hapmalaysia
Posts : 146 Join date : 2010-03-25 Age : 47 Location : မလေးရှား
| Subject: တန်ဖိုးရှိသော်မိန်းကလေး Fri Mar 26, 2010 10:17 am | |
| မိန်းကလေးများကို အားလုံးက ပန်းကလေးများလို့တင်စားကြတယ်...မိန်းကလေးတွေကပန်းကလေးတွေလိုလှကြလို့ပေါ့...
မိန်းကလေးတွေတန်ဖိုးကို ဘာပေတံနဲ့တိုင်းလဲ ဆိုတော့ စိတ်ထားပေါ့..ပြီးတော့ သိက္ခာတရားပေါ့..
မိန်းမကောင်းပီသတယ်ဆိုတာ ပါးစပ်ကိုလက်လေးနဲ့ပိတ်ပြီးလှုပ်လီလှုပ်လဲ့ရီတာကိုမဆိုလိုတော့ပါဘူး..
ပြီးတော့ ဟားတိုက်ပြီးအမြဲတမ်းဟီလာထနေတာလဲမဟုတ်ဘူး ရီချင်ရင်ရဲရဲဝင့်ဝင့်ရီလိုက်လို့ရတယ်..
ဒါတွေဟာ မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးနဲ့ဘာမှမဆိုင်ပါဘူး...အရာရာကိုရှက်ကြောက်နေဖို့လဲ
မလိုပါဘူး အရာအားလုံးမှာ ထက်ထက်မြက်မြက်ရှိစေချင်တယ်..မိန်းကလေးဖြစ်ပြီယောင်္ကျားလေးရဲ့
နောက်ကလိုက်ပြီး သူပြောသမျှလိုက်လုပ်နေတာလဲ တန်ဖိုးလို့မထင်ဘူး အရာအားလုံးကိုကိုယ်ပိုင်
ဥာဏ်နဲ့ လဲ စဉ်းစားနိုင်ရမယ်..ဘယ်ဟာကတော့မှားနေတယ် ဘယ်ဟာမှန်နေတယ်ပေါ့...ပြီးတော့
စိတ်ထားကိုလဲရှင်းလင်းနေအောင်ထားရမယ်... မိန်းကလေးတစ်ယောက်အရမ်းအလှတွေပြင်ပြီး
စိတ်ထားမရှင်းရင် အဲ့မိန်းကလေးကမလှဘူး ပြောမယ်ဆိုပြည့်စုံအောင်မလှဘူးပေါ့ ...မိန်ကလေးတစ်ယောက်ရဲ့တန်ဖိုးဟာသူ့ရဲ့ အလှပေါ်မှာလဲမှုတည်တယ်..စိတ်ထာလေးရှင်းပြီး
မိန်းမကောင်းအရည်အချင်းရှိမယ်ဆိုရင် ဒီမိန်းကလေးတော်တော်တန်ဖိုးရှိတယ်လို့ပြောရမယ်..
စိတ်ကိုရှင်းထားတက်ရတယ်...အဲ့လိုတယ်လို့ပြောတာတော်တော်ခက်ခဲပါတယ်..လူတွေမှာ စိတ်ဒုက္ခတွေတော်တော်များမျာရှိတယ်..အားလုံးပြည့်စုံတယ်ဆိုတာမရှိသလောက်ပါဘဲ..ဒါပေမယ့် လောဘကိုမေ့ထားတက်ရတယ်.. သောကကိုလဲဖျောက်တက်ရတယ်.. ဒါပေမယ့် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုတော့မပျောက်စေနဲ့ပေါ့... ပြီးတော့ ကိုယ့်ကိုကိုယ်တန်ဖိုးရှိတဲ့မိန်းကလေးလို့
စိတ်ထဲမှာသတ်မှတ်ထားနိုင်ရမယ်..အဲ့လိုသတ်မှတ်လိုက်နိုင်တာနဲ့ အဲ့ဒီမိန်းကလေးဟာတန်ဖိုးတော်တော်ရှိသွားပြီပေါ့...ပြီးတော့သိက္ခာတရားကိုတော်တော်ဂရုစိုက်ရမယ်
မြန်မာနိုင်ငံကမိန်းကလေးတွေဖြစ်နေတဲ့အတွက် မြန်မာဓလေ့စရိုက်နဲ့ညီအောင်နေသင့်ပါတယ်..
လမ်းလျှောက်ရင်ဆင်မယဉ်သာလှမ်းပြီးမခို့တရို့ပြုံးတာကိုပြောတာမဟုတ်ဘူးနော်..သဘောပေါက်
လွဲမှာစိုးလို့ပြောတာပါ ...ဒါတွေကတော့ရွှေရုပ်ဘလောက်ထဲကိုဝင်ဖတ်တဲ့မိန်းကလေးတွေအတွက်
လက်ဆောင်ပေါ့...စိတ်ထားလေးရှင်းလှပြီးတန်ဖိုးရှိတဲ့မိန်းကလေးများဖြစ်နိုင်ကြပါစေ............
| |
|