HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeနမာဇ် ဆိုင်ရာ အချိန်များ အကြောင်း I_icon_mini_portalLatest imagesSearchRegisterLog in

 

 နမာဇ် ဆိုင်ရာ အချိန်များ အကြောင်း

Go down 
AuthorMessage
Hay Shan




Posts : 11
Join date : 2010-03-25

နမာဇ် ဆိုင်ရာ အချိန်များ အကြောင်း Empty
PostSubject: နမာဇ် ဆိုင်ရာ အချိန်များ အကြောင်း   နမာဇ် ဆိုင်ရာ အချိန်များ အကြောင်း EmptyMon Apr 05, 2010 9:27 am

ဖဂျေနမာဇ် အချိန်သည် နံနက် အာရုဏ်တတ်ချိန်မှ စ၍ နေမထွက် မီ အလျှင်အထိဖြစ်သည်။ (သိရ်မေဇီ၊အဘူဒါဝူဒ်)
ည၏ နောက်ဆုံးပိုင်း လင်းကာနီးတွင် အရှေ့အရပ်မှ အလင်းရောင်တစ်ခုသည် တိုင်ကဲ့သို့ အပေါ်သို့မြင့်တတ်သွားသည်။ တစ်ဖန် ထိုအလင်းရောင်သည် အပေါ်မှ အောက်သို့ ဆင်းသက်လာသည်။ ၄င်းနောက် တောင်နှင့်မြောက်သို့ ပြန့်နှံ့သွားသည်။ ထိုအချိန်သည် ဆွဗ်ဟေဆွာဒိ(က်) အာရုံတတ်ချိန်ဖြစ်သည်။ ထိုအချိန်မှ စ၍ ဖဂျေ နမာဇ် အချိန် စလေသည်။ (ဒုရ်ရေမုခ်သာရ်)

ဇဟိုရ်နမာဇ် အချိန်သည် နေမွန်းလွဲချိန်မှ စသည်။ ၄င်းနောက် အရာဝထ္ထုတိုင်း၏ အရိပ်သည် မွန်းတည့် ချိန်တွင်ရှိသည်။ အရိပ်အမြင့် 2 ဆ ရှိသည့် အချိန်မတိုင်မီ အထိ ဇဟိုရ်အချိန် ကျန်ရှိနေသည်။ ဆောင်းရာသီတွင် ဇဟိုရ်နမာဇ်ကို စော်လျှင်စွာဖတ်၍ နွေရာသီတွင် နောက်ဆိုင်း၍ ဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ (ဒုရ်ရေမုခ်သားရ်)

အဆွရ်နမာဇ် သည် ဇဟိုရ်ချိန် ကုန်ဆုံးပြီး အရိပ်နှစ်ပြန် ရှိသည့် အချိန်မှ စသည်။ နေမ၀င်မီ မလျင်အထိ ကျန်ရှိနေသည်။ နေရောင်သည် အ၀ါရောင် မသန်းမီအလျှင် နေလုံးဖျော့တော့တော့မဖြစ်မီ အလျှင် အဆွရ်နမာဇ် ဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ အ၀ါရောင် သန်းချိန်ကျမှ ၀တ်ပြုခြင်း မက္ကရူဟ်ဖြစ်သည်။ (ရှရ်ဟေဒါယာဟ်)

မဂ်ရိဘ်နမာဇ် အချိန်သည် နေ၀င်ချိန်မှ စ၍ အနောက်ဘက် အရပ်တွင် အနီရောင် သည် မိုးကောင်းကင် ပေါ်၌ ပေါ်ထွန်းပြီးနောက် အဖြူရောင်အလင်းပေါ်ထွန်းသည်။ ၄င်းအဖြူ ရောင်ကျန်ရှိနေသ၍ မဂ်ရိဘ် အချိန်သည်လည်း ကျန်ရှိနေသည်။ မဂ်ရိဘ်နမာဇ်ကို နေ၀င်ပြီးလျှင်ပြီးခြင်း ဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ (ဒုရ်ရေမွခ်သားရ်)
မဂ်ရိတ်နမာဇ်အတွက် အဇာန်ဆိုပြီးနောက် နမာဇ်(2)ရကအသ် ဖတ်နိုင်သည်ခန် ဆိုင်းငံ့နေခြင်းသည် မက္ကရူဟ် မဖြစ်ပေ။ ၄င်းနောက် (2)ရကအသ် ဖတ်နိုင်သည် ထက်ပို၍ ဆိုင်းငံ့နေခြင်းသည် မက္ကရူဟ်သန်ဇီဟီဖြစ်သည်။ ထို့နောက်ကြယ်တာရာများ စုံလင်စွာထွက်ပေါ် ချိန်အထိ ဆိုင်းငံ့၍ ဖတ်ခြင်းသည် မက္ကရူဟ် သဟ်ရီမီဖြစ်သည်။ (ဒုရ်ရေမွခ်သားရ်)

အီရှာနမာဇ် အချိန်သည် နေ၀င်ရာအရပ်ရှိ အဖြူရောင်အလင်းတန်းပျောက်ကွယ်သည့် အချိန်မှစ၍ မနက်အာရုဏ်မတတ်မီ အလျှင် အထိ အချိန်သည် အီရှာ အချိန် ဖြစ်သည်။ အီရှာနမာဇ်သည် ည၏ သုံးပုံတစ်ပုံ ၌၀တ်ပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ ည၀က်တွင် ၀တ်ပြုခြင်းသည် မုဗာဟ်ဖြစ်သည်။ ထို့ထက်နောက်ကျ၍ ၀တ်ပြုခြင်းသည် မက္ကရူဟ် သဟ်ရီမီ ဖြစ်သည်။ (ဒုရ်ရေမုခ်သားရ်)

ဝတေရ်နမာဇ် အချိန်သည် အီရှာနမာဇ်ဝတ်ပြုပြီးသည့်နောက်တွင် အစပြု၍ မနက် အာရုဏ်မတတ်မီအလျှင်အထိဝတ်ဖြစ်သည်။
(အာလမ်ဂီရီ)

မိုးတိမ်များအုံ့ဆိုင်းနေပါက ဖဂျေ်နမာဇ်၊ ဇဟိုရ်နမာဇ်နှင့် မဂ်ရိဘ် နမာဇ်တို့ကို အနည်းငယ်ဆိုင်းငံ့၍ဖတ်ခြင်းနှင့် အဆွရ်နမာဇ်ကို စောလျှင်စွာဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ (ရှာမီကျမ်း)
နမာဇ်များ၏ အချိန်အတိအကျကို သိရှိရန်ခက်ခဲပါက အထက်ပါ အတိုင်းကျင့်ဆောင်ရမည်ဖြစ်သည်။ ၄င်းနောက် အချိန်များကို နာရီ အစရှိသည် တို့ဖြင့် အတိအကျသိရှိနိုင်ပါက စောင့်ဆိုင်း၍ ၀တ်ပြုရန်မလိုအပ်ပေ။ ထို့ကြောင့် နမာဇ်တိုင်းကို သတ်မှတ်ချိန် အတွင်းဖတ်ရပေမည်။ (သဆ်ွဟီဟူလ်အပ်ယလာသွ်)

နမာဇ်ဝတ်ပြုခြင်းကို တားမြစ်ထားသော အချိန်များ
နေထွက်ချိန်၊ နေ၀င်ချိန်၊ နေမွန်းတည့် ချိန်တွင်မည်သည့် နမာဇ် မျိုးကို မဆို (သို့မဟုတ်) စဂ်ျဒါဦးချခြင်းကို တားမြစ်ထားသည်။ ဂျနာဇာ နမာဇ် ဖတ်ခြင်းကို လည်း တားမြစ်ထားသည်။ နံနက် အာရုဏ်တတ်ပြီး သည့် အချိန်မှ စ၍ နေထွက်သည့် အချိန် အထိ ဖဂျေ နမာဇ် စွန္နသ် 2 ရကအသ် အပြင် အခြား နဖိလ် နမားဇ်များ ဖတ်ခြင်း၊ အဆွရ်နမာဇ် ၀တ်ပြုပြီးသည့် နောက် နေ၀င်သည့် အချိန်ထိလည်းကောင်း၊ ခွသ်ဗာ များ ဖတ်ကြားချိန်တွင်လည်းကောင်း၊ နေထွက်ပြီးနောက် အိဒ်နေ့များတွင် အိဒ်နမာဇ်များ ၀တ်ပြုပြီးသည်အထိ နဖိလ်နမာဇ်များ၊ စွန္နသ်နမားဇ် များ ၀တ်ပြုခြင်းနှင့် နဖိလ် စဂ်ျဒါ ဦးချခြင်းများ လုံးဝ မပိုင်။သို့ရာတွင် ကဇွာနမာဇ်များ၊ ဂျနာဇာနမာဇ်များဖတ်ခြင်း၊ ၄င်းနောက် သိလာဝသ်၏ စဂ်ျဒါကို ပြုပိုင်ခွင့်ရှိသည်။ သို့သော် အဆွရ်နမာဇ် ပြီးနောက် နေလုံး၏ အရောင် ပျော့၍ အရောင်ပြောင်းသွားချိန်တွင် ယခုရောက်ရှိလာသည့် ဂျနာဇာဟ် မဟုတ်ဘဲ ယခင်က ဂျနာဇဟ် ဖတ်ခြင်း၊ ယခုသေလာဝသ် ၏ စဂ်ျဒဟ် ဦးချခြင်းမဟုတ်ပဲ အရင်က ဖတ်ခဲ့သည့် သေလာဝသ်၏ စဂ်ျဒါ ဦးချခြင်း
မပိုင်။ အကယ်၍ ယခုအချန်တွင် ရောက်လာသည့် ဂျနာဇာနမာဇ် ဖတ်ခြင်းနှင့် ယခုဖတ်လိုက်သော သေလာဝသ်၏ စဂ်ျဒါ အတွက် ဦးချခြင်းဖြစ်ပါက ပိုင်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
အလ်ဟဂ်ျမော်လာနာ မုဖ်သီရှမ်ရွတ်ဒိုဟာ ၏ ကန်ဇုလ်မစာအိလ် အတွဲ (1) မှ ကူးယူတင်ပြပါသည်။
Back to top Go down
 
နမာဇ် ဆိုင်ရာ အချိန်များ အကြောင်း
Back to top 
Page 1 of 1
 Similar topics
-
» အနုပညာသတင်းများ
» ကေယာမသ်နေ့တွင်ရှင်ပြန်ထရမည့် အကြောင်း
» ဘော်လုံးအားကစားသတင်းများ
» ကျနော်သိချင်သောအစ္စလာမ်သမိုင်းအကြောင်း
» ဦးနှောက်ကိုပျက်စီးစေသော အကြောင်း ၁၀ ချက်

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (နမားဇ်) ဝတ်ပြုမှုနှင့်ပတ်သက်ပြီးဒီနေရာလေးမှာတင်ပြနိုင်ပါတယ်။-
Jump to: