HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက် I_icon_mini_portalLatest imagesSearchRegisterLog in

 

 ကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက်

Go down 
2 posters
AuthorMessage
Hay Shan




Posts : 11
Join date : 2010-03-25

ကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက် Empty
PostSubject: ကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက်   ကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက် EmptyThu Apr 01, 2010 9:01 am

သစ်ရ်မေဇီကျမ်းဝ တွဲ 2 စာ 116 တွင် တမန်တော်မြတ်(ဆွ) ၏ မိန့်ခွန်းတော်ကို အနတ်စ် (ရသွေ့)သခင်က ဆင့်ပြန်ခဲ့သည်မှာ ဧကန် အရာရာ တိုင်းအတွက် နှလုံးသား ရှိပေသည်၊ ကုရ်အာန်၏ နှလုံးသားမှာ ယာစိန်း ဖြစ်လေသည်။ ၄င်းနောက် မည်သူမဆို ယာစိန်း ကို ဖတ်ပါက ထိုသူ့ အဖို့ ကုရ်အာန် (၁၀) ကြမ် ဖတ်သော စ၀ါးဗ်ကို အလ္လာဟ်အရှင်က ရေးမှတ်တော်မူမည်ဖြစ်သည်။ (ဟဒီးစ်နံပါတ် - 2287)

ဤဟဒီးစ်တော် တွင်လာရှိသော အကျိုးစ၀ါးဗ် များသည် (အရောအနှောပြုမထားသော) သီးသန့် စူရာဟ် ယာစီန်း ဖတ်ရွတ်မှု အတွက်သာဖြစ်သည်။ ယနေ့ အစ္စလာမ့် ရန်သူအချို့ တို့နှင့် အမည်မဖော်သော (ဗစ်အသီ) တရားသစ်တည်ထွင်သူများ ပေါင်း၍ စူရာဟ်ယာစီန်းအထဲတွင် မုဘီးန် (7)ခုမှ တစ်ခု၏ နောက်တိုင်းတွင် အချို့ စာသားများ ထည့်သွင်းဖတ်ခြင်းအားဖြင့် အထက်ပါ စ၀ါးဗ် ရသည် ဟု ဖြားယောင်းထားပါသည်။ ထို့နောက် မည်၍မည်မျှ အကျိုး အမြတ်များရမည်ဟုလည်း မက်လုံးပေးကာ လိမ်လည်ထားပါသည်။

အလ္လာဟ့်ဟို့ အရှင်မြတ်က တမန်တော်မြတ် (ဆွ) ပေါ် ချပေးတော်မူခဲ့သော စူရာဟ်ယာစီန်းသည် အရောအနှောမဲ့သော သန့်ရှင်းသည့် စူရာဟ် တစ်ပုဒ်ဖြစ်ပါသည်။ ယနေ့ ယင်းစူရာဟ်၏ အခြေအနေမှာ အရောအနှော ပြုခြင်းကို ခံနေရပါသည်။ ယခုခေတ် ပလီ ဂေါပက များနှင့် မွတ်ဆလင်မ် အိမ်ထောင်ဦးစီးတို့ သည် ဤကဲ့သို့ စူရာဟ်ယာစီးန် အား အခြားစာသားများနှင့် ရောနှော ပုံနှိပ်ထုတ်ဝေထားသည် တို့ကို အသိတရား ကင်းမဲ့ စွာဖြင့် လက်ခံထားသိုပြီး ဖတ်ရွတ်ကျင့်သုံးနေကြသည်။ ဤကဲ့သို့ ဆောင်ရွက် နေခြင်းသည် ကရ်အာန်ကျမ်းတော်မြတ်အား ပြောင်းလဲသော အမှုဆိုးကြီးကို လက်ခံအားပေးရာမည်၏။ အဆိုပါ အရောအနှောစာမူကို သယ်ဆောင် လာသူသည် ပထမ တရားခံ ဖြစ်၏။ ထို့အတူ ယင်းစာမူကို အုရ်ဒူဘာသာမှ မြန်မာ ဘာသာသို့ ပြန်ဆိုပေးထားသော မှောင်ခို ဘာသာပြန်သမား အသပြာ ဆရာများသည် အမှန်စသ်စစ် ကရ်အာန်ပြောင်းလဲရေး အမှုဆိုးကြီးတွင် ပါဝင်ကြသော တရားခံများသာဖြစ်သည်။ ဖော်ပြပါ ပုဂ္ဂိုလ် အားလုံးသည် မိမိတို့ လုပ်ရပ်အပေါ် သောဝ်ဗာ ပြု ရမည်။ ၄င်းနောက် မိမိ တို့ ထုတ်ဝေဖြန့်ချိ ထားသော ကုရ်အာန်ပြောင်းလဲရေး အမှုဆိုးကြီး၏ စာမူများကို ချက်ချင်းပြန်လည် ရုတ်သိမ်း မီးရှို့ ပစ် ရမည်။ ထို့အတူ မိမိတို့ ကိုယ်တိုင် ဖြန့်ချိပို့ဆောင်ထားသော ပလီများ၊ အရပ်များ၊ ကျောင်းများနှင့် နေရာအသီးသီးတို့မှ ပပျောက် သန့်စင်သွားသည်အထိ ဆောင်ရွက်ပြု လုပ်ရန် တာဝန်ရှိပေသည်။ သို့မဟုတ်ပါက ယင်းအမှုဆိုးကြီး အပေါ် ဆင့်ပွားဖြန့်ချိမှုနှင့် ကျင့်သုံးမှု အပြစ်များကို ဖော်ပြပါ တာဝန်ခံတို့ ခံကြရမည် ဖြစ်သည်။

===============================================================================
မြစ်ငယ်ကျောင်းမှ ထုတ်ဝေသော စာစောင် တစ်ခုမှ ကူးယူတင်ပြ ပါသည်
Back to top Go down
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက် Empty
PostSubject: Re: ကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက်   ကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက် EmptyThu Apr 01, 2010 10:24 pm

စလမ်ပါ။ သတိထားရမယ့်ကီစ္စတစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပြီးထင်တယ်နော်..အမှတ်တမဲ့ကနေ အမှတ်တရတွေ
ဖြစ်လာတာလို့ပြောချင်တယ်...အားလုံးဝိဝါဒမကွဲပြားပဲ ဂရုပြုနိုင်ပါစေလို့မျှော်လင့်ရင်း...hapmalaysia
Back to top Go down
http://www.hapmalaysia.net
 
ကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက်
Back to top 
Page 1 of 1
 Similar topics
-
» အနုပညာသတင်းများ
» ကေယာမသ်နေ့တွင်ရှင်ပြန်ထရမည့် အကြောင်း
» ဘော်လုံးအားကစားသတင်းများ
» နမာဇ် ဆိုင်ရာ အချိန်များ အကြောင်း
» ကျနော်သိချင်သောအစ္စလာမ်သမိုင်းအကြောင်း

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (အီမာန်) နှင့်ပတ်သက်သမျှကိုဒီနေရာလေးမှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။-
Jump to: