HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeမျဉ်းပြိုင်နှစ်ကြောင်းရဲ့ ရွေးချယ်မှု I_icon_mini_portalLatest imagesSearchRegisterLog in

 

 မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ရွေးချယ်မှု

Go down 
AuthorMessage
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ရွေးချယ်မှု Empty
PostSubject: မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ရွေးချယ်မှု   မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ရွေးချယ်မှု EmptyFri Mar 26, 2010 10:24 am

“ဟာ…မ ကလည်း ဘာစဉ်းစားစရာလိုလို့လည်း စဉ်းစားတယ်ဆိုတစီးပွားရေးစန်ပါတယ်…စဉ်းစားတာရဲ့နောက်
မှာ ငွေကြေးတွေ ရာထူးတွေ ဘာတွေညာတွေ ပါလာပြီ အချစ်မှာ စဉ်းစားစရာလိုလို့လား ရင်ထဲက ဖြတ်ကနဲ့ဖြစ်ပြီး ဆွဲလန်းသွားတဲ့ အချစ်အတွက် ဦးနှောက်က ရန်သူပဲလို့ ကျွန်တော် ထင်တယ်…”
“မဟုတ်သေးဘူး မောင်လေး မင်း မိန်းကလေးတစ်ယောက်ရဲ့အချစ်ဆိုတာကို နားမလည်သေးဘူး..မင်း ဟိုတစ်ခါ မေးဘူးတယ်လေ မိန်းကလေးတစ်ယောက်ရဲ့အချစ်ဆိုတာ ဘာလည်းလို့”
“အင်းးးးး နားထောင်ကြည့်မယ်လေ”
“စဉ်းစားဆင်ချင်တတ်တဲ့ မိန်းကလေးတော်တော် များများက အချစ်ဆိုတဲ့ ခံစားချက်တစ်ခုထက် ဦးနှောက်ကို ပိုဦးစားပေးတတ်တယ် စဉ်းစားမယ်ဆိုတဲ့ စကားတစ်ခွန်းဟာ မ တို့အတွက် အသက်လောက် အရေးကြီးတယ်လေ ဘာလို့လည်းဆိုတော့ မ တို့ မြန်မာ မိန်းကလေးတွေက အထိအခိုက် အရမ်းလွယ်တယ်
ဆုံးဖြစ်ချက် တစ်ချက်မှားလိုက်တာနဲ့ မ တို့ မိန်းကလေးတွေ ဘ၀က သွားရောပဲလေ…အဲအတွက် တစ်ခုခုလုပ်မယ်ဆိုတာနဲ့ အရာရာကို စဉ်းစားရတယ်…”
“ဟုတ်ပြီလေ ဒါဆို မိန်းကလေးတွေ တော်တော်များများက အချစ်ဆိုတာအတွက် နှလုံးသားကို လူသေလို့ ထားပြီး ဦးနှောက်ကိုတော့ calculator လို သဘောထားကြတာပေါ့ ဟုတ်လား သူတို့အတွက် အချစ်ဆိုတာ ကုန်ပစ္စည်း တစ်ခုလောက်ပဲ အဆင့်ရှိတာပေါ့ဟုတ်လား…သူတို့က အချစ်ဆိုတာကို အမြဲတမ်း ဦးနှောက်နဲ့ ပဲ ရွေးချယ်တတ်ကြတာပေါ့ ..ဟုတ်လား…ဒါဆိုရင်တော့ မတန်ဘူး မ ရာ…အိမ်ထောင်ရေးကို ဦးနှောက်နဲ့ ရွေးချယ်တာတော့ ကျွန်တော် နဲနဲ လက်ခံလို့ရသေးတယ် အချစ်ကို ဦနှောက်နဲ့ ရွေးချယ်တာဆိုရင်တော့ အဲဒါ အချစ်မဟုတ်တော့ဘူး ဘာလို့လည်းဆိုတော့ အချစ်က အိမ်ထောင်ရေးလောက် စီးပွားရေး မစန်ဘူးလေ”
“မဟုတ်သေးဘူး မောင်လေးရ မင်းလွဲနေပြီ…မ ပြောပြမယ်နော်…မိန်းကလေးတွေ အဓိက စဉ်းစားတဲ့ အချက်က ဘာလို့ မင်းထင်လည်း…”
“ပြောကြည့်လေ…”
“ယောက်ျားလေးတစ်ယောက်က ကိုယ့်ကို တစ်ဘ၀လုံးစာကို မြတ်မြတ်နိုးနိုး ကြင်ကြင်နာနာ နဲ့ တစ်သက်လုံးချစ်နိုင်ပါ့မလား…နောက်တစ်ချက်က တစ်သက်လုံး လုံခြုံမှု နွေးထွေးမှု ပေးနိုင်ပါ့မလားဆိုတာကို အဓိက စဉ်းစားကြတယ်လေ…မင်းလည်းသိပါတယ် မ တို့ မိန်းကလေးတွေဘ၀ဆိုတာ ကိုယ့်အိမ်ထဲမှာနေတာတောင် လုံခြုံမှု အပြည့် ရှိချင်မှ ရှိတတ်တာလေ မ တို့ မိန်းကလေးတွေအတွက် အိမ်ထောင်ပြုတယ်ဆိုတာ တံတိုင်း ထူထူ တစ်ထပ် ခပ်လိုက်သလိုပဲ ချစ်တယ်ဆိုတာတော့ ရဲတိုက်တစ်လုံး ဆောက်သလိုပေါ့ ရဲတိုက် တစ်ခုထည်းဆောက် ထားပြီး ခိုင်ခံ့လုံခြုံမှု မရှိတဲ့ တိုင်းတံတွေနဲ့ ၀ိုင်းပတ်ထားရင်တော့ အဲ ရဲတိုက်က ရေရှည် ဘယ်လိုလုပ်ခံနိုင်ပါ့မလည်းးးး”
“ဒါဆိုရင်တော့ ၀မ်းနည်းစရာပဲ….အများစုကတော့ မ ပြောတဲ့ အချက် ၂ ချက်လုံးကို တစ်ပြိုင်တည်း မရနိုင်ဘူးထင်လို့လေ…ချစ်တိုင်းလည်း လုံခြုံမှုပေးချင်မှ ပေးနိုင်မှာ ဖြစ်သလို လုံခြုံပြည့်စုံမှုတွေ ပေးတိုင်းလည်း
ချစ် ချင်မှ ချစ်မှာလေ”
“ဒါပေါ့…ကမ္ဘာပေါ်မှာ ထာဝရပြည့်စုံတဲ့ လူသားဆိုတာမှ မရှိတာ အဲ ၂ ခုထဲက ကိုယ့်စိတ်ကြိုက်ရွေးချယ်ယူကြတယ်လေ…တစ်ချို့က ရင်ဘက် နဲ့ရင်းပြီး အချစ်ကို ရွေးချယ်ကြတယ် တစ်ချို့ကတော့ ဦးနှောက်နဲ့ ရင်းပြီး ဘ၀ အတွက်ပေါ့ ဘယ်အရာပဲ ရွေးရွေးပါ ဘ၀ဆိုတာလည်း နေတတ်ရင်တော့ ကျေနပ်စရာပါပဲ…”
“ဟုတ်ပါတယ်..မနက်ဖြန်ဆိုတာ မသေချာတဲ့ ကျွန်တော်တို့ လူတွေအတွက် လက်ရှိအချိန်ကိုပဲ ပျော်ရွှင်တန်ဖိုးရှိအောင် ကြိုးစားရမှာပဲပေါ့…ပြည့်စုံတယ်လို့တော့ ဘယ်ရှိမှာလည်း…မိန်းကလေးအများစုက
မ ပြောသလို ဦးနှောက်နဲ့ ရွေးချယ်ကြတယ်ဆိုရင်တော့ ကျွန်တော်ကတော့ စက်ရုပ်မ တစ်ရုပ်ကို ရှာလိုက်တော့မယ်”
“ဘာလို့….”
“ဟုတ်တယ်လေ ဦးနှောက်က အရေးကြီးတယ်လို့ ထင်တဲ့ အချစ်တစ်ခုဟာ နောက်ပိုင်းတွေမှာလည်း စက်ရုပ်စန်စန် အိမ်ထောင်ရေး စက်ရုပ် စန်စန် ဖြတ်သန်းမှုတွေနဲ့ပဲ အသားကျသွားမှာပေါ့…”
“အဲလိုမပြောရဘူးလေ….မ ပြောတာကို မင်းသဘော မပေါက်သေးဘူးထင်တယ်…”
“အင်း…ဟုတ်လောက်တယ်”
“မိန်းကလေးတွေက ရင်ဘက်ကို သိပ်ဦးစားမပေးဘူးဆိုတာက မ တို့ မိန်းကလေးတွေ အများစုက ခံစားရသိပ်လွယ်တယ်လေ လေတိုက်တာနဲ့ ကြွေတတ်တဲ့ ခရေ ပန်းလို့ပဲ လေ…”
“မ မင်းကို မြင်သာအောင်ပြောပြမယ်လေ…”
“အင်း နားထောင်နေတယ်”
“မိဘတွေ စီစဉ်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့ အမျှ သံယောဇဉ်ဆိုတာ ဖြစ်လာတာမှန်ပေမယ့် မိန်းကလေးတွေက ကိုယ့်အိမ်ထောင်ဘက် ကိုယ့်ခင်ပွန်း လို့သပ်မှတ်လိုက်တဲ့ အချိန်မှာ ချစ်သွားတတ်ကြတယ် အားကိုးသွားတတ်ကြတယ် ဒါပေမယ့်လည်း ယောက်ျားလေးတွေဘက်ကကျတော့ အချိန်တော်တော် ကြာလာမှ မိသားစုကို ခင်တွယ်လာတဲ့ ပုံစံမျိုးလောက်ပဲ ရှိတတ်ကြတယ်လေ မင်းလည်း ယောက်ျားလေးတစ်ယောက်ပဲ သိမှာပါ…တစ်ခုတော့ ရှိတာပေါ့ စိတ်ကူးယဉ်စန်စန် ဇတ်လမ်းတွေ ၀တ္ထုတွေထဲမှာတော့ အဲလိုဖြစ်ချင်မှ ဖြစ်မှာပေါ့ ဒါပေမယ့် ဘ၀ဆိုတာ ၀တ္ထုတစ်အုပ်မဟုတ်သလို ဇတ်ကားတစ်ကားလိုလည်း ကိုယ်မကြည့်ချင်တဲ့ အပိုင်းတွေကို ကျော်ပြစ်လိုက်လို့မရဘူးလေ”
“အင်း..ဟုတ်လောက်ပါတယ်…ဒါဆို မိန်းကလေးတစ်ယောက်အတွက် အချိန်ဆိုတာ ကြိုက်တဲ့ အချိန်ဖန်တီးယူလို့ရတဲ့ ထုပ်ကုန်တစ်မျိုးပေါ့…ဟုတ်လား”
“အော် မောင်လေးရယ်…မင်းတို့ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ကို ချစ်လာအောင်လုပ်ယူရတာ လွယ်ပါတယ် စကားလေးနဲ့ ချွေပြလိုက် အမူအရာလေးနဲ့ ကြွေပြလိုက်နဲ့လေ မိန်းကလေးတစ်ယောက် အနေနဲ့ ကျတော့ ယောက်ျားလေးတစ်ယောက်ကို အဲလို ဖန်တီးယူလို့မရဘူးလေ”
“အဲဒါက အပြည့်တော့ မမှန်ပါဘူး မ ရာ… မိန်းကလေးတစ်ယောက်ကို တစ်ကယ်ချစ်လာအောင် ကိုယ်ကိုကိုယ် လုပ်ဖို့က တော်တော်လေးကို ခက်ခဲပါတယ်…”
“အင်း…ထားပါ ဒါပေမယ့် မ တို့ မိန်းကလေးတွေက အချစ်ဆိုတာ ထုပ်ကုန်တစ်ခုတော့ မဟုတ်ပါဘူး စိတ်ထားပျော့ပြောင်းတတ်တဲ့ သဘာဝရှိလို့ လိုအပ်သလို ပုံသွင်းလွယ်တဲ့ သဘောပါ…အဲဒါကို စီးပွားရေးစန်တယ်လို့ပြောလို့မရဘူးလေ”
“နားလည်လား မသိဘူး မ ပြောတာကို”
“အင်း ခံစားလို့တော့ရပါတယ်…ဒါပေမယ့် အပျော့ဆိုတာ အမာထက်တို ပိုပြီးမာတတ်တယ် မ ရ…အဲလို အပျော့လေးတွေနဲ့ ပဲ ကျွန်တော်တို့လို အသည်းမာပါတယ်ဆိုတဲ့ ယောက်ျားတွေကို အနိုင်ယူသွားတာ ရာဇ၀င်အပြည့်ပဲလေ…”
“ဒါက တစ်ဦးတစ်ယောက်ပါ…”
“အင်း အဲလိုတစ်ဦးတစ်ယောက်တွေ များလာလို့ ရာဇ၀င်တွင်သွားတာပေါ့..အဲဒါကြောင့်ပြောတာ ကျွန်တော်တို့ ယောက်ျားလေးတွေက နှစ်နှစ်ကာကာချစ်ဖို့တော့ ခဲယဉ်းပါတယ် ဒါပေမယ့်လည်း တစ်ကယ်နှစ်နှစ်ကာကာချစ်မိပြီဆိုရင်လည်း ထာဝရ ရှုံးတော့တာပဲလေ”
“တစ်ခုတော့ရှိတာပေါ့ မောင်လေးရာ…မိန်းကလေးတစ်ယောက်က ဘ၀ လက်တွဲဖေါ်ရွေးတော့မယ်ဆိုရင်အား လုံးထဲက ကိုယ့်ကို အချစ်ဆုံးလို့ ထင်တဲ့ သူမျိုးကို ရွေးချယ်လေးရှိပါတယ် တစ်နည်းအားဖြင့် ဖြည့်စည်းပေးနိုင်ဆုံး လူပေါ့ ကိုယ်တိုင်က ပြည့်စုံနေပေမယ့် ကိုယ့်ကို ဘာမှ ဖြည့်စည်း မပေးနိုင်တဲ့ ယောက်ျားလေးတွေလည်း ရှိတယ်လေ”
“မ ပြောပုံဆိုရင်တော့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်သူဟာ သူ့ရဲ့ ဘ၀လက်တွဲဖေါ်ဖြစ်ဖို့တော်တော်ကို မလွယ်တာပဲနော်” “နောက်ပြီး တစ်ခုလောက်မေးအုံးမယ် ဖြည့်စည်းမှုဆိုတာ ဘာကိုဆိုလိုတာလည်းဟင် ရုပ်ပိုင်းဆိုရာတွေလား စိတ်ပိုင်းဆိုင်ရာတွေလား အချစ်နဲ့ ဖြည့်စည်းပေးမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကိုတော့ ထာဝရပြည့်စုံအောင် ဖြည့်စည်းပေးနိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာတွေမှာတော့ ချို့တည့်မှုတွေ ရှိမှာပဲလေ…ရုပ်ပိုင်းဆိုင်ရာအတွက်ဆိုရင်တော့ အချစ်က သိပ်မလိုပါဘူး ငွေပဲလိုတာပါ…အဲလိုနေရာမျိုးမှာတော့ အချစ်ဆိုတာ စကားပြောကောင်းဖို့အတွက် ထားထားတဲ့ ကြားခံစကားတစ်ခွန်းအဆင့်ပါပဲ”
“ဖြည့်စည်းမှုဆိုတာ စိတ်တစ်ခုတည်းနဲ့ ရပ်တည်လို့မရသလို ရုပ်တစ်ခုတည်းနဲ့လည်း မပြည့်စုံနိုင်ဘူးလေ တစ်ကယ်ဖြည့်စည်းပေးချင်တာက စိတ်ထဲကနေပေါ်လာတာပါ….”
“အဲလို စိတ်ထဲကနေ ပေါ်လာဖို့အတွက် အချစ်ဆိုတာလိုတယ်လေ မ ရဲ့ လုံးဝကို လိုအပ်တာနော်…ကျွန်တော်ထင်ပါတယ် အချစ်ဆိုတာ မိန်းကလေးတွေအတွက်တော့ အမှုံသေးသေးလေး တစ်မှုံလောက်ပဲ အရေးပါတယ်လို့ထင်တယ်လေ”
“အင်း အဲအမှုံသေးသေးလေးကိုပဲ မ တို့မိန်းကလေးတွေက ပိုးမွေးသလိုမွေးထားရတာလေ ယောက်ျားလေးတွေကတော့ အစုလိုက် အပုံလိုက် ချစ်ပြီး တစ်ဖြေးဖြေးနဲ့ အရည်ပျော်ကျပြီး ဘေးကိုပျံ့နှံ့ စီးဆင်းကုန်တတ်ကြတယ်လေ”
“ကျွန်တော်ကတော့ စက်ရုပ်တစ်ရုပ်ပဲ ရှာယူတော့မယ်”
“မင်း စက်ရုပ်ကို ယူရင် စက်ရုပ်ပဲ ရမှာပေါ့”
“မ တို့ မိန်းကလေးတွေ အချစ်နဲ့ သိပ်မကွာဘူးလေ…အမှုံသေးသေး လေးတောင် ကျွန်တော့အတွက်မသေချာတာပဲ”
“ထားပါ အဲလိုတွေပြောနေတာ မင်းတစ်ကယ်မချစ်တတ်သေးလို့ပါ…”
“ဟုတ်တယ် ကျွန်တော် တစ်ကယ်မချစ်ချင်တော့ဘူး…ကျွန်တော်က ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ်ဆိုတော့ ခံစားချက်ကိုပဲ ဦးစားပေးတယ်..အစ်မပြောတဲ့ calculator သမားတွေနဲ့ မတွေ့ချင်ဘူး…ကျွန်တော်ခံစားနိုင်မယ် မထင်ဘူး…”
“ဒါကတော့ မတူညီတဲ့ သဘာဝ ၂ ခုကို နားလည်ပေးရမှာပေါ့”
“နေရာတိုင်းနားလည်ပေးလို့ရနေရင်တော့ အစ်မတို့လို့ ရှေ့နေတွေ ရဲစခန်းက ရဲတွေ အလုပ်လက်မဲ့ ဖြစ်သွားမှာပေါ့…”
“မ လည်း နေရာတိုင်ပြောတာမဟုတ်ပါဘူး”
“ကျွန်တော်ဥပမာပြောမယ်လေ မ က ငါးကြိုက်တယ် ကျွန်တော်က အနံ့တောင်မခံနိုင်ဘူး ဒါပေမယ့် အဲလောက်က နားလည်ပေးလို့ရတယ်လေ ဒါပေမယ့် ဘယ်လိုမှ နားလည်ပေးလို့မရတဲ့ အခြေအနေတွေဖြစ်လာရင် ဦးနှောက်ကို ဦးစားပေးမယ်ဆိုရင်တော့ အခြေအနေတွေပိုဆိုးလာနိုင်တယ်လေ အဲလိုအချိန်မျိုးမှာ လိုအပ်လာတာ ဦးနှောက်မဟုတ်တော့ဘူး ဦးနှောက်နဲ့ ဆုံးဖြတ်လိုက်ရင် အကွဲအပြဲတွေဘက်က များလာမယ်လေ အဲအချိန်မှာ တစ်ကယ်လိုအပ်လာတာ တစ်ယောက်နဲ့ တစ်ယောက်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဖြစ်လာတဲ့ အချစ်က ပိုအရေးကြီးလာပြီ ဦးနှောက်က တစ်ခါတစ်လေ မာနတွေကို စစ်ကူပေးတတ်တယ် အချစ်မှာတော့ မာနလည်း မရှိဘူး ပြိုင်ဘက် လည်း မရှိဘူးလေ…”
“ဒါဆို မ မေးမယ် မာန ဆိုတာ ဘာလည်း”
“အင်း…လူအများစုလက်ခံထားတာတော့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတဲ့ ရောဂါ တစ်မျိုးပါပဲ…”
“ဥပမာ ကျွန်တော်တို့ ၂ ယောက် မ ကလည်းခပ်ပေါပေါ မဟုတ်သလို ကျွန်တော်ကလည်း ဆိုက္ကားသမား မဟုတ်ဘူးလေ ကျွန်တော်တို့ ၂ ယောက်လုံးက ကိုယ့်အဆင့်နဲ့ ကိုယ်ရှိပြီးသားလေ တစ်ချိန်ချိန်မှာ အငြင်းအခုန်တွေဖြစ်လာလို့ ကျွန်တော်တို့ ၂ ယောက်လုံးက ဦးနှောက်ရဲ့ အမိန့်အတိုင်း ကိုယ့်အဆင့်အတန်းတွေကို ဆုပ်ကိုင်မှီခိုထားမယ်ဆိုရင်တော့ ဘယ်လိုမှ လွယ်မှာ မဟုတ်ဘူးထင်တယ်”
“အခုတောင် ပြောရင်းနဲ့ ကျွန်တော်တို့ စကားလမ်းကြောင်လွဲပြီး စကားနိုင်လုသလိုဖြစ်သွားပြီ…အခုတော့ အလုပ်ကိစ္စလေးတွေ ရှိလို့ သွားတော့မယ် သေချာစဉ်းစားလိုက်အုံး စဉ်းစားဆိုတာက ကျွန်တော့ကို ပေးမယ့်အဖြေကို မဟုတ်ပါဘူး ဦးနှောက်နဲ့ နှလုံးသား ဘာအရေးကြီးလည်းဆိုတာကိုပါ…”
“အိုကေ မင်းလည်း သေချာ ပြန်တွေးလိုက်အုံး ဘ၀နဲ့ အချစ် ဘယ်ဟာ ပိုအရေးပါလည်းဆိုတာ…”
သူ့ကိုနှုပ်ဆက်ပြီး ကျွန်တော် သူ့ရုံးခန်းထဲက ပြန်ထွက်လာခဲ့ပါတယ် ဒါပေမယ့် ကျွန်တော့ခြေလှမ်းတွေကတော့ ပုံမှန်ပါပဲ သူ့စီကို အသွားတုံးကလောက်တော့ စိုးရိမ်စိတ်တွေ မရှိတော့တာတော့ အမှန်ပါပဲ ဒါပေမယ့် အတွေးတွေတော့ ပိုများလာပါတယ်…ဟုတ်ပါတယ် ကျွန်တော့ သူ့စီကိုသွားတာ သူ့စီက အဖြေကိုသွားတောင်းထားတာပါ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူ့ကို ကျွန်တော် ချစ်ခွင့်ပန်ထားတယ်လေ ဒါပေမယ့်လည်း စကား ဦးတည်ချက်တွေလွဲပြီး အဖြေမတောင်းခဲ့မိပါဘူး … ကျွန်တော်တွေဝေနေတုံးပါပဲ နှလုံးသားနဲ့ ဦးနှောက် အချစ်နဲ့ ဘ၀ ဘယ်အရာက အရေးအကြီးဆုံးလည်း…ချစ်သူကို ပြစ်ပြီး ဦးနှောက်ရဲ့ ဦးဆောင်ရာနောက်လိုက်သွားသူတွေကို ကိုယ်ချင်းစာပေးရမလား ဦးနှောက်ကို ဆန့်ကျင်ပြီး နှလုံးသားရဲ့ အမိန့်ကို နာခံသွားသူတွေကို ချီးကျူးရမလား…?ကျွန်တော်ကရော…နောက်ပြီး သူငယ်ချင်းတို့ရော…ဘယ်ဟာက အရေးကြီးပြီး ဘယ်သူ့အမိန့်ကိုနာခံမလည်း…ကျွန်တော် သူ့စီက အဖြေမတောင်းခင် ဒီအဖြေကို အရင်သိချင်နေမိတယ်…ကျွန်တော့ စိတ်ထဲမှာတော့ ခံစားချက်တွေကိုပဲ ကိုးကွယ်ချင်နေတယ်….
Unknown
Back to top Go down
http://www.hapmalaysia.net
 
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ရွေးချယ်မှု
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: FUN & ENTERTAINMENT(စာအုပ်စာပေများ) :: အွန်လိုင်းပေါ်ရှိ ဘလော့စာစုများကို ဒီနေရာမှာတင်ပြနိုင်ကြပါတယ်။-
Jump to: