HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeဆရာဝန်ပြောသည့်မထူဆန်းသောအချစ်ဇာတ်လမ်းတစ်ပုဒ် I_icon_mini_portalLatest imagesSearchRegisterLog in

 

 ဆရာဝန်ပြောသည့်မထူဆန်းသောအချစ်ဇာတ်လမ်းတစ်ပုဒ်

Go down 
AuthorMessage
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ဆရာဝန်ပြောသည့်မထူဆန်းသောအချစ်ဇာတ်လမ်းတစ်ပုဒ် Empty
PostSubject: ဆရာဝန်ပြောသည့်မထူဆန်းသောအချစ်ဇာတ်လမ်းတစ်ပုဒ်   ဆရာဝန်ပြောသည့်မထူဆန်းသောအချစ်ဇာတ်လမ်းတစ်ပုဒ် EmptySat Mar 27, 2010 12:35 am

တစ်ခါကအိမ်တစ်အိမ်၌ကျင်းပသည့် ညစာစားပွဲငယ်တစ်ခုတွင်
ဧည့်သည်တစ်စုဆုံမိကြသည်။ ဧည်သည်များမှာ
ရင်နှီးသိကျွမ်းကြသူများချည်းဖြစ်ပြီး အနည်းငယ်စိမ်းသူဟူ၍
ဆရာဝန်တစ်ယောက်သာပါသည်။ ဆရာဝန်မှာ အသက်ခြောက်ဆယ်အရွယ် ခန်
့ရှိခပ်ဝဝဖိုင့်ဖိုင့် လူကြီးတစ်ယောက်ဖြစ်၍ စိတ်ရောဂါကုဆရာဝန်များ
အစည်းအဝေးသို့ တတ်ရောက်ရန် အခြားမြို့ တစ်မြို
့မှခေတ္တရောက်ရှိနေခြင်းဖြစ်၏ ။
ညစာစားပြီး ကော်ဖီသောက်ရင်း စကားဝိုင်းဖွဲ့ ကြသည့်အခါ စိတ်ရောဂါကုဆရာဝန်ကြီးက ထူဆန်းသော အချစ်
ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသည် ။
“ ဟိုတုန်းက ကျွန်တော်နေခဲ့ဖူးတဲ့နေရာနားမှာ မြစ်ကိုဖြတ်ထိုးထားတဲ့ တံတားအိုကြီးတစ်လက်ရှိတယ် ၊ မြစ်တစ်ထက်ကမ်း
တံတားထိပ်နဲ့  မလှမ်းမကမ်းမှာ အမျိုးသမီးတစ်ယောက်ရှိတယ် ၊ အသက်ငယ်ငယ် ရုပ်ကလဲချောတယ် အိမ်ထောင်တော့ရှိတယ်
ဒါပေမယ့်သူ့ ယောကျာ်းကသူ့ ထက် အသက်တော်တော်ကြီးတယ် တွင်ခုံလုပ်ငန်းလုပ်တယ် ဒီလူကြီးက ငယ်ငယ်ချောချောမိန်းမ
ကိုယူထားပေမယ့် သိပ်ပြီးဂရုမစိုက်ဘူး ၊ သူ့ အလုပ်ကိုပဲ သူပိုပြီး စိတ်ဝင်စားတယ် ၊ဒါနဲ့ ကြာလာတော့ အမျိုးသမီးက သာယာမှု
ရှာလာတယ် ၊
“ရှာတော့လည်းတွေ့ တာပေါ့လေ သက်တူရွယ်တူ လူငယ်တစ်ယောက် ရုပ်ကဖြောင့်တယ် သန်မာတယ် အားကစားသမား
ပြိုင်မြင်းမွေးတဲ့လူ ၊အဲ့ဒီင်္လူနဲ့တွေ့ သွားပြီးတဲ့နောက်နောက်မှာ အမျိုးသမီးက သူယောကျာ်း အလုပ်ရုံသွားနေတဲ့  နေလယ်ပိုင်းတွေ
မှာ ခကြာခဏ ဒီလူ့ ဆီကို သွားသွားတွေ့ တယ် ၊ ဒီလူက မြစ်တစ်ဖက်ကမ်းမှာ
အမျိုးသမီးက ကားကိုတံတားကြီးပေါ်က ဖြတ်မောင်းပြီး သူ့ ဆီသွားရတယ်၊ ပြီးတော့
ယောကျာ်းထက်အရင် အိမ်ရောက်အောင်ပြန်တယ် ။
“ ဒီလိုနဲ့  တစ်နေ့ ကျတော့ သူဟိုလူ့ ဆီကိုသွားနေတုန်း မိုးတွေရွာပြီး မြစ်ရေကတိုးလာတယ်၊ သူပြန်လာလို့ တံတားထိပ်
ရောက်တဲ့အခါ မြစ်ပြင်တစ်ခုလုံး ရေတွေလျှံနေပြီ၊ တံတားကြမ်းပြင်က ရေလှိုင်းတွေအောက်မြုပ်ချည်ပေါ်ချည်နဲ့  တံတားတိုင်တွေ
ကလဲယိုင်ခါနေတယ် ၊ အချိန်မရွေး ပြုတ်ထွက်ပြီးမျောပါသွားတော့မယ့် ပုံမျိုး
၊ တံတားပေါ်ကကားဖြတ်မောင်းဖို့  မဖြစ်နိုင်တော့တဲ့ အခြေအနေပေါ့ ။
ဒါပေမယ့် မြစ်အောက်ဘက်ပိုင်းတံတားကြီးနဲ့ 
တစ်မိုင်လောက်အကွာနေရာတစ်ခုမှာ ဖောင်ဆိပ်ရှိတယ်၊စက်တပ်ကူးတို့  ဖောင်တစ်ခု
ဟိုဘက်ဒီဘက်ကူးပို့ နေတာရှိတယ်၊ မြစ်ရေကြီးလို့  တံတားကြီးစိတ်မချရတဲ့
အချိန်မျိုးမှာ ကူးနိုင်အောင်လုပ်ထား
တာ၊ အမျိုးသမီးကဖောင်ဆိပ်ကို အမြန်မောင်းတယ် ၊ ဟိုအောက်ရောက်တော့
ကံအားလျော်စွာနဲ့ ဖောင်ကသည်ဖက်ကမ်းမှာ ၊ စောင့်စရာမလိုတော့ဘူး ၊ ဒါပေမယ့်
ကူးတို့ သမားကဖောင်ကူးတို့ ခ အရင်ရှင်းဖို
့တောင်းတယ်၊ပိုက်ဆံအိတ်ကိုဖွင့်လိုက်တဲ့အခါမှာ ကံဆိုးချင်တော့
ပိုက်ဆံတစ်ပြားမှ မပါဘူး ၊ ဒီတော့သူကပြောတယ်
“ ကြည့်စမ်း မေ့လာလိုက်တာ အိတ်ထဲပိုက်ဆံတစ်ပြားမှမထည့်မိခဲ့ဘူး ၊ မနက်ဖြန်ဆက်ဆက်လာပေးပါ့မယ်နော် စိတ်ချ ”
လို့ ပြောတဲ့အခါ ကူးတို့ သမားက မျက်နှာပျက်သွားပြီးခေါင်းခါတယ်၊ “ မဖြစ်ဘူး ” တဲ့ “ကျနော်ကတော့ ပို့ ချင်ပါတယ်၊ ဒါပေမယ့်
ပိုင်ရှင်သိသွားရင် ကျွန်တော်အလုပ်ပြုတ်မယ် ၊ ငွေကိုလက်ငင်းမရှင်းပဲ ဘယ်သူ့ ကိုမှမပို့ ရဘူးလို့ ကျွန်တော့်ကို တိတိကျကျညွှန်
ကြားထားတယ်” လို့ အပြတ်ပြောပြောတယ် ၊ အမျိုးသမီးက သူ့ မှာအင်မတန်အရေးကြီးဖြစ်နေလို့ ကျေးဇူးပြုပြီး ပို့ ပေးဖို့ တောင်
ပန်တယ် ၊ဒါပေမယ့်မရဘူး။
ဒါနဲ့ အမျိုးသမီးကလဲ သူ့ လူဆီကိုပြန်မောင်းပြီး ကူးတို
့ခပါမလာလို့ ပိုက်ဆံပေးဖို့ တောင်းတယ်၊ အဲဒါကို ဒီလူက “ပေးဘူးဗျာ၊
ပေးလိုက်ရင် မင်းနဲ့ ငါနဲ့ ဆက်ဆံရေးဟာ တစ်မျိုးဖြစ်သွားမှာပေါ့” တဲ့၊ “
ငါကမင်းကိုတကယ်ချစ်နေတကွ ငွေကြေး
ကိစ္စတွေနဲ့ ပတ်သက်လာရင် ငါ့စိတ်ကပြောင်းသွားလိမ့်မယ်၊ မင်းကိုငါ လက်ခံနိုင်တော့မှာ မဟုတ်ဘူး” တဲ့ ၊
ဒါနဲ့  အမျိုးသမီးလဲ ရေရေလည်လည် ဒေါကန်သွားတယ် ဒီလူကိုစကားဆက်မပြောတော့ပဲနဲ့ ကားကိုတရကြမ်းမောင်း
ချလာခဲ့တယ်၊ သူ့ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေတယ် ၊ ဒီလူကိုလဲ ကြောင်လှချည်လားလို့ ဒေါသထွက် ၊ သူ့ ယောကျာ်းသိ
သွားရင်အကြီးအကျယ် ပြဿနာတတ်မှာကို တွေးကြောက်တာလဲ တစ်ချက်နဲ့ လူကထူပူနေတယ်၊ ဒါနဲ့ ကမူးရှုးထိုးနဲ့ ပဲ တံတား
ထိပ်နားရောက်လာတယ်၊ အဲဒီနောက်မှာ ဘာမှမစဉ်းစားနေတော့ဘဲ ရေစီးအရှိန့် နဲ့ လှုပ်လှုပ်ခါခါဖြစ်နေတဲ့တံတားအိုကြီးပေါ်က
ကားကိုဖြတ်မောင်းတာ၊ မြစ်လယ်လောက်မှာ ကားရောလူပါ ရေထဲကိုထိုးကျသွားတယ် ၊ အလောင်းတောင်ပြန်မတွေ့ ရဘူး”
ဧည့်သည်အားလုံးစိတ်ဝင်စားစွာ နားထောင်နေရင်း ရင်မောနေကြသည်.။ သည်ဇာတ်လမ်း ဘယ်လိုဆက်မလဲ ၊ ကျန်
တဲ့လူတွေရဲ ခံစားချက်တွေဘယ်လိုရှိမလဲ သိချင်နေကြသည်၊ နောက်ထပ်ဘာတွေဖြစ်သေးလဲ ၊။
သို့ သော်ဆရာဝန်က သည်နေရာမှာ ခေတ္တရပ်ကာ ကော်ဖီခွက်ကို တစ်ကျိုက်မျှသောက်သည်။ ပြီးတော့မှ ပရိသတ်ကို
အကဲခတ်ကြည့်ကာ ပရိသတ်သိချင်တာကို မပြောပဲနဲ့  မေးခွန်းတစ်ခုသာမေးလိုက်တယ်။
“ အမျိုးသမီးသေဆုံးရတဲ့ကိစ္စမှာ ဘယ်သူတာဝန်အရှိဆုံးလို့  ခင်ဗျားတို့ ထင်သလဲဗျာ ၊ ပြောကြစမ်းပါဦး”
ဧည့်သည်ပရိသတ်ထဲမှ ပထမဆုံး အဖြေပေးသူမှာ အမျိုးသမီးတစ်ယောက်ဖြစ်သည် ၊ “ ဒီမေးခွန်းက မေးစရာတောင်မလိုပါ
ဘူး ၊ ဘယ်သူ့ ကိုအပြစ်တင်စရာလိုသေးလဲ သူ့ ယောကျာ်းအပေါ် သစ္စာဖောက်ခဲ့တဲ့အတွက် ဒီလိုဖြစ်ရတာ ” လို့  အမျိုးသမီးက
ရှင်းရှင်းပြတ်ပြတ်ပြောတယ်။
အိမ်ရှင်ယောကျာ်းကတော့ ဧည့်သည်အမျိုးသမီး၏စကားကို သဘောမတူချင်။ ထိပ်တိုက် အငြင်းအခုံမပြုသော်လည်း
သူ့ အယူအဆကိုဖွင့်ဟသည်။ အမျိုးသမီးတွေဆိုတာစိတ်လှုပ်ရှားလွယ်သည်၊ ရုတ်တရက် အရေးပေါ်အခြေအနေမျိုးကြုံရင် ခြေမ
ကိုင်မိ လက်မကိုင်မိ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်သည်။ ကူးတို့ သမားယောကျာ်းက ခေါင်းအေးအေးနှင့်စဉ်းစားတတ်ဖို့ ကောင်း
သည်။ ကယောင်ချောက်ချား ပျာယီးပျာယာ ဖြစ်လာသည့်မိန်းမတစ်ယောက် ဒုက္ခမရောက်ရအောင် စောင့်ရှောက်ဖို့ သင့်သည်။
ပြီး လူတစ်ယောက်သည် မိမိတာဝန်ယူရသည့်နေရာ၌ အဖြစ်သင့်အဖြစ်ထိုက်ဆုံးအရာကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လုပ်ကိုင်တတ်ဖို့ လို
သည်။ တခြားမှာရှိနေသည့် အလုပ်ရှင်ကို လက်ညှိုးညွှန်ကာ ပြဿနာကိုရှောင်လွဲရန် ကြိုးစားခြင်းသည် အရည်အခြင်းမရှိသူတို့ 
၏ သဘာဝဖြစ်သည် စသည်ဖြင့်ပြောဆိုသည်။
ဧည့်သည်တစ်ယောက်က ဝင်ပြောသည်။
“ ကူးတို့ သမားကိုကတော့ဗျာ ဒီမိန်းမ ဘာဖြစ်လာလဲဆိုတာတွေလဲ ဘယ်သိနိုင်ပါ့မလဲ ၊ သူ့ လုပ်ရိုးလုပ်စဉ် ပုံစံအတိုင်းပဲ
လုပ်မှာပေါ့၊ အသုံးမကျတာက ဒီအမျိုးသမီးကိုသွားကြိုက်တဲ့  ဟိုငကြောင်၊ ကူးတိုခမပါလာဘူးဆိုရင်လဲ ပေးလိုက်ပေါ့ဗျာ၊ ဘာ
ရူးကြောင်ကြောင်တွေ လျှောက်ပြောစရာလိုလဲ ၊ အချစ်က မွန်မြတ်လွန်းလို့  ပိုက်ဆံပေးလိုက်ရင် ငရဲကြီးသွားမယ်ဆိုတာမျိုး၊ ဒီ
ကောင်သတ်လို့  ဟိုမိန်းမသေရတာ” လို ပြောတယ်။
“ တကယ်တော့ ယောကျာ်းအပြစ်ပါရှင် ” ဟုအိမ်ရှင်မိန်းမကဆိုသည် ။
“ဘယ်မိန်းမမဆို ကိုယ့်ယောကျာ်းဂရုစိုက်တာ ခံချင်ကြတာချည်းပဲ ၊ ဒီလူကအသက်ကြီးမှ မိန်းမငယ်ငယ်
လေးလဲယူထားသေးတယ်၊ တစ်ယောက်တည်းလဲ ပစ်ထားသေးတယ်ဆိုတော့ ဒီလိုကိစ္စတွေဖြစ်တော့မှာပေါ့၊ ကြင်နာမှု မရှိတဲ့
ယောကျာ်းနဲ့ ရလို့  ခုလိုဒုက္ခရောက်ရတာ” လို့ ဝင်ပြောသည်။
အခန်းထောင့်က ဆိုဖာတစ်ခုထဲတွင် ကျုံ့ ကျုံ့ လေးငြိမ်ထိုင်နေသည့် အမျိုးသမီးတစ်ယောက်ကလည်း ကြင်နာတတ်သည့်
ယောကျာ်းရှားပါးလှကြောင်း ထောက်ခံပြောဆိုရင်း စကားဝိုင်းထဲကိုဝင်လာသည်။
“ ဒီအမျိုးသမီး ကိုယ်တိုင်ကလဲ ညံ့တာပါ ၊ သူ့ ယောကျာ်းဆီးဖုန်း လှမ်းဆက်လိုက်ပေါ့ ၊ ဟိုဘက်ကမ်းက အဒေါ်အိမ်မှာ
ဒါမှမဟုတ် ဘယ်သူငယ်ချင်းအိမ်ကိုရောက်နေတယ်၊ မြစ်ရေကြီးလို့ ပြန်မလာနိုင်တော့ဘူး ၊ ညအိပ်နေမယ်လို့ ၊ ပြီးတော့ ဒီပိုက်ဆံ
လောက်များဘယ်သူ့ ဆီ သွားချေးချေး မရနိုင်ဘူးလား ၊ မိန်းမလုပ်နေပြီး ဒီလောက်ပြဿနာလေးကို မဖြေရှင်းနိုင်ဘဲ အသက်ပါ
သေရတယ်လို့ ”
“ ကဲ ကဲ ၊ ဒါလောက်ဆိုရင် လုံလောက်ပြီထင်ပါတယ်၊ ပုစ္ဆရှင်ကပဲဖြေစမ်းပါဦး၊ ဒါဘယ်သူ့ တာဝန်လို့ ဆိုမလဲ”
လို့  ဧည့်သည်တစ်ယောက်က ဆရာဝန်ကြီးကို မေးတယ်။
ဆရာဝန်ကြီးကပြုံးသည်။
( ကဲကျန်တာကိုတော့ နောက်တော့မှပဲဆက်မယ်နော် သူငယ်ချင်းတို့ ကော ဘယ်လိုဖြေမလဲ ၊ အဖြေကတော့ရှိပါတယ်
နောက်တော့မှပဲထပ်ထည့်တော့မယ် ကြိုက်သလို ထင်ကြေးပေးနိုင်ကြပါတယ်)
ကိုအောင်မျိုးထိုက်
(, မူမှန်အတွေးစာအုပ်မှ), ဖေမြင့်
Back to top Go down
http://www.hapmalaysia.net
 
ဆရာဝန်ပြောသည့်မထူဆန်းသောအချစ်ဇာတ်လမ်းတစ်ပုဒ်
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: FUN & ENTERTAINMENT(စာအုပ်စာပေများ) :: အွန်လိုင်းပေါ်ရှိ ဘလော့စာစုများကို ဒီနေရာမှာတင်ပြနိုင်ကြပါတယ်။-
Jump to: