HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeသိပ္ပံနှင့်နည်းပညာသတင်းများ I_icon_mini_portalLatest imagesSearchRegisterLog in

 

 သိပ္ပံနှင့်နည်းပညာသတင်းများ

Go down 
AuthorMessage
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptyFri Mar 26, 2010 8:29 am

ပင်တဂွန်၏မျိုးဆက်သစ် F-35B တိုက်လေယာဉ် စမ်းသပ်ပျံသန်းမှုအောင်မြင်


အမေရိကန်ရှိ ပင်တဂွန် စစ်ဌာနချုပ်က နှစ်ရှည်လများ စီမံကိန်း ဖော်ဆောင်နေသည့် F-35B မျိုးဆက်သစ် တိုက်လေယာဉ်အား အစမ်းပျံသန်းပြီးနောက် အကြီးအကျယ် ချီးကျူးဂုဏ်ပြု ခံနေရကြောင်း သိရသည်။ ပေါင်ချိန်(၄၁၀၀၀)ထိ သယ်ယူနိုင်သော ခေတ်မီကိုယ်ပျောက် တိုက်ခိုက်ရေး လေယာဉ်အား ပြီးခဲ့သည့် သီတင်းပါတ်ကုန်က မေရီလန်းရှိ Patuxent River ရေတပ်စခန်းတွင် စမ်းသပ်ခဲ့ရာ အလွန်ကောင်းမွန်သော အောင်မြင်မှုများ ရရှိခဲ့သည်။ ရေဒါစနစ်ကို ရှောင်ကွင်းနိုင်သော အနာဂတ်ကာလ တိုက်ခိုက်ရေး ယန္တယားအား ပိုင်းလော့အဖြစ် ဂရေဟမ် တွမ်လီဆင်က စမ်းသပ်မောင်းနှင်ခဲ့ပြီး (၉၅)စတုရန်းပေသာ ကျယ်ဝန်းသည့် လေယာဉ်ဆင်းရာ နေရာတွင် ရဟတ်ယာဉ်ကဲ့သို့ ငြင်သာစွာ ဒေါင်လိုက်ဆင်းသက်ပြခဲ့သည်။ ယင်းသည် တိုက်လေယာဉ် တစ်စင်းအနေနှင့် မြေပြင်တွင်ဖြစ်စေ၊ ရေတပ်လေယာဉ်တင် သင်္ဘောတစ်စင်းပေါ်တွင်ဖြစ်စေ အလွန်ကျဉ်းမြောင်းသော နေရာတစ်ခု၌ အသပ်ရပ်ဆုံး ဆင်းသက်နိုင်မှုအဖြစ် စွမ်းဆောင်ပြခဲ့ခြင်းဖြစ်သည်။အမေရိကန် ရေတပ်မတော်သည် F-35B လေယာဉ်ပျံများကို (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အသုံးပြုသွားရန် လျာထားခဲ့သည်။ ယခင်က အမေရိကန်ထုတ် F-35လေယာဉ်များသည် သမားရိုးကျ ပြေးလမ်းများကို အသုံးပြုခဲ့ရသော်လည်း ရေတပ်အတွက် ရည်ရွယ်ကာ F-35Bကို တီထွင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်စစ်တပ်သည် အနာဂတ်ကာလ လေကြောင်းစိုးမိုးရေး မျှော်မှန်းချက်ဖြင့် လာမည့်ဆယ်စုနှစ်များအတွင်း အသံထက်မြန်သော စူပါဆိုးနစ် ဂျက်တိုက်လေယာဉ်ပေါင်း (၂၄၀၀)ကို အားဖြည့်ဝယ်ယူသွားရန် စီစဉ်ထားပြီးဖြစ်သည်။ ထို့အတွက် အမေရိကန်ပြင်ပမှ လေယာဉ်ကုမ္ပဏီ (၈)ခုနှင့် လက်တွဲဆောင်ရွက်နေပြီး လက်ရှိအသုံးပြုနေသည့် လော့ဟိဒ်မာတင် ကုမ္ပဏီထုတ် F-16တိုက်လေယာဉ်များကို ပြန်လည်ရောင်းချသွားရန် ပြင်ဆင်နေသည်။ အမေရိကန် စစ်တပ်က (၂၀၀၁)ခုနှစ်ကတည်းက ပရောဂျက် စတင်ခဲ့သည့် F-35လေယာဉ်များ ထုတ်လုပ်မှု တန်ဖိုးသည် (၆၀)ရာခိုင်နှုန်းမှ (၉၀)ရာခိုင်နှုန်းထိ ထိုးတက်လာခြင်းအတွက် အဖြေရှာနေဆဲဖြစ်သည်။ ယခုလောလောဆယ်တွင် အမေရိကန်သည် ရေတပ်ရော၊ လေတပ်အတွက်ပါ F-35များကို အစားထိုးသွားရန် ပြင်ဆင်လျက်ရှိသည်။ မတ်လ(၁၈)ရက်နေ့ မေရီလန်းတွင် စမ်းသပ်မှုများအရ အလွန်ထူးခြားထက်မြက်သော တိုက်ခိုက်ရေး နည်းပညာများကို အသုံးပြုထားသည့် အင်ဂျင်တစ်လုံးတပ် လေယာဉ်သည် ပစ်မှတ်များကို ချေမှုန်းရာတွင် အထူးအစွမ်းထက်ပြီး ဝေဟင်မှ မြေပြင်သို့ စမ်းသပ်ပစ်ခတ်မှုများအားလုံး ကျေနပ်လောက်စရာ ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းလေယာဉ်များကို အမေရိကန်ရှိ လော့ဟိဒ်မာတင် လက်အောက်ခံ United Technologies ကော်ပိုရေးရှင်းမှ Pratt & Whitneyက တာဝန်ယူကာ အမေရိကန်၏ မဟာမိတ် နိုင်ငံများဖြစ်သည့် ဗြိတိန်၊ အီတလီ၊ နယ်သာလန်၊ တူရကီ၊ ကနေဒါ၊ ဩစတြေးလျ၊ ဒိန်းမတ်နှင့် နော်ဝေးတို့ကပါ ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်သည်။ ယခုနောက်ဆုံး ရေတပ်အတွက် စမ်းသပ်ထားသည့် ဒေါင်လိုက်တက်ဆင်းနိုင်သော F-35Bသည် လာမည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာ့လုံခြုံရေးအတွက် အမေရိကန်နှင့် မဟာမိတ်များ၏ ပူးပေါင်းဆောင်ရွက်မှုတွင် အလွန်အဓိက ကျလာနိုင်ကြောင်း လော့ဟိဒ်မာတင်၏ နာယကဖြစ်သူ ရောဘတ်စတီဗန်စ်က ပြောကြားသွားသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: iPhoneကိုစိန်ခေါ်မယ့် HTC Evo 4G မိုဘိုင်းလ်ဖုန်းသစ် စတင်မိတ်ဆက်ပြသ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptyFri Mar 26, 2010 8:45 am

iPhoneကိုစိန်ခေါ်မယ့် HTC Evo 4G မိုဘိုင်းလ်ဖုန်းသစ် စတင်မိတ်ဆက်ပြသ


iPhone Killerအဖြစ် ကြွေးကြော်နိုင်မည့် 4Gမိုဘိုင်းလ်ဖုန်း တစ်မျိုးကို HTCက စတင်မိတ်ဆက် ထုတ်လုပ်လိုက်ပြီဖြစ်သည်။ Appleထုတ် iPhoneနှင့် Googleထုတ် Nexus Oneတို့ကို အဓိက ယှဉ်ပြိုင်သွားမည့် HTC၏ Evo 4Gဖုန်းအား အမေရိကန်ရှိ ကုန်သွယ်မှု ပြပွဲတစ်ခုအတွင်း စတင်ပြသခဲ့သည်။ Evo 4Gတွင် (၄.၃)လက်မအရွယ် LCDscreen ပါရှိပြီး ယင်းသည် iPhone၏ Screenထက် (၃၀)ရာခိုင်နှုန်း ပိုကြီးသည်။ Flashပါသည့် 8 megapixel ကင်မရာတစ်လုံးလည်း ထည့်သွင်းထားပြီး ဖုန်းအသုံးပြု Memoryကို 33GBထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။ ထို့အပြင် ယင်းဖုန်း၏ ထူးခြားသော Featureသစ်တစ်ခုမှာ တစ်ချိန်တည်းတွင် အင်တာနက် အသုံးပြုမည့် ကိရိယာ(၈)ခုအတွက် Hubအနေနှင့် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။

HTC Evo 4G

Touchscreenနည်းပညာသုံး Evo 4Gသည် ပထမဆုံး 4Gဖုန်းလည်း ဖြစ်လာခဲ့သည်။ ယင်းဖုန်း၏ ဒီဇိုင်းကို Googleအတွက် Nexus Oneအား ဒီဇိုင်းထုတ်ပေးခဲ့သည့် Sprint Nextelကပင် တာဝန်ယူခဲ့သည်။ HTCသည် ဖုန်းအသစ်အတွက် ဈေးနှုန်းကို ကြေညာခြင်း မရှိသေးပေ။ ယင်းဖုန်းအား အမေရိကန်တွင် နွေရာသီ၌ စတင်ရောင်းချသွားဖွယ် ရှိနေသည်။ Evo 4Gတွင် Android 2.1အား Operation Systmeအဖြစ် အသုံးပြုထားပြီး 1GHz Snapdragon Processorပါရှိသည်။ 802.11b/g Wi-Fiကို ထောက်ပံ့ပေးပြီး 1.3 megapixel ဗီဒီယို ကင်မရာက HDဗီဒီယိုများအား မှတ်တမ်းတင် ရိုက်ကူးပေးနိုင်မည်ဖြစ်သည်။ 4Gဖုန်း၏ အဓိက အားသာချက်မှာ Downloadပြုလုပ်ရာတွင် လက်ရှိဖုန်းများထက် အလွန်သာသာစွာ မြန်ဆန်စေမည်ဖြစ်သည်။ Evo 4Gအား Download Speedနှင့် System Performanceဆိုင်ရာ အပြီးသတ် စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ဥရောပတွင်ပါ ရောင်းချသွားဖွယ် ရှိနေသည်။ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် Appleသည် ၎င်းတို့၏ iPhoneအား ပိုမိုကြီးမားပြီး တောက်ပသော Screenနှင့် ထုတ်လုပ်သွားမည်ဟု ကြေညာထားသည်။ ယခုသီတင်းပါတ်အတွင်း Samsungကလည်း ပိုမိုလင်းလက်တောက်ပသည့် Screenနည်းပညာကို အသုံးပြုထားသည့် Glaxy Sခေါ် ဖုန်းအသစ်အား ထုတ်လုပ်ခဲ့ကြောင်း သိရှိရသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: 3D TVများ စတင်ရောင်းချတော့မည်   သိပ္ပံနှင့်နည်းပညာသတင်းများ EmptyMon Mar 29, 2010 8:37 pm

3D TVများ စတင်ရောင်းချတော့မည်


ရောင်စုံရုပ်မြင်သံကြားစက်များ ထွက်ပေါ်လာပြီးနောက်ပိုင်း TVတီထွင်မှု သမိုင်းတွင် အကြီးမားဆုံး တော်လှန်ပြောင်းလဲမှုတစ်ခုအဖြစ် ယခုအခါ ဗြိတိန်တွင် 3D TVများ စတင်ရောင်းချတော့မည်ဖြစ်သည်။ ကိုရီးယား အီလက်ထရောနစ်လုပ်ငန်း Samsungက Avatarနှင့် Alice in Wonderlandကဲ့သို့ 3D Versionများပါ ထုတ်လုပ်ထားသည့် ဇာတ်ကားများ ကြည့်ရှုနိုင်မည့် TVများကို ယခုလအတွင်း စတင်ရောင်းချပေးသွားမည်ဟု အတည်ပြုခဲ့သည်။ ဈေးနှုန်းအနေဖြင့် (၃၂)လက်မအရွယ် LED TVတစ်လုံးအတွက် ပေါင်စတာလင် (၁၃၀၀)၀န်းကျင် ကျသင့်ဖွယ်ရှိပြီး (၆၅)လက်မအတွက်မူ ပေါင်စတာလင် (၅၀၀၀)၀န်းကျင် ရှိနိုင်ကြောင်း သိရသည်။ ထို့အပြင် 3Dပုံဖမ်း အီလက်ထရောနစ် မျက်မှန်များနှင့် Blu Ray DVDတို့အတွက် ပေါင်စတာလင် (၅၀၀)၀န်းကျင် ထပ်မံကျသင့်မည်ဟုလည်း ဆိုသည်။ Samsungကဲ့သို့ပင် Sony၊ Panasonic၊ LGတို့သည်လည်း ၎င်းတို့၏ 3D TVများအား မိတ်ဆက်တင်ပြရန် စီစဉ်နေကြောင်း သိရှိရသည်။
3Dနည်းပညာသည် လာမည့်နှစ်အနည်းငယ်အတွင်း PlayStation 3ဂိမ်းစက်များ၊ Laptopများနှင့် အိမ်သုံးPCကွန်ပျူတာများတွင် အပြည့်အ၀ လွှမ်းမိုးဝင်ရောက်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။ 3D Versionဖြင့် ပြသသော Avatarနှင့် Alice in Wonderlandsဇာတ်ကားများ ကမ္ဘာနှင့်အ၀ှမ်း အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့ပြီးနောက် Toy Story 3မှာ 3D Versionအတွက် တီထွင်နေသလို Shrekရုပ်ရှင်များမှာလည်း 3D Versionအတွက် Convertပြုလုပ်ထားပြီးဖြစ်သည်။ 3Dနည်းပညာအပေါ် လူစိတ်ဝင်စားမှု မြင့်တက်လာခြင်းကြောင့် ဗြိတိန်ရုပ်မြင်သံကြား Channelများသည်လည်း 3Dစနစ်ဖြင့် ပြသနိုင်ရန် စဉ်းစားလာကြသည်။ Skyဆိုလျင် (၂၀၁၁)ခုနှစ်အတွင်း သီးသန့် 3D Channelတစ်ခုကို လွှင့်တင်သွားမည်ဟု ကြေညာပြီးဖြစ်သည်။ မကြာသေးမီ လပိုင်းက ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်သည့် အာစင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်အား ထုတ်လွှင့်ပြသခဲ့ရာ လူအများ လက်ခံကြိုဆိုခဲ့ကြသည်။ BBCသည် Rugbyပြိုင်ပွဲများအား 3Dရုပ်ရှင်ရုံများအတွင်း ပြသခဲ့သလို ESPNကလည်း နည်းပညာသစ်ကို ပြောင်းလဲအသုံးပြုရန် ပြင်ဆင်နေပြီဖြစ်သည်။ 3Dမျက်မှန်များသည် အနီနှင့်အစိမ်းရောင်များအား Filterပြုလုပ်ပေးကာ ပလပ်စတစ်ဖြင့် ပြုလုပ်ထားလေ့ရှိပြီး မျက်လုံးမှ မှန်ဘီလူးကို 3Dပုံရိပ်များ ကျရောက်စေရန် ဖန်တီးပေးနိုင်သည်။ သာမန်အားဖြင့် ကြည့်ပါက Screenပေါ်ရှိ ပုံရိပ်များသည် မှုန်ဝါးနေလေ့ရှိသော်လည်း မျက်မှန်တပ်ကြည့်ပါက ရုပ်ကြွများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ Samsungက ၎င်းတို့၏ TVသည် 3D Versionအား သာမန် 2D Versionသို့လည်း အလွယ်တကူ ပြောင်းပေးနိုင်ကြောင်း ပြောဆိုထားသည်။ ယခုလကုန်တွင် စတင်ရောင်းချမည့် 3D TVများ၏ ဈေးနှုန်းမှာ မြင့်မားနေသေးသော်လည်း ထိုမျှလောက် ကာလရှည်ကြာ ဈေးကြီးနေဖွယ်မရှိဘဲ တဖြည်းဖြည်း ဈေးနှုန်းကျဆင်းသွားနိုင်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: Re: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptyWed Apr 07, 2010 9:39 pm

အမျိုးသမီးယာဉ်မှူးများ စံချိန်တင် အများဆုံးပါဝင်မည့် နာဆာ၏အာကာသခရီးစဉ်


အမျိုးသမီးထုကြီးအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခုကို အမျိုးသမီး အာကာသယာဉ်မှူး (၄)ဦးတို့က စိုက်ထူနိုင်တော့မည်ဖြစ်သည်။ NASAအဖွဲ့ကြီးက နိုင်ငံတကာ အာကာသစခန်း (ISS)သို့ ပျံသန်းမည့် ခရီးစဉ်တစ်ခုအပြီး ISSတွင် အမျိုးသမီး အာကာသယာဉ်မှူးဦးရေ သမိုင်းတွင် အများဆုံး ဖြစ်လာမည်ဟု အတည်ပြုခဲ့သည်။

ရုရှားဒုံးပျံဖြင့် ISSသို့ ပျံသန်းမည့် အဆိုပါ အမျိုးသမီး အာကာသယာဉ်မှူး (၄)ဦးတို့သည် ယခင်က ကျောင်းဆရာမတစ်ဦး၊ လျှပ်စစ်နှင့် ဓာတုဗေဒ ပညာရှင်တစ်ဦးနှင့် လေယာဉ်ပျံသန်းမှု အတတ်ပညာရှင်နှစ်ဦးတို့ ဖြစ်ကြကြောင်းလည်း NASAကဆိုသည်။ အမေရိကန်မှ ဒေါ်ရသီမက်ကက်ဖ် လင်ဒါဘာဂျာနှင့် စတက်ဖနီဝီလ်ဆင်၊ ဂျပန်မှ နိုကိုယာမာဇာကီတို့သည် ISSသို့ လာမည့်သီတင်းပါတ်အတွင်း အခြားအမျိုးသား အာကာသယာဉ်မှူး (၄)ဦးနှင့်အတူ ပျံသန်းထွက်ခွာမည်ဖြစ်ပြီး ISSတွင် ကြိုတင်ရောက်ရှိနေသည့် အသက်(၄၀)အရွယ် အမေရိကန် အမျိုးသမီးယာဉ်မှူး ထရေစီကယ်ဝဲလ်ဒိုင်ဆန်နှင့် ပူးပေါင်းမည်ဖြစ်သည်။

ဒိုင်ဆန်သည် အာကာသထဲတွင် (၆)လကြာ တာဝန်ထမ်းဆောင်မည် ဖြစ်သော်လည်း ကျန်(၃)ဦးမှာမူ (၁၇)ရက်သာ အာကာသထဲတွင် ရှိနေမည်ဟု သိရှိရသည်။ ISSတွင် ယင်းကဲ့သို့ အမျိုးသမီး (၄)ဦး အတူတာဝန်ထမ်းဆောင်မှုသည် သမိုင်းတွင် အများဆုံး အရေအတွက် ဖြစ်လာသည်။ ဂျပန်ယာဉ်မှူး ယာမာဇာကီသည် ဂျပန်နိုင်ငံ၏ အာကာသသို့ ပျံသန်းဖူးသည့် ဒုတိယမြောက် နက္ခတ်ဗေဒ ပညာရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အသက်(၄၃)နှစ်ရှိ စတက်ဖနီက ယခုခရီးစဉ်အတွက် သူမတို့အားလုံး ရင်ခုန်နေမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အာကာသယာဉ်များတွင် အများအားဖြင့် အမျိုးသားများသာ တာဝန်ထမ်းဆောင်လေ့ရှိပြီး ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးအဖြစ် ရုရှားမှ ဗလန်တီနာ တာရီရှာကိုဗာက (၁၉၆၃)ခုနှစ်က ပထမဆုံးအကြိမ် သမိုင်းမှတ်တိုင် စိုက်ထူခဲ့သည်။ ယခုခရီးစဉ်အရ ISSတွင် အမျိုးသမီး (၄)ဦးထိ ရှိနေမည်ဖြစ်သော်လည်း အမျိုးသားအာကာသယာဉ်မှူး အရေအတွက်က (၂)ဆရှိနေဦးမည်ဟုလည်း သတင်းရရှိသည်။planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: Re: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptyWed Apr 07, 2010 9:42 pm

Apple iPad စတင်ရောင်းချ


Appleကုမ္ပဏီမှ အသစ်ထုတ်လိုက်သည့် Touchscreen နည်းပညာသုံး Tabletကွန်ပျူတာ အမျိုးအစားသစ် iPadကို အမေရိကန်တွင် စတင်ရောင်းချနေပြီဟု သိရသည်။ Appleက ဧပြီလ (၃)ရက်နေ့မှ စတင်ကာ အမေရိကန်ရှိ Appleစတိုး အခု(၂၀၀)ကျော်တွင် iPadအား စတင်ဝယ်ယူနိုင်ပြီဟု ကြေညာသည်။ နယူးယော့ခ်မှ အနောက်ဖက်ကမ်းခြေမြို့ ပါလိုအယ်လ်တိုထိ မြို့များစွာရှိ Appleစတိုးများတွင် iPodအား ဒေသစံတော်ချိန် နံနက်(၉)နာရီမှ စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ အမေရိကန်သို့ ရောက်ရှိနေသည့် ဒတ်ခ်ျလူမျိုး ၀င်ဟော့ဖ်မန်းက “ကျွန်တော့်နိုင်ငံကို iPadရောက်လာဖို့က စောင့်ရဦးမှာလေ။ ဒီတော့ တစ်ခါတည်း ၀င်ဝယ်သွားတော့မယ်”ဟု နယူးယော့ခ်ရှိ Appleစတိုးတစ်ခုတွင် iPad၀ယ်ယူရန် စောင့်ဆိုင်းနေရင်း Xinhua သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ဒီအထူးပွဲကို လာဖို့အတွက် ဟိုတယ်နဲ့ ခရီးစရိတ် ယူရို(၃၀၀၀)လောက် သုံးခဲ့ရတယ်ဗျ”ဟုလည်း ဟော့ဖ်မန်းက ဂုဏ်ယူစွာ ပြောဆိုသွားသေးသည်။ ဆန်ဖရန်ဆစ္စကိုသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံသား ကွန်ပျူတာ သုတေသီ ဟိုင်ရိုကီရှီမိုတိုကလည်း မိမိသည် iPadကို ပထမဆုံး ၀ယ်ယူရရှိလိုသဖြင့် နံနက်(၅)နာရီကတည်းက လာစောင့်နေရသည်ဟု ပြောကြားခဲ့သည်။ ၎င်းက iPadအား ebookများ ဖတ်ရှုရန် အဓိကထား ၀ယ်ယူမည်ဖြစ်ပြီး ယင်းကိရိယာသည် ၀က်ဘ်ဆိုက်များ မွှေနှောက်ရှာဖွေရာတွင် အကောင်းဆုံး အသုံးချနိုင်မည်ဟု မျှော်လင့်ကြောင်း ခန့်မှန်းသွားသည်။ “Laptopတွေက သွားလေရာ အချိန်တိုင်း လျှောက်သယ်နေဖို့က အလေးချိန်ကြောင့် မလွယ်ဘူး။ iPadကတော့ အကောင်းဆုံး ပစ္စည်းလေးတစ်ခုပဲလို့ ထင်ပါတယ်”ဟု ကီရှီမိုတိုကဆိုသည်။ တောင်ပိုင်း ဆန်ဖရန်ဆစ္စကိုတွင် နေထိုင်သော အသက်(၁၃)နှစ်ရှိ ကျောင်းသူလေး ဘရီရာနာ အိုလစ်ဗားရော့စ်ကမူ သူမသည် iPadကို ပညာရေးဝက်ဘ်ဆိုက်များ ကြည့်ရှုရန်၊ သုတေသန ပြုလုပ်ရန်နှင့် Notesများ မှတ်သားရန် အသုံးပြုသွားမည်ဟုဆိုသည်။ မတ်လ(၁၂)ရက်နေ့တွင် ကျရောက်သည့် ဘရီရာနာ၏ မွေးနေ့အတွက် အဖိုးဖြစ်သူက iPadတစ်လုံးကို ကြိုတင်မှာယူပေးထားပြီးဖြစ်သည်။ အမေရိကန်တွင် iPadကို (၄၉၉)ဒေါ်လာဖြင့် စတင်ရောင်းချနေခြင်းဖြစ်ပြီး အင်တာနက် ချိတ်ဆက်ရန် WiFiစနစ် ပါရှိသည်။ Apple၏ အဆိုအရ WiFiနှင့် 3Gကွန်ယက်စနစ် နှစ်မျိုးလုံး ပါရှိသော မော်ဒယ်လ်များကို အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ စပိန်၊ ဆွစ်ဇာလန်နှင့် ဗြိတိန်တို့တွင် ယခုလကုန်မှစတင်ကာ ရောင်းချသွားမည်ဟု သိရှိရသည်။planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: Re: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptySun Apr 25, 2010 1:28 pm


အိုင်စီတီအသုံးပြုမှုစစ်တမ်း ဧပြီလဆန်းတွင် ထုတ်ပြန်မည်


ထင်အောင်လင်း
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)

ပြီးခဲ့သည့် မတ်လလယ်က ကောက်ခံ ခဲ့သည့် လူထု၏အိုင်စီတီအသုံးပြုမှု စစ်တမ်းရလဒ်များကို ဧပြီလ၊ တတိယပတ်တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း ထိုစစ်တမ်းကို ကောက်ခံသည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါစစ်တမ်းကို မတ်လ ၁၉ ရက် မှ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ဒဂုံ မြို့နယ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပခဲ့သည့် 'မြန်မာ့ သတင်းအချက် အလက်နှင့် နည်းပညာပြပွဲ ၂၀၁၀' (Myanmar Information and Communication Technology Exhibition 2010) အတွင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထိုအိုင်စီတီအသုံးပြုမှု စစ်တမ်းကောက်ခံရန်အတွက် ပြပွဲကာလသုံးရက်အတွင်း ပရိသတ်များကို မေးခွန်းလွှာပေါင်း နှစ်သောင်းကျော် ကိုဝေငှ မေးမြန်းခဲ့ပြီး ထိုမေးခွန်းလွှာများ အနက်မှ အဖြေလွှာပေါင်း ၄၅,၀၀၀ ၀န်းကျင်ကို ပြန်လည်လက်ခံရရှိခဲ့ ကြောင်း သိရသည်။

"ရရှိလာမယ့်သုံးသပ်ချက်နဲ့ စစ်တမ်း က အသင်းမူပိုင်ဖြစ်ပြီး သုံးသပ်ချက်တွေကို လူထုကို အကုန်ထုတ်ပြန် ကြေညာသွားမှာပါ။ အသုံးအများဆုံး အမှတ်တံဆိပ်တွေ၊ လူကြိုက်အများဆုံး အိုင်တီပစ္စည်းတွေ အစရှိတဲ့ သုံးသပ်ချက်တွေ ပါဝင်မှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ တာဝန်ရှိသူ ဦးမင်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

လူထု၏ အိုင်စီတီအသုံးပြုမှုစစ်တမ်းကို ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သော 'မြန်မာ့သတင်း အချက်လက်နှင့် နည်းပညာပြပွဲ ၂၀၀၉' တွင် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင် အသင်းနှင့် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြစ်သည့် နိုဘယ်လိုက်မီဒီယာ တို့ပူးပေါင်းကာ ကောက်ခံခဲ့ဖူးပြီး ယခုကောက်ခံသည့်လူထု၏အိုင်စီတီအသုံးပြုမှုစစ် တမ်းသည် ဒုတိယအကြိမ်မြောက် ကောက်ခံ သည့် စစ်တမ်းဖြစ်ကြောင်း သိရှိရသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: Re: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptySun Apr 25, 2010 1:29 pm


ဖုန်းဘက်ထရီ ကြာရှည်ခံအောင်


ဂျွန်နောင်
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)

ပရိသတ်ကြီးကို ဖုန်းဟန်းဆက်ဘက်ထရီ အကြောင်းတစ်ခါ ပြောပြခဲ့ဖူးပါတယ်။

ဒီတစ်ခါမှာတော့ ဘက်ထရီနဲ့ပတ်သက်ပြီး လျှပ်စစ်အမ်ပီယာအကြောင်းနဲ့ ဘက်ထရီ ဆဲလ်တွေအကြောင်းကို ပြောပြချင်ပါတယ်။

ဖုန်းဟန်းဆက်တွေရဲ့ ဘက်ထရီမှာက အမ်ပီယာအားဖြင့် 800 ကနေ 1300 အတွင်း ရှိတတ်ကြတယ်။

ဘက်ထရီ အားသွင်းစက် ပျက်သွားလို့ လဲရပြီဆိုရင် အော်ရီဂျင်နယ်ကို ၀ယ်သုံးနိုင်ရင် အဆင်ပြေပေမယ့် အော်ရီဂျင်နယ် အားသွင်း စက်ကိုမရနိုင်တဲ့အခါမှာတော့ မူလအမ်ပီယာနဲ့အနီးစပ်ဆုံးရတာကို သုံးသင့်ပါတယ်။

နောက်ထပ်ပြောပြချင်တာက ဘက်ထရီဆဲလ်တွေအကြောင်းပါ။

ဘက်ထရီအားက အိုင်ဖုန်းဆိုရင်အနည်းဆုံး ၃ ရာခိုင်နှုန်း၊ တခြားဖုန်းဆိုရင် ၅ရာခိုင်နှုန်း ကနေအများဆုံး ၂၀ ရာခိုင်နှုန်းအထိ လောက်ပဲ ကျန်အောင် ချန်ပြီး အကုန်သုံးပစ်သင့်ပါတယ်။

ဘက်ထရီ ဆဲလ်တွေကို ကုန်အောင်မသုံးပစ်ဘဲ ခဏလေးနဲ့ အားပြန်သွင်းပြီး သုံးတဲ့အခါ နောက်ပိုင်းမှာ ဆဲလ်တွေမှာ လျှပ်စစ်အား အပိုဖြစ်ပြီး ကြာလာတဲ့အခါ အလုပ်မလုပ်တော့တာမျိုးတွေ ရှိလာတယ်။

ပြီးတော့ ဘက်ထရီတွေမှာက ဓာတ်အားတိုင်းတာပေးတဲ့စနစ်ပါရှိတယ်။

ဒီစနစ်က ဆဲလ်တွေမှာ ဓာတ်အားပြည့်၊ မပြည့်တိုင်းတာ ပေးတာဖြစ်ပြီး ပျက်စီးသွားတဲ့ဆဲလ်တွေကို ထည့်သွင်းမတိုင်းတာပါဘူး။

ဒါကြောင့် ဆဲလ်တွေ ပျက်စီးလာတဲ့အခါ ပုံမှန်နာရီပြည့်အောင် ဘတ်ထရီသုံးလို့မရတော့ဘဲ ဖုန်းကို အားသွင်းရင်လည်း ခဏလေးနဲ့ အားပြည့်နေကြောင်း Sign ပြနေပါလိမ့်မယ်။

ဒီလောက်ဆိုရင် ဘက်ထရီကြာရှည်ခံအောင် ဘယ်လို ထိန်းသိမ်းမလဲဆိုတာ သိလောက်ပါပြီနော်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: Re: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptySun Apr 25, 2010 1:30 pm


ကျပ်ငါးသိန်းတန်ဖုန်းသုံး အဘိဓာန်ဆော့ဖ်ဝဲအသစ် ဖြန့်ချိ

ထင်အောင်လင်း
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)

ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းဟန်းဆက်များတွင် အသုံးပြုနိုင်မည့် အဘိဓာန်ဆော့ဖ်ဝဲ သစ်တစ်မျိုးကို အက်စ်အမ်ကျုမြန်မာ ဆော့ဖ်ဝဲကုမ္ပဏီက ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းတွင် စတင်ဖြန့်ချိခဲ့ရာ ထိုဆော့ဖ်ဝဲသည် အဆိုပါဖုန်းဟန်းဆက် များတွင် အသုံးပြုနိုင်သည့် ပထမဦးဆုံးသော ပြည်တွင်းထုတ် ဆော့ဖ်ဝဲဖြစ်လာမည်ဖြစ်သည်။

ထိုဆော့ဖ်ဝဲတွင် နာမည်ကျော် သာလွန်အဘိဓာန်ကို အခြေခံဖန်တီးထားသည့် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းဟန်းဆက်အများစုတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

သို့ရာတွင် ဂျီအက်စ်အမ်ဟန်းဆက်သုံးအတွက် ထုတ်လုပ်ထားသည့် အဘိဓာန် ဆော့ဖ်ဝဲကဲ့သို့ လုပ်ဆောင်ချက်စုံလင်ဦးမည်မဟုတ် ဘဲ ဝေါဟာရရှာဖွေခြင်း တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ထိုဆော့ဖ်ဝဲကို ကျပ် ၉,၅၀၀ ဖြင့် ရန်ကုန်မြို့ရှိ မိုဘိုင်း ဖုန်းဆိုင်များတွင် ၀ယ်ယူနိုင်ကြောင်း အက်စ်အမ်ကျု မြန်မာဆော့ဖ်ဝဲကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: Re: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptySun Apr 25, 2010 1:31 pm


အမျိုးသားစာကြည့်တိုက်ရှိ စာအုပ်များကို အီးဘွတ်ခ်အဖြစ် ဖတ်ရှုနိုင်ရန် စီစဉ်နေဟုဆို
ထင်အောင်လင်း
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)

မြန်မာနိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက် ကြီးဖြစ်သော အမျိုးသားစာကြည့်တိုက်တွင် စုဆောင်းထားရှိသည့် စာအုပ် စာတမ်း ခုနစ်သိန်းခွဲ ၀န်းကျင်ကို ယခု ဧပြီလမှစတင်ခါ အီလက်ထရွန်းနစ် စာအုပ်များ (e-books) အဖြစ်စတင် ပြောင်းလဲ၍ အများ ပြည်သူဖတ်ရှုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ထိုစာကြည့်တိုက် ညွှန်ကြားရေးမှူး ဦးကျော်ဦးက ပြောကြားသည်။

စုဆောင်းထားရှိသည့် စာအုပ် စာတမ်းများကို အီးဘွတ်ခ်များအဖြစ် တာဝန်ယူပြောင်းလဲနိုင်ရန်အတွက် လုပ်ငန်းတင်ဒါကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ နောက်ဆုံး ထားတင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။

အီလက်ထရွန်းနစ်စာအုပ်များအဖြစ် ပြောင်းလဲမည့် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများမှာ ၁၉၀၀ ပြည့်နှစ်မတိုင်မီ မှ ယနေ့ခေတ် အထိ ထုတ်ဝေခဲ့သည်များဖြစ်ပြီး အီလက်ထရွန်းနစ်စာအုပ်များအဖြစ် ပြောင်းလဲပြီးပါက စာကြည့်တိုက်သုံး Online Publishing Acess Catalogue စနစ်ဖြင့်ချိတ်ဆက်ကာ အများပြည်သူကို ဖတ်ရှုခွင့်ပြုမည် ဖြစ်ကြောင်း ဆိုသည်။

"ပုံနှိပ်စာရွက်နဲ့ စာအုပ်တွေဆိုတာက အချိန်တန်ရင် ဆွေးသွားနိုင်တယ်၊ တခြားအကြောင်းအရာတွေကြောင့်လည်း ပျက်စီးသွားနိုင် တယ်။ ဒါကြောင့် အကုန်လုံးကို အီးဘွတ်ခ်အဖြစ် ပြောင်းချင်တာပါ။ လောလောဆယ်မှာတော့ စာကြည့်တိုက်သုံးကလွဲလို့ ဒီအီးဘွတ်ခ် တွေကို အခြားဌာနတွေအတွက် သုံးဖို့ မရည်ရွယ်သေးပါဘူး"ဟု ၎င်းကပြောသည်။

အီလက်ထရွန်းနစ်စာအုပ်များအဖြစ် ပြောင်းလဲရမည့် ထိုစီမံကိန်းကိုအဆင့် သုံးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကာလ ကို တစ်နှစ်သတ်မှတ်ထားသည်။

စာကြည့်တိုက်အနေဖြင့် လွန်ခဲ့သည့်ငါးနှစ်ခန့်မှစတင်ခါ စုဆောင်းထားရှိသည့်စာအုပ်စာတမ်းအချို့ကို အီလက်ထရွန်းနစ်စာအုပ်များ အဖြစ် စတင် ပြောင်းလဲရန် ကြိုးပမ်းခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၏အကြီးဆုံးစာကြည့် တိုက်ကြီးအဖြစ် သတ်မှတ်ထားသော အမျိုးသားစာကြည့်တိုက်ကို ၁၉၅၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အဆို ပါစာကြည့်တိုက်သည် ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်မှအပ မြန်မာနိုင်ငံတွင် တည်ရှိသည့် သုတေသနစာ ကြည့်တိုက်ဖြစ်သည်။

ထိုစာကြည့် တိုက်တွင် မြန်မာနှင့် အင်္ဂလိပ်စာအုပ်ပေါင်း ၁၅၉,၉၂၄ အုပ်၊ မြန်မာနှင့် အင်္ဂလိပ်သတင်းစာစောင်ပေါင်း ၂၉၈,၃၀၉ စောင်နှင့် မြန်မာနှင့် အင်္ဂလိပ် မဂ္ဂဇင်းပေါင်း ၂၈၅,၂၀၆ အုပ်တို့ကို စုဆောင်းထားသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: Re: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptySun Apr 25, 2010 1:32 pm


ဂူးဂဲလ် Gadget တွေကို ဂျီမေးလ်ထဲမှာ သုံးရအောင်
ကျော်ဇင်ထွန်း
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)

ဒီတစ်ပတ်မှာ ပရိသတ်ကြီးကို ပြောပြချင်တာက ဂူးဂဲလ်ပြက္ခဒိန်၊ ဂူးဂဲလ် Reader တို့လို အသုံးဝင်လုပ်ဆောင်ချက်တွေကို ဂျီမေးလ် အသုံးပြုရင်း တစ်ပြိုင်နက်တည်း အသုံးပြုလို့ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အိုင်တီဗဟု သုတနည်းလမ်းလေးပါ။

ပထမဆုံးအနေနဲ့ သင့်ဂျီမေးလ်ကို Log-in ၀င်၊ ပြီးရင် ဂျီမေးလ်စကရင်ရဲ့ ညာဘက်အပေါ်နားမှာရှိတဲ့ Lab Icon လေးကိုနှိပ်လိုက်ပါ။

တစ်ခါတလေ မှာ Icon အနေနဲ့မရှိဘဲ Lab ဆိုတဲ့ စကားလုံးလေးနဲ့ရှိတတ်ပါတယ်။

ပြီးရင် စကရင်ကို Scroll Down လုပ်လိုက်ပါ။

အဲဒီမှာ ဂျီမေးလ် Lab ရဲ့ လုပ်ဆောင်ချက်တွေအများအပြားကို တွေ့ရပါလိမ့်မယ်။

ကိုယ်ပေါင်းထည့်ချင်တဲ့ Gadget နားရောက်ရင် ညာဘက်အခြမ်းမှာရှိတဲ့ Enable ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။

တစ်ကယ်လို့ ဂူးဂဲလ်ရဲ့များပြားလှတဲ့ Gadget တွေကို ပေါင်းထည့်ချင်တယ်ဆိုရင်တော့ ဂျီမေးလ် Lab Feature ရဲ့ Add any gadget by URL ဆိုတဲ့ လုပ်ဆောင်ချက်လေးကနေ ပေါင်းထည့်နိုင်ပါတယ်။

ဒီလိုလုပ်ဖို့အတွက် ပထမဦးဆုံးက ဂူးဂဲလ်ရဲ့ Gadget directory ကို သွားလိုက်ပါ။

သင်ပေါင်းထည့်ချင်တဲ့ Gadget ကို ရွေးပြီး ကလစ်နှိပ်လိုက်ပါ။

ဒါဆိုရင် Add it now ဆိုတဲ့ ခလုတ်လေးကို တွေ့ပါလိမ့်မယ်။

အဲဒါကို သွားမနှိပ်ပါနဲ့။

တစ်ကယ်လို့ နှိပ်လိုက်ရင် သင်ပေါင်းထည့်ချင်တဲ့ လုပ်ဆောင်ချက်က ဂျီမေးလ်ထဲကို မ၀င်ဘဲ iGoogle homepage ထဲကိုပဲ ၀င်သွားပါလိမ့်မယ်။

ဂျီမေးလ်မှာ ပေါင်းထည့်ဖို့အတွက် ဒီ Gadget ရဲ့ URL လို့ခေါ်တဲ့ ၀က်ဘ်ဆိုက်လိပ်စာကို ကူးထည့်ဖို့လိုပါတယ်။

ကဲ... ခုနကပြောသလို ပေါင်းထည့်ချင်တဲ့ gadget ခလုတ်ကို နှိပ်လိုက်တဲ့အခါ ပေါ်လာမယ့် Address bar က URL ကို select လုပ်ပြီး copy ကူးလိုက်ပါ။

Address bar မှာ URL ပေါ်တဲ့အခါ "$URL=" ဆိုတဲ့ စာသားနောက်မှာပေါ် ပါလိမ့်မယ်။

URL တွေအားလုံးက .XML နဲ့ ဆုံးတာကိုလည်း တွေ့ပါလိမ့်မယ်။

ဒါကြောင့် URL ကိုကူးတဲ့အခါ = sign နောက်ကနေပြီး အဆုံးအထိ ကူးပါ။

ပြီးရင်ဂျီမေးလ်ကို ပြန်သွားပြီး Settings ထဲက Gadgets ဆိုတဲ့ခလုတ် အောက်က Add a gadget by its URL: ဆိုတဲ့ဘောက်စ်ထဲမှာ ခုနကူးထားတဲ့ URL ကို paste လုပ်လိုက်ပါ။

တစ်ခုသတိထားရမှာက ဒီလိုပေါင်း ထည့်လို့ရဖို့ http:// ဆိုတဲ့ဟာကို ပါအောင်ကူးထည့်ပါ။

နို့မို့ဆိုအလုပ်လုပ်မှာ မဟုတ်ပါဘူး။

တစ်ကယ်လို့ သင်ထည့်လိုက်တဲ