ '၀ါဆိုဖယောင်းတိုင်' ရုပ်ရှင်ဇာတ်ကား၊ 'အတည်ပေါက်နောက်တဲ့လူ' ဇာတ်ကား၊ 'ချစ်မှချစ် အကြီးကြီးချစ်' ဇာတ်ကား၊ 'ကော်ကြွက်ကွက်ကျော်' ဇာတ်ကား၊ VEER ဇာတ်ကား၊SURROGATES ဇာတ်ကားတို့ ဖြစ်သည်ဟု သိရှိရသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: Re: အနုပညာသတင်းများ   အနုပညာသတင်းများ EmptyMon Apr 26, 2010 6:36 pm

ဖြူဖြူကျော်သိန်း၏ မွေးနေ့အလှူအဖြစ် ငွေကျပ် သိန်း ၅၀ ကို လူမှုရေးအသင်းအဖွဲ့များသို့လှူဒါန်း

ဧပြီလ ၂၂ ရက်နေ့တွင် ကျရောက်သော ဖြူဖြူကျော်သိန်း၏ မွေးနေ့အထိမ်းအမှတ်နှင့် နှစ်သစ်အလှူမင်္ဂလာပွဲအား ရန်ကုန်မြို့ ကရ ၀ိက်ခန်းမတွင် ပြုလုပ်ခဲ့ရာ ဖြူဖြူကျော်သိန်းက ငွေကျပ်သိန်း ၅၀ ကို လူမှုရေးအသင်းအဖွဲ့ ၁၀ ဖွဲ့သို့ လှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။


မွေးနေ့ ပွဲအလှူအဖြစ် လူမှုရေး အသင်းအဖွဲ့ ၁၀ ဖွဲ့ဖြစ်သည့် ဧမာနွေလနှစ်ခြင်းအသင်းတော်၊ ကုက္ကိုင်းပရဟိတဂေဟာ၊ ဇီဝိတဒါန သံဃာ့ဆေးရုံ၊ မွတ်စလင်အဘွားများ သုခရိပ်သာ၊ MYC မူးယစ်လူငယ် ပြန်လည်ထူထောင်ရေး၊ MYC မိဘမဲ့ကလေးများစောင့်ရှောက်ရေး၊ MYC အနာကြီးရောဂါသည် စောင့်ရှောက် ရေး၊ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်း၊ သီလရှင်လေး များ ခရစ်ယာန်ဘိုးဘွားရိပ်သာ၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင် ကျောင်းသို့ လှူဒါန်းခဲ့ကြောင်း သိရပါသည်။


''ဖြူဖြူ့မွေးနေ့တွေမှာ အလှူ ဒါနတွေနဲ့ ဖြတ်သန်းခွင့်ရခဲ့တာ လေးနှစ် ရှိလာပါပြီ။ ဒီလိုအလှူဒါနတွေအတွက် အားပေးတဲ့ပရိသတ်တစ်ဦး ချင်းဆီကို သိစေချင်ပါတယ်။ သူတို့ အလှူကလေးတွေ ပါတယ်ဆိုတာ သိခွင့်ရစေချင်ပါတယ်။ အခုလို မြန်မာ နှစ်သစ် အချိန်အခါကစပြီး ပရိသတ် အားလုံး ဘေးအန္တရာယ် ကင်းရှင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်'' ဟု ဖြူဖြူကျော်သိန်းက မွေးနေ့အမှတ်တရ စကားအဖြစ် ပြောပြခဲ့သည်။


ဖြူဖြူကျော်သိန်း၏ မွေးနေ့ အမှတ်တရအစီအစဉ်အဖြစ် မွေးနေ့ပွဲ ပြုလုပ်ခြင်းကို မိသားစု၊ မိတ်ဆွေ အသိုင်းအ၀န်းများနှင့်အတူ ကျင်းပခဲ့ ပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

အနုပညာသတင်းများ Empty
PostSubject: Re: အနုပညာသတင်းများ   အနုပညာသတင်းများ EmptyMon Apr 26, 2010 6:37 pm

ဂျပန်နိုင်ငံ၌ကျင်းပမည့် ဗုဒ္ဓဂီတပွဲတော်သို့ မြန်မာနိုင်ငံမှ တက်ရောက်ဖျော်ဖြေမည်
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် ဗုဒ္ဓဂီတပွဲတော် (Buddhist Music Festival) သို့ မြန်မာနိုင်ငံမှ ဂီတအနုပညာရှင် ဓီရာမိုရ်အပါ အ၀င် အဖွဲ့ဝင် ၁၀ ဦးတက်ရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




အဆိုပါပွဲတော်၌ တရုတ်၊ အိန္ဒိယ၊ ဘူတန်၊ သီရိလင်္ကာ၊ ဂျပန် နှင့် မြန်မာနိုင်ငံတို့မှ ဂီတအနုပညာရှင်များ တက်ရောက်ဖျော်ဖြေမည်ဖြစ် ကြောင်း သိရသည်။


''ဒီပွဲတော်က ဗုဒ္ဓဘာသာဝင် နိုင်ငံတွေထဲက နိုင်ငံခြောက်နိုင်ငံက အနုပညာရှင်တွေ တက်ရောက်မှာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီပွဲတော်မှာ ဖျော်ဖြေဖို့ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့အောင်ခြင်းရှစ်ပါးတို့လို တေးသီချင်းတွေအပါအ၀င် ဗုဒ္ဓဘာသာဆိုင်ရာသီချင်းတွေကို ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ ယဉ်ကျေးမှုတက္ကသိုလ်က တာဝန်ရှိသူတွေ၊ ဂီတအနုပညာရှင်တွေနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန(ထုတ်လုပ်)က တာဝန်ရှိသူတွေအပါအ၀င် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်မှာပါ။ ဂျပန်ဖျော်ဖြေပွဲတွေကို တက်ရောက် ဖူးခဲ့ပေမယ့် ဗုဒ္ဓဘာသာဂီတဖျော် ဖြေပွဲမျိုးကိုတော့ ဒါပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်ပါတယ်''ဟု ဂီတအနုပညာရှင် ဓိရာမိုရ်က ပြော ကြားခဲ့ပါသည်။


ယင်းပွဲတော်သို့ တက်ရောက် ဖျော်ဖြေနိုင်ရန် မြန်မာအနုပညာရှင် အဖွဲ့သည် ဧပြီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဂျပန်သို့ စတင်ထွက်ခွာမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဂီတပွဲ တော်ကို မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ကာ မြန်မာအနုပညာရှင်အဖွဲ့သည် မေလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိမည်ဖြစ်သည်။
Back to top Go down
http://www.hapmalaysia.net
Sponsored content





အနုပညာသတင်းများ Empty
PostSubject: Re: အနုပညာသတင်းများ   အနုပညာသတင်းများ Empty

Back to top Go down
 
အနုပညာသတင်းများ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: NEWS (သတင်းများ) :: အနုပညာသတင်းများ-
Jump to: