HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeဘော်လုံးအားကစားသတင်းများ I_icon_mini_portalLatest imagesSearchRegisterLog in

 

 ဘော်လုံးအားကစားသတင်းများ

Go down 
AuthorMessage
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: ဘော်လုံးအားကစားသတင်းများ   ဘော်လုံးအားကစားသတင်းများ EmptyFri Mar 26, 2010 8:13 am

မန်ယူရဲ့နံပါတ်၇ပိုင်ရှင် ဘယ်သူဖြစ်မလဲ ?


မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နံပါတ်(၇)ဟာ အစဉ်အလာ အကြီးဆုံး သင်္ကေတတစ်ခု ဖြစ်တယ်ဆိုတာ ဘောလုံးပရိသတ်တွေ သိပြီးသားပါ။ တကယ်လည်း ဂျော့ဘက်စ်၊ အဲရစ်ကန်တိုနာ၊ ဘရိုင်ယန်ရော့ဘ်ဆန်၊ ဒေးဗစ်ဘက်ဟမ်းနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုစတဲ့ ဘောလုံးသမားတွေဟာ ဒီနံပါတ်ကို ဆင်မြန်းခွင့်ရပြီး အသင်းကို ကမ္ဘာ့ထိပ်ဆုံး အဆင့်တစ်နေရာရောက်ဖို့ တွန်းတင်ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင်ဟောင်း ရော်နယ်လ်ဒို ယူနိုက်တက်ကနေ ပြောင်းသွားတဲ့နောက် ခုဆိုရင် နံပါတ်(၇)ဟာ အရှိန်အ၀ါ နည်းနည်းမှေးမှိန်နေပါပြီ။ မူလက နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်အနေနဲ့ ပေါင်(၁၇)သန်းပေးပြီး ရော်နယ်လ်ဒိုနေရာအတွက် အစားခေါ်ယူထားသူ အန်တိုနီယို ဗလန်စီယာကို ဒီနံပါတ်ပေးမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်းတော့ အင်္ဂလန် လက်ရွေးစင်ဟောင်း မိုက်ကယ်အိုဝင်ကသာ ရရှိခဲ့ပါတယ်။ အိုဝင်ဟာ ပင်ကိုယ်ခြေစွမ်း ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာ၊ အသင်းရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်မရတာတွေကြောင့် သူ့ရဲ့နံပါတ်(၇)၀တ်ဆင်ခွင့်ဟာ အရင်ဘောလုံးသမားတွေလောက် မတောက်ပြောင်တော့ပါဘူး။ နောက်ပြီးတော့ ဖာဂူဆန်ကလည်း အိုဝင်ကို လာမယ့်ရာသီမှာ ရောင်းထုတ်တော့မယ်လို့ သတင်းတွေ ထွက်လာတာကြောင့် နောက်ထပ်ယူနိုက်တက်ရဲ့ နံပါတ်(၇)ဟာ ဘယ်သူဖြစ်မလဲ စိတ်ဝင်စားစရာပါ။ အသင်းမှာရှိတဲ့ လူးဝစ်ဇ်နာနီ၊ ရိုင်ယန်ဂစ်၊ ပါ့ခ်ဂျီဆန်တို့ကိုတော့ ဖာဂူဆန်က ဒီနံပါတ် မပေးလောက်တော့ပါဘူး။ ဒါဆိုရင် ယူနိုက်တက်က ၀ယ်ယူနိုင်ခြေရှိတဲ့ ကစားသမားတွေထဲက နံပါတ်(၇)ကို ဆက်ခံခွင့် ရနိုင်ခြေရှိသူ (၇)ဦးစာရင်းကို ကမ္ဘာကျော် ဘောလုံးဝက်ဘ်ဆိုက်ဖြစ်တဲ့ goal.comက ခုလိုမျိုး ဖော်ပြခဲ့ပါတယ်။

၇။ ဂျိုးကိုးလ် (ချယ်လ်ဆီး)

အသက်(၂၈)နှစ် ရှိပြီဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူဟာ ဖာဂူဆန် အကြိုက်ဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ မွေးရာပါ ဘောလုံးဗီဇ ထူးချွန်ထက်သန်ပြီး တစ်ဖက်အသင်း ခံစစ်ကြောင်းကို ဖရိုဖရဲ ဖြစ်သွားစေမယ့် ဖန်တီးမှုမျိုးတွေ ပြုလုပ်နိုင်သူပါ။ နည်းပြကာလို အန်ဆလော့တီက ကိုးလ်ဟာ အသင်းမှာ ဆက်ရှိနေမယ်လို့ ကတိပေးထားပေမယ့် သူကိုယ်တိုင်ကတော့ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ၀န်ခံထားတာဟာ ယူနိုက်တက်အတွက် သတင်းကောင်းလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ယူနိုက်တက်ရဲ့ အဓိကကွင်းလယ်လူ မိုက်ကယ်ကာရစ်နဲ့ ကိုးလ်တို့ဟာ ၀က်စ်ဟမ်းယူနိုက်တက် လူငယ်အသင်းကတည်းက တွဲကစားခဲ့ဖူးသူတွေ ဖြစ်နေတာကလည်း ဖာဂူဆန်အတွက် ကိုးလ်ကိုခေါ်ဖို့ တွန်းအားတစ်ရပ်ပါပဲ။ ပြီးတော့ ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတာလည်း ကိုးလ်ရဲ့ အားသာချက် တစ်ခုဆိုရင် မမှားပါဘူး။ အကောင်းဆုံး အချက်ကတော့ တကယ်လို့ ချယ်လ်ဆီးသာ အချိန်မီ စာချုပ်သက်တမ်း မတိုးနိုင်ရင် ဖာဂူဆန်ဟာ ကိုးလ်ကို ပြောင်းရွှေ့ကြေး တစ်ပြားမှပေးစရာ မလိုဘဲ စာချုပ်နိုင်မယ် ဆိုတာပါပဲ။

၆။ ဒေးဗစ်ဆေးလ်ဗား (ဗလန်စီယာ)


အသက်(၂၄)နှစ် ရှိပြီဖြစ်တဲ့ ဘယ်တောင်ပံ တိုက်စစ်မှူးကို အသက်အရွယ်အရ လျင်မြန်မှု ကျဆင်းနေပြီဖြစ်တဲ့ ရိုင်ယန်ဂစ်နေရာမှာ အစားထိုးဖို့ ဖာဂူဆန်ကြီး နှစ်ရှည်လများ စောင့်ကြည့်နေခဲ့တာပါ။ ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ်မှူး တစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ စပိန်လက်ရွေးစင်ဟာ ဗလန်စီယာမှာ တောင်ပံနေရာတင်မကဘဲ နောက်ချန်တိုက်စစ်မှူးအဖြစ်ပါ ခြေစွမ်းပြနေပါတယ်။ ဖာဂူဆန်အနေနဲ့ ဆေးလ်ဗားကို တကယ်တမ်း လိုချင်ပြီဆိုရင်တော့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့နဲ့ ပြိုင်နိုင်ပါ့မလား စဉ်းစားစရာပါပဲ။ နောက်ပြီးတော့ ဆေးလ်ဗားဟာ ဗလန်စီယာနဲ့ (၂၀၁၃)ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေတာကြောင့် ယူနိုက်တက်က ၀ယ်မယ်ဆိုရင် ပေါင်(၂၇)သန်းလောက် သုံးရဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း အသက်(၂၄)နှစ်လောက်မှာ တိုက်စစ်စွမ်းရည် အပြည့်ဝဆုံးအဆင့် ရှိနေတဲ့ ဆေးလ်ဗားအတွက်တော့ ထိုက်တန်တဲ့ တန်ဖိုးတစ်ခုပါပဲ။

၅။ ဘာလက်ဇ်စ်ဒူဇာဆက်ခ် (PSVအင်ဒိုဗန်)


အသက်(၂၃)နှစ်ပဲ ရှိသေးတဲ့ ဘာလက်ဇ်စ်ဒူဇာဆက်ခ်မှာ အပြစ်ပြောစရာဆိုလို့ အတွေ့အကြုံနည်းသေးတာ တစ်ချက်ပဲ ရှိပါတယ်။ သူဟာ ပင်ကိုယ်ခြေစွမ်း ကောင်းမွန်ပြီး အလွန်ထူးချွန်သူ တစ်ယောက်ဆိုတာ ငြင်းစရာ မရှိပါဘုး။ ဘယ်တောင်ပံ တိုက်စစ်မှာ ထူးချွန်လှသူ ဟန်ဂေရီလက်ရွေးစင်လေးဟာ PSVရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ ဖြတ်တင်ဘောတွေ ထူးချွန်သလို ဘယ်ခြေရော၊ ညာခြေနဲ့ပါ ပြင်းထန်အားပါတဲ့ ကန်ချက်တွေ ဖန်တီးနိုင်သူဟာ ချန်ပီယံလိဂ်မှာ PSVအသင်း ၀င်ကစားခွင့် မရခြင်းကို စိတ်ပျက်နေပါတယ်။ ငယ်ရွယ်ပြီး ကစားအားကောင်းသလို ဘောလုံးပါရမီ ရှိသူတစ်ယောက်အတွက် ဖာဂူဆန်ပေးရမယ့်ကြေးက ပေါင်(၁၂)သန်းလောက်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်သူဟာ ပေါ်တူဂီတောင်ပံလူ နာနီကို ကျော်နိုင်ပါ့မလားဆိုတာတော့ သံသယရှိစရာပါပဲ။


၎။ ဖရန့်ခ်ရစ်ဘာရီ (ဘေယန်မြူးနစ်)

ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်က အသက်(၂၆)နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ကို ရော်နယ်လ်ဒိုနေရာမှာ အစားထိုးဖို့ ဖာဂူဆန်က အရင်ဆုံး ဆက်သွယ်ခဲ့တာပါ။ ဘေယန်ရဲ့ နံပါတ်(၁၀)၀တ် တောင်ပံလူဟာ ခုချိန်မှာတော့ လိုချင်သူ ၀ိုင်းဝိုင်းလည်တဲ့ ဘောလုံးသမား ဖြစ်နေပါပြီ။ ဘေယန်က ထွက်ဖြစ်မယ်လို့ သတင်းကြီးနေတဲ့ ရစ်ဘာရီကို ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ အပါအ၀င် ဥရောပထိပ်သီး အသင်းတိုင်းက လိုချင်နေကြတာပါ။ ကွင်းလယ်ရော၊ တောင်ပံနှစ်ဖက်လုံးပါ ကစားနိုင်ပြီး ပြင်သစ်လက်ရွေးစင်ရဲ့ ကစားကွက် ဗိသုကာနေရာမှာ ရှိနေတဲ့ ရစ်ဘာရီကို ရဖို့အတွက် ယူနိုက်တက်ရဲ့ အဓိကပြဿနာက ဈေးနှုန်းပါပဲ။ ဘေယန်က သူတို့ရဲ့ အဓိက ကစားသမားအတွက် ပေါင်စတာလင် သန်း(၆၀)တောင်းထားပြီး ယူနိုက်တက်အနေနဲ့ ပေါင်သန်း(၄၀)လောက် ပေးနိုင်ရင်တော့ အရောင်းအ၀ယ် အဆင်ပြေဖို့ ရှိနေပါတယ်။


၃။ အာဂျန်ရော်ဘန် (ဘေယန်မြူးနစ်)



အသက်(၂၆)နှစ်ရှိပြီဖြစ်တဲ့ ဒတ်ခ်ျလက်ရွေးစင်ဟာ ချယ်လ်ဆီးမှာ ကစားခဲ့တုန်းကတော့ ယူနိုက်တက်အတွက် ကြောက်စရာ အကောင်းဆုံး ပရီးမီးယားလိဂ် ပြိုင်ဖက်ဘောလုံးသမား တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ရော်ဘန်ဟာ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်ကို ရောက်ရှိခဲ့ပြီး အဲဒီကနေတဆင့် ဘေယန်မြူးနစ်မှာ ခြေစွမ်းပြနေပါပြီ။ ရော်ဘန်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရော၊ ဥရောပ အတွေ့အကြုံပါ ကြွယ်ဝတဲ့ ဘယ်တောင်ပံလူ ဖြစ်ပါတယ်။ အလိမ်အခေါက် သေသပ်တာ၊ လျင်မြန်တာ၊ ဂိုးသွင်းကောင်းတာတွေဟာ ရော်ဘန်ရဲ့ အားသာချက်တွေဖြစ်ပြီး ခံစစ်ကို ကူညီမှုအားနည်းတာ၊ တစ်ခါတလေ တစ်ကိုယ်တော် အစွမ်းပြချင်လွန်းတာတွေကတော့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာ မှတ်တမ်းတွေရှိဖူးတဲ့ ရော်ဘန်အတွက် ဖာဂူဆန်အနေနဲ့ ပေါင်(၂၅)သန်းလောက် သုံးဖို့ဆိုတာကတော့ သံသယရှိစရာပါပဲ။


၂။ ဂျူအန်မန်နျူရယ်လ်ဗားဂက်စ် (ဖီအိုရင်တီးနား)


ဘယ်တောင်ပံခံစစ်မှာ ထူးချွန်တဲ့ အသက်(၂၆)နှစ်အရွယ် ပီရူးလက်ရွေးစင်ဟာ အီတလီ စီးရီးအေရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး စောင့်ကြည့်ခြင်း ခံရသူ တောင်ပံလူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကန်ချက်တွေ တိကျသပ်ရပ်ပြီး အားပါလှတာဟာ ဗားဂက်စ်ရဲ့ သင်္ကေတ တစ်ခုပါပဲ။ တစ်ဖက်အသင်းအတွက် အန္တရာယ် အများဆုံး ထိုးဖောက်နိုင်သူလို့ သတ်မှတ်ခံထားရတဲ့ ဗားဂက်စ်ဟာ ဖာဂူဆန်အတွက် ရောဘတ်တိုကားလို့စ် လက်သစ်တစ်ယောက်ကိုသာ အလိုရှိမယ်ဆိုရင် အသင့်တော်ဆုံး ကစားသမား တစ်ယောက်ပါပဲ။ မြန်ဆန်ပြီး ခံစစ်ကနေ တစ်ဖက်အသင်း နောက်တန်းထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်သူ ဗားဂက်စ်အတွက် ခန့်မှန်းတန်ကြေးက ပေါင်(၂၂)သန်းလောက် ရှိနေတာတော့ ပြဿနာပါ။ ပက်ထရစ် အီဗရာလို ကမ္ဘာ့အကောင်းဆုံး ဘယ်တောင်ပံ ခံစစ်မှူးကို ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်အနေနဲ့ ဗားဂက်စ်အတွက် ဒီဈေးလောက်ပေးဖို့ဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် ဘယ်တောင်ပံ တိုက်စစ်မှာပါ အသုံးပြုနိုင်တဲ့အတွက် ဖာဂူဆန် ဘယ်လိုတွေးမလဲဆိုတာတော့ သူကိုယ်တိုက်ပဲ သိပါလိမ့်မယ်။

