မဇ်ဟဗ်ကိုခေါင်းခါသော ခေတ်ဝါဒိများ၏ ခြေရှုပ်နေပုံများ
ဤအုပ်စုသည် အစ္စလာမ်အမည်ကိုတော့ ခံယူထားသည်။သို့သော် အစ္စလာမ်ကညဤန်ပြသော အဆုံးအမများနှင့်ပတ်သက်လာလျှင် လိုက်နာတာကနည်းနည်း၊
စောဓကတက်တာကများများ ဖြစ်သည်။ထိုကြေင့်ဤအုပ်စုသည် မဇ်ဟဗ်ရဲ့ စည်းကမ်းဘောင်အတွင်း နေလိုသူများ မဟုတ်ကြောင်း ဖော်ပြနေဖို့ပင်မလိုပါ။
အစ္စလာမ်ကဖြစ်စေချင်သလို မိမိကိုယ်ကို ပြုပြင်ဖို့ထက် အစ္စလာမ်ကို မိမိတို့ဖြစ်စေချင်သလို ပုံသွင်းဖို့မှာ သူတို့၏ကြိုးပမ်းမှု့ဖြစ်သည်။
အစ္စလာမ်အလိုကျ ခေတ်အခြေအနေကိုပြောင်လဲဖို့ထက် အစ္စလာမ်ကို ခေတ်အကြိုက်ပြောင်းလည်းပြစ်ချင်သူများဖြစ်သည်။ထိုကြောင့်ဤအုပ်စု၏ အယူအစများကို
ခေတ်ပေါ်ဝါဒ ဟုခေါ်ဆိုနိုင်သည်။
ခေတ်ပေါ်အုပ်စု၏ အယူအစသဘောတရားများကို လေ့လာကြည့်သည့်အခါ အောက်ပါအချက်များကိုတွေ့ရသည်။
၁။ ကျမ်းမြတ်ကုရ်အာန်ကို မိမိတို့၏ကိုယ်ပိုင်အသိ ကိုယ်ပိုင်အယူအစအတွေးအခေါ်ဖြင့် ဖွင့်ဆိုရှင်းပြမှု့များပြုလုပ်သည်။ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သော
သဖ်စိရ်ပညာရှင်များ၏ ကျမ်းမြတ်ကုရ်အာန်ဖွင့်ဆိုချက်များကို အလေးအနက်မထားပါ။ရှေးသဖ်စိရ်ကျမ်းများကို စံထားကိုးကား ရမည့် ကျမ်းမြတ်ဖွင့်ဆိုချက်အဖြစ်လက်မခံပါ။
၂။ “မိမိတို့ဟဒိဆ်ကိုလက်ခံပါသည်ဟု” ဟူ၍ပြောတက်သောလည်း ဤစကားသည် စည်းရုံးရေးအတွက်ပြောခြင်းဖြစ်သည်။ဤအုပ်စုသည် လက်တွေ့တွင် ဆွဟိဟ်ဟဒိးဆ်များကို
ပင်လက်မခံပါ။မိမိတို့သဘောထားနှင့် မတိုက်ဆိုင်သည့်အခါတွင် ဟဒိးဆ်ကျမ်တော်များမှ အခိုင်အမာရေ၀ါယသ်များကို အကြောင်းပြချက်အမျိုးမျီုးဖြင့် ငြင်းပယ်လေ့ ရှိကြသည်။
တချို့မှာ ဟဒိးဆ်ကိုစိတ်ကြိုက်ရွေးချယ်လက်ခံရင်းမှ တဆင့်တက်ခါ လုံးဝလက်မခံသည့်အဆင့်သို့ ဆိုက်ရောက်သွားကြသည်။
၃။ ဖိကဟ်ကျမ်းများကို ခေတ်နှင့်မကိုက်ညိတော့ဟုဆိုပြိး ပယ်ကျသည်။ဖိကဟ် ထဲမှပြဋ္ဌာန်းချက်များသည် ကုရ်အာန်နှင့်ဟဒိးဆ်တွင် ဖော်ပြထားခြင်းမရှိသော
ကန့်သတ်ချုပ်ချယ်မှု့များ ဖြစ်သည်ဟုသဘောထားကြသည်။အမှန်စင်စစ် ဖိကဟ်ကျမ်းများသည် ကုရ်အာန်နှင့်ဟဒိးဆ်ကို လက်တွေ့လိုက်နာကျင့်သုံးရာတွင်
လွယ်ကူအောင် ပြုလုပ်ပေးထားသောကျမ်းဖြစ်သည်။
၎။ ဤအုပ်စုသည် စွန္နသ်တော်ကို လိုက်နာခြင်းသည်နှစ်ဘ၀အောင်မြင်မှု့၏သော့ချက်ဖြစ်သည်ကို၎င်း မုစ္စလင်မ်တဥိးသည် စွန္နသ်တော်ကိုဖ၀ါးခြေထပ်လိုက်နာကျင့်သုံးရန်
တာဝန်ရှိနေသည်ကို၎င်း အသိအမှတ်မပြုပါ။ဆွဟာဗာဟများသည် စွန္နသ်တော်ကိုလိုက်နာရေးအတွက် စံနမူနာဖြစ်သည်ကို ကိုလည်းအသိအမှတ်မပြုပါ။
အချုပ်ဆ်ုရလျှင် ဤအုပ်စုသည် အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ကိုပင် နှစ်နှစ်ကာကာ လက်ခံခြင်းမရှိပါ။
၅။ ဤအုပ်စုသည် သာသနာ့ပညာရှင်များ၏ ဥိးဆောင်မှု့ကဏ္ဍကိုလက်မခံပါ။၎င်းအပြင် အာလင်မ်များအား မော်လ၀ီဆဗ်တွေက ဘာသာရေးလူတန်းစားထူထောင်နေတယ်
ဟူ၍၄င်း သာသနာပိုင်ဝါဒကျင့်သုံးနေတယ်ဟူ၍၄င်း စွပ်စွဲနေပါသည်။
အထက်ပါ သဘောထားခံယူချက်များအာလုံးသည် သာမာန်အမှားအယွင်းများမဟုတ်ပါ။အစ္စလာမ်ကို အခြေအမြစ်မှ ကပြောင်းကပြန် လုပ်ရန်ရည်ရွယ်ချက်ဖြင့်
ဤအယူဝါဒများကို ဖော်ထုပ်ထားခြင်းဖြစ်ကြောင်း သိသာလှပါသည်။ဤအယူအဆများသည် ရန်ကုန်မြို့နယ်နမိတ်ကိုကျော်ဖြတ်ခါ
မန္တလေး၊ ပြည်၊ ပဲခူး၊ ပုသိမ်၊ မြို့များမှာပင် ခြေကုပ်ယူစပြုနေပြိဖြစ်သည်။
ခေတ်ဝါဒိအုပ်စုများ၌ အထက်ကဖော်ပြခဲ့သော်ခံယူချက်(၅) ခုကို တပြိုင်တည်းတွေ့ချင်မှတွေ့ရမည်။ အချို့အချက်များကိုပေါ်ပေါ်လွင်လွင်တွေ့ချင်မှတွေ့ရမည်။
ယေဘူယျတွေ့ရှိချက်တွေကို အခုတင်ပြနေခြင်းဖြစ်တယ်။အခြားအချက်များတွင်ကွဲလွဲမှု့ ရှိသော်လည်း
အုပ်စုအသိးသိး၌ တသက်မှတ်ထဲတွေ့ရသည်မှာ မဇ်ဟဗ်ကို(မဇ်ဟဗ်တခုခုကို စွဲစွဲမြဲမြဲ လိုက်နာခြင်း)
ကိုတော့ငြင်းပယ်ကြခြင်ဖြစ်သည်။မဇ်ဟဗ်ကိုငြင်းပယ်ရာတွင် ပုံစံနှင့်လေသံမျှသာကွာသည်။
မြန်မာနိုင်ငံတွင် မဇ်ဟဗ်လက်ခံထားသူက အများစုဖြစ်နေသဖြင့် မဇ်ဟဗ်လိုက်နာခြင်းကို ရှိရ်က် ဟုပွင့်ပွင့်လင်းလင်း
ပြောဆိုဝင့်သူ အနည်းငယ်သာရှိသည်။အချို့က မဇ်ဟဗ်များကို ဗိဒ်အသ်ဖြစ်သည်ဟုဆိုသည်။
မဇ်ဟဗ်ရှင်လေးပါးတွင် ကျောင်းထောင်ခဲ့သူမရှိသော်လည်း အချို့ကမူ ကျောင်းတော်ဝါဒဟုပြောဖို့ ခံတွင်းတွေ့ကြသည်။
လူတော်တော်မျာမျာက မဇ်ဟဗ်များကို ဂိုဏ်းဂဏ ဟုခေါ်လိုက်ကြသည်။ထိုသို့ မဇ်ဟဗ်များကို အမျိုးမျိုးခံယူ
ပြောဆိုနေကြသော်လည်း မဇ်ဟဗ်လက်ခံထားသူများနှင့် တွေ့သောအခါတွင်မူ အားလုံးက..........
“မဇိဟဗ်လေးခုထဲကတခုခုကို ကွပ်၍ တက္ကလိဒ်လုပ်ထားရမည်ဟု ဆိုမထားပါ။ ထိုကြောင့် မဇ်ဟဗ်လေးခုထဲက
ကောင်းနိုးရာရာများကို ရွေးချယ်ကျင့်သုံးခွင့်ရှိရမည်။”ဆိုသောစကားက စည်းရုံးရေးအရ ပိုပြိးနားဝင်နိုင်သောကြောင့်ဖြစ်သည်။
ဤနေရာတွင်ခေတ်ဝါဒိများ၏ စည်းရုံးရေးနည်းပရိယာယ်များကို အနည်းငယ်တင်ပြလိုပါသည်။
ခေတ်ဝါဒိတို့သည် ခေတ်သစ်ဝါဒဖြန့်ချိရေး နည်းများကိုအသုံးပြု၍ မိမိတို့၏အယူအစများကို ဖြန့်ချိလျှက်ရှိသည်။
မြို့တမြို့ကို စည်းရုံးတော့မည်ဆိုလျှင် မြို့မျက်နှာဖုံးပုဂ္ဂိုလ်များ အရာရောက်သူများ ဘွဲ့ရခေတ်ပညာတက်များနှင့်
ဘာသာရေါ်လေ့လာလိုက်စားကာစ လူငယ်များ ကိုအဓိကပစ်မှတ်ထားပြိးတော့ စည်းရုံးသိမ်းသွင်းလေ့ရှိတယ်။
စည်းရုံးရာမှာလည်း လူထုပရိသတ်ရှေ့မှာ သမရိုးကျဟောပြောပို့ချသည့်အပြင်
၁။ ဆန်းသစ်ဆွဲဆောင်မှု့ရှိသော အရေးအသား အပြင်အဆင်များဖြင့် စာအုပ်စာပေများ ထုတ်ဝေဖြန့်ချိခြင်း။
၂။ ဟောပြောချက်တိတ်ခွေများ မိမိတို့အယူအစကို အထောက်အကူပြုမည့် ဗီဒီယိုခွေများ စည်းရုံးရေးမှုးများ
ခန့်ထား၍ ဖြန့်ချီခြင်း။
၃။ လူမှု့ကူညိဆောင်ရွတ်မှု့နည်းလမ်းများကို သုံးခြင်း လူမှု့ရေးတွင်အားနာလောက်အောင်ကောင်းပြတက်ပြိး
ပုဂ္ဂိုလ်ခင်တရားမင်ချင်သည့် လူ့သဘာဝအားနည်းချက်ကို အသုံးချတက်ခြင်း။
၎။ ခေါင်းစဉ်အမျိုးမျိုးဖြင့် ရက်တို ရက်ရှည် သင်တန်းများဖွင့်လှစ်ခြင်း။
၎င်းသင်တန်းများတွင်လည်း အာလင်မ် သာသနာ့ပညာရှင်များ ပါဝင်ချင်းမရှိခြင်း။
စသည့်နည်းလမ်းများကို အသုံးချ၍ စည်းရုံးသိမ်းသွင်းကြသည်။
ကိုယ်တော်မြတ်(ဆွ) ကလည်း
“လူတို့သည် ပညာမဲ့ ဂျာဟိလ်များကို ခေါင်းဆောင်အဖြစ်တင်မြှောက်ကြပြိး သူတို့ထံမှ မဆ်အလာဟ် များမေးကြမည်။
ထိုသူတို့က အိလ်လင်မ်မရှိပါပဲ ဖသ်ဝါ ပေးကြမည်။ ထိုတွင် သူတို့ကိုယ်တိုင်လည်း လမ်းမှားကြပြိး
အခြားသူများကိုလည်း လမ်းမှားစေကြမည်။” ဟုကြိုတင် သတိပေးတော်မူခဲ့သည်။
သာသနာ့ပညာကို စနစ်တကျသင်ယူထားခြင်းမရှိပဲ သာသနာ့ပညာနှင့်သက်ဆိုင်ရာ ကိစ္စများကို
ဝင်ရောက်စွက်ဖက်ပြောဆိုခြင်းသည် ဇိနာပြုခြင်း နှင့်ခိုးမှု့ကျူးလွန်ခြင်းထက် ပို၍ဆိုးရွားသောအပြုအမူဖြစ်သည်ဟု
အိမန်ဂဇာလီ(ရဟေ့) ကသတိပေးထားသည်။
ထိုသို့ဝင်ရောက်ပြောဆို ဆွေးနွေးမိသည့် အတွက် မိမိကိုယ်တိုင်ပင် မသိလိုက်ပဲ
ကုဖ်ရ်အဖြစ်ဆိုက်ရောက်ရတက်သည်။ ဥပမာ။ ။ရေမကူးတက်သူ ပင်လယ်ထဲခုန်ဆင်းသကဲ့သို့ ဖြစ်သည်။
(အဲ့ဟ်ယာအုလ်လူမ်၊အတွဲ-၃ ၊စာ-၃၅)
အင်ရှာအလ္လာနောက်နေ့များတွင် အခွင့်အခါသင့်သလို ဆက်လက်ဖော်ပြပါမည်။