HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeသကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ I_icon_mini_portalLatest imagesSearchRegisterLog in

 

 သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ

Go down 
2 posters
AuthorMessage
soliman

soliman


Posts : 8
Join date : 2010-04-04
Age : 38

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: သက္ကလီးဒ်ဒေရှခ်ဆွီအကျဉ်းချုပ် တတိယပိုင်း   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 10:21 pm

တင်ပြလိုသည့်ရည်ရွယ်ချက်မှာ ဆွဟာဗဟ်များ၏ခေတ်ခါသမယတွင် သက္ကလီးဒေ့မို့သွလက္ကနှင့် သက္ကလီးဒေ့ရှခ်ဆွီ နှစ်မျိုးစလုံး၏ ဥပမာများ များစွာရှိခဲ့သည်၊ ထိုနှစ်မျိုးစလုံး လုပ်ပိုင်လေသည်၊
ကုရူးနေ့အူလာ ပထမ သောင်ရ်တွင် ပုံစံနှစ်ခုလုံးအပေါ်၌ကျင့်ကြံကြသည် သို့ပေမဲ့လည်း နောက်ပိုင်းပညာရှင်များအနေနှင့် အသင့်တော်ဆုံး အဖြစ်သင့်ဆုံး ပုံစံအရ သက္ကလီးဒေ့မို့သွလက္က အစား သက္ကလီးဒေ့ရှခ်ဆွီ ပြုလုပ်ကြသည်၊
အိုလမာပညာရှင်များ၏ သက္ကလီးဒေ့ရှခ်ဆွီ လုပ်ရမည်ဆိုသည့် အဆိုတွင် မည်သည့်ဟစ်က်မသ်ခေါ်ဥာဏ်အမျှော်အမြင်ရှိသည်ကိုမတင်ပြမည်အလျှင် သိထားသင့်သည်မှာ ကျမ်းတော်မြတ်ကုရ်အာန်တွင် မိမိ၏စိတ်အလိုရမက်အတိုင်း လိုက်နာကျင့်သုံးသောသူများ၏ လမ်းမှားမှု့များ ပြီးနောက် ၎င်းတို့အားပြစ်ဒဏ်ခတ်မည့်အကြောင်းများ စသည်ဖြင့် အတိအလင်း ပါရှိပါသည် သို့ပါ၍ မိမိ၏စိတ်အလိုအတိုင်း လုပ်ဆောင်ခြင်းသည် အင်မတန်မှ မကောင်းသောအတွင်းရောဂါတစ်ခုဖြစ်ပါသည်
၎င်းသူများအနေနှင့်ကတော့ စိတ်ဆန္ဒအတိုင်း ဟရာမ်ကို ဟရာမ်မှန်းသိ၍ အပြစ်ကျုးလွန်ကြမယ် ဒီထက်ပိုဆိုးရွားသည့်အခြေနေကတော့ လူတစ်ယောက်ဟာ ဟရာမ်ကိုဟရာမ်မှန်းလက်မခံပဲအပြစ်ကျုးလွန်သည် ပြီးနောက်မိမိ၏ လုပ်ရပ်အပေါ်တွင်နောင်တရခြင်းမရှိပဲအမှန်ဟု ယူဆနေကြသည်
ဖွေကဟ်ပညာရှင်များအနေနှင့်ယင်းသို့သုံးသပ်ကြသည် ကုရူးနေ့အူလာတွင် ရှိသောသူများသည် ဘာသာတရားကိုင်းရှိုင်းကြပြီး ဖြောင့်မတ်မှန်ကန်သောသူများဖြစ်ကြသည် သို့ဖြစ်ပါ၍ သက္ကလီးဒေ့မိုသွလက္ကပြုလုပ်ရာတွင် အေသ့်သေဗာအေဟဝါ ခေါ် မိမိ၏စိတ်ဆန္ဒအတိုင်းလိုက်နာကျင့်ကြံမှု့ပြုမည်ကို မည်သည့်စိုးရိမ်ပူပန်စရာမျှမရှိပါ သို့သော်လည်း နောက်ပိုင်းခေတ်ကာလရှိ လူတို့တွင် ဘာသာတရာကိုင်းရှိုင်း
မှု့ ဖြောင့်မတ်တည်ကြည်မှု့ ယုတ်ရောသွားကြသည်၊ ဆိုကြပါတော့ အရင်ခေတ်နှင့်နှိုင်းယှဉ်လျှင်မရှိသလောက်ဖြစ်သွားချေပြီ ဤအတွက်ကြောင့်အကယ်၍များ သက္ကလီးဒေ့မိုသွလက္က၏တံခါးကိုလုံးဝ ဖွင့်ပေးထားပါက မိမိစိတ်ဆန္ဒနှင့်အညီ အဘယ်အေမာမ်၏ အဆိုအမိန့်တွင်လွယ်ကူမှုရှိ၍ ထိုအေမာမ်၏ အဆိုကို ရွေးချယ်လုပ်ဆောင်မည်ဖြစ်သည် ထိုကဲ့သို့ အချို့မဆ်အလဟ်တွေမှာ အချို့အေမာမ်၏ အဆိုအတိုင်းကျင့်သုံးပြီး အချို့မဆ်အလဟ်တွေမှာ အချို့အေမာမ်များ၏ အဆိုကိုလိုက်နာကျင့်သုံးပြီ အမလ်ပြုမည်ဆိုက သာသနာသည် ကစားစရာတစ်ခုဖြစ်သွားမည်
အချုပ်တင်ပြရမည်ဆိုလျှင် သက္ကလီးဒေ့မိုသွလက္က၏ ခွင့်ပြုချက်ပေးလိုက်ပါက မိမိစိတ်ဆန္ဒအတိုင်း လိုက်နာကျင့်သုံးမှု့မျိုးဖြစ်သွားမည်ကို အလွန်အင်မတန်မှ စိုးရိမ်ပူပန်ရပါသည် ဤအတွက်ကြောင့် ပညာရှင်ကြီးများက ဟဂ်ျရီ {4}ရာစု၏နောက်ပိုင်းတွင် သက္ကလီးဒေ့ရှခ်ဆွီ လုပ်ရမည်ဟု ဆုံးဖြတ်ချက်ချမှတ်လိုက်သည်၊၊
Back to top Go down
soliman

soliman


Posts : 8
Join date : 2010-04-04
Age : 38

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: သက္ကလီးဒ်ဒေရှခ်ဆွီအကျဉ်းချုပ် ဒုတိယပိုင်း   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 10:19 pm

သက္ကလီးဒ်အကျဉ်းချုပ် ၏ ကျန်ရှိနေသော သက္ကလီးဒေ့ရှခ်ဆွီ ကိုဆက်လက်တင်ပြသွားပါမည်၊၊
သက္ကလီးဒေ့ရှခ်ဆွီနှင့်ပတ်သက်၍လည်း ဆွဟာဗဟ်(ရသွေ)၏ ခေတ်သမယတွင် ပမာများရှိခဲ့ပါသည်၊
ဆွဟီးဟ်ဗိုခါရီကျမ်းမြတ်၏့ ကေသာဗွလ်ဖရာအစ်သွ် အခန်းတွင် ဟဇွရသ်ဟိုဇိုင်းလ် ၏ ရေဝါယသ်တစ်ခါလာရှိပါသည် ဟဇွရသ်အဘူမူစာအရှ်အရီ(ရသွေ့) သခင်အား အချို့သော ပုဂ္ဂိုလ်များက မဆ်အလဟ်တစ်ပုဒ်မေးမြန်းကြသည် ထိုအခါ ၎င်းမဆ်အလဟ်နှင့်ပတ်သတ်၍ ဟဇွရသ်အဘူမူစာအရှ်အရီ(ရသွေ့)က အဖြေပေးလိုက်လေသည် ပြီးနောက် ၎င်းမဆ်အလဟ်နှင့်ပတ်သက်၍ ဟဇွရသ် အဗ်သွလ္လာဟ်အဗ်နေ့မစ်အူးဒ်ကိုလည်း မေးမြန်းပါဦးဟုပြောလိုက်သေးသည်
၎င်းနောက် ဆွဟာဗဟ်များသည် ဟဇွရသ်အဗ်သွလ္လာဟ်အဗ်နေ့မစ်အူးဒ်ထံသို့သွားကြသည် ဟဇွရသ်အဘူမူစာအရှ်အရီ၏ အဆ်အလဟ်ဖြေကြားမှု့ကိုလည်းပြောပြကြသည်
ထိုအခါ အဗ်သွလ္လာဟ်အဗ်နေ့မစ်အူးဒ်(ရသွေ့)က ဟဇွရသ်အဘူမူစာအရှ်အရီ(ရသွေ့)၏ ရိုင်ယ်နှင့် မတူပဲ ဖသ်ဝါပေးလိုက်လေသည် ၎င်းအဖြေကိုကြား၍ မေးမြန်းသောပုဂ္ဂိုလ်များသည် တဖန် ဟဇွရသ်အဘူမူစာအရှ်အရီထံသို့ သွားကြ၍ အဖြေနှစ်ခုမတူကြောင်းကိုပြောပြကြသည် ထိုအချိန်ဝယ် ဟဇွ ရသ်အဘူမူစာအရှ်အရီအမိန့်ရှိသည်မှာ အသင်တို့သည် ဤအေလင်မ်ပညာတွင် တဖတ်ကမ်းခတ်တတ်ကျွမ်းသော အေဗ်နေ့မစ်အူးဒ်ရှိနေသ၍ ကျွန်ုပ်အား မမြေမြန်းပါနှင့်ဟု ဖြေကြားလိုက်လေသည်၊၊
ဒီနေရာတွင် ဟဇွရသ်အဘူမူစာအရှ်အရီက ၎င်းမေးမြန်းသူတို့အား မဆ်အလဟ်တိုင်း၌ ဟဇွရသ်အဗ်သွလ္လာဟ်အဗ်နေ့မစ်အူးဒ်အား မေးမြန်းပါဟု အကြံပေးလိုက်သည်
မှတ်ချက်….. ဤကဲ့သို့ တစ်ဦးတစ်ယောက်၏ အဆိုအမိန့်အတိုင်း မေးမြန်းစီးပူး၍ ကျင့်သုံးခြင်းကို သက္ကလီးဒေ့ရှခ်ဆွီဟု ခေါ်ဆိုပါသည်၊၊
Back to top Go down
soliman

soliman


Posts : 8
Join date : 2010-04-04
Age : 38

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: သက္ကလီးဒ်ဒေရှခ်ဆွီအကျဉ်းချုပ် ပထမပိုင်း   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 10:18 pm

အတ်စလာမို့အလိုင်းကွမ်း

အစဉ်ထာဝရ ကြည်ညိုလေးစားအပ်ပါသော အာလင်မ်သာသနာ့ပညာရှင်များနှင့် ချစ်ခင်လေးစားအပ်ပါသော သာသနာ့သောကရှင် ညီနောင်/မ အပေါင်းတို့ခင်ဗျာ….
သက်လီးသ်၏ အစကနဦးမှာ ဆွဟာဗာဟ်(ရသွ)များ၏ခေတ်ကာလမှစ၍ရှိခဲ့လေသည်၊၊
ဆွဟာဗဟ်များ၏ခေတ်ကာလတွင် အေဂ်ျသေဟာဒ် လုပ်ခဲ့သည့်ပမာများ ရှိခဲ့သလို ထို အေဂ်ျသေဟာဒ်လုပ်သော ဆွဟာဗဟ်များ၏ သက်လီးသ်လုပ်ခြင်း၏ သာရကများလည်း ရှိခဲ့ပါသည်၊
သက်လီးဒေ့ရှခ်ဆွီ နှင့် သက်လီးဒေ့ဂိုင်းရှခ်ဆွီ(ဝါ) သက်လီးဒေ့မုသွလက္က် နှစ်မျိုးစလုံး ရှိခဲ့ပါသည်၊
ထိုအနက်မှအချို့သော သာရကများကိုအများသိစေရန် အလို့ငှာ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်
သက်လီးဒေ့ဂိုင်းရ်ရှခ်ဆွီ ဆိုသည်မှာဖေကဟ်ပညာရှင် တစ်ပါးပါး၏ အဆိုအမိန့်အတိုင်း တစ်သတ်မှတ်တည်း မလိုက်ပဲ ဖေကဟ်ပညာရှင်များစွာ၏ အဆိုအမိန့်အတိုင်းလိုက်နာကျင့်သုံးခြင်းကို ခေါ်ဆိုပါသည်၊၊
အချို့ဆွဟာဗဟ်(ရသွေ)များသည် ကုရ်အာန် နှင့် ဟဒီးဆ်တော်များမှ မတ်ဆအလဟ်များကို တိုက်ရိုက် မထုပ်နှုတ်နိုင်ပါ ထိုကဲ့သို့သောဆွဟာဗဟ်(ရသွေ့)များသည် အခြားဆွဟာဗဟ်ဖေကဟ်ရှင်များထံမှ မေးမြန်းဆီးပူး၍အမလ်လုပ်ကြသည် ထိုဆွဟာဗဟ်(ရသွေ)များမေးမြန်းသည့်အခါ ဖေကဟ်ပညာရှင်ဆွဟာဗဟ်များက ပုံစံနှစ်မျိုးဖြင့် အဖြေပေးကြသည် တစ်ခါတစ်ခါမှာ အထောက်ထားနှင့်တကွရှင်းပြ၍ အဖြေပေးလေ့ရှိကြသည် ရံဖန်ရံခါမှာ အထောက်ထားမတင်ပြပဲ မတ်စအလဟ်ကို ပြောပြသင်ပေးကြသည် ဆွဟာဗဟ်များ၏ ခေတ်ခါသမယတွင် သက်လီးဒေ့ရှခ်ဆွီကို အရေးကြီးသည်ဟု မယူဆကြပေ သို့ပေမဲ့လည်း ၎င်းဆွဟာဗဟ်များ၏ ခေတ်ခါသမယတွင် သက်လီးသ်နှစ်မျိုးလုံး ပြုခဲ့ကြသည်၊
သက်လီးဒေ့မိုသွလက္က်၏ ဥပမာများ များစွာရှိခဲ့သည် အဘယ်ကြောင့်ဆိုသော် ဖွေကဟ်ပညာရှင်ဆွဟာဗဟ်များသည် မိမိတို့၏ သင်ပေးသင်ယူပြုရာနေရာများတွင် ဖွသဝါပေးကြလေသည် ထိုဖွသဝါအတိုင်း အချို့ဆွဟာဗဟ်များက သက်လီးဒ်လုပ်ကြသည်၊၊ ဆွဟာဗဟ်၏သောင်ရ်တွင် ဖွသဝါပေးခဲ့ကြသော ဆွဟာဗဟ်များ၏ အရေအတွက်သည် အမျိုးသား/သ္မီးအပေါင်း {130} ကျော်မျှရှိကြသည်
၎င်းအရည်အတွက်ကို အလ္လာဟ်မဟ်အေဗ်နေ့ကိုင်ယင်မ်ဆိုသူသည် မိမိပြုစုခဲ့သော အေအ်လာမို့လ်မို့ဝဖ်ဖေအီးန် နာမည်ကျမ်းစာအုပ်တွင်ရေးသားဖော်ပြခဲ့သည်
၎င်းပညာရှင်ဖွေကဟ်ပညာရှင်ဆွဟာဗဟ်များ၏ ဖွသဝါအားလုံးကို သက်လီးဒေ့မိုသွလက္က်ဟုခေါ်ဆိုပေသည် ဆွဟာဗဟ်(ရသွေ)သခင်များသည် ထိုသူတို့၏ ဖွသဝါအဆိုအမိန်တွင်သာမက ၎င်းဖွေကာပညာရှင်ဆွဟာဗာဟ်များ၏ လုပ်ရပ်များကိုပါ စံထားပြီး အမလ်ပြုကျင့်ကြသည်၊၊
မိုသွအ်အေ့အေမာမ်မာလစ်က်(ရဟေ့) ကျမ်းစာတွင် ရေဝါယသ်တစ်ခုလာရှိပါသည် တစ်နေ့ ဟဇရသ်အိုမရ်(ရသွေ)သခင်သည် ဟဇရသ်သွလ်ဟာ(ရသွေ)သခင်အား အေဟ်ရာမ်ဝတ်ဆင်ထားချိန်တွင် အရောင်အစင်းများပါသော အေဟ်ရာမ်ဝတ်ဆင်ထားသည်ကို တွေရှိသောအခါ ဟဇရသ်အိုမရ် သခင်က စော်ရကတက်မေးမြန်လေသည် အဘယ့်ကြောင့် အရောင်အစင်းပါရှိသော အေဟ်ရာမ်ကို ဝတ်ဆင်ရသနည်းဟု မေးမြန်လေသည် ထိုအခါ ဟဇရသ်အဘူသွလ်ဟာကလျှောက်ထားသည်မှာ အရောင်အစင်းတော့ ပါရှိပါသည် ဒါပင်မဲ့ အမွှေးရနံ့မပါရှိပါဟု လျှောက်ထားသည်၊ ထိုအခါ ဟဇွရသ်အိုမရ်က အမိန့်ရှိသည်မှာ အသင်တို့တစ်တွေသည် အခြားသူများ၏ခေါင်းဆောင်များဖြစ်ကြသည် အကယ်၍ အသိပညာနည်းပါးသောသူတစ်ဦးတစ်ယောက်မြင်တွေ့ပါက မုချပြောဆိုပေလိမ့်မည် ဟဇွရသ်သွလ်ဟာသည် အဟ်ရာမ်ဝတ်ဆင်ထားချိန်တွင် အရောင်ဆိုးထားသော အဝတ်ထည်များ ဝတ်ဆင်ထားသည်ဟု၊
သို့ဖြစ်၍ အသင်တို့သည် အရောင်ဆိုးထားသော အဝတ်အထည်များကို အဟ်ရာမ်ဝတ်ဆင်ရာတွင် မဝတ်ကြလေနှင့်၊၊
Back to top Go down
soliman

soliman


Posts : 8
Join date : 2010-04-04
Age : 38

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: ဂိုင်ရ်မိုကလ္လီးဒ်များ၏ လွဲမှားနေသော ထင်မြင်ယူဆချက်အပေါ် အဖြေပေးတုံ့ပြန်မှု   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 10:14 pm

အဟ်လေစွန္နသ်ဝလ်ဂျမာအသ်များလျှောက်လှမ်းနေသော သက္ကလီးသ်ဆိုသည်မှာ ဂိုင်းရ်မိုကလ္လီးဒ်များထင်မြင်ယူဆနေသော (ရှရ်က်)ဖြစ်စေတဲ့ သက္ကလီးဒ်မျိုးမဟုတ်ပါ ဒင်း တို့၏ထင်မြင်ယူဆချက်မှာအဟ်လေစွန္နသ်ဝလ်ဂျမာအသ်တို့သည်
အလ္လာဟ်နှင့် အလ္လာဟ်ရစူလ်၏ အမိန့်တော်များကို မျက်နှာလွဲဂရုမမူတော့ပဲ အေမာမ်ကြီးများ၏့ အဆိုအမိန်တစ်ခုကိုပဲရှေ့တန်းတင်ပြီး လျှောက်လှမ်းနေကြသူများဟုထင်မြင်ယူစနေလေသည်၊
အဟ်လေစွန္နသ်ဝလ်ဂျမာအသ်၏ သက္ကလီးဒ်လုပ်နေသည့်အမှန်စင်စစ်လမ်းစင်ကိုမတင်ပြခင်အလျှင်မှာ သက္ကလီသ်လုပ်ရခြင်း၏ အကြောင်းကိုတင်ပြလိုပါတယ်.....
သက္ကလီးဒ်အဘယ်ကြောင့်လုပ်ရသနည်း???
အစ္စလာမ်ဘာသာဝင်သူတော်စင်အပေါ်င်းတို့ခင်ဗျာ ကျမ်းတော်မြတ်ကုရ်အာန်မှာလာရှိသောအချို့ အာယာသ်တော်များ၏ အမိန့်ပညတ်ချက်မှာ အသိပညာနည်းပါးသူများပါ လွယ်လင့်တကူသိရှိရပါသည် ဥပမာ၊ (ဝလာသက်ရဗွရ်ဇေနာ) {အလ်အာယသ်}အဓိပ္ပာယ်မှာ အသင်တို့ကာမေသုမိစ္ဆာစရကံကျုးလွန်းခြင်းအနားသို့မကတ်ကြလေနှင့် တဲ့
အထက်ပါအာယာသ်တော်လေးကို ကြည့်ရုံ၊ကြားရုံ နှင့် ဇေနာ ဟရာမ် ဖြစ်ကြောင်းကိုပွင့်ပွင့်လင်းလင်းသိရှိရပါသည်၊၊
အချို့အာယာသ်တော်များ၏အမိန့်ပညတ်ချက်မှာ အသိဥာဏ်ပညာနည်းပါးသောသူတို့အတွက် လွယ်လင့်တကူ မသိရှိနိုင်ပါ ဥပမာ၊ (ဝလ်မိုသွလ္လကားသို့ ရသရတ်ဗဆ်ွန ဗေအန်ဖို့စေဟင်းန်န ဆလာဆသ ကိုရုးအင်န့်) {အလ်အာယသ်} အဓိပ္ပာယ်မှာ ၄င်းနောက်သွလားက်ပေးခြင်းခံရသောသူမတို့သည် မိမိကိုယ့်မိမိ သုံးဟိုက်သွ် (သို့)သုံးသိုဟွရ်ထိစောင့်ဆိုင်းကြရမည်၊၊ အထက်ပါအာယာသ်တော်မှာပါရှိသောကိုရုးအ်ဆိုသောစာလုံး၏အဓိပ္ပာယ်မှာနှစ်မျိုးရရှိပါသည်
၎င်းကောင်းအဓိပ္ပာယ်နှစ်မျိုးအနက်မှ တစ်မျိုးကို အတည်ပြုပြီး လိုက်နာကျင့်သုံးဖို့ဆိုတာ အေ့ဂ်ျသေဟားဒ် ၏ အရည်အချင်းမရှိ့သော သူတွေအဖို့ လုံးဝလုံးဝ မဖြစ်နိုင်ပါ ထို့အတွက်ကြောင့် အေလင်မ်နှင့်သက္ကဝါတရားမြင့်မားပြီး ကုရ်အာန်ကျမ်းတော်မြတ် နှင့် အဟာဒီးဆ်တော်များကိုကျက်မှတ်ပြီး ထိန်းသိမ်းထားနိုင်သော၊ဦးနှောက်မှတ်ဥာဏ် အားကောင်းသော ပြီးနောက် ကိုတော်မြတ်(ဆွ)၏ခေတ်နှင့်အနီးစပ်ဆုံးမှာရှိသော စလ်ဖ်ဆွာလေဟီးန်ခေါ်အေမာမ်ဆပ်ကြီးများရဲ့ အဆိုတွေရဲ့အပေါ်မှာ လိုက်နာကျင့်သုံးရမှာဧကံမလွဲပါပဲ
၎င်းစလ်ဖ်ဆွာလေဟီးန်းခေါ်အေမာမ်ဆဗ်ကြီးများသည် အခြားသော အယာသ်တော်တွေနှင့် အဟာဒီးဆ်များကိုထောက်ရှု့ပြီး ထိုအာယာသ်တော်တွင်ပါရှိသော ကိုရုးအ် ဆိုသောစာလုံး၏ အဓိပ္ပာယ်နှစ်ခုအနက်မှ တစ်ခုကို အတည်ပြုအသာပေးပြီး ကျင့်သုံးခဲ့ကြလေသည်၊ ၄င်းအေမာမ်ဆဗ်ကြီးများ၏ အေ့ဂ်ျသေဟားဒ်လုပ်ဆောင်ပေးခဲ့သည့်အတွက် အိုလာမာအေမို့သအတ်ခေရီးန် များနှင့်မွတ်စလင်လူတုကြီးအတွက် အခက်ခဲများမရှိ လွယ်လင့်တကူ သာသနာ၏အမိန့်ပညတ်ချက်များအပေါ်လျှောက်လှမ်းနိုင်နေကြပါသည်၊၊
ဖိုရိန်၏ရှည်လျှားပြီး ပြောဆိုချင်သည့် ရည်ရွယ်ချက်လေးနောက်နှေးမှာကို စိုးရိမ်ပါသဖြင့် အထက်ပါ ကုရ်အာန်ကျမ်းလာ အာယသ်တော် တစ်ခုနှစ်ခုကိုသာလျှင် ပဏာမအနေနှင့် တင်ဆက်လိုက်ပါတယ်......မှတ်ချက်၊၊ ၊၊အာလင်မ်သာသနာ့ပညာရှင်ကြီးများ၏အဆိုအရ အေ့ဂ်ျသေဟာဒ်၏တံခါးသည် သာဗေအီးန်(ရဟေ့)ပညာရှင်များ၏နောက်မှစ၍ပိတ်ဆို့သွားကြောင်းသိရှိရပါသည်၊၊ဆိုလိုသည်မှာ အေမာမ်ကြီးလေးပါးကဲ့သို့ မဇ်ဟဗ်တစ်ခုအဖြစ် တည်ထောင်နိုင်သော အရည်အချင်းမျိုး ရှိသော အဂ်ျသေဟားသ် ကိုဆိုလိုပေသည်၊၊မွသ်လတ်က် အေဂ်ျသေဟားဒ်၏တံခါးကတော့ ယနေ့ထိတိုင်ပိတ်ဆို့ခြင်းမရှိပါ၊၊အရည်အချင်းပြည့်မှီသူများအတွက် လုပ်ခွင့်ရှိပါသည်၊၊
သည့်အတွက်ကြောင့် ယ္ခုမြတ်မှောက်ခေတ်၌အသိခေါက်ခက် အဝင်နက်ပြီး လူဗာလ ဒိတ္ထိ များကသာလျှင် မိမိကိုယ့်မိမိ မို့ဂ်ျသဟသ်ဟုကြေွးကြော်ပြီး၎င်းနောက် မိမိတို့၏အတွေအခေါ်ထင်မြင်ယူဆချက်များဖြင့် လိုရာဆွဲ ပြီးအေဂ်ျသေဟာဒ်ပြုလုပ်နေကြသည် ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် လုံးဝလုံးဝ မှားယွင်းပေသည် ဤကဲ့သို့လုပ်ဆောင်ခြင်းသည်လည်း လုံးဝလုံးဝ မပိုင်ပါ၊၊
Back to top Go down
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: Re: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 9:24 pm

ဂိုင်းရ်မုက္ကလီဒ်တွေဟာ (ဟနဖီကျမ်းဖြစ်တဲ့ ) ဟိဒါယဟ်ကျမ်း အတွဲ-၁ စာ ၂၉၁ မှာ (ဟဒီးစ်ထက် အီမမ်ရဲ့အဆိုကို ဦးစားပေးရမယ်ဆိုပြီး ရေးထားသယောင်) အလွဲသုံးစားလုပ်ပြီးစွပ်စွဲထားတယ် ။အမှန်မှာ ဟေဒါယဟ်ကျမ်းရဲ့မူရင်းကျမ်းအရရော် ဘာသာပြန်ကျမ်းမှာပါ ဒီလိုရေးထားတာလုံးဝမပါဘူး ။ ဟေဒါယဟ်ကျမ်းကိုထပ်ဆင့်ရှင်းပြတဲ့ ကျမ်းဖြစ်တဲ့ အိုင်နူလ်ဟေဒါယဟ်ကျမ်းရှင်က သူ့ရဲ့ဘာသာပြန်ကျမ်းမှာ သရှ်ဟူးဒ်ထိုင်ချိန်မှာ လက်ညှိုးညွန်တာ ဟဒီးစ်မှအြထောက်အထားရှိတဲ့အတွက် အီမမ်အဘူဟာနီဖွါ(ရဟ) ကလက်ညှိုးညွန်တာမွစ်သဟဗ်ဖြစ်တယ်လို့ညွန်ထားတယ် ။ အကယ်လို့ဟဒီးစ်မှာလက်ညှိုးညွန်တာပါပြီး အီမန်အဘူဟနီဖွါ(ရဟ) ကလက်ညှိုးမညွန်ရဘူးဆိုရင်တော့် အီမမ်ရဲ့အဆိုထက် ဟဒီးစ်ကိုဦးစားပေးရမယ် ဆိုတဲ့ မွလ္လာအလီကာရီ(ရဟ) ရဲ့အဆိုကိုဆင့်ပြန်ထားတာဖြစ်တယ် ။
မွလ္လာအလီကာရီ(ရဟ)ဆိုလိုတာက အီမမ်အဘူဟနီဖွါ ရဲ့အဆိုဟာ ဟဒီးစ်တော်နဲ့လုံးဝဆန့်ကျင်းခြင်းမရှိဘူးဆိုလိုတာဖြစ်တယ် ။ ဂိုရ်မုက္ကလီဒ်တွေက ဒီစာကျောင်းကို လီမ်လည်ပြီး အမြတ်ထုတ်ဖို့ကြိုးစားသာဖြစ်တယ်ဆိုတာကိုစာဖတ်သူတွေခန့်မှန်းမိပါလီမ့်မယ် ။
အမှန်တော့် အီမာမေ့မုဂ်ျသဟီဒ်တွေ အီမမ်အဘူအဘူဟနီဖွါ(ရဟ) အီမမ်မာလီက် (ရဟ) အီမမ်ရှာဖွေအီ(ရဟ) အီမမ်အဟ်မဒ်ဘငါဟမ်ဘလ် (ရဟ) တို့ဟာ ဆွဟီးဟဒီးစ်တွေနဲ့ဆန့်ကျင်ပြီး မိမိအယူအဆကိုဦးစားမပေးခဲ့ကြဘူး ဒါတင်မကဒီပိုဂ္ဂိုလ်မွန်တွေ ဖေါ်ထုတ်ထားတဲ့ မစာအီလ်တွေဟာ ကိုရ်အန်ဟဒီးစ်အထောက်အထားရှိကိုရှိတာတွေချည်းပဲဖြစ်တယ် ။
ဒါ့ကြောင့်မို့အီမမ်တစ်ပါးပါးဖေါ်ထုတ်ခဲ့တဲ့ မဆ်အာလာနဲ့ပတ်သက်လို့ ဒီမဆ်အာလာနဲ့ကိုက်ညီတဲ့ကိုရ်အန်အာယတ် ဟဒီးစ်အထောက်အထားမတွေ့တာနဲ့ ဒီမဆ်အာလာဟာ ကိုရ်အန်ဟဒီးစ်မှာ အထောက်အထားမရှိဘူးဆိုတဲ့ သဘောမျိုးမဟုတ်ဘူး ။ အထောက်အထားရှိကိုရှိတယ် ၊ဒါပေမယ့်ကျွန်တော်တို့ရဲ့ပညာနဲမှုကြောင့် ကျွန်တော်တို့မသိတာလျှင်ဖြစ်တယ် ။ တစ်ခါတစ်လေကီစ္စတစ်ခုနဲ့ပတ်သက်ပြီးကွဲလွဲစွာဖေါ်ပြထားတာတွေလည်းရှိတယ် ။ဒီလိုကွဲလွဲရခြင်းဟာဆင့်ပြန်ထျက် ၂မျိုးရှိနေလို့ပဲ ။ တစ်ဦးကဆင့်ပြန်ချက်တစ်ခုကိုကိုးကားတယ် နောက်တစ်ဦးကနောက်ဆင့်ပြန်ချက်တစ်ခုကိုကိုးကားတဲ့အတွက်ကြောင့်ပဲ ။ ၂ဦးစလုံးထံမှာခိုင်လုံတဲ့ဦးစားပေးရတဲ့အကြောင်းပြချက်တွေရှိတယ် ။ ဒီအတွက်ကြောင့်ပဲအီမမ်အဘူဟနီဖွါက ငါဟာဟဒီးစ်နဲ့ဆန့်ကျင်ပြီး ဘာစကားမှမပြောဘူး ။ သင်တို့ရှာကြည့်ပါ .ငါပြောတဲ့စကားဟာ ဟဒီးစ်နဲ့ဆန့်ကျင်နေတာကိုတွေ့ရမှာမဟုတ်ဘူး အကယ်၍ငါဖေါ်ထုတ်ထားတဲ့ မဆ်အာလာ ပညတ်ချက်နဲ့ပတ်သက်တဲ့ ဆန့်ကျင်တဲ့ဟဒီးစ်ကိုတွေ့ရင် ငါ့ရဲ့လမ်းစဉ်ဟာငါရေးထားတဲ့အတိုင်းမဟုတ်ဘူး ။ဆွဟီးဟဒီးစ်တော်အတိုင်းသာငါ့ရဲ့လမ်းစဉ်ဖြစ်တယ် ။ ဒါပေမယ့်အဲ့ဒီဆွဟီးဟဒီးစ်ဟာ (၁) မန်ဆူးခ် (ရုပ်သီမ်းပြီးသား)မဖြစ်စေရဘူး ။ (၂)ကိုရ်အန်အာယတ်တစ်ခုခု (သို့) အခြားစွဟီးဟဒီးစ်တစ်ခုနဲ့ ဆန့်ကျင်ဘက်ဖြစ်မနေရဘူး ။
ဟနဖီတွေရဲ့ခံယူချက်လမ်းစဉ်ကဒီအတိုင်းရှိတယ် .ဒီမူနဲ့ဆန့်ကျင်ပြီး ဟန္နဖီရဲ့ ခံယူချက်တစ်ခြားမရှိဘူး ။ ဒီလောက်ရှင်းနေပါလျှက် ဂိုရ်မုကလီဒ်တွေ ဟာအထက်ပါဖေါ်ပြတဲ့စာပိုက်နဲ့ ဟန္နဖီတွေကိုစွပ်စွဲပြောဆိုနေတာကအံသြစရာတစ်ခုပဲ …အီမမ်အဘူဟနီဖွက ( အေဇာစွဟ်ဟလ်ဟဒီးဆို ဖွဟိုဝဖဇ်ဟဘေ) ဆွဟီးဟဒီးစ်ဟာ ငါ့ရဲ့လမ်းစဉ်ပဲဆိုတာဒီသဘောပဲ ဆွဟီးဟဒီးစ်မှန်ရင်ငါ့ရဲ့လမ်းစဉ်ပဲလို့ကြွေးကြော်စီန်ခေါ်ထားတာက အီမမ်အဘူဟနီဖွါရဲ့ မဆ်အလဟ်တိုင်းဟာ ကိုရ်အန်ဆွဟီးဟဒီးစ်နဲ့ကွက်တိဖြစ်နေလို့ပဲ .
အလားတူပဲ အီမမ်အဘူဟနီဖွဟ်ဖေါ်ထုတ်ထားတဲ့ ပညတ်ချက်နဲ့ကိုက်ညီတဲ့ဟဒီးစ်ဟာ စနဒ်(ဆင့်ပြန်သူကွင်းစက်ရှိသူများ) အားဖြင့် ဇွအီးဖ် (သတ်မှတ်ထားတဲ့စည်းကမ်းနျင့်မညီညွတ်သူ) ဖြစ်ရင်လည်း ခင်ဗျားတို့ကျွန်တော်တိုကအတွက်ပဲဇွအီးဖ်ဖြစ်တာ ။ အီမမ်အဘူဟနီဖွါအတွက် ဇွအီးဖ်မဟုတ်ဘူး . ဘာ့ကြောင့်လည်းဆိုရင်အီမမ်အဘူဟနီဖွဟ် (ရဟ) သာဗေအီန်း (ဆွဟဗဟ်တွေကိုမြင်တွေ့ကြားနာခဲ့သူ) ဖြစ်လို့ပဲ ။ ဆင့်ပြန်သူတွေမှာ ဇွအီးဖ်ဖြစ်သူဟာ အီမမ်အဘူဟနီဖွဟ်ရဲ့နောက်ပိုင်းမှဝင်လာတဲ့အတွက်ကြေင့်ဖြစ်တယ် ။ ဒါ့ကြောင့်အီမမ်အဘူဟနီဖွဟ်အပေါ်မှအြစွန်းအထင်းမရှိဘူး ။အဲ့ဒီဇွအီးဖ် ရာဝီ ဝင်လာပြီးနောက်မှသာ ဒီဟဒီးစ်တွေကိုဆင့်ပြန်သူအပေါ်မှာပဲ အစွန်းအထင်းရှိမယ်။။။။။။။။။။။။။ကိုင်းဒီလောက်ဆိုရင် သက္ကလီးဒ်လုပ်စရာမလိုဘူးပြောသူတွေရဲ့ ဇာတိရုပ်ကိုတွေနိုင်လောက်ပါတယ်နော်…..မွစ်လင်ထုတစ်ရပ်လုံး ဆွဟဗဟ်ခေတ်ကနေ ပြီးခဲ့တဲ့ရာစုနှစ်လောက်အထိမှားနေတယ်လို့ ပြောချင်နေကြတဲ့ပုံပဲ ….ပြီးခဲ့တဲ့ရာစုနှစ်လောက်မှ ကမ္ဘာမှာလှုပ်ရှားသက်ဝင်လာတဲ့ အီမမ်တွေပေါ်သက္ကလီးဒ်လုပ်စရာမလိုဘူးကိုရ်အန်နဲ့ စွဟီးဟဒီးစ်ကို တိုက်ရိုက် ဖေါ်ဆောင်ကျင့်သုံးလို့ ရတယ်လို့ခံယူချင်သူလက်ခံဖို့ကြိုးစားသူတွေဟာ အီမမ်တွေထက်ကိုပိုနားလည်သူ အီမမ်တွေထက်မညံပါဘူးလို့ပြောဆိုဝန်ခံနေကြမှန်း ဦးနှောက်အသိညဏ်ရှိသူတွေ စဉ်းစားမိကြမှာထင်တယ်..
ကိုင်းဒီနေ့တော့်ဒီလောက်ပဲ ရေးမယ်ဗျာ……ဆက်စရာထပ်လိုတော့်လည်း ထပ်ဆက်ဖြစ်တာပေါ့်
hapmalaysia
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: Re: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 9:23 pm

တတ်ယောင်ကားများ

အစ္စလမ်သာသနာ၏ သက္ကလီးဒ် (အီမန်လေးပါအနက် တစ်ပါးပါး၏လမ်းစဉ်အား နာခံလိုက်နာခြင်း) အားစွန့်လွတ်ထားသူ (တတ်ယောင်ကား)များသည် တတ်နိင်သမျှ နည်းလမ်းပေါင်းစုံနှင့် အပြင်းအထန်ကြိုးပန်းအားထုတ်ကာ သူတို့၏အတွေးအခေါ်အယူအဆများကို အရပ်တကာလှည့်လည်ပြီးတင်ပြကြသည် ။
သူတို့ကစလ်ဖီစွာလေဟီးန် (ရှေးပညာရှင်သူတော်စဉ်များ) လက်ထက်မှယနေ့အထိ အစ္စလမ်သာသနာဝင် အွမ္မသ်ထုတစ်ရပ်လုံး မှားယွင်းသွေဖီနေသည့် ဤအမှန်တရားကို လွန်ခဲ့သည့်ရာစုနှစ်ကမှသာရှာဖွေတွေ့ရှိလာသည်ဟုယူဆကြသည် ။ သူတို့၏ညဏ်ရည်သည် စန္နီမဟုတ်သူများ စဉ်းစားတွေးခေါ်ပုံအတိုင်းဖြစ်နေသည် ။
စန္နီမဟုတ်သူများက အစ္စလမ်သာသနာတော်အပေါ် ဦးစကထဲကပင် ဆွဟာဗဟ်များအားလုံးနှင့် မွစ်လင်အွမ္မသ်ထုတစ်ရပ်လုံသည် လမ်းလွဲခဲ့ပြီးဖြစ်သည့်အပြင် အစ္စလမ်သာသနာနှင့် လမ်းကြောင်းသွေဖီ၍ ရွှေ့လျှားနေခြင်းတာဖြစ်သည်ဟု ယူဆပြောဆိုကြသည် ။ ဤသို့အရိပ်အမွက်ပြောဆိုခြင်းသည်ကပင် တမန်တော်မြတ်အား အလ္လာက အစ္စလမ်သာသနာဖြန်ချီရန်အတွက် အထူးတာဝန်ဖြင့်စေလွတ်ခြင်းကို အောင်မြင်အောင်မဆောင်ရွက်နိုင်ဟုပြောဆိုရာရောက်သည် ။
ညဏ်ရည်ထက်မြက်သော သူတို့အနေဖြင့် အစ္စလမ်သာသနာခေတ်ဦးအချိန်မှစ၍ သက္ကလီးဒ်ကို သဘောတူလက်ခံသည့်အွမ္မသ်ထုတစ်ရပ်လုံးမှာ မှားယွင်းပြီး သွေဖီနေခြင်း လုံးဝဖြစ်ဖွယ် မရှိ ဟုတိကျစွာခွဲခြားပြောဆိုနိုင်သည် ။ ထို့အပြင်ရာစုနှစ်ပေါင်းများစွာ ကြာမှသာ ရှာဖွေတွေ့ရှိခဲ့သည်မှာလည်း လုံးဝဖြစ်နိုင်ချေမရှိပါ ။ (ဆွိရာသွလ်မွစ်တကီးမ်) ဟူသော ဖြောင့်မတ်မှန်ကန်သောလမ်းကြောင်း (သို့မဟုတ်) စွန္နသ်တော်၏လမ်းကြောင်းသည် အဲဟ်လေစွန္နသ်ဝလ်ဂျမာအတ်၏ မဇ်ဟဗ်ကြီးများအား သက္ကလီးဒ်လုပ်ခြင်းအီမန်ကြီးလေးပါးအနက်တစ်ပါးပါး၏လမ်းစဉ်အား နာခံလိုက်နာခြင်း လမ်းသွယ်မှ တစ်ဆင့်ဝင်ရောက်ရာဖြစ်၏ ။ သက္ကလီးဒ်လုပ်ခြင်းမှလွဲ၍ မည်သို့သော်လမ်းအသွယ်သွယ်မှသွားသွား ဆွေရာသွလ်မွစ်တကီးမ် ဟူသောလမ်းကြောင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်၍ အရာရာသည်လမ်းလွဲမှု သွေဖီမှု ဖောက်ပြန်မှု စည်းဘောင်ကျော်သူသာဖြစ်သည့်အပြင် အမှိုက်အမှောင်အတွင်း ကျရောက်မှုသာဖြစ်ပါလီမ်မည် ။

hapmalaysia
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: Re: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 9:22 pm

မဇ်ဟဗ်ကြီးလေးရပ်

ယခုကဲ့သို့အချိန်မျိုး ခေတ်ကြီးမျိုးတွင် အီမန်ကြီးလေးပါး၏ သက္ကလီးဒ် (သို့မဟုတ်) အိမာမေမုဂ်ျသဟိဒီးန်များ အား သက္ကလီးဒ်ပြုလုပ်ခြင်းအပေါ်
မျက်ကွယ်ပြု လွဲဖယ်သူများသည်လည်း ဤကဲ့သို့သောကံကြမ္မာအတိုင်း ပင်ဖြစ်နေသည် ။ ထိုပိုဂ္ဂိုလ်များသည် လှိုင်းတံပိုးပြင်းထန်သည့် သမုဒ္ဒရာအတွင်း ပဲ့ကိုင်မရှိသောလှေပမာ မိမိတို့၏ရှုပ်ထွေးလျှက် ရှိသောယူဆချက်များတွင် မျှော်ပါလျှက်ရှိသည် ။ ထိုသူတို့အားလမ်းညွှန်မှု
ပြုသူမှု သူတို့၏ နဖ်စိတ်ရိုင်းပင်ဖြစ်လေသတည်း ။ ထိုသူတို့သည် ဆွဟာဗဟ်များနှင့် တိုက်ရိုက်နှောင်ဖွဲ့ချိတ်ဆက်ထားသည့် အီမန်မေ မွဂ်ျ
သဟေဒီးန် (အီးမန်ကြီးလေးပါးတို့အား) အမိုက်မဲဆုံးသော သဘောထားရပ်တည်ချက်များဖြင့် မတုံးမဆိုင်းပြင်းထန်စွာဝေဖန်တတ်ကြသည် ။
သူတို့သည် သာသနာရေးအသိပညာ အလွန်နဲပါးသူများအား လမ်းမှားသိုရောက်အောင် ကြိုးစားအားထုတ်ရန်အတွက် ဂျပ်စီများကဲ့သို့အရပ်
တကာလှည့်လှည်ကာစကားဖျဉ်းများဖြင့် မဇ်ဟဗ်များသည် ကိုရ်အန်ဟဒီးစ်နှင့်ကွဲလွဲနေသည်ဟု ပြောကြသည် ။ သို့သော်စဉ်းစားတွေးခေါ်တတ်သည့်
ညဏ်အနဲအကျဉ်းရှိသူများသည်ပင်လျှင် မဇ်ဟဗ်ကြီး ၄ ခုကပြထားသော အကြောင်းအရာများသည် ကျမ်းမြတ်ကိုရ်အန်နှင့် ဟဒီးစ်တော်များတွင်
စွန္နဟ်တော်များတွင် အခြေခံထားသည်ဟုနားလည် သဘောပေါက်ကြသည် ။ မဇ်ဟဗ်များ၏အမျိုးမျိုးသောရှုထောင့်မှ ရှုမြင်သုံးသတ်၍ သင်ကြားထားသည့် အကြောင်းအရာတစ်ခုခြင်းစီသည် ကျမ်းမြတ်ကိုရ်အန်နှင့် စန္နသ်အပေါ်ခိုင်မြဲစွာအခြေခံလျှက်ရှိသည် ။
hapmalaysia
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: Re: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 9:21 pm

ကမ္ဘာကျော်ဒသနပညာရှင်တို့၏နိဂုံး

ရှေးခေတ်အခါက ဒသနပညာရှင်းကြီးများ တနည်းအားဖြင့် ယုတ္တိဗေဒပညာရှင်များဟု ခေးဝေါ်သမုတ်ချင်းခံရသူများသည် နဗီတမန်တော်များအားသက္ကလီးဒ်လုပ်ခြင်းမှ ရှောင်ကျဉ်ကာ မျက်နှာလွဲခဲ့ကြသည် ။ ဤသို့မျက်နှာလွဲခဲ့ကြသည့်အချိန်မှစ၍
သာသနာ့လူမှုကျင့်ဝတ်များနှင့် လမ်းကြောင်းကွဲ ထွက်ပြီး ကိုယ်ကျင့်သီလ စာရိတ္တ ပိုင်း ချွတ်ခြုံကျကာ ပျက်စီးခြင်းမလှပျက်
စီးပြီး ကာဖီရ်ဘဝသို့သက်ဆင်းကျရောက်သွားရလေတော့်သည် ။

သူတို့၏တတ်သိတွေးခေါ်မှုမှာ အဆုံးစွန်ဆုံးသောအမှန်တရား (အလ္လဟ်) ရှိခြင်းအပေါ် ထိုးထွင်းသိမြင်သည့်အဆင့်အထိ ပေါက်
ရောက်နိုင်ဖွယ်ရှိသည့် အသိညဏ်ထူးဖြစ်သည်ဟု ကိုယ့်ကိုကိုယ်ပင်လှည့်စားလီမ်ညာခဲ့ကြသည် ။သို့သော်အဆုံးသတ်တွင်မူ သူတို့
၏စိတ်ကူးဒသနများမှာ ထင်ရာမြင်ရာ နဖ်စိတ်ရိုင်း၏ အစေအပါးကျေးကျွန်များသဖွယ်ဖြစ်သွား ခဲ့ရသည် ။ သူတို့၏စိတ်ကူးအတွေးအခေါ်
များမှာ အခြေအမြစ်မဲ့ အဆိုသဘော်တရားများဖြင့် နိဂုံးချုပ်အဆုံးသတ်ခဲ့ရကြသည် ။ အလ္လဟ်၏လမ်းညွန်သဘောတရားအပေါ်မှန်းဆ
ပြောဆိုကြသည့် သူတို့၏အတွေးအခေါ်ကို ညဏ်ရည်နီမ့်ကျသောသူများသည်ပင် ကောင်းစွာသိရှိခဲ့ကြပြီး လိုလားနှစ်သက်မှုမရှိခဲ့ကြပါ ။
နဂိုမူလထဲကပင် တမ်တော်များအားသကလီးဒ်လုပ်ရန်ခါးခါးသီးသီးငြင်းဆန်ခြင်းနှင့် မုန်းတီးစိတ်ရှိခြင်းက သူတို့ကို ရှိုင်တွန်၏ နောက်
တော်ပါးများ ဖြစ်စေခဲ့သည်
hapmalaysia
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: Re: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 9:20 pm

မုအ်မင်ဤအထိကပန်းတိုင်

ကမ္ဘာလောကသို့ရောက်ရှိလာသော မိုအ်မင်တစ်ဦး၏အထိကပန်းတိုင်ဖြစ်သည့် အလ္လဟ်အသျှင်၏ကျေနပ်နှစ်သက်မှုရရှိရေးမှာ စင်ကြယ်လှသော
သက္ကလီးဒ်ကွင်းစက်ကြီးနှင့် ဆက်နွယ်လျှက်ရှိပေသည် ။ ဤရည်ရွယ်ချက်ပန်းတိုင်ကို မိမိတို့၏ကိုယ်ပိုင်အတွေးအခေါ်များဖြင့် တူးဆွဖေါ်ယူခြင်းဖြင့်
မရနိုင် ။ သက္ကလီးဒ်လမ်းကြောင်းအတိုင်း ဟန်ချက်ညီညီလိုက်ပါမှသာလျှင် ရည်ရွယ်ချက်ပြည့်ဝမည်ဖြစ်သည် ။ ဒီးန်သာသနာတစ်ခုလုံးသည်
သက္ကလီးဒ်၏ဗဟိုချက်မတိုင်တွင် အခိုင်အမာအထိုင်ကျကာ မှန်မှန်ကြီးလည်ပတ်လျှက်ရှိသည်
hapmalaysia
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: Re: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 9:20 pm

သာသနာ့အလင်းရောင်ထွန်းပြောင်မှု ။

သက္ကလီးဒ်အား တစ်ဆင့်ခံ ထားရှိပြီးမှသာလျှင် မိုအ်မင်တို့၏နှလုံးသားအပေါ်သို့လည်းကောင်း အတွေးအခေါ်ညဏ်ပညာအပေါ်သို့လည်းကောင်း
အလ္လဟ်အသျှင့်ထံမှ အလင်းရောင် သက်ဆင်းကျရောက်နိုင်ပါသည် ။

အစ္စလမ့်သက္ကလီးဒ်သည် (ဆင်ကန်းတော်တိုးသက္ကလီးဒ်မဟုတ်) ထက်မြက်သော ဂုဏ်ရည်ဂုဏ်သွေးများနှင့်လွမ်းခြုံလျှက်ရှိသည့် သက္ကလီးဒ်
ဖြစ်သည် ။


(၁) ဆွဟာဗဟ်များသည် တမန်တော်မြတ်ကြီးအား သက္ကလီးဒ်လုပ်၍ ကျင့်သုံးလိုက်နာ ခဲ့ကြသည် ။ ဤသို့လိုက်နာကျင့်သုံးခဲ့သည့်အတွက် လည်း
ထိုပိုဂ္ဂိုလ်မွန် ကြီးများသည် အလ္လဟ်အသျှင့်ထံမှ သက်ဆင်းကျရောက်သည့် လင်းဝင်းတောက်ပါသည့်လမ်းညွှန်မှုကို ဦးစွာပထမ လက်ခံရယူခဲ့သူ
များဖြစ်ခဲ့ကြသည် ။


(၂) တစ်ဖန်သာဗေအီးန်းများသည် ဆွဟာဗဟ်များအား သက္ကလီးဒ်လုပ်၍လိုက်နာကျင့်သုံးခဲ့ကြသည် ။ ဤသို့လိုက်နာကျင့်သုံးခဲ့ကြသည့်အတွက်
စိတ်ဝိညာဉ်ပိုင်းအရလည်းကောင်း ကျမ်းဂန်များ သင်ကြားဆည်းပူး ရယူခဲ့ရာတွင်လည်းကောင်း အသိညဏ်အရည်အသွေးမြင့်မားကာ နှစ်သက်ဖွယ် ကောင်းပြီး အကျိုးများသည့် အတွေ့အကြုံများရရှိခဲ့ကြသည် ။


(၃) သဗအ်သာဗေအီးန်းများသည် သာဗေအီးန်းများအား သက္ကလီးဒ်လုပ်၍ လိုက်နာကျင့်သုံးခဲ့ကြသည် ။ ဤသို့လိုက်နာကျင့်သုံးခဲ့ကြသည့်အတွက်လည်း ထိုပိုဂ္ဂိုလ်ကြီးများအားလုံးကို အိလင်နှင့်သက္ကဝါလင်းဝင်း
တောက်ပသော် သာသနာ့ကြယ်ပွင့်ကြီးများသဖွယ် ကျွန်နုပ်တို့မြင်တွေ့ရခြင်းဖြစ်သည် ။
သက္ကလီးဒ်စွန့်လွတ်သူများသည် တမန်တော်နှင့် မိမိတိုအကြားရှိ အထိန်းအကွပ်သဖွယ် ရှိသည့်အဆက်အသွယ်
(သံကြိုးပမာရှိနေသည့် ကွင်းဆက်ကြီး )ဖြစ်သော သာဗေအီးန်း သဗသာဗေအီးန်များ နှင့် ဆွဟာဗဟ်များ၏ ဆက်သွယ်မှု
များကိုဖြတ်တောက်လိုက်သည် နှင့် အမိုက်အမှောင်ရွံနွံထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသူများလှိုင်းလေထန်သော ရေ
ပြင်တွင် ဘယ်ညာလူးလီမ့်နေသော လှေငယ်သဖွယ် မိမိတိုကစိတ်ဆန္ဒတွေးခေါ်မှု၏လှိုင်းဂယက်တွင် လူးလှီမ့်နေရရှာသည် ။
သူတို့သည် ဆလဖီ စာလေဟီးန်း (ရှေးပညာရှင် သူတော်စင်များ)၏ မူလအကြောင်းရင်ကြီးဖြစ်သောသာသနာ့ရောင်ခြည်မှ
အလင်းကင်းမဲ့သူများဖြစ်သွားရလေသည် ။
hapmalaysia
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: Re: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 9:19 pm

သက္ကလီးဒ်၏ရန်သူများနှင့် သူတို့၏သက္ကဝါချို့တဲ့မှု။
ထိုသူတို့သည် စိတ်အလိုဆန္ဒ၏ ကျွန်များဖြစ်ကြပြီး နှလုံးသားမည်းမှောင် ညာည့်နက်နေသူများဖြစ်ကြသည် ။
သူတို့သည် ဆွဟာဗဟ်များ သာဗေအီးန်များထံမှ ရှရီအတ်သာသနာတော်နှင့် ရှရီအတ်၏ ပညတ်ချက်များ ဒီးန်
၏အနှစ်သာရများကို ဆည်းပူးလေ့လာခဲ့သူများဖြစ်ကြသည့် ထင်ရှားသောသာသနာ့ပညာရှင်ကြီးများ၏ လမ်းညွှန်
မှုကို လိုက်နာမှုမရှိသူများ (သက္ကလီးဒ်ကို စွန့်လွတ်သူများ) ဖြစ်ကြပေသည် ။ ထိုသူများသည် ကျမ်းမြတ်ကိုရ်အန်နှင့်
ဟဒီးစ်၏ အဓီပ္ပါယ်များကို မိမိတို့၏အတွေးအမြင် ယူဆချက်များအတိုင်းဖွင့်ဆိုကြသူများဖြစ်ကြပေသည်။ မိမိတို့၏
ကြောင်တောင်တောင်နိုင်လှသော် ယူဆချက်တွေနှင့် (ကိုက်ညီသော) စိတ်တိုင်းကျသည့် အယူအဆကိုသာလျှင်
အမှန်ဟု ယူဆကြ လက်ခံကြသည် ။
hapmalaysia
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: Re: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 9:18 pm

သက္ကလီးဒ်ကို လက်မခံ ဝေဖန်နေသူများအပေါ် တောင်အာဖရိကကပညာရှင်တစ်ပါး ကဝေဖန်ခြင်း။

သက္ကလီးဒ်၏ရန်သူများနှင့် သူတို့၏သက္ကဝါချို့တဲ့မှု

အစ္စလမ်သာသနာတော်နှင့် စပ်လျဉ်းသည့်သက္ကလီးဒ် (အီးမန်ကြီးလေးပါး၏ လမ်းစဉ်းအပေါ်လိုက်နာခြင်း) အပေါ်မလိုတမာစိတ်ထားဖြင့်
မနှစ်သက်သူများ၏အထိကလက္ခဏာမှာ ထိုသူတို့သည် သက္ကဝါချိနဲ့သူများဖြစ်ခြင်းပင် ။

သာသနာအပေါ် ကိုင်းရှိုင်းရိုသေမှု အစ္စလမ့်ကိုကျင့်တရား ထားရှိရမှုတို့မှာ ထိုသူတို့အဖို့ ဦးစားပေ ရှေ့တန်းတင်ရမည့် သာသနာ့ရေးရာကီစ္စ
ရပ်များ မဟုတ်ကြပါ ။

ထိုသူများကိုအနီးကပ် လေ့လာကြည့်ရှုမည်ဆိုပါက သာသနာစိတ်ဓါတ်မြုံနေသူများ သည်းခံစိတ်မရှိသူများ ဖြစ်ပြီး စိတ်ဝိညာည်ပိုင်းဆိုင်ရာ
စင်ကြယ်မှုမရှိသည့်အပြင် ဆလဖီစွာလေဟီးန်း (ရှေးပညာရှင်သူတော်စင်) များ၏ ကျင့်စဉ်ကျင့်ရပ်များကို ပြုလုပ်ရန်မသင့်ဟူသော စိတ်ထားရှိ
သူများဖြစ်ကြောင်း ထင်ရှားစွာတွေ့ရှိရပါမည် ။
hapmalaysia
Back to top Go down
http://www.hapmalaysia.net
soliman

soliman


Posts : 8
Join date : 2010-04-04
Age : 38

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: အစ္စလာမ်တွေအသိသင့်ဆုံးသောအချက်လတ်   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyThu Apr 08, 2010 10:03 am

အစ္စလာမ်ဘာသာဝင်အပေါင်း အထူးသိရှိရန် အရေးကြီးသော
အချက်အလတ်အချို့
မွတ်စလင်မ်ညီအကိုမောင်နှမများရေ……
လက်ရှိမျက်မှောက်ခေတ်မှာ မသိမဖြစ်မို့ သိသွားရအောင်တင်ဆတ်လိုက်ပါတယ်
အခုလိုတင်ဆတ်ခြင်းဟာ မည်သူကိုမျှ စောင်းမျောင်း ပြောဆိုခြင်း နှင့်
ပုဒ်ခတ်ခြင်းမျိုးမဟုတ်ပါ….
ယုံကြည်ချက်မှန်ကန်နေသောသူများအတွက်တော့ အားဆေးတစ်ခွက်ပါ
ယုံကြည်ချက်မှားယွင်းနေသော မျက်မှောက်ခေတ်ငမိုက်သားများအတွတ်တော့
ယုံကြည်ချက်လေးကိုမှန်ကန်လာစေရန်ရည်ရွယ်ပါတယ်…
စလဖီခေါ်စလ်ဖီမည်သူနည်းဆိုတာကိုမတင်ဆတ်ခင်အလျှင်မှာ သက္ကလီးသ်နှင့်ပတ်သတ်ပြီး အနည်းငယ်သိရန်အရေးကြီးလှပါတယ် ...
သက္ကလီးသ် ၏အလျှင်ကျမ်းဦးစကားလေးအချို့
အစ္စလာမ်ဘာသာဝင်မွတ်စလင်များအဖို့ အဓိက(အသ်သေဗာအ်)ခေါ်လိုက်နာရမည့်ဖွရဇ်ွတာဝန်ကတော့အလ္လာဟ်၏့ကလာမွလ္လ်ာခေါ်ကျမ်းတော်မြတ်ကုရ်အာန်နှင့် နှဘဝခေါင်းဆောင်ကိုယ်တော်မြတ်(ဆွ)၏ အဟာဒီးဆ်ခေါ်မိန့်ခွန်းတော်များသာဖြစ်ပါတယ်.
အလ္လာဟ်အသျှင်မြတ်၏ကျမ်းတော်မြတ်ကုရ်အာန်ဟာ ကျွန်တော်များ အပေါ်ဝယ် ဖရဇ်ွတာဝန် ဖြစ်ခြင်းဟာ ကပလီကြီးထုံးဗုံးထန်းထားသလို ရှင်းပြစရာမရှိ ထင်ပေါ်နေပါတယ်...
နှဘဝခေါင်းဆောင်ကိုတော်မြတ်(ဆွ)၏့နောက်ကို(အသ်သေဗာအ်)နောက်လိုက်ရခြင်းအကြောင်းခံကတော့
{1} ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်အသျှင်မြတ်မိန်ထားသည်မှာ အသွီးအွလ္လ်ာဟ ဝအသွီးအွရ်ရစူးလ် (အလ်အာယာသ်) အထက်ပါအာယာသ်တော်မှာ ပါရှိသော အသွီးအွလ္လ်ာဟ် ၏့အလိုသဘောမှာ ကျမ်းတော်မြတ်ကုရ်အာန်၏့အမိန့်တော်များကိုတသဝေမထိမ်းလိုက်နာခြင်းတဲ့ အထက်ပါအာယာသ်တော်မှာ ပါရှိသော ဝအသွီးအွရ်ရစူးလ် ၏့ အလိုသဘောမှာ နှဘဝခေါင်းဆောင်တမန်တော်မြတ်ကြီးရဲ့ အဟာဒီးဆေ့ မို့ဘာရကားသ်ခေါ် မိန့်ခွန်းတော်များအတိုင်း ဖဝါးခြေထပ်မခွာ လိုက်နာကျင့်ကြံရန်အမိန့်ပေးထားခြင်းသာဖြစ်ပါတယ်
{2} တမန်တော်မြတ်ကြီ(ဆွ)ဟာ အလ္လာဟ်အသျှင်မြတ်၏့အမိန့်တော်များကို ကေယာမသ်နေ့တိုင်ပေါ်က်ဖွားလာမည့်အလွှာအသီးသီး၊လူမျိုးအစုံတို့ သိရှိနားလည်လမ်းမှန်ရစေရန်အလို့ငှာ အကျယ်တဝန်းတင်ပြပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်
အဘယ်ကြောင့်ဆိုသော် အစ္စလာမ်သာသနာ၏ အမိန့်ပညတ်ချက်များ နှင့် အချက်အလတ်များကို အလ္လာဟ်အသျှင်မြတ်ထံတော်ပါးမှ (ဟမ်ကလာမ်) ခေါ တိုက်ရိုက်မေးမြန်းလျှောက်ထားဖို့နောက်ပြီး တမန်တော်မြတ်ကြီး၏အပါးတော်မှာတော် ဝင်ရောက်ခစားပြီး လေ့လာဆည်းပူးရန်ဆိုတာလည်း အချို့သူများမှအပ အများသူငှာအတွက် ဒီလိုအခွင့်အရေးမျိုးကိုအဘယ်မှာရနိုင်အံနည်း၊၊
ဒီအတွက်ကြောင့်ကျွန်တော်များအတွက် ဆွေရာသွလ်မွစ်ကီမ်းအပေါ်မှာလိုက်နာကျင့်ကြံရန်အတွက် အကြောင်းခံမှာကျမ်းတော်မြတ်ကုရ်အာန်နှင့်နှစ်ဘဝခေါင်းဆောင်ကြီး(ဆွ)၏အမိန့်တော်များနှင့် မွန်မြတ်သောစံနမူနာယူထိုက်ဖွယ်ကောင်းသော လုပ်ရပ်တော်များသာဖြစ်ပါတယ်
အထက်ပါတင်ဆက်ခဲ့သည့်ကျမ်းဦးစကားမှာ အိသ့်သေဗာအ်အေကုရ်အာန် နှင့် အိသ့်သေဗာအေဟဒီးဆ်များ၏့ အရေးကြီးပုံသာဖြစ်ပါတယ် .....
အင်ရှာအလ္လာဟ်ဲ အခုတဖန် သက္ကလီးသ်ဆိုသည်မှာအဘယ်အရာကိုခေါ်ဆိုပါသနည်း နောက်ပြီး သက္ကလီးသ်ဘာကြောင့်လုပ်ရတာလည်းဆိုတာတွေကို တင်ဆက်သွားပါမည်
Back to top Go down
soliman

soliman


Posts : 8
Join date : 2010-04-04
Age : 38

သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ EmptyTue Apr 06, 2010 11:43 am

ဒီနေရာကနေကျွန်တော် သကလ္လီးဒ်နှင့်ပတ်သက်ပြီး ညွှန်ပြထားသော ကုရ်အာန်ကျမ်းတော်မြတ်လာ
အာယသ်တော်နှင့်ဟဒီးဆ်တော်အချို့ကိုလမ်းမှန်သူခေါ်အဟ်လေစန္နသ်ဝင်များသာမက ဂိုင်းရ်မိုကလ္လီးဒ်များပါ သိရှိနားလည်ပြီးလမ်းမှန်တရားရရှိစေရန်တင်ပြလိုက်ရပါသည်၊၊
ကျွန်ုပ်တို့ သကလ္လီးဒ်လုပ်ခြင်းသည် အထောက်ထားမရှိ ဥပဒေမဲ့ ပြုလုပ်နေခြင်းမျိုးမဟုတ်ပါ
သို့သာမက ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးဆ်တော်တချို့တွင် သကလ္လီးဒ်နှင့်ပတ်သက်ပြီး အတိအလင်းတင်ပြထားပါတယ်
"အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏
အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏
အမိန့်တော်များကိုလည်းကောင်း၊ မိမိတို့အနက်မှအာဏာပိုင်များ၏ အမိန့်ကိုလည်းကောင်း၊
လိုက်နာကြလေကုန်။ တဖန် အကယ်၍ အသင်တို့သည် တစုံတရာကိစ္စနှင့်စပ်လျဉ်း၍ အငြင်း
ပွားခဲ့ကြသော်၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်း
ကောင်း၊ သက်ဝင်ယုံကြည်ကြပါလျှင် ထိုကိစ္စကိုအလ္လာဟ်အရှင်မြတ်အထံတော်သို့လည်းကောင်း၊ ရစူလ်တမန်တော်၏ထံသို့လည်းကောင်း၊ ပြန်လည်၍ပို့သကြလေကုန်။ ဤ(သို့ ပြုလုပ်ခြင်း)သည်
ကား (အသင်တို့အဖို့ ဤမျက်မှောက် လောကီဘ၀၌)အမွန်မြတ်ဆုံး ဖြစ်သည့်အပြင်၊ (နောင်တမလွန်
ဘ၀၌လည်း)အကျိုး အာနိသင်အားဖြင့် အကောင်းဆုံးပင် ဖြစ်ချေသတည်း။"
ကုရ်အာန်(၄:၅၉)
အထက်ဖော်ပြပါ စူရာနေစအ်တွင်ပါရှိသော အာယသ်တော်ကို အခြေခံ၍ ဂိုင်းရ်မိုကလ္လီးဒ်များက
သကလ္လီးဒ်နှင့်ပတ်သက်ပြီး စောရကတက်ကြသည် ထိုကိစ္စနှင့်စပ်လျှဉ်း၍ နှိုက်နှိုက် ချွတ်ချွတ်
သိရှိစေရန် ကျွန်တော်တင်ပြသွားပါမည်၊၊
{1} ၎င်းအာယသ်တော်တွင် အိုလင်လ်အမ်ရေ ၏ အလိုသဘောသည် မည်သူမည်ဝါကို ရည်ညွန်း
ပါသနည်း?
အချို့ပညာရှင်များက ၎င်း အိုလင်လ်အမ်ရေ ၏ အလိုသဘောကို အာဏပိုင် အုပ်ချုပ်မင်းလုပ်သော သူများဖြစ်သည်ဟု ဖွင့်ဆိုကြသည် သို့ပေမယ့်လည်း သဖ်စီးရ် အကျယ်ပြန်ဖွင့်ဆိုသော သူများထဲမှ
အများစုကမူ ၎င်း အိုလင်လ်အမ်ရေ ၏ အလိုသဘောကို အိုလမာအေမွဂ်ျသဟေဒီးန် ဟု ဖွင့်ဆိုအလိုကောက်ယူကြသည်၊ ၎င်းမိုဖွတ်စိရီးန် ပညာရှင်များတွင် အွမ္မသ်များ တညီတညွတ်
လက်ခံထားကြသော ရအီးစွလ်မို့ဖွတ်စိရီးန်ခေါ် ဟဇရသ်အဗဒွလ္လာဟ်အဗ်နေအဗ်ဗားစ်(ရသွေ့)ပါဝင်ပါသည်
ပြီးနောက် ဟဇရသ်ဂျာဗရ်၊ဟဇရသ်ဟစန်ဗဆ်ွရီ၊ဟဇရသ်အသွာအ်အေဗ်နေ့အဘီရဗဟ်၊ဟဇရသ်အသွာအ်အေဗ်နေ့စာအစ်ဗ်၊ဟဇရသ်အဘူအာလေယာဟ်(ရဟေ့)များလည်းပါ ဝင်ပါသည်၊
အေမာမ်ရာဇီက မိမိ၏ပြုစုသော သဖ်စီးရေကဘီးရ်တွင် ဤဖွင့်ဆိုချက်ကို အသာပေးထားလေသည်၊၊
ဒီဖွင့်ဆိုချက်အရ သကလ္လီးဒ်နှင်ပတ်သက်ပြီး တိတိကျကျ အထောက်အထား ကုရ်အာကျမ်းတော်မြတ်တွင်
ပါရှိသည်ဆိုသည်ကို တွေရှိရပါသည် အဘယ့်ကြောင့်ဆိုသော် ဤအာယသ်တွင် အလ္လာဟ်အသျှင်မြတ်ပြီးနောက် ရစူတမန်တော်(ဆွ)နှင့်တကွ အိုလမာအေမို့ဂ်ျသဟေဒီးန်တွေကိုပါ
အေသွာအသ်လုပ်ဖို့ အမိန့်ပေးထားပါတယ် ဆိုကြပါဆို့ ၎င်းအာယသ်တော်၏ အလိုသဘောမှာ အလ္လာဟ်နှင့်
အလ္လာဟ်ရစူအား အမိန့်နာခံခြင်း၏ နည်းလမ်းသည် အိုလမာအေ မို့ဂ်ျသဟေဒီးန်၏ အနောက်လိုက်ပြီးအမိန့်နာခံခြင်း၏နည်းလမ်း ဖြစ်သည်၊၊
၎င်းသဖ်စီရ်ဖွင့်ဆိုချက်အပေါ် အချို့သော ဂိုင်းရ်မိုကလ္လီးဒ်များက စောရက တက်ကြသည်
၎င်းတို့၏စောရကတက်ပုံမှာ…. ဖော်ပြပါ အာယသ်တော်၏ရှေ့တွင် ဆက်လက်၍အလ္လာဟ်အသျှင်မြတ်မိန့်ဆိုထားပါသည် ဖအင်န်သနာဇအ်သွမ် ဖွီရှိုင်းအင်န် ဖွရွသ်ဒူးဟို
အေလောလ္လာဟေ့ ဝရ်ရစူးလေ့ (အလ်အာယသ်)
အဓိ ပ္ပါယ်၊၊ ၊၊အကယ်၍အသင်တို့သည် တစ်စုံတစ်ရာကိစ္စနှင့်စပ်လျှင်း၍ ဆန့်ကျင်ကွဲလွဲပါသော ထိုကိစ္စ အလ္လာဟ်နှင့်အလ္လာဟ်ရစုဘတ်သို့ပြန်လည်၍ပို့ကြလေကုန်၊၊
၎င်းအာယသ်တော်အရ သိရှိရသည်မှာ အကြင်မည်သည့်နေရာ၌မဆို အိုလမာအေမိုဂ်ျသဟေဒီးန်များတွင်
ကွဲလွဲဆန့်ကျင်ပါက ထိုနေရာမျိုးတွင် မည်သည့် မိုဂ်ျသဟသ်တစ်ဦးဦး၏ သကလ္လီးဒ်လုပ်မည့်အစား အလ္လာဟ်နှင့်အလ္လာဟ်ရစူရဲ့ ဘက်သို့ ပြန်လည်၍ ပို့ရန်ထိုက်သည် ဆိုလိုသည်မှာ ၎င်းမိုဂ်ျသဟေဒီးန်များ၏ အဆိုအမိန့်များအနက် ဘယ်အဆိုအမိန့်သည် ကုရ်အာန်နှင့် ဟဒီးဆ်တော်ဖြင့် သာပို၍ကိုက်ညီသည်ဆိုတာကို ကြည့်ရန်ထိုက်သက်သည် ဟု ၎င်းတို့ပြောဆို
ကြသည်၊၊ဤကဲ့သို့ ကြည့်ရှု့ခြင်းသည် သကလ္လီးဒ်အား ပယ်ဖျက်ခြင်းဖြစ်ဟုပြောဆိုကြသည်၊၊
အဖြေ….ဖွအင်န်သနာဇအ်သွမ် တွင် မိန့်ချွေခြင်းခံရသော အဓိကပုဂ္ဂိုလ်များသည် အိုလမာအေမိုဂ်ျသဟေဒီးန်များဖြစ်ကြပါသည် အများကို ရည်စူးခြင်းမျိုးမဟုတ်ပါ၊
မိုဂ်ျသဟေဒီးန်များ၏အလုပ်မှာ ကွဲလွဲသောမတ်စအလဟ်များတွင် မည်သည့်အဆိုအမိန့်သည်
ကုရ်အာန်နှင့် ဟဒိးဆ်တော်ဖြင့် သာပို၍ကိုက်ညီသည်ဆိုတာကို ကြည့်ရှု့ရန်ဖြစ်သည်၊ ပြီးနောက်
၎င်းတို့သည် သာပို၍ကိုက်ညီသောအဆိုအမိန့်ကိုတင်ပြကြသည်
ကျော်ကြားသော ဟဒီးဆ်ပညာရှင် နဝါးဗ်ဆွဒ္ဒီးက်ဟစန်ခါးန်ဆဗ် က မိမိပြုစုသော သဖ်စီးရ်ဖွသ်ဟွလ်ဗရားန်တွင် ဤအာယသ်တော်၏အောက်တွင်ရေးသာထားပါသည်
အလိုသဘောမှာ၊၊ ၊၊အပေါ်ယံအရစဉ်စားဖွယ်မလိုပဲ သိရှိရသည်မှာ ဖအင်န်သနာဇအ်သွမ် တွင် မိန့်ချွေခြင်း
၏ဦးတည်ချက်သည် မိုဂ်ျသဟေဒီးန်တို့သာဖြစ်ပါသည်၊၊သို့ပါ၍ ဤအာယသ်တော်တွင်
မိုဂ်ျသဟေဒီးန် တို့အားမိန့်ချွေခြင်းဖြစ်ရှိပါသော အာယသ်တော်နှင့် သကလ္လီးဒ်၏ကြားတွင်မည်သည့်ဆန့်ကျင်မှုများမှမရှိတော့ပါ
{2} ဖတ်စ်အလူ အဟ်လဇ်ဇေက်ရေ အင်န်ကွန်သွမ် လာသအ်လာမူးန် (အလ်အာယသ်)
အဓိ ပ္ပါယ် ၊၊ ၊၊အသင်တို့မေးမြန်းကြလော အဟ်လေ့ကေသားဗ်(ဝါ)ပညာရှင်များကိုအကယ်၍အသင်တို့သည်
မသိနားမလည်သူများဖြစ်ကြပါသော် ၊၊
ဤအာယသ်တော်တွင်လည်း သကလ္လီးဒ်နှင့်ပတ်သက်ပြီး မီးမှောင်းထိုးပြထားပါသည် အဘယ်ကြောင့်ဆိုသော
မသိနားမလည်သည့်သူအဖို့တော သိရှိနားလည်သူထံတွင် သင်ယူဆီးပူးမေးမြန်းဆုံဆုံးရန် ထိုက်သက်ပါသည်
မရှ်ကားကျမ်းတွင် တမန်တော်မြတ်(ဆွ)အမိန့်ရှိထားသည်မှာ မသိခြင်း၏ဆေးသည်မေးမြန်းခြင်း….တဲ့
အကယ်၍ပင် ဤဖော်ပြပါအာယသ်တော်သည်အဟ်လေ့ကေသာဗ်နှင့်ပတ်သက်၍ လာရှိပါသည် သို့ပေမဲလည်း
အလ်အဗ်ရသို့ဗေ့အိုမူးမလ်လဖ်ွဇွေ(ကောင်လ်)ွ နှင့်အညီ ဆိုလိုသည်မှာ အဗ်ရသ်ခေါ်တရားသံဝေဂဆိုဆုံးမမှုသည် စလုံး၏
အဓိပါယ်အကျုံးဝင်မှုအပေါ်မှာ ဖြစ်ရှိသည်ဆိုသည် နှင့်အညီ ဤဖော်ပြပါ အာယသ်တော်မှ ဥပဒေ နည်းလမ်းတစ်ခု ထွက်ပေါ်လာပါသည် မည်သည့် အသိပညာနည်းပါးသူမဆို ပညာရှင်များထံဆည်းပူးရန်ပြီးနောက်သူတို့၏အဆိုအမိန့်များအပေါ်ဝယ်အမှီပြုပြီးနောက်လိုက်ရန်ထိုက်သက်ပေသည် ဤသည်ကို သကလ္လီးဒ်ဟုခေါ်ဆိုပါသည် ၊၊
ဂျာမေ့အ်သရ်မေဇီ၊စိုနန်အဗ်နေမာဂျဟ်၊မွစ်နသ်အဟ်မဒ်အစရှိသည့် ဟဒီးဆ်ကျမ်းများတွင် ဆင့်ပြန်ချက်လာရှိပါသည် ဟဇရသ်ဟိုဇိုင်ဖွာဟ်(ရသွေ့)ဆင့်ပြန်သည်မှာ တမန်တော်ကိုတော်(ဆွ)အမိန့်ရှိတော်မူထားပါသည် ဧကံစင်စစ် ငါတမန်တော်သည်
အသင်တို့ထဲတွင် နေထိုင်ရန် သက်တမ်းမည်မျှ ကျန်ရှိသည်ကို မသိရှိပေ သို့ဖြစ်ပါသောကြောင့်အသင်
တို့သည် ငါတမန်တော်၏နောက်ပို်င်းတွင် အဘူဗကရ် အိုမရ် တို့အား အက်သေဒါအ် နောက်လိုက်ကြကုန်လော
ဤဟဒီးဆ်တော်တွင် အက်သေဒါအ်နှင့်ပတ်သက်၍အမိန့်ရှိထားတော်မူပါသည် ၎င်းအက်သေဒါအ်ဆိုသည့်စလုံးသည်သာသနာရေးကိစ္စတွင် နောက်လိုက်ခြင်းကိုခေါ်ဆိုပါသည် သို့ဖြစ်ပါ၍ ဤဟဒီးဆ်တော်အရလည်း သကလ္လီးဒ်လုပ်ရမယ်ဆိုတာကို လယ်ပြင်မှာဆင်သွားသလိုထင်ရှားနေပါတယ်
ဆွဟီးဟ်ဗိုခါရီကျမ်း စာမျက်နှာ(၉၉) ပထမပိုင်း ကေသာဗွဆ်ဆွလားသ်တွင် ရေဝါယသ်တစ်ခုလာရှိပါသည်
အအ်သမ်မူဘီ ဝလ်ယအ်သမ်မဘေကွမ် မမ်ဘအ်ဒကွမ် အလိုသဘောမှာအသင်တို့တစ်တွေသည် ငါတမန်တော်၏အနွံအတာခံကြကုန်လော အသင်တို့၏အနောက်တွင် ရှိသောသူများက
အသင်တို့အား အနွံအတာခံကြရမည် (အလ်ဟဒီးဆ်)
အချို့သောဆွဟာဗဟ်(ရသွေ့)တို့တွင် ဂျမာအသ်နှင့်နမာဇ်ဖတ်ရာတွင် နောက်နှေးနေကြသည် ထိုအခါ
ကိုယ်တော်မြတ်(ဆွ)က၎င်းတို့အား အမြန်လာကြရန် ပြီးနောက် ပထမဦးဆုံး ဆွဖ်အတန်းတွင် ဝင်ရောက်
၍နမာဇ်ဖတ်ရန် အခိုင်အမာ တိုက်တွန်း မိန့်ကြားတော်မူခဲ့သည်၊ပြီးနောက် ဖော်ပြပါ ဟဒီးဆ်တော်ကို
မိန့်ကြားတော်မူခဲ့သည် ထိုဟဒီးဆ်တော်၏ အလိုသဘောသည် နှစ်မျိုးရရှိပါသည်
{1}ပထမဦးဆုံးဆွဖ်အတန်းတွင်ရှိသောသူတို့သည် ကိုယ်တော်မြတ်(ဆွ)၏လုပ်ရပ်တော်များကိုကြည့်၍
လိုက်လုပ်ကြရန်ဖြစ်သည်
{2}ဆွဟာဗဟ်(ရသွေ့)များသည် ကိုယ်တော်မြတ်(ဆွ)၏နမာဇ်ကို ကောင်းမွန်စွာ ကြည့်ရှုမှတ်သားထားရမည်
အဘယ်ကြောင့်ဆိုသော နောင်လာနောက်သားများသည် ၎င်းဆွဟာဗဟ်များ၏ အမလ်များကို ကြည့်၍
သကလ္လီးဒ်လုပ်ကြမည် ၊၊
ဟာဖွဇ်အဗ်နေဟဂျရ်(ရဟေ)ကမိမိရေးသားပြုစုသော ဗိုခါရီးကျမ်း၏အကျယ်ပြန် ဖွသ်ဟွလ်ဗာရီတွင် ၎င်းဟဒီးဆ်တော်၏အလိုသဘောကို အကျယ်ဖွင့်ဆို၍ရေးသားထားပါသည် အလိုသဘောမှာ အသင်တို့သည်
ငါတမန်တော်ထံမှရှရီအသ်၏အမိန့်ပညတ်ချက်များကို သင်ယူစီးပူးကြကုန် ၎င်းနောက် သာဗေအီများက
အသင်တို့ထံမှ စည်းပူးကြရမည် ထိုကဲ့သို့ပင် နောင်လာနောက်သားများသည် ၎င်းတို့ထံမှဆင့်ကဲဆင့်ကဲ
သင်ယူဆည်းပူးပြီးအမလ်လုပ်ကြရမည် ထိုလက်ဆင့်ကမ်းအမိန့်သည် ကမ္ဘာကြီးပျက်သုံးသည့်တိုင်အောင်
ဖြစ်ပေသည်၊၊
မှတ်ချက်၊၊ ၊၊ဤတင်ပြချက်အရသိရှိရသည်မှာ သကလ္လီးဒ်လုပ်ပိုင်ခြင်းသည် ဟဒီးဆ်တော်များအရပါ
အတည်ဖြစ်ပါသည်
အဟ်ကရ်မိုဟမ္မဒ်စိုလိုင်မာန်
Back to top Go down
Sponsored content





သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty
PostSubject: Re: သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ   သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ Empty

Back to top Go down
 
သကလ္လီးဒ်ပြုလုပ်ရန်ညွန်ကြားထားသောကုရ်အာန်နှင့်ဟဒီးဆ်တော်များ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (စလဖီ) ရှေးယ္ခင်သူတော်စဉ်များရဲ့နာမည်ကိုင်ပြီး မိုကလီးဒ်သူတော်စဉ်များကိုစော်ကားနေကြသူများအကြောင်းဒီနေရာမှာဆွေးနွေးနိုင်ကြပါတယ်။-
Jump to: