HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeဗိုက်အောင့် ဝေဒနာရှင်များအတွက် အမြစ်ပြတ် ပျောက်ကင်းစေရန် ကုထုံးဆေးချက်။....။ I_icon_mini_portalLatest imagesSearchRegisterLog in

 

 ဗိုက်အောင့် ဝေဒနာရှင်များအတွက် အမြစ်ပြတ် ပျောက်ကင်းစေရန် ကုထုံးဆေးချက်။....။

Go down 
AuthorMessage
kokyawko777




Posts : 51
Join date : 2010-03-26

ဗိုက်အောင့် ဝေဒနာရှင်များအတွက် အမြစ်ပြတ် ပျောက်ကင်းစေရန် ကုထုံးဆေးချက်။....။ Empty
PostSubject: ဗိုက်အောင့် ဝေဒနာရှင်များအတွက် အမြစ်ပြတ် ပျောက်ကင်းစေရန် ကုထုံးဆေးချက်။....။   ဗိုက်အောင့် ဝေဒနာရှင်များအတွက် အမြစ်ပြတ် ပျောက်ကင်းစေရန် ကုထုံးဆေးချက်။....။ EmptySat Apr 10, 2010 7:38 am

ဗိုက်အောင့်ခြင်း ဝေဒနာကို ခံစားဖူးတဲ့ သူတိုင်း သိကြမှာပါ။ ဒီဝေဒနာဟာ
တကယ်ခံစားနေရတဲ့ အချိန်ဆိုရင် မလှုပ်ရဲ မရှားရဲနဲ့ တကယ့်ကို အလုပ်ပျက်
အကိုင်ပျက်ပါပဲ။ အရမ်းနာနေတဲ့ ခံစားချက်ဟာ ပိုပို တိုးလာမလားဆိုပြီး
အသက်ရှူသံ တစ်ချက်နဲ့ တစ်ချက်ကြားမှာတောင် ရဲရဲ မရှူရဲလောက်အောင်
ဆိုးပါတယ်။ ဒီလို အချိန်မှန်မှန် ဗိုက်အောင့်တတ်တဲ့ ရောဂါကို
အစာလမ်းကြောင်း ပြည်တည်နာ (Peptic Ulcer) လို့ခေါ်ပါတယ်။

ဗိုက်အောင့်စေတဲ့ နောက်ခံ ရောဂါ အကြောင်းတရား အမျိုးမျိုး ရှိပေမယ့် (၁)
နာသောနေရာကို သတ်သတ်မှတ်မှတ် လက်ညှိုးနဲ့ ညွှန်ပြလို့ ရခြင်း (၂)
ကာလအတန်ကြာ ပျောက်သွားလိုက် ပြန်ဖြစ်လိုက် ခဏခဏ ဖြစ်နေခြင်း (၃)
နာကျင်ခြင်းသည် အစာစားလိုက်ခြင်းနဲ့ ဆက်စပ်နေခြင်း စတဲ့ အချက်(၃)
ချက်စလုံး ရှိနေတယ် ဆိုရင်တော့ သေချာပေါက် အစာလမ်းကြောင်း ပြည်တည်နာ
(Peptic Ulcer) လို့ ပြောနိုင်ပါတယ်။

ဒီရောဂါကို အစာအိမ်ပြည်တည်နာ (Gastric Ulcer) နဲ့ အူသိမ်ပြည်တည်နာ
(Duodenal Ulcer) ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ ဝေဒနာပုံစံမှာ
သိသိသာသာ ကွဲပြားပါတယ်။

(၁) အစာအိမ်ပြည်တည်နာက အရှိုက်နေရာနဲ့ အစာအိမ်ရှိတဲ့ နေရာတွေမှာ နာပါတယ်။
သူက အစာစားလိုက်တာနဲ့ ဖြစ်တာပါပဲ။ အလွန်ဆုံး အစာစားပြီး
နာရီဝက်လောက်အတွင်း နာလာတတ်ပါတယ်။ အစာစားပြီး နာတယ်ဆိုတဲ့ အချက်က
အသိသာဆုံး ဖြစ်ပါတယ်။ ဒိုင်ဂျင်း၊ ခရေးမေးလ်အက်စ် စတဲ့ အက်ဆစ်ကို
သက်သာအောင် လျှော့ပေးတဲ့ ၀ါးစားရတဲ့Antacids တွေသောက်ရင် ထူးထူးခြားခြား
မသက်သာလှပါဘူး။

(၂) အူသိမ်ပြည်တည်နာက နာတဲ့နေရာချင်း တူပေမယ့် သူက ဗိုက်ဆာရင်
အစာချေရည်တွေ ထွက်လာရင် နာလာတတ်တဲ့ ဝေဒနာဖြစ်ပြီး သိသာတဲ့
လက္ခဏာတစ်ခုအနေနဲ့ အစာစားလိုက်မှ သက်သာသွားပါတယ်။ Antacids တွေ
ဝါးစားလိုက်ရင် သိသိသာသာ သက်သာသွားပါတယ်။ ညတစ်ရေးနိုး ဗိုက်ဆာပြီး
ထအောင့်ရင် သေချာပေါက် အူသိမ်ပြည်တည်နာ ဖြစ်နေပြီ ဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လိုကုကြမလဲ။ ကျွန်တော့်ရဲ့ ဒီဆောင်းပါးမှာ
ဒီရောဂါတွေအကြောင်း တစ်စေ့တစ်စောင်း ဖော်ပြပေးသွားမှာ ဖြစ်ပြီး
ဆေးခန်းသွားစရာ မလိုတော့ဘဲ နှစ်ပေါင်း သုံးလေးဆယ် ဖြစ်လာလဲ
ပျောက်သွားအောင် သောက်လို့ရတဲ့ ဆေးပုံစံကို
မက်ဖန်ပရိသတ်များအတွက်ဖော်ပြပေးမှာပါ။

ဒီရောဂါ နှစ်မျိုးစလုံးဟာ မိန်းတွေမှာထက် ယောက်ျားတွေမှာ ၂ဆကနေ ၅ဆ
ပိုဖြစ်လေ့ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။အစာအိမ်ပြည်တည်နာထက်
အူသိမ်ပြည်တည်နာက ပိုအဖြစ်များပါတယ်။ ထူးထူးခြားခြား “ O “ သွေး
သမားတွေမှာ ပိုဖြစ်ကြတာ တွေ့ရပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းတွေက
(၁) အကိုက်အခဲပျောက်ဆေးများ ရေရှည်စွဲသောက်ခြင်း
(၂) ဆေးလိပ်သောက်ခြင်း (အစာအိမ်နာကို ပိုဖြစ်စေပါတယ်။ ဖြစ်ပြီးသား
အနာတွေကိုလည်း အနာကျက် နှေးစေပါတယ်။
(၃) စိတ်ဖိစီးမှုများသော၊ စိတ်မြန်လက်မြန် ဒေါသကြီးသော စိတ်အခြေအနေရှိခြင်း
(၄) အစာချေရည် အက်ဆစ်ဓာတ်များ လွန်ကဲစွာ ထွက်စေသော အစားအစာများ (ကော်ဖီ၊
လက်ဖက်၊ အရက်၊ မဆလာ စသည်တို့ကို) ရက်ဆက် စားသုံးခြင်း
(၅) Helicobacter pylori အမည်ရှိ ဘက်တီးရီးယား အစာအိမ်လမ်းကြောင်းတွင်
ကူးစက်ခံရခြင်း
ဒီပိုးကိုတွေ့ရှိတာ ဘယ်လောက်မှ မကြာသေးပါဘူး။ ဒီပိုးဟာ ဘယ်လောက်
ဆိုးဝါးအစွမ်းထက်သလဲဆိုရင် အစာချေရည်ရဲ့ ဟိုက်ဒရိုကလိုရစ် အက်ဆစ် (HCl)
ထဲမှာတောင် အေးဆေး အသက်ရှင်နိုင်ပါတယ်။ သူက အစာလမ်းကြောင်းနဲ့ အစာအိမ်ရဲ့
မျက်နှာပြင်ဆဲလ်တွေမှာ တွယ်ကပ် ပေါက်ပွားနေထိုင်ပါတယ်။ ဒီပိုးဟာ
စတင်တွေ့ရှိခဲ့တုန်းက ပညာရှင်တွေကိုယ်တိုင် အံ့အားသင့်သွားစေတဲ့
အသက်ပြင်းတဲ့ ပိုးဖြစ်ပါတယ်။

ဒီပိုးက မသန့်တဲ့ အစားအသောက် လမ်းဘေးအစားအသောက် ပန်းကန်ခွက်ယောက်တွေက
တစ်ဆင့် အများဆုံး ကူးတယ်လို့ သိရပါတယ်။ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ
ပိုအဖြစ်များပါတယ်။


ရှေးယခင်က ဒီရောဂါဖြစ်တဲ့ လူနာတွေမှာ အကြောင်းရင်း အမှတ် (၁) ကနေ (၄)
အထိပဲ စဉ်းစား ကုသပေးခဲ့ပေမယ့် တကယ်တမ်း လိုက်စစ်ဆေးကြည့်လိုက်တော့ ၉၀%
သော အစာအိမ်ပြည်တည်နာတွေနဲ့ ၇၀% သော အူသိမ်ပြည်တည်နာတွေဟာ ဒီပိုးကြောင့်
မပျောက်နိုင်တော့တာ တွေ့ရပါတယ်။ ဒီပိုးက အနာတွေကို ပိုဆိုးစေပြီး
နောက်ဆုံး ကင်ဆာအဖြစ် ပြောင်းသွားစေပါတယ်။ (အထူးသဖြင့် အူသိမ်အနာထက်
အစာအိမ်အနာက ကင်ဆာပြောင်းဖို့ အခွင့်အလမ်း အရမ်းများပါတယ်။
ကင်ဆာပြောင်းတာကျတော့ “A” သွေးသမားတွေ ပိုများပါသတဲ့ ) ဒီပိုးဟာ
အက်ဆစ်ဓာတ်ကိုလဲ များလာစေလို့ အနာက မပျောက်တော့ဘဲ မကုသရွေ့ တစ်သက်လုံး
ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

နောက်ဆက်တွဲတွေအနေနဲ့ အနာဖြစ်လိုက် အမာရွတ်တက်လိုက် သံသရာလည်တာ ကြာလာရင်
ကင်ဆာပြောင်းသွားမယ်၊ ပေါက်ထွက်သွားခြင်း၊ အစာအိမ် ထွက်ပေါက်ပိတ်ခြင်း၊
သွေးထွက် သွေးအန် သွေးဝမ်းသွားခြင်း စတာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီလို ဗိုက်အောင့်တာ ကြာလာလို့ တွေ့ကရာ ကွမ်းရာဆိုင်က ဆေးတွေ သောက်၊
ရမ်းကုတွေနဲ့ ဆေးမြီးတိုတွေနဲ့ ကုနေကြပြီး မပျောက်ဘဲ
အခြေအနေပိုဆိုးလာနေတဲ့ လူတွေ တော်တော်များပါတယ်။

ပိုဆိုးတာက ရမ်းကုက ဗိုက်နာတာ အကိုက်အခဲ ပျောက်ဆေး ထပ်ပေးလိုက်လို့
အစာအိမ်အကွင်းလိုက် ပေါက်ထွက်ပြီး ဆေးရုံရောက်လာတဲ့သူတွေ
ကျွန်တော့်အတွေ့အကြုံမှာတောင် မနည်းတော့လို့ ဒီဆောင်းပါးကို ရေးရခြင်း
ဖြစ်ပါတယ်။ (ကြားဖြတ် ပြောရရင် မြန်မာတိုင်းရင်း အစာအိမ်ဆေးများဟာလဲ
နွယ်ချိုများစွာ ပါဝင်တဲ့အတွက် သွေးတိုးတတ်တဲ့ သူများအတွက်
လုံးဝမသင့်တော်ပါဘူး)

ဒီပိုးကို စစ်တဲ့ Investigation တွေက 13C Urea Breath Test, Serological
Test, Rapid Urease Test, Culture စသဖြင့် ရှိပြီး အတန်သင့်
ဈေးကြီးလှပါတယ်။ ဒီတော့ ဆရာဝန်တစ်ယောက်အနေနဲ့ မတတ်နိုင်ပါဘူးဆိုတဲ့
လူနာကို ဒါတွေ စစ်ခိုင်းဖို့ ဘယ်လိုပြောရပါ့မလဲ။ ဒါကတစ်ချက်…..။

နောက်ပြီး ခန့်မှန်းခြေ ၈၀% ခန့်သော ဗိုက်အောင့်သူအားလုံးမှာ ဒီ H.pylori
ပိုး ရှိနေပြီး ကျန်တဲ့ ၂၀% ကလဲ ပြည်တည်အနာရှိလာပြီဆိုတာနဲ့ မကြာခင်
ဒီပိုးဝင်လာတော့မှာမို့ အောက်ပါဆေးနည်းပုံစံအတိုင်း ၁၄ ရက်
တန်းပေးလိုက်ကြပါတယ်။ တကယ်လဲ ထိရောက်စွာ ကုသပျောက်ကင်းသွားတာ ကမ္ဘာနဲ့
အ၀ှမ်း လက်တွေ့ပါပဲ။ နှစ်ရှည်လများ နှစ်၃၀ ကျော် အောင့်လာတဲ့သူတောင်
ဒီဆေး၁၄ ရက်နဲ့ အမြစ်ပြတ်ပျောက်ကင်းသွားတာ ကျွန်တော့် ကိုယ်တွေ့ပါပဲ။
ဒီဆေးနည်း ကုထုံးဟာ ဆေးခန်းတွေမှာပဲ ရနိုင်တဲ့ ဆရာဝန်တွေပဲ သိတဲ့
ဆေးနည်းကောင်းတစ်လက် ဖြစ်လို့ တကယ်ဘေးကင်းပြီး ထိရောက်တဲ့
ဆေးညွှန်းဖြစ်လို့ ငွေရေးကြေးရေးနဲ့ တွက်ရင် ဘယ်လောက်တန်မလဲ
စဉ်းစားသာကြည့်တော့။

ဒါဖြင့် ကျွန်တော်က ဘာလို့ ဒီလို လျှို့ဝှက်ချက်ကို
ထုတ်ဖော်ချပြရသလဲဆိုတော့ ပြည်သူ့အကျိုးအတွက်ပါ။ ကျွန်တော်တို့နိုင်ငံမှာ
ဆရာဝန် လုံလုံလောက်လောက် မရှိတဲ့ နေရာတွေ အများကြီးပါပဲ။ ဆရာဝန်
ရှိပြန်ဦးတော့ လိုအပ်ချက်တွေနဲ့ တစ်ဝမ်းတစ်ခါး ရှာစားနေကြရတဲ့ အတွက်
ဆေးကုခ မရှိဘဲ တွေ့ကရာ ဒိုင်ဂျင်းလေးဝါးပြီး ဆေးမြီးတိုလေး သောက်ပြီး
ရုန်းကန်လှုပ်ရှား အသက်ဆက်နေကြရတဲ့ သူတွေအတွက် အွန်လိုင်းပေါ်ကနေ
တတ်စွမ်းသလောက် ကူညီပေးခြင်း ဖြစ်ပါတယ်။ ဝေဒနာရှင်များကို လက်ဆင့်ကမ်း
ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။

သောက်ရန် ဆေးညွှန်း
Omezprazole 40 mg
Clarithromycin 500 mg
Amoxicillin 500 mg
Metronidazole 400 mg

ဒီဆေး ၄ မျိုးစလုံးကို တစ်ခါသောက် တစ်လုံးစီ တစ်နေ့ ၂ခွက်
အစာစားပြီးတိုင်း သောက်ပါ။ ၁၄ ရက်တိတိ မပျက်မကွက် သောက်ပါ။ ဒါဆိုရင်
သေချာပေါက် အမြစ်ပြတ် ပျောက်ကင်းပါမယ်။ ဒါဟာ H.pylori ပိုးနဲ့
ဗိုက်အောင့်ခြင်း ဝေဒနာများကို အမြစ်ပြတ် ကုသနိုင်တဲ့ ကမ္ဘာကျော်
ဆေးသုံးဖြာကုထုံး (Triple Therapy) ပဲဖြစ်ပါတယ်။ (Triple Therapy အပြင်
2nd Line အနေနဲ့ Quadritherapy ဆေးလေးဖြာ ကုထုံးလဲ ပေါ်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ဒါက ဆေးမှန်မှန်မသောက်လို့ ပြန်ဖြစ်တဲ့ သူတွေ အတွက်သာ
ဖြစ်ပါတယ်။ အခုထဲက Triple Therapy ကိုပဲ မှန်မှန် မပျက်မကွက်
သောက်မယ်ဆိုရင် ပြတ်ပါတယ်)
ဒီဆေးတွေကို သောက်နေစဉ်အတွင်းမှာ ၀မ်းသွားခြင်း၊
ပါးစပ်အနည်းငယ်ပျက်ခြင်း၊ ပျို့ချင် အန်ချင်ခြင်း၊ ဗိုက်အောင့်ခြင်း
စတာတွေ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံစားရတတ်ပေမယ့် ထွေထွေထူးထူး အန္တရာယ်
မရှိပါဘူး။ ၁၄ရက် ဆေးအပြည့် သောက်ပြီးတဲ့ အချိန်မှာ ဝေဒနာရှင်များအားလုံး
သက်သာပျောက်ကင်းလို့ စိတ်ချမ်းသာကြရမယ်ဆိုရင် ကျွန်တော် ကြိုးစား
ရေးသားထားတဲ့ ဒီဆောင်းပါးလေးဟာ မျိုးကြီးသီချင်းထဲကလို “နေရောင်ခြည်
မဟုတ်လဲပဲ…….. ကြယ်စင်လောက်တော့ ငါ့ရဲ့လက်တစ်ကမ်းအတွင်း………
ကိုယ်တတ်စွမ်းသလောက် အလင်းရောင် အနွေးဓာတ် ပေးခဲ့တယ်” ဆိုတာမျိုး
ဖြစ်တယ်ဆိုရင်ပဲ တကယ်ကျေနပ်လှပါပြီ။

ဆရာဝန် တိုက်ရိုက်မညွှန်ကြားဘဲ ဆေးရမ်းသောက်ခိုင်းတယ်လို့
မကျေလည်သူများရှိရင်လဲ thihathit.um2@gmail.com ကို ဆက်သွယ်
ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် ဝေဒနာရှင်ပေါင်းများစွာကို
ကုသပေးနိုင်ခဲ့တဲ့ Triple Therapy ဟာ လမ်းဘေးဆေးဆိုင်တွေက ရောင်းပေးတဲ့
စပ်ဆေးတွေထက်တော့ သာမှာ သေချာပါတယ်။ ဆရာဝန်နဲ့ လက်တစ်ကမ်းကို
မရောက်လာနိုင်ကြတဲ့ ပြည်သူတွေအကျိုးကို ရှေးရှုလို့
မက်ဖန်ကိုယ်စားပြုပြီး ကျွန်တော် ဆက်လက် တင်ဆက်ပေးသွားပါဦးမယ်။
Back to top Go down
 
ဗိုက်အောင့် ဝေဒနာရှင်များအတွက် အမြစ်ပြတ် ပျောက်ကင်းစေရန် ကုထုံးဆေးချက်။....။
Back to top 
Page 1 of 1
 Similar topics
-
» Desktop ပေါ်မှာ အလှဆင်လိုသူများအတွက်
» ကုရ်အာန် နားထောင်ချင်သူများအတွက် ကူးယူလို့ရပါတယ်...

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: FUN & ENTERTAINMENT (ကျမ္မာရေးကဏ္ဍ) :: မြန်မာ့တိုင်းရင်းဆေးဝါးများ၏ လူသားအကျိုးပြုမှုများ-
Jump to: