HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeနဗီ နဲ့ ၀လီ I_icon_mini_portalLatest imagesSearchRegisterLog in

 

 နဗီ နဲ့ ၀လီ

Go down 
AuthorMessage
Hay Shan




Posts : 11
Join date : 2010-03-25

နဗီ နဲ့ ၀လီ Empty
PostSubject: နဗီ နဲ့ ၀လီ   နဗီ နဲ့ ၀လီ EmptyTue Mar 30, 2010 9:25 am

မည်သည့်ပြည့်စုံသော ၀လီ သူတော်ကောင်းမဆို၊ နဗီ၊ ရစူလ်၏ အဆင့်သို့မရောက်နိုင်ကြပါ။ နဗီ၊ ရစူလ် (အလိုင်ဟေ့မွတ်စလာမ်) တို့သည် မအ်ဆွူမ်​ (၀ါ) အပြစ်ကင်းစင်ကြသည်။ ခါတေ့မဟ် အဆုံးလည်း ကောင်းတော်မူကြသည်။ ၀လီ သူတော်စဉ် သည်ကား မအ်ဆွူမ် မဟုတ်ပါ။ ခါတေ့မဟ် အတွက်လည်း စိုးရိမ် ရသူ ဖြစ်ပါသည်။

(၀လာယဆွေ့လွလ်၊ အဗ်ဒို့၊ ဟိုင်သို့၊ ယတ်စ်ကို့တို့၊ အန့်ဟွလ်၊ အမ့်ရို့၊ ၀န်နဟာ)
လူသားသည် မည်မျှပင် ပြည့်စုံကုံလုံ၍ ၀လီ သူတော်စဉ်ကြီး ဖြစ်ပါသော်လည်း ရှရီအသ် တရားတော်မြတ်၏ ဥပဒေ စည်းကမ်း များနှင့် ကျင့်ရန် ကြဉ်ရန် များ မလိုတော့ ဟူ၍ မဟုတ်ပါ။ တရားတော်မြတ်၏ စည်းမျဉ်းအတိုင်းလိုက်နာ ရမည်ဖြစ်သည်။

ဝလီ သူတော်စဉ်များ အတွက် လုပ်လိုရာ လုပ်နိုင်သည်၊ ရှရီအသ် တရားတော်၏ စည်းမျဉ်းများ မလိုအပ်၊ မကောင်းမှု ပြုလျှင်လည်း အပြစ်မရှိဟု ယူဆ လျှင် အီမာန် ပျက်မည့် ကွဖ်ရ် စကားရပ်ဖြစ်သည်။ အလ္လာဟ် အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ် တွင် မိန့်တော်မူထားသည်။ (၀အ်ဗွဒ်၊ ဟတ္တာ၊ ဟအ်တေ့ ယကလ်။ ယကီနို့) ယုံကြည်ချက် ပြည့်ဝသည် ထက် ပြည့်ဝ စေသည်အထိ အေဗါဒတ် ခ၀ပ်မှု ပြုကြရမည် ဖြစ်၏။

အလ္လာ့ဟု အရှင်မြတ် ကို အချစ်ပိုသူသည် ပို၍ပင် အမိန့်တော်များကို လေးစား လိုက်နာရမည် ဖြစ်ပါသည်။ ရစူလွလ္လာဟေ့ (ဆွ) ကိုယ်တော်မြတ်သည် နမားဇ် အမြောက်အမြားဖတ်တော်မူသဖြင့် ခြေတော်ပင် ရောင်ရမ်း လာတော်မူသည်။ ကိုယ်တော်မြတ်(ဆွ) ထက် ကြီးသော အလ္လာ့ဟ် အရှင်ချစ်သော ၀လီ မည်သူ ရှိပါဦးမည်နည်း။ ကိုယ်တော်မြတ်(ဆွ) အတွက်ပင် ကင်းလွတ်ခွင့် မရှိလေရာ အခြားသူများအတွက် အဘယ်မှာ ကင်းလွတ်ခွင့် ရှိမည်နည်း၊ အထူးစဉ်းစားကြည့်ကြပါကုန်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
တက်ပ်မီလွလ်အီမာန်ကျမ်း မှု ကူးယူသည်။
Back to top Go down
 
နဗီ နဲ့ ၀လီ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (အီမာန်) နှင့်ပတ်သက်သမျှကိုဒီနေရာလေးမှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။-
Jump to: