သည်းခံတယ်ဆိုတာ နှစ်မျိုးရှိပါတယ်...
ကျွန်တော်ပြောကြည့်ပါမယ်
အပြင်ရန်သူကို သည်းခံတာနဲ့ အတွင်းရန်သူကို သည်းခံတာပါ
အပြင်ရန်သူဆိုတာက-
ရေဖျက်ဆီး၊ မီးဖျက်ဆီး၊ မင်းဖျက်ဆီး၊ သူခိုးဖျက်ဆီး၊ မချစ်မနှစ်သက်သောသူတို့၏ ဖျက်ဆီးခြင်း
လို့ဆိုတဲ့ အပြင်မီး ၅ မီးကို ပြောလိုတာပါ။
အတွင်းရန်သူဆိုတာ -
(၁) ရာဂမီး- အလိုရမ္မက်၊ (၂)ဒေါသမီး- ပြစ်များပုတ်ခတ်၊ (၃)မောဟမီး- အမှန်မသိ၊
(၄)ဇာတိမီး- ပဋိသန္ဓေနေ၊ (၅) ဇရာမီး- အို၊ (၆) မရဏမီး- သေ၊
(၇)သောကမီး- စိုးရိမ်ပူဆွေး၊ (၈)ပရိဒေ၀မီး- ငိုကြွေးရှိုက်ငင်၊ (၉)ဒုက္ဓမီး- ကိုယ်ဆင်းရဲ၊
(၁၀) ဒေါမနဿမီး- စိတ်ဆင်းရဲ၊ (၁၁) ဥပါယာသမီး- ဆို့တက်မေ့မျောသွားခြင်း ကို ပြောလိုတာပါ။
----
အပြင်ရန်သူနှိပ်စက်တဲ့အခါ မေတ္တာတရားနှင့်နှလုံးသွင်းဆင်ခြင်ပြီးတော့ သည်းခံရပါတယ်။
အတွင်းရန်သူနှိပ်စက်တဲ့အခါ သစ္စာတရားနှင့်နှလုံးသွင်းဆင်ခြင်ပြီးတော့ သည်းခံရပါတယ်။
အဲဒီလို အခြင်းအရာနှစ်မျိုးအားဖြင့် ခွဲခြားပြီးတော့ ကျွန်တော်သတ်မှတ်ထားပါတယ်။
===================================================
နောက်ထပ် သဘောတစ်ခုဖြင့် ထပ်မံ၍ မီးငြိမ်းသတ်သူတို့၌ ရှိအပ်သော အချက်အလက်များကို အနည်းငယ်ဝေဖန်ပြလိုပါသည်။
မီးသတ်သမားတို့၏ ကျင့်ဆောင်ရမည့် ကျင့်ဝတ် (၁၀) ပါးရှိပါတယ် (မီးသတ် ကျင့်ဝတ် ဥပဒေကျမ်းမှ)။
အဲဒါကတော့ -
(၁)စည်းကမ်း သေ၀ပ်ရခြင်း၊ (၂) သူရသတ္တိရဲရင့်မှု ရှိရခြင်း၊ (၃) သနားကရုဏာ ရှိရခြင်း၊
(၄)ယဉ်ကျေး သိမ်မွေ့ရခြင်း၊ (၅)လျင်မြန်ဖျတ်လတ်ရခြင်း၊ (၆) စိတ်ထား တည်ကြည်ရခြင်း၊
(၇) ၀တ္တရားကျေပွန်ရခြင်း၊ (၈)သစ္စာ ရှိရခြင်း၊ (၉) ညီညွတ်စည်းလုံးစွာ ရှိရခြင်း၊ (၁၀) ကျမ်းမာ သန်စွမ်းရခြင်း။
တို့ဖြစ်ကြပါတယ်...
ဒါနှင့် ဆက်စပ်၍ အနည်းငယ် ချဲ့ကားဝေဖန်ပြလိုပါသည်။
(၁၁)မျိုးသော မီးများတောက်လောင်သည့်အခါ...
(၁)သီလစောင့်ထိန်း၍ ကိုယ်စိတ်နှစ်ပါး စည်းကမ်းရှိခြင်း၊
(၂)သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုသော ဆန္ဒကို အဓိပတိတင်၍၊ ကိလေသာရန်သူတွေကို ချေမှုန်းရာ၌ မဆုတ်မနစ်
ကြိုးစားမယ်ဆိုတဲ့ ရဲရင့်မှုသတ္တိရှိခြင်း၊
(၃)အများအကျိုးကိုဖျက်ဆီး၍ မိမိအသက်-အကျိုးကိုဖြစ်လိုသော အယုတ်တမာစိတ်ဓာတ်ကို ဖယ်ရှားက သနာကရုဏာစိတ်ထားဖြင့်
အများအကျိုးကို ရှေ့ရှု၍ ဆောင်ရွက်လုပ်ဆောင်ကျေးဇူးပြုပေးမှုရှိခြင်း၊
(၄)ခြောက်ပါးသော အခြင်းအရာရှိသော အာရုံတို့သည် ဆိုရာ ဒွါရ၌ ထိတွေ့ပေါင်းဆုံသည့်အခါ ရွပိုးတက်တပ်မက် တဏှာမကပ်ရအောင်၊ အလိုမကျ ဒေါသ မဖြစ်ရအောင်၊
ဖြစ်မှုပျက်မှု၌မသိသော မောဟ မချယ်လှယ်မဖြစ်ပေါ်ရအောင် ခြောက်ပါးသော အိနြေ္ဒကို သတိဉာဏ်ဖြင့် စောင့်ရှောက်ထိန်းသိမ်းခြင်းဖြင့် စိတ်တို့ ယဉ်ကျေး သိမ်မွေ့မှုရှိခြင်း၊
(၅)လင်းတမှိုင်းသလို မှိုင်တွေတွေ မူးဝေဝေဖြစ်နေခြင်းမျိုးမဟုတ်ဘဲ လိုရာပန်းတိုင်ကို အမြန်ရောက်အောင် ကြိုးစားလုပ်ဆောင်ရာ၌ လျင်မြန်ဖျတ်လတ်မှုရှိခြင်း၊
(၆)အာရုံ၌ ပေါင်းဆုံသည်အခါ ဂနာမငြိမ်သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်ခြင်းမရှိသော အာရုံ၏ ဓမ္မသဘာဝတွေကို သေချာသိအောင် စိတ်ကို ဆုံးမထားခြင်းဖြင့်
ထိုစိတ်၌ တည်ကြည်မှုရှိခြင်း၊
(၇)မိမိဒုက္ခချုပ်ငြိမ်းရေးကိစ္စ၊ အများအကျိုးဆောင်ကိစ္စဆိုသည့် ထိုကိစ္စနှစ်ဌာကို ဆောင်ရွက်ရာ၌ ကျေပွန်ပြီးမြောက်မှုရှိခြင်း၊
(၈)ရှုရမှာက ပရမတ်၊ ရှုနေတာက ပညတ်အားဖြင့်သော်လည်းကောင်း၊ ပို့နေတာက မေတ္တာ- ဖြစ်နေတာက ရာဂအားဖြင့်သော်လည်းကောင်း၊
ဖြစ်ရမှာက သနားကရုဏာ - ဖြစ်နေတာက စိုးရိမ်မှုအားဖြင့်သော်လည်းကောင်း
နှစ်ပေါက်တစ်ယောက်ရိုက်ပြီး အဟုတ်ထင် ကျေနပ်နေခြင်းမဟုတ်ပြီ- ။ အရှိကို အရှိတိုင်း၊ အဟုတ်ကို အဟုတ်တိုင်း ထိုးထွင်းသိတဲ့ အမှန်တိုင်းဟုတ်တိုင်းမှန်စွာထိုးထွင်းသိတဲ့သစ္စဉာဏ်အားဖြင့်
ထင်ရှားဖြစ်ပေါ်၍ မှန်ကန်စွာ ဆုံးဖြတ်မှုရှိခြင်း၊
(၉)အများအကျိုးဆောင်ရွက်ရာ၌ ညီညွှတ်စည်းလုံးသော စိတ်ထားရှိခြင်း၊ မိမိသံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် လုပ်ဆောင်ရာ၌ - သဒ္ဓါနှင့်ပညာကို ညီညွှတ်မျှတမှုရှိခြင်း၊ ဝီရိယနှင့်သမာဓိအား ညီညွှတ်မှုရှိခြင်း၊
ဆိုသည့် ညီညွှတ်ရမည့်အချက်၌ ညီညွှတ်မှုရှိခြင်း၊
(၁၀)ကိလေသာရန်သူများကို တိုက်ခိုက်ချေမှုန်းရာ၌ ကာယ-ဉာဏ နှစ်ဖြာ ကျန်းမာသန်းစွမ်းမှုရှိသောသူမှသာ ကိလေသာရန်သူကို လျင်မြန်စွာ တိုက်ခိုက်ချေမှုန်းအောင်မြင်မှုရှိခြင်း၊
ကာယ ကျန်းမာသန်စွမ်းအောင် ဥတုနှင့် မျှတသော အဝတ်အစားနှင့် အာဟာရဓာတ်စာများ သုံးဆောင်မှုရှိခြင်း၊
ဉာဏ ကျန်းမာသန်စွမ်းအောင် ခန္ဓာဉာဏ်ရောက်တရားဓာတ်စားများ များများနေ့စဉ်ပုံမှန်နာယူသုံးဆောင်မှုရှိခြင်း တို့ကိုဖြည့်ကျင့်လုပ်ဆောင်ရ၏ မှတ်လို။