၁။ အိန်ဂျယ်လ်ဒီမာရီယာ (ဘင်ဖီကာ)


လီယွန်နယ်မက်ဆီလောက် နာမည်မကြီးပါဘူး။ ကားလို့စ်တီဗက်ဇ်လောက် လူသိမများပါဘူး။ ဆာဂျီယို အာဂွေရိုလောက် မထင်ရှားပါဘူး။ ဒါပေမယ့် အိန်ဂျယ်လ်ဒီမာရီယာဟာ အသက်(၂၂)နှစ်ပဲ ရှိသေးတဲ့ အာဂျင်တီးနားရဲ့ အလင်းလက်ဆုံး အနာဂတ်သွေးသစ် ကြယ်ပွင့်လေး တစ်ပွင့်ဖြစ်ပါတယ်။ ပေါ်တူဂီထိပ်သီး ဘင်ဖီကာမှာ ကစားနေတဲ့ ဒီမာရီယာဟာ ဖာဂူဆန်ရဲ့ စိတ်ဝင်တစားနဲ့ နှစ်ရှည်လများ စောင့်ကြည့်မှုကို ခံနေရသူပါ။ ဘယ်တောင်ပံကနေ အတွင်းထဲကို ချိုးဝင်ထိုးဖောက်ရာမှာ ကြောက်စရာကောင်းလောက်အောင် ထူးချွန်တဲ့ ဒီမာရီယာကို ယူနိုက်တက်အပြင် ချယ်လ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ကလည်း အသည်းအသန် လိုချင်နေပါတယ်။ goal.comကတော့ သူဟာယူနိုက်တက်အတွက် အဖြစ်နိုင်ဆုံးနဲ့ အဖြစ်သစ်ဆုံး နံပါတ်(၇) ဆက်ခံသူအဖြစ် ညွှန်းဆိုထားပါတယ်။ ဒါပေမယ့် ဒီမာရီယာကို ရော်နယ်လ်ဒိုလို ဂိုးသွင်းစက်တစ်ခုလို့တော့ မျှော်လင့်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ(၃)နှစ်အတွင်း ဘင်ဖီကာအတွက် (၁၂)ဂိုးသာ သွင်းပေးထားနိုင်သူပါ။ (၂၀၁၅)ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်နေသေးတဲ့ ဒီမာရီယာအတွက် ဘင်ဖီကာက ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းလို့ ခပ်တင်းတင်း ဈေးခေါ်ထားပေမယ့် ဖာဂူဆန်က ပေါင်(၂၂)သန်းကနေ (၂၇)သန်းကြားလောက် ပေးမယ်ဆိုရင် အလုပ်ဖြစ်နိုင်စရာ ရှိနေပါတယ်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: ဝိန်းရွန်နီသည် ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးဟု ဘေယန်ဥက္ကဌပြောကြား   ဘော်လုံးအားကစားသတင်းများ EmptyFri Mar 26, 2010 8:17 am

ဝိန်းရွန်နီသည် ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးဟု ဘေယန်ဥက္ကဌပြောကြား

ဘေယန်မြူးနစ် ဥက္ကဌကြီး ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက ၎င်း၏အသင်းသည် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက် စိုးရိမ်ပူပန်နေမိသလို ယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီသည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ ကြောက်စရာ အကောင်းဆုံး ကစားသမား ဖြစ်နေကြောင်း ၀န်ခံပြောကြားခဲ့သည်။ ဘက်ကင်ဘောင်ဝါက ရွန်နီသည် လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် လီယွန်နယ်မက်ဆီနှင့် အဆင့်တူ ကစားသမားမျိုးဖြစ်ကြောင်း၊ ၎င်းသည် အင်္ဂလန် လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလားအား ဗိုလ်စွဲနိုင်ရန် ဦးဆောင်မှု ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ယခုနှစ် ဘောလုံးရာသီတွင် (၃၃)ဂိုး သွင်းယူထားသည့် ရွန်နီသည် မတ်လ(၃၀)ရက်နေ့ညတွင် ဂျာမန်ထိပ်သီး ဘေယန်နှင့် တွေ့ဆုံစဉ် အထူးခြေစွမ်းပြနိုင်ကြောင်း ဘက်ကင်ဘောင်ဝါကဆိုသည်။ ယူနိုက်တက်နှင့် ဘေယန်တို့သည် ခါးသီးသော အတိတ်သမိုင်းများ ရှိခဲ့ပြီး ယူနိုက်တက်ကို ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး အသင်းတစ်သင်း ဖြစ်လာစေသည့် (၁၉၉၉)ခုနှစ် ဖလား(၃)လုံး ဆွတ်ခူးသည့် အောင်ပွဲတွင် ဘေယန်အား ယူနိုက်တက်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ အနိုင်ရရှိခဲ့သည်။ ထိုစဉ်က ဘေယန်သည် မိနစ်(၉၀)လုံးလုံး တစ်ဂိုးအသာဖြင့် ဦးဆောင်နေပြီးမှ ယူနိုက်တက်က အချိန်ပို(၃)မိနစ်တွင် နှစ်ဂိုးဆက်သွင်းကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ဘက်ကင်ဘောင်ဝါက “(၁၉၉၉)ခုနှစ် ဗိုလ်လုပွဲအတွက် ဒီအဆင့်မှာ ယူနိုက်တက်ကို နောက်ကောက်ချပြီး လက်စားချေချင်တာ အမှန်ပါပဲ။ ဒါပေမယ့် ဒီခရီးက အရမ်းကြမ်းပါလိမ့်မယ်”ဟု ၀န်ခံခဲ့သည်။ ဘေယန်နှင့် ယူနိုက်တက်တို့သည် လာမည့်သီတင်းပါတ်တွင် ဂျာမန်မြေ၌ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဧပြီလအတွင်း အင်္ဂလန်မြေတွင် နောက်တစ်ကျော့ ကစားရမည်ဖြစ်သည်။ ဘက်ကင်ဘောင်ဝါက “ယူနိုက်တက်မှာ ရွန်နီရှိနေပါတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တာ ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် အောင်ပွဲကို လိုချင်ရင်တော့ သူ့ကိုအရင် တားဆီးရပါလိမ့်မယ်။ ခက်တာက ရွန်နီ့ကို ရပ်တန့်သွားအောင် ကျွန်တော်တို့ စွမ်းဆောင်နိုင်ပါ့မလားဆိုတာ မသေချာတာပါပဲ”ဟု ပြောကြားခဲ့သည်။ ၎င်းကပင် ရွန်နီသည် (၁၉၆၆)ခုနှစ်နောက်ပိုင်း အင်္ဂလန်အား ကမ္ဘာ့ဖလားတွင် အောင်ပွဲခံနိုင်စေရေးအတွက် အမျှော်လင့်သင့်ဆုံး ကစားသမားမှာ ရွန်နီပင်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ “အင်္ဂလန်ဟာ တောင်အာဖရိကမှာကျင်းပမယ့် ပြိုင်ပွဲကြီးရဲ့ ဖေးဘရိတ်အဖြစ်ဆုံး အသင်းတွေစာရင်းမှာ အာဂျင်တီးနား၊ စပိန်၊ ဘရာဇီးလ်တို့နဲ့အတူ ပါနေပါတယ်။ ဒီပြိုင်ပွဲကြီးမှာ မက်ဆီနဲ့ရွန်နီ ဘယ်သူပိုစွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ”ဟု ဘက်ကင်ဘောင်ဝါကဆိုသည်။ အသက်(၂၄)နှစ်အရွယ် ရွန်နီသည် ဒူးတွင် ဒဏ်ရာအနည်းငယ် ရရှိထားခြင်းကြောင့် ယခုသီတင်းပါတ် ယူနိုက်တက်နှင့် ဘော်လ်တန်တို့ ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပါဝင်ရန် မသေချာကြောင်း သတင်းရရှိသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: ရိုးမားခံစစ်မှူးက်ဆက်စ် မန်စီးတီးသို့ပြောင်းရွှေ့ရန် ပိုမိုနီးစပ်လာဟုဆို   ဘော်လုံးအားကစားသတင်းများ EmptyFri Mar 26, 2010 8:19 am

ရိုးမားခံစစ်မှူးက်ဆက်စ် မန်စီးတီးသို့ပြောင်းရွှေ့ရန် ပိုမိုနီးစပ်လာဟုဆို


အီတလီထိပ်သီးကလပ် ရိုးမားအသင်းမှ ပြင်သစ်လက်ရွေးစင် ခံစစ်မှူး ဖိလစ်ပီမက်ဆက်စ်သည် ဂျူဗင်းတပ်စ်၏ ကမ်းလှမ်းချဉ်းကပ်မှုကို ပယ်ချလိုက်ပြီးနောက် မန်ချက်စတာစီးတီးသို့ ပြောင်းရွှေ့ရန် ပိုမိုနီးစပ်လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တစ်ချိန်က မန်ချက်စတာ ယူနိုက်တက်၏ အဓိကပစ်မှတ် ဖြစ်ခဲ့ဖူးသော အသက်(၂၇)နှစ်ရှိ နောက်တန်းအလယ်လူသည် ရိုးမားအသင်းကို ချယ်လ်ဆီးနည်းပြဟောင်း ကလော်ဒီယို ရေနီရာရီ လာရောက်ကိုင်တွယ်စဉ်ကတည်းက ပုံမှန်နေရာအတွက် အာမခံချက် မရှိဘဲ ဖြစ်နေသောကြောင့် အင်တာမီလန် နည်းပြဟောင်း ရောဘတ်တိုမန်စီနီ ကိုင်တွယ်နေသော စီးတီးသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကြောင်း သိရသည်။ မက်ဆက်စ်အား စပိန်ထိပ်သီး ကလပ်များဖြစ်ကြသည့် ရီးယဲလ်မက်ဒရစ်ရော၊ ဘာစီလိုနာကပါ စိတ်ဝင်စားနေသည့်တိုင် ကစားသမားက ပုံမှန်ပွဲထွက်ခွင့် သေချာစေမည့် စီးတီးသို့ ပြောင်းရွှေ့ရေးအတွက် ပိုမိုအာရုံကျလျက်ရှိသည်။ မန်စီနီသည် စီးတီးအား ပထမဆုံး ကိုင်တွယ်ခွင့်ရသည့် ရာသီတွင်ပင် ကိုလိုတိုရေးနှင့် ဂျိုလီနိုလက်စ်ကော့တ်တို့ဖြင့် ဖွဲ့စည်းထားသော ဗဟိုခံစစ်ကြောင်းတွင် အပြောင်းအလဲများ ပြုလုပ်ရန် ကြံစည်နေခဲ့သည်။ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ကြိုးစားနေသော စီးတီးတွင် ခံစစ်ပြဿနာ ရှိနေပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၃၁)ပွဲအပြီး (၃၉)ဂိုး အသွင်းခံထားရသည်။ စီးတီးသည် မတ်လ(၂၄)ရက်နေ့ ညကလည်း ပရီးမီးယားလိဂ် ပွဲစဉ်တွင် ခံစစ်အမှားကြောင့် အိမ်ကွင်း၌ အဲဗာတန်အား (၂-၀)ဖြင့် အရေးနိမ့်ခဲ့သေးကြောင်း သတင်းရရှိသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: ဘာစီလိုနာကိုသာ ပြောင်းရွှေ့သင့်ကြောင်း ရစ်ဘာရီအား ရော်ဘင်တိုက်တွန်း   ဘော်လုံးအားကစားသတင်းများ EmptyFri Mar 26, 2010 8:21 am

ဘာစီလိုနာကိုသာ ပြောင်းရွှေ့သင့်ကြောင်း ရစ်ဘာရီအား ရော်ဘင်တိုက်တွန်း

အသင်းပြောင်းမည် ဆိုပါက ချယ်လ်ဆီးကို ပယ်ချပြီး ဘာစီလိုနာကိုသာ ရွေးချယ်သင့်ကြောင်း အာဂျန်ရော်ဘန်က အသင်းဖော် ဖရန့်ခ်ရစ်ဘာရီအား တိုက်တွန်းလိုက်သည်။ အသက်(၂၇)နှစ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်မှူး ရစ်ဘာရီသည် ယခုအခါ ဂျာမန်ကလပ် ဘေယန်မြူးနစ်ကို စွန့်ခွာပြီး ဥရောပထိပ်သီး ကလပ်အသင်း တစ်ခုခုသို့ ပြောင်းရွှေ့ရန် သေချာနေပြီဟု သတင်းများကဆိုသည်။ဘေယန်တွင် ရစ်ဘာရီနှင့် တွဲဖက်ညီညီ ခြေစွမ်းပြနေသည့် ဒတ်ခ်ျတောင်ပံ တိုက်စစ်မှူး ရော်ဘန်က “တကယ်လို့ ရစ်ဘာရီအနေနဲ့ ဘေယန်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ငြင်းတော့မယ်ဆိုရင် ဘာစီလိုနာက အသင့်တော်ဆုံးပါပဲ။ ရီးယဲလ်မက်ဒရစ်ဖြစ်ဖြစ်၊ ချယ်လ်ဆီးဖြစ်ဖြစ် သူ့အနေနဲ့ မရွေးချယ်ဖို့ ကျွန်တော်အကြံပေးထားပါတယ်”ဟုဆိုသည်။ ရော်ဘန်သည် ချယ်လ်ဆီးနှင့် ရီးယဲလ်တို့တွင် ခါးသီးသော အခြေအနေများကို ကြုံကြိုက်ဖြတ်သန်းခဲ့ရသူ တစ်ဦးဖြစ်သည်။ ၎င်းသည် အင်္ဂလန်မြေသို့ မန်ချက်စတာ ယူနိုက်တက်နှင့် ဥရောပချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ယှဉ်ပြိုင်ရန် တကျော့ပြန် သွားရောက်ရမည့် အခြေအနေအတွက် ရင်ခုန်နေမိကြောင်းလည်း ပြောကြားသွားသည်။ ရစ်ဘာရီအား ချယ်လ်ဆီး၊ ဘာစီလိုနာ၊ အင်တာမီလန်၊ လီဗာပူးလ်၊ အာစင်နယ်၊ ရီးယဲလ်မက်ဒရစ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့က စိတ်ဝင်စားနေကြောင်းလည်း သတင်းရရှိသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: လီဗာပူးလ်နည်းပြနှင့် ကစားသမားနှစ်ဦးအား ဂျူဗင်တပ်စ်ခေါ်ယူလို   ဘော်လုံးအားကစားသတင်းများ EmptyFri Mar 26, 2010 8:22 am

လီဗာပူးလ်နည်းပြနှင့် ကစားသမားနှစ်ဦးအား ဂျူဗင်တပ်စ်ခေါ်ယူလို


အီတလီကလပ် ဂျူဗင်းတပ်စ်သည် အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးလ်မှ နည်းပြကြီး ရာဖေးလ်ဘင်နီတက်ဇ်၊ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နှင့် ကွင်းလယ်လူ ဂျာဗီးယား မာရှေယာနိုတို့အား စိတ်ဝင်စားနေကြောင်း သိရှိရသည်။ အီတလီ သတင်းစာ Il Corriere Dello Sportနှင့် အင်တာဗျုးတွင် ဂျူဗင်းတပ်စ် ဒုတိယ အထွေထွေ ဒါရိုက်တာ ရောဘတ်တိုဘက်တီဂါက ၎င်းတို့သည် ဘင်နီတက်ဇ်နှင့် ပြီးခဲ့သည့် သီတင်းပါတ်က သွားရောက်ဆွေးနွေးခဲ့ကြောင်း အတည်ပြုသွားသည်။ ဂျူဗင်းတပ်သည် ဥရောပ UEFAဖလားတွင် အင်္ဂလန်ကလပ် ဖူလ်ဟမ်အား မရှုမလှ အရေးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် အသင်းအတွက် အင်အားဖြည့်ဆည်းမှုများ ပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်သည်။ ဘက်တီဂါက မိမိတို့သည် ဘင်နီတက်ဇ်အပြင် စပိန်လက်ရွေးစင် တောရက်စ်နှင့် အာဂျင်တီးနားလက် လက်ရွေးစင် မာရှေယာနိုတို့ကိုပါ အလိုရှိနေကြောင်း အတည်ပြုခဲ့သည်။ စပိန်လူမျိုး နည်းပြကြီး ဘင်နီတက်ဇ်သည် ဇန်န၀ါရီလအတွင်းက ဂျူဗင်းတပ်စ်နည်းပြ စီယိုဖာရာရာ ရာထူးမှ နှုတ်ထွက်စဉ်က ဂျူဗင်းတပ်စ်သို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သေးသော်လည်း အပြီးသတ် သဘောတူညီချက်မရဘဲ လွဲချော်ခဲ့ရသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: ဘာစီလိုနာကိုသာရွေးသင့်ကြောင်း ရော်ဘန်က ရစ်ဘာရီကိုတိုက်တွန်း   ဘော်လုံးအားကစားသတင်းများ EmptyFri Mar 26, 2010 8:23 am

ဘာစီလိုနာကိုသာရွေးသင့်ကြောင်း ရော်ဘန်က ရစ်ဘာရီကိုတိုက်တွန်း


အသင်းပြောင်းမည် ဆိုပါက ချယ်လ်ဆီးကို ပယ်ချပြီး ဘာစီလိုနာကိုသာ ရွေးချယ်သင့်ကြောင်း အာဂျန်ရော်ဘန်က အသင်းဖော် ဖရန့်ခ်ရစ်ဘာရီအား တိုက်တွန်းလိုက်သည်။ အသက်(၂၇)နှစ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်မှူး ရစ်ဘာရီသည် ယခုအခါ ဂျာမန်ကလပ် ဘေယန်မြူးနစ်ကို စွန့်ခွာပြီး ဥရောပထိပ်သီး ကလပ်အသင်း တစ်ခုခုသို့ ပြောင်းရွှေ့ရန် သေချာနေပြီဟု သတင်းများကဆိုသည်။ ဘေယန်တွင် ရစ်ဘာရီနှင့် တွဲဖက်ညီညီ ခြေစွမ်းပြနေသည့် ဒတ်ခ်ျတောင်ပံ တိုက်စစ်မှူး ရော်ဘန်က “တကယ်လို့ ရစ်ဘာရီအနေနဲ့ ဘေယန်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ငြင်းတော့မယ်ဆိုရင် ဘာစီလိုနာက အသင့်တော်ဆုံးပါပဲ။ ရီးယဲလ်မက်ဒရစ်ဖြစ်ဖြစ်၊ ချယ်လ်ဆီးဖြစ်ဖြစ် သူ့အနေနဲ့ မရွေးချယ်ဖို့ ကျွန်တော်အကြံပေးထားပါတယ်”ဟုဆိုသည်။ ရော်ဘန်သည် ချယ်လ်ဆီးနှင့် ရီးယဲလ်တို့တွင် ခါးသီးသော အခြေအနေများကို ကြုံကြိုက်ဖြတ်သန်းခဲ့ရသူ တစ်ဦးဖြစ်သည်။ ၎င်းသည် အင်္ဂလန်မြေသို့ မန်ချက်စတာ ယူနိုက်တက်နှင့် ဥရောပချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ယှဉ်ပြိုင်ရန် တကျော့ပြန် သွားရောက်ရမည့် အခြေအနေအတွက် ရင်ခုန်နေမိကြောင်းလည်း ပြောကြားသွားသည်။ ရစ်ဘာရီအား ချယ်လ်ဆီး၊ ဘာစီလိုနာ၊ အင်တာမီလန်၊ လီဗာပူးလ်၊ အာစင်နယ်၊ ရီးယဲလ်မက်ဒရစ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့က စိတ်ဝင်စားနေကြောင်းလည်း သတင်းရရှိသည်။planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: ဥရောပဘောလုံးပွဲ ရလဒ်များ(မတ် ၂၇-၂၈)   ဘော်လုံးအားကစားသတင်းများ EmptyMon Mar 29, 2010 8:33 pm

ဥရောပဘောလုံးပွဲ ရလဒ်များ(မတ် ၂၇-၂၈)

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)

ဘာမင်ဂမ်စီးတီး ၁ - ၁ အာစင်နယ်

ချယ်လ်ဆီး ၇ - ၁ အက်စ်တန်ဗီလာ

ဟူးလ်စီးတီး ၂ - ၀ ဖူလ်ဟမ်

တော့တင်ဟမ်ဟော့စပါး ၂ - ၀ ပို့စ်မောက်သ်

ဝက်စ်ဟမ်းယူနိုက်တက် ၀ - ၁ စတုတ်ခ်စီးတီး

ဝုလ်ဗ်ဗာဟမ်ပတမ် ၀ - ၀ အဲဗာတန်

ဘော်လ်တန် ၀ - ၄ မန်ချက်စတာယူနိုက်တက်

ဘန်လေ ၀ - ၁ ဘလက်ဘန်းရိုဗာ

လီဗာပူးလ် ၃ - ၀ ဆန်းဒါးလန်း

အီတလီစီးရီးအေ ပွဲစဉ်(၃၁)

ရိုးမား ၂ - ၁ အင်တာမီလန်

ပါလာမို ၃ - ၁ ဘိုလော့ဂ်နာ

ဂျူဗင်းတပ်စ် ၂ - ၁ အတ္တလန္တာ

လီဗော်နို ၁ - ၁ ဘာရီ

ဆမ့်ဒိုးရီးယား ၁ - ၁ ကက်ဂလီယာရီ

နာပိုလီ ၁ - ၀ ကာတာနီးယား

ဆီနာ ၀ - ၀ ဂျီနိုအာ

ချီယေးဗိုး ၀ - ၀ ပါးမား

ဖီအိုရင်တီးနား ၄ - ၁ အူဒီးနီးစ်

အေစီမီလန် ၁ - ၁ လာဇီယို

စပိန်လာလီဂါ ပွဲစဉ်(၂၉)

မာလာဂါ ၁ - ၁ တီနီရက်ဖ်

ရီးယဲလ်မာယော့ကာ ၀ - ၁ ဘာစီလိုနာ

ဇာရာဂိုဇာ ၃ - ၀ ဗလန်စီယာ

ဇီရက်ဇ် ၃ - ၀ ဗယ်လာဒိုးလစ်

အက်စ်ပန်ညို ၀ - ၀ ဂီဂျွန်

ဒီပို့တီဗိုလာကရူးနား ၁ - ၃ ဂီတာဖေး

အိုဆာစူနာ ၁ - ၀ အယ်လ်မေးရီးယား

ဗီလာရီးယဲလ် ၃ - ၀ ဆီဗီးလား

ရီးယဲလ်မက်ဒရစ် ၃ - ၂ အက်သလက်တီကိုမက်ဒရစ်

ဂျာမန်ဘွန်းဒစ်လီဂါ ပွဲစဉ်(၂၈)

ဘိုချမ် ၁ - ၂ ဖရန့်ဖတ်

မိန့်ဇ် ၀ - ၂ ၀ုလ်ဖ်ဘာ့ဂ်

ဘေယန်မြူးနစ် ၁ - ၂ စတုဂတ်

ဟာသာဘာလင် ၀ - ၀ ဒေါ့တ်မန်

ဟန်နိုဗာ ၁ - ၄ ကိုလုံး

ဝါဒါဘရီမင် ၄ - ၂ နုရင်ဘာ့ဂ်

လေဗာကူဆင် ၀ - ၂ ရှော်လ်ကေး

ဟော်ဖန်ဟိုင်းမ် ၁ - ၁ ဖရိုင်းဘာ့ဂ်

မိုချင်ဂလတ်ဘတ်ခ်ျ ၁ - ၀ ဟမ်းဘာ့ဂ်

ပြင်သစ်လီဂူး ပွဲစဉ်(၃၀)

လိုင်ယွန် ၂ - ၀ ဂရက်နိုဘယ်လ်

ပဲရစ်စိန့်ဂျာမိန်း ၃ - ၀ ဘူလုံး

နန်စီ ၅ - ၁ လန်းစ်

တူးလော့စ် ၀ - ၂ နိုက်စ်

လီမန့်စ် ၁ - ၃ ရင်းနက်စ်

လော်ရီယန့်တ် ၄ - ၀ စိန့်အက်တနီယန်

လိုင်လီ ၄ - ၁ မွန့်ပယ်လီယေး
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: Re: ဘော်လုံးအားကစားသတင်းများ   ဘော်လုံးအားကစားသတင်းများ EmptyWed Apr 07, 2010 9:51 pm

ရီးယဲလ်တိုက်စစ်မှူး ကီရင်မ်ဘန်ဇီးမားကို ခေါ်ယူရန် ဖာဂူဆန်စီစဉ်နေ


ရီးယဲလ်မက်ဒရစ်တွင် ရုန်းကန်နေရသည့် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကီရင်မ်ဘန်ဇီးမားအား ခေါ်ယူရန် မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က စီစဉ်နေကြောင်း သိရှိရသည်။ ယူနိုက်တက်တွင် တိုက်စစ်မှူး ၀ိန်းရွန်နီ တစ်ဦးတည်းကိုသာ အားထားနေရသည့် အခြေအနေအပေါ် စိတ်ပျက်နေသည့် ဖာဂူဆန်က ငယ်ရွယ်ပြီး သန်မာသော ဘန်ဇီးမားအား မျက်စိကျလာခြင်းဖြစ်သည်။ ယူနိုက်တက်တွင် ရွန်နီဒဏ်ရာရသွားချိန်အတွင်း တိုက်စစ်တွင် အကြပ်အတည်းများ ကြီးကြီးမားမား ပေါ်ပေါက်လာပြီးနောက် ဘေယန်မြူးနစ်နှင့် ချယ်လ်ဆီးတို့အား ဆက်တိုက်ရှုံးနိမ့်ခဲ့ရသည်။ ဘန်ဇီးမားသည် ပြင်သစ်ကလပ် အိုလံပစ်လိုင်ယွန်မှ ရီးယဲလ်သို့ ပြီးခဲ့သည့် နွေရာသီက ပေါင်သန်း(၃၀)ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော်လည်း ပေါ်တူဂီလက်ရွေးစင် ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် အာဂျင်တီးနား လက်ရွေးစင် ဂွန်ဇာလို ဟီဂူအင်းတို့ကြောင့် အသက်(၂၂)နှစ်ရှိ ဘန်ဇီးမားမှာ ပုံမှန်နေရာ ပျောက်ဆုံးနေခဲ့ပြီး အရံခုံတွင်သာ အထိုင်များနေရသည်။ ရီးယဲလ်သည် ဘန်ဇီးမားအား အငှားဖြင့်သာ ပြောင်းရွှေ့ခွင့် ပေးစေလိုသော်လည်း ဖာဂူဆန်က အရည်အချင်းရှိသည့် လူငယ်တိုက်စစ်မှူးအား ပေါင်သန်း(၂၀)မျှဖြင့် အပြီးခေါ်ယူသွားနိုင်ရန် မျှော်လင့်နေသည်။ ဘန်ဇီးမားအား ယူနိုက်တက်အပြင် အီတလီထိပ်သီး အေစီမီလန်ကလည်း စိတ်ဝင်စားလျက်ရှိသည်။ ဖာဂူဆန်သည် ဘန်ဇီးမားအား ရီးယဲလ်သို့ မပြောင်းရွှေ့မီကတည်းက ခေါ်ယူရန် ပြင်ဆင်ခဲ့သော်လည်း ကစားသမား ကိုယ်တိုင်က စပိန်ထိပ်သီး ကလပ်အား ရွေးချယ်ရန် ထိုစဉ်က ယူနိုက်တက်အား ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: Re: ဘော်လုံးအားကစားသတင်းများ   ဘော်လုံးအားကစားသတင်းများ EmptyWed Apr 07, 2010 9:53 pm

ဘော့စနီးယားတိုက်စစ်မှူးဒက်ဇ်ကို ပရီးမီးယားလိဂ်သို့ ရောက်ရှိနိုင်ဖွယ်


အီဒင်ဒက်ဇ်ကိုအတွက် ပြောင်းရွှေ့ကြေးကို အေစီမီလန်က မတတ်နိုင်တော့ကြောင်း ၀န်ခံခဲ့ပြီးနောက် ဘော့စနီးယား လက်ရွေးစင် တိုက်စစ်မှူးသည် အင်္ဂလန် ပရီးမီးယားလိဂ်နှင့် ပိုမိုနီးစပ်လာပြီဖြစ်သည်။ ချယ်လ်ဆီးနှင့် မန်ချက်စတာစီးတီးတို့ ပစ်မှတ်ထားနေသည့် ဂျာမန်ကလပ် ၀ုလ်ဖ်ဘာ့ဂ်မှ ရှေ့တန်းလူကို မန်ချက်စတာ ယူနိုက်တက်ကလည်း စောင့်ကြည့်နေသည်။ မီလန်သည် ရီးယဲလ်မှ ပြောင်းရွှေ့လာပြီး အသင်းတွင် ခြေစွမ်းပျောက်ဆုံးနေသည့် ဒတ်ခ်ျလက်ရွေးစင် ကလက်ခ်ဂျန် ဟန်တဲလားနေရာ၌ ရေရှည်အစားထိုးသွားရန် အသက်(၂၄)နှစ်ရှိ တိုက်စစ်မှူးအား စိတ်ဝင်စားခဲ့သော်လည်း ၀ုလ်ဖ်ဘာ့ဂ်မှ ခေါ်ဈေးပေါင်စတာလင် (၂၅)သန်းကို မလိုက်နိုင်သောကြောင့် လက်လျှော့လိုက်ရခြင်းဖြစ်သည်။ ဂိုးသွင်းကောင်းသော ဒက်ဇ်ကိုအား တော့တင်ဟမ် ဟော့စပါးကလည်း ချိတ်ဆက်နေပြီး ဒက်ဇ်ကို၏ ပြီးခဲ့သည့်နှစ်အတွင်း (၄၂)ပွဲ၌ (၃၆)ဂိုး သွင်းခဲ့သော စံချိန်မှာ အင်္ဂလန်ကလပ်များအတွက် အထင်ကြီးလောက်စရာ ဖြစ်နေရသည်။ “ကျွန်တော်တစ်ခါမှ အီတလီမှာပဲ ကစားဖြစ်မယ်လို့ မပြောဖူးပါဘူး။ သင့်တင့်မျှတတဲ့ ကမ်းလှမ်းမှုတိုင်းကို စဉ်းစားသွားမှာပါ”ဟု ဒက်ဇ်ကိုက ပြောကြားခဲ့ရာ အင်္ဂလန်အသင်းများထံ ၎င်းအနေနှင့် ပြောင်းရွှေ့နိုင်ကြောင်း ခန့်မှန်းချက်များကို ပိုမိုခိုင်မာလာစေခဲ့သည်။ မီလန်သည် ဒက်ဇ်ကိုအား ခေါ်ယူရေး လက်လျှော့လိုက်ပြီးနောက် ဘယ်လ်ဂျီယံကလပ် အန်းဒါးလက်ခ်ျမှ ပေါင်(၁၃.၅)သန်းတန် အသက်(၁၆)နှစ်အရွယ် လူငယ်ကြယ်ပွင့်လေး ရိုမီလူလူကာကူအား စိတ်ဝင်စားနေကြောင်း သတင်းရရှိသည်။planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: Re: ဘော်လုံးအားကစားသတင်းများ   ဘော်လုံးအားကစားသတင်းများ EmptyWed Apr 07, 2010 9:58 pm

ပရီးမီးယားလိဂ်ဖလားနှင့် ဝေးကွာသွားပြီဟု ဖာဂူဆန်ဝန်ခံပြောကြား


မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ဧပြီလ(၃)ရက်နေ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း ချယ်လ်ဆီးအား အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် မိမိတို့အနေနှင့် ချန်ပီယံဆုနှင့် ဝေးကွာရန် သေချာသလောက် ရှိသွားပြီဟု ၀န်ခံပြောဆိုသွားသည်။ ထိုနေ့က ၀ိန်းရွန်နီ မပါဝင်နိုင်သဖြင့် တိုက်စစ်အားနည်းနေသော လက်ရှိချန်ပီယံသည် ချယ်လ်ဆီးအား (၂-၁)ဖြင့် အရေးနိမ့်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှ ဖယ်ပေးလိုက်ရသလို ချယ်လ်ဆီးနှင့်လည်း နှစ်မှတ်ပြတ်သွားသည်။ ချယ်လ်ဆီးအတွက် ဂိုးများကို ဂျိုးကိုးလ်နှင့် ဒီဒီရာ ဒရော့ဂ်ဘာတို့က သွင်းယူခဲ့ပြီး ယူနိုက်တက်အတွက် တစ်လုံးတည်းသော ချေပဂိုးကို လူစားဝင်လာသည့် အီတလီလူငယ် တိုက်စစ်မှူးလေး ဖက်ဒရီကို မာချီဒါက သွင်းယူပေးခဲ့သည်။


ပွဲမှာ အကြိတ်အနယ် ဖြစ်ခဲ့ပြီး ဒုတိယပိုင်းတွင် ယူနိုက်တက်အနေနှင့် ပိုမိုထိုးဖောက်ခွင့် ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်မည့် တိုက်စစ်မှူးမရှိသဖြင့် ချယ်လ်ဆီးခံစစ်ကြောင်းကို မကျော်နိုင်ခဲ့ဘဲ အိမ်ကွင်းတွင် မဟာပြိုင်ဖက်အား အရှုံးပေးလိုက်ရခြင်းဖြစ်သည်။ ဖာဂူဆန်က “ခုချိန်မှာတော့ ချယ်လ်ဆီးဟာ ချန်ပီယံဆုအတွက် အနီးစပ်ဆုံး ဖြစ်သွားပါပြီ။ ဒါက ငြင်းစရာ မလိုပါဘူး”ဟု ပြောကြားသွားသည်။ ထို့အပြင် ဖာဂူဆန်သည် ချယ်လ်ဆီးနှင့် ပွဲတွင်ကစားပုံ ညံ့ဖျင်းခဲ့သည့် ယူနိုက်တက် ကစားသမားများကိုလည်း ဒေါသထွက်လျက်ရှိသည်။ နည်းပြကြီးသည် ဒရော့ဂ်ဘာ၏ လူကျွံအနေအထားမှ သွင်းယူသွားသောဂိုးအား ခွင့်ပြုခဲ့သည့် ဒိုင်လူကြီးမိုက်ခ်ဒင်းကိုလည်း ဝေဖန်ခဲ့သည်။ “မိုက်ခ်ဒင်းနဲ့ ပတ်သက်ပြီး လူတိုင်းက သူမှားတယ်ဆိုတာ ပြောနေသံ ကျွန်တော်ကြားပါတယ်။ သူဟာ အကူဒိုင်ကို မေးမြန်းတာမျိုးလည်း မရှိခဲ့ပါဘူး။ ချယ်လ်ဆီးအတွက် ဒရော့ဂ်ဘာ ဂိုးသွင်းတဲ့အချိန် သူ့ဘေးမှာ လူတစ်ယောက်မှ မရှိခဲ့သလို သူလူကျွံနေတာလည်း အသိသာကြီးပါ”ဟု ဖာဂူဆန်ကဆိုသည်။ ယူနိုက်တက်သည် ပွဲစဉ်များ အကြပ်တည်းဆုံး ကာလတွင် အဓိက တိုက်စစ်မှူး ရွန်နီဒဏ်ရာရသွားခြင်းကြောင့် အကြီးအကျယ် ရုန်းကန်နေရပြီး ယခုသီတင်းပါတ်အတွင်း ချန်ပီယံလိဂ် ဒုတိယအကျော့အဖြစ် ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်နှင့် အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည့် အခြေအနေအတွက်လည်း ဖိအားများနေရပြီဖြစ်သည်။planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: Re: ဘော်လုံးအားကစားသတင်းများ   ဘော်လုံးအားကစားသတင်းများ EmptySun Apr 25, 2010 1:25 pm


လစာမပေး၍ စပိန်ဘောလုံးသမားများသမဂ္ဂ သပိတ်မှောက်ရန်တောင်းဆို

အောင်ဝင်း
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)

စပိန်ဘောလုံးသမားများ သမဂ္ဂက လုပ်ခလစာမရှင်းမှုများနှင့် ပတ်သက်၍ သဘောတူညီချက်ကို အချိန်မီမရရှိလျှင် လာလီဂါ ထိပ်တန်း လေးတန်းမှ ဧပြီ ၁၆ ရက်မှ ၁၉ ရက်အထိ ပွဲစဉ်များ ကို သပိတ် မှောက်ကြရန် ဧပြီ ၂ ရက်က တောင်းဆိုခဲ့သည်။

စပိန်ဘောလုံးသမားများအဖွဲ့ချုပ် က ဘောလုံးသမားများ၏ တောင်းဆို ချက်ကို ကျေနပ်စေမည့် စပိန်ဘောလုံး လောကအတွက် အလွန်ကောင်းသော သဘောတူညီချက်ရရှိရန် ဆက်လက် ဆွေးနွေးလိုသည်ဟုပြောကြားသည်။

သို့ရာတွင် မဖြစ်နိုင်ခဲ့လျှင်သပိတ်မှောက် မှုကို ဆက်လက်လုပ်ဆောင်ရမည်ဟု ဆိုသည်။

စပိန်ကလပ်များသည် ယခုနှစ်ရာသီ တွင်မပေးချေရသေးသော လစာငွေ ကြေးများမှာ ဒေါ်လာ သန်းချီရှိ သည်ဟုဆိုသည်။

အများအားဖြင့် အောက်တန်းအသင်းငယ်များမှ ဘော လုံးသမားများသည် လစာမရကြဟု သိရသည်။

"တောင်းဆိုချက်တွေကို ဘောလုံး သမားအားလုံးရဲ့ ထောက်ခံမှုနဲ့ သမဂ္ဂက ပြုလုပ်တာပါ။ ရည်ရွယ်ချက်က စာချုပ်အတိုင်း ဖြစ်ဖို့ပါ"ဟု ၎င်းသမဂ္ဂ က ထုတ်ပြန်ခဲ့သည်။

(အေအက်ဖ်ပီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဘော်လုံးအားကစားသတင်းများ Empty
PostSubject: Re: ဘော်လုံးအားကစားသတင်းများ   ဘော်လုံးအားကစားသတင်းများ EmptySun Apr 25, 2010 1:26 pm


မက်ဆီတစ်ဦးတည်းက လေးဂိုးသွင်း
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)
News Pic

ဧပြီ ၆ ရက်က ဘာစီလိုနာမြို့တွင် ကစားသော ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ဘာစီလိုနာမှ အာဂျင်တီးနား ရှေ့တန်းလူ မက်ဆီက တတိယဂိုးသွင်းပြီး အောင်ပွဲခံ နေစဉ်။

ထိုပွဲတွင် ဘာစီလိုနာက အာဆင်နယ်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရ သွားခဲ့ရာ မက်ဆီတစ်ဦးတည်းက လေးဂိုးသွင်းခဲ့သည်။

မက်ဆီအနေဖြင့် တစ်ပွဲတည်း လေးဂိုးသွင်းနိုင်သည်မှာ ယခုပထမဆုံး အကြိမ်ဖြစ်သည်။

ယခုနှစ်ဘောလုံးရာသီတွင် မက်ဆီသည် ဟက်ထရစ် သုံးကြိမ်ရရှိ ထားပြီဖြစ်သည်။

ချန်ပီယံလိဂ်သမိုင်းတွင် မက်ဆီသည် တစ်ပွဲတည်း လေးဂိုးသွင်း နိုင်သည့် စတုတ္ထမြောက် ဘောလုံးသမားဖြစ်ခဲ့သည်။

မက်ဆီ၏ ထူးခြားကောင်းမွန် လှသော ခြေစွမ်းကို ပြိုင်ဘက် အာဆင်နယ်အသင်း၏ မန်နေဂျာ အာစင်ဝင်းဂါး ကပင် PlayStation ကွန်ပျူတာဂိမ်းမှ စွမ်းရည်မြင့် ဘောလုံးသမားမျိုးဟု ဆိုကာ ချီးကျူးခဲ့သည်။

ဘာစီလိုနာအသင်းသည် ပထမအကျော့က အာဆင်နယ်ကွင်းတွင် ၂-၂ သရေ ကျခဲ့ရာ နှစ်ပွဲပေါင်း ၆-၃ ဖြင့် အနိုင်ရကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားသည်။

ဆီမီးတွင် မော်ရင်ညို၏ အင်တာမီလန် အသင်းနှင့် ယှဉ်ပြိုင်ရမည်။

မော်ရင်ညိုသည် ပေါ်တို၊ ချယ်လ်ဆီးအသင်းတို့နှင့်လည်း ဆီးမီး ဖိုင်နယ်ရောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပေါ်တိုကိုချန်ပီယံဆုရယူ ပေးခဲ့သည်။
Back to top Go down
http://www.hapmalaysia.net
Sponsored content





ဘော်လုံးအားကစားသတင်းများ Empty
PostSubject: Re: ဘော်လုံးအားကစားသတင်းများ   ဘော်လုံးအားကစားသတင်းများ Empty

Back to top Go down
 
ဘော်လုံးအားကစားသတင်းများ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: NEWS (သတင်းများ) :: အားကစားသတင်းများ-
Jump to: