HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeစိတ်ဝင်စားဖွယ်ဂျင်န်သတ္တ၀ါနှင့်ရှိုင်သွာန်များအကြောင်း I_icon_mini_portalLatest imagesSearchRegisterLog in

 

 စိတ်ဝင်စားဖွယ်ဂျင်န်သတ္တ၀ါနှင့်ရှိုင်သွာန်များအကြောင်း

Go down 
AuthorMessage
magiceye23




Posts : 2
Join date : 2010-04-09

စိတ်ဝင်စားဖွယ်ဂျင်န်သတ္တ၀ါနှင့်ရှိုင်သွာန်များအကြောင်း Empty
PostSubject: စိတ်ဝင်စားဖွယ်ဂျင်န်သတ္တ၀ါနှင့်ရှိုင်သွာန်များအကြောင်း   စိတ်ဝင်စားဖွယ်ဂျင်န်သတ္တ၀ါနှင့်ရှိုင်သွာန်များအကြောင်း EmptyFri Apr 09, 2010 8:25 am

ဒီနေရာလေးမှာ ဂျင်န်သတ္တ၀ါနှင့် ရှိုင်သွာန်များအကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်.....
ဂျင်န် နှင့် ရှိုင်သွန် တို့၏သွားလာနေထိုင်ပုံမျာ...
ယင်းတို့ကို ဖန်ဆင်း ထားပုံမျာ...
ဂျင်န်ဟူသည့်ဖန်ဆင်းခံပေါ်ပေါက်လာပုံ...
ယင်းဂျင်န်မှတဖန် အိဗ်လီစ်မွေးဖွားလာပုံ...
တဖန် ဖခင်ကြီး အာဒမ် (အလိုင်းစလာမ်) မှ၍ တမန်တော်အီစာ (အလိုင်းစလာမ်) ခေတ်သမယအထိ အဘယ်ကဲ့သို့ လိမ်လည်လှည့်ဖျားကာ လူသားများအား မိမိ၏ရှိုင်သွာန်လမ်းစဉ်ပေါ်သို့ ကျရောက်စေခဲ့ပုံ စသည်များအားတိကျမှန်ကန်ခိုင်လုံသော ကျမ်းဂန်များမှ ရှာဖွေစုဆောင်းတင်ပြပေးပါမည်...။
Back to top Go down
magiceye23




Posts : 2
Join date : 2010-04-09

စိတ်ဝင်စားဖွယ်ဂျင်န်သတ္တ၀ါနှင့်ရှိုင်သွာန်များအကြောင်း Empty
PostSubject: Re: စိတ်ဝင်စားဖွယ်ဂျင်န်သတ္တ၀ါနှင့်ရှိုင်သွာန်များအကြောင်း   စိတ်ဝင်စားဖွယ်ဂျင်န်သတ္တ၀ါနှင့်ရှိုင်သွာန်များအကြောင်း EmptyFri Apr 09, 2010 8:42 am

မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်ကအဘက်ဘက်မှရန်သူတို့၏၀န်းရံမှုဒဏ်ကိုခံနေရသောလူသားများအားမိမိ၏ကောင်းကင်တမန်တို့ဖြင့်ထိန်းသိမ်းစောင့်ရှောက်မပြုခဲ့လျှင်မုချ ဂျင်န်များ ကုတ်ဖဲ့တတ်သောတိရစ္ဆာန်များ ၊ အခြားသောခြေလေးချောင်းသတ္တ၀ါများ ၊ အဆိပ်သင့်ပိုးမွှားများ ၊ စသည်တို့ကလူသားအားကုတ်ဖဲ့စားသောက်မျိုးတုံးစေမည်သာဖြစ်၏ ။ ထို့ကြောင်လူသားထုတစ်ရပ်လုံးအပေါ်တွင်အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်သည်အလွန်ပင်ကြီးမားလှပေသည် ။
လူသားသည်ထိုရန်သူပေါင်းစုံသောအန္တရယ်တို့မှလွတ်ကင်းမှုရှိစေရန် အလ္လာဟ်အရှင်မြတ်က ကြီးမားလှသောကောင်းကင်တမန်တို့၏ အုပ်စုကြီးဖြင့်စောင့်ရှောက်စေလျှက်ရှိ၏ ။ ထို့ကြာင့်ထိုကောင်းကင်တမန်များသည်လည်းလူသားများ အိပ်စက်ချိန် ၊ စားသောက်ချိန် ၊ သွားလာနေချိန် ၊ စသည်ဖြင့်အချိန်မလပ်စောင့်ရှောက်နေလေ၏ ။


လူသားများသည်ထိုရန်သူများ ဂျင်န်သတ္တ၀ါများမှအနက်ကျန်သူများအားလုံးကို လူသားက မြင်တွေ့ရပေမည်။ထို့ကြောင့်မိမိတွေရသောရန်သူ၏အန္တရယ်မှကာကွယ်ရန်အစီမံများလဲပြုလုပ်နိုင်ပေသည် ။ ဤသည်သာမကထိုတွေမြင်ရသောရန်သူတို့၏အရေအတွက်ကိုကြိုတင်ခန့်မှန်းနိုင်ပေသည် ။
သို့သော် လူသာများမတွေမြင်ရသည့်ရန်သူမှာ ဂျင်န် များပင်ဖြစ်သည် ။ ယင်းဂျင်န်သတ္တ၀ါများကိုအလ္လာဟ်အရှင်မြတ်က ´ မီး ` ဖြင့်ဖန်ဆင်းထားပေသည် ၊ ယင်းတို့၏အင်အား ၊ ယင်းတို့၏အန္တရယ်များသည်လွန်သားတို့အဖို့အလွန်ကြီးမားလှပေသည် ။
ဂျင်န်များအနက်ကြောက်စရာအကောင်းဆုံးသောသူမှာ အိဗ်လီစ် ပင်ဖြစ်သည် ။ ယင်းအိဗ်လီစ်သည်လူသားတို့၏အထူးခြားဆုံးနှင့်ကြောက်စရာအကောင်းဆုံးသောအဓိကရန်သူကြီးပင်ဖြစ်သည် ။ ယင်း၏အနှောက်ယှက်ရန်တိုက်ပေးမှုကြောင့် လူသားများအချင်းချင်း တစ်ဦးကိုတစ်ဦးသတ်ဖြတ်ခြင်း ၊ ရန်စောင်ခြင်း ၊ အနှောက်အယှက်များပြုခြင်း ၊ အိမ်ထောင်များပြိုကွဲအောင်လုပ်ခြင်း ၊ မိသားစုဝင်များအချင်းချင်း သေွးကွဲခြင်း စသည်များရှိနေပေသည် ။


သို့သော်ယင်းလူသားတို့၏မဟာရန်သူကြီး၏အန္တရယ်မှလွတ်ကင်းအောင် ၊ ယနေ့ထိမည်သူကဖမ်းချုပ်ပေးနိုင်ခဲ့ပါသနည်း ? ကမ္ဘာတစ်ဝန်းလုံးရှိလူများအားလုံးစုပေါင်း၍ အိဗ်လီစ် အား အနှောက်ယှက်ပေးမှုများမှရပ်ဆိုင်းသွားစေရန် ကြိုးပမ်းလျှင်လည်းအောင်နိုင်လိမ့်မည်မဟုတ် ၊ ဤသည်သာမက ယင်းအိဗ်လီစ်အား အနုမြူဗုံးကိုအသုံးပြု၍ နှိမ်နင်းခဲ့လျှင်လည်း ယင်းအိဗ်လီစ်သည်သေကြေပျက်စီးသွားမည်မဟုတ်ပေ ။
ဤရန်သူသည်ပညာမဲ့လည်းမဟုတ် ၊ လက်ရှိကမ္ဘာပေါ်ရှိပညာရှင်များအားလုံးထက် အသိပညာ ၊ အတတ်ပညာ ၊ သာပိုသောသူပင်ဖြစ်၏ ။ သိပ္ပံပညာ၇ှင် ၊ နိုင်ငံေ၇းသမားကြီး ၊ အတွေးခေါ်ပညာ၇ှင် ၊ ဤသည်သာမက ယင်းမသိသောအရာမရှိသလောက်ပင်ဖြစ်သည် ။ ထို့ကြောင့်သူ၏ ကုရ်ဖ် အုပ်ချုပ်ရေးသည်အလွန်ကျယ်ပြန်ပြီး အလွန်ပင်အင်အားတောင့်တင်းခိုင်မာလေသည် ။ ယင်း၏အင်အားကိုလုံးဝပျက်သုန်းအောင်လုပ်နိုင်သူမှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူမှ တတ်စွမ်းနိုင်သည့် ကိစ္စရပ်မဟုတ်ပေ။


လူသားသည်ဤကမ္ဘာလောကသိုရောက်လာရခြင်းအကြောင်းမှာ စုံစမ်းစစ်ဆေးရန်မဟုတ်ပေလော ၊ ယင်းစမ်းစစ်မှု၏ရလဒ်သည်တမလွန် အာခိရသ်၌ ဂျန္နသ်သူခဘုံ ( သို့ ) ဂျဟန္နမ် ငရဲဘုံသာဖြစ်သည် ။ ထို့ကြောင့်အိဗ်လီစ်က လူသားတိုင်းနှင့်အတူ မိမိ၏တပည့်တစ်ဦးအားခန့်အပ်ထားပြီး ထိုလူသားအား ဂျဟန္နမ် ငရဲဘုံသို့ရောက်စေရန် အစဉ်အားထုတ်လျှက်ရှိသည်။ အိဗ်လီစ်၏နှောက်ယှက်မှုကိုတွန်းလှန်ပစ်ရန်အတွက် အာဒမ် () သခင်၏တောင်းဆိုမှုဖြင့်အလ္လာဟ်အရှင်မြတ်သည်လူသားတိုင်းနှင့်အတူ ကောင်းကင်တမန် တစ်ပါးစီအားသတ်မှတ်ပေးထားလေသည် ။ လူသားနှင့်အတူလိုက်ပါလျက်ရှိသည့် ရှိုင်သွာန် နှင့် ထိုကောင်းကင်တမန် နှစ်ဦးတို့အားပြိုင်မှုကြားမှ လူသားသည် မိမိ၏ပန်းတိုင် ဂျန္နသ် သုခဘုံကို ရောက်ရှိရန်အတွက် ကုရ်အာန်နှင့်ဟဒီးစ်၏ လမ်းညွန်ချက်အတိုင်း လျှောက်လှမ်းစေရမည် ဖြစ်သည် ။
ထို့ကြောင့်ကုရ်အာန်ကျမ်းမြတ်တော်၌လည်း
“ အမှန်စင်စစ်အသင်လူသားအတွက် ရှိုင်သွာန် သည်ပွင့်လင်းထင်ရှားသော ရန်သူဖြစ်လေသည် ” ဟုမိန့်ဆိုထားပေသည် ။
1996 - ခုနှစ်တွင်ကျနော်ဟာဖိဇ်ပြီးနောက် ကျနော်၏ဖခင်က ကျနော့်ကို ကုရ်အာန်ကျမ်းမြတ်တော်၏ အာယသ်များဖြင့် မန်းမှုတ်နည်းများ ၊ ရှိုင်သွာန် ထုတ်နည်းများကိုလည်း လက်တွေ့ကျကျ ကျင့်ကြံအားထုတ်နည်းများ ၊ သအ်ဝီဇ်ရေးနည်းများ ၊ အမလီယာသ် ( အူလူဝီ ) ပညာရပ်များ ကို သင်ကြားပြသပေးခဲ့သည် ။
ထိုသို့ ဖခင်ထံ ( 7 ) နှစ်တိုင်သင်ကြားဆည်းပူးနေစဉ်ကာလတွင် လူသားကိုရှိုင်သွန်က ၀င်ပူးသောအခါ ယင်းတို့ပြောဆိုတတ်သောစကားများ ၊ ယင်းတို့၏နေထိုင်မှုများ ၊ ယင်းတို့၏စွမ်းဆောင်မှုများ ၊ ယင်းတို့၏လျင်မြန်သွက်လက်မှုဆိုင်ရာ တို့ကို ကျနော်သိမြင်လာသောအခါ ကျနော့်အတွက်အလွန်စိတ်ဝင်စားဖွယ်များနှင့် အံ့သြဖွယ်ရာများဖြစ်ခဲ့သည် ။ ယင်းသို့စိတ်ဝင်စားခြင်းမှာလဲ အခြားမဟုတ် မွတ်စ်လင်မ်များ အနေဖြင့် အီမာန်ပိုင်းဆိုင်ရာထိန်းသိမ်းမှုရစေရန် ၊ ကျနော်တို့လူသားမျာ၏ရန်သူကြီးဖြစ်သည့် အိဗ်လီစ်၏ကောက်ကျစ်စဉ်းလဲမှုများ ၊ ဂျင်န်ဆိုးများ၏အနှောက်ယှက်ပေးပုံများအားသိရှိနားလည်၍ ရှောင်ကွင်းနိုင်ရန်ဖြစ်ပေသည် ။


အလ္လာဟ်အရှင်မြတ်၏ မဟာကျေးဇူးတော်ဖြင့် ယခုဤ ပထမတွဲတွင် ဂျင်န်ဟူသည့်ဖန်ဆင်းခံပေါ်ပေါက်လာပုံ ၊ ယင်းဂျင်န်မှတဖန် အိဗ်လီစ်မွေးဖွားလာပုံ ၊ တဖန် ဖခင်ကြီး အာဒမ် (အလိုင်းစလာမ်) မှ၍ တမန်တော်အီစာ (အလိုင်စလာမ်) ခေတ်သမယအထိ အဘယ်ကဲ့သို့ လိမ်လည်လှည့်ဖျားကာ လူသားများအား မိမိ၏ရှိုင်သွာန်လမ်းစဉ်ပေါ်သို့ ကျရောက်စေခဲ့ပုံ စသည်များအားတိကျမှန်ကန်ခိုင်လုံသော ကျမ်းဂန်များမှ ရှာဖွေစုဆောင်းတင်ပြအပ်ပါသည် ။
အင်န်ရှဟ်အလ္လာဟ်….
ဒုတိယတွဲတွင် ဆက်လက်၍ ကျနော်တို့၏ တမန်တော် မုဟမ္မဒ် () နှင့် အိဗ်လီစ်၏တွေ့ဆုံမှုများ ၊ ဆွဟာဗဟ်များ ၊ ၀လီသူတော်စင်များ ၊ မုအ်မင်န်ဂျင်န်တို့နှင့် တွေ့ဆုံမှုများကို ဆက်လက်တင်ပြမည်ဖြစ်ပါသည် ။ ထို့ပြင်ယနေ့ခေတ်သမယတွင်ရေပန်းစားနေသည့် ရှိုင်သွာန်မွေးခိုင်းစားသူများ ၊ အံ့ဖွယ်ဖြစ်ရပ်အချို့အားပြသကာ လူတို့အားအယုံသွင်း၍ ရှိုင်သွာန်အားခိုင်းစားနေသူများ ၊ ကျနော်ရေးသားသူ၏ လွန်ခဲ့သောအနှစ် (20) ကျော်မှ အတွေ့အကြုံများနှင့် မွတ်စ်လင်မ်များ အထူးသတိပြု ရှောင်သင့်သည့် ရှိုင်သွာန်၏ ထောင်ချောက်များနှင့်ပတ်သတ်၍ ရေးသားဖျော်ပြပါမည် ။
အလ္လာဟ်အရှင်မြတ်သည် ဤကျမ်းအား လက်ခံတော်မှု၍ ဤကျမ်း ဖြစ်မြောက်ရေးအတွက် စီစဉ်ကြီးကြပ်ပေးသူ ကျနော်၏မိတ်ဆွေ မော်လ၀ီ ဂါဇီ ကရီးမ် ဘခ်ရှ် ဦးစိုးလွင် (မဟ်မူဒီ) အားနှစ်ဘ၀ အောင်မြင်မှုချီးမြင့်တော်မှုပါစေ ။ (အာမီးန်)
အလ်ဟာဂ်ျ မော်လာနာ ကာရီ မွဖ်သီ အဗူ ဂျအ်ဖရ်
ဘန်ဂါလီဗလီရှေ့ဆောင်ဆရာ ၊ ရန်ကုန်
Back to top Go down
 
စိတ်ဝင်စားဖွယ်ဂျင်န်သတ္တ၀ါနှင့်ရှိုင်သွာန်များအကြောင်း
Back to top 
Page 1 of 1
 Similar topics
-
» အနုပညာသတင်းများ
» ကေယာမသ်နေ့တွင်ရှင်ပြန်ထရမည့် အကြောင်း
» ကုရ်အာန်ကို ပြောင်းလဲ စေသော အမှုဆိုးကြီး အကြောင်း သတိပေးချက်
» နမာဇ် ဆိုင်ရာ အချိန်များ အကြောင်း
» ကျနော်သိချင်သောအစ္စလာမ်သမိုင်းအကြောင်း

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (အီမာန်) နှင့်ပတ်သက်သမျှကိုဒီနေရာလေးမှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။-
Jump to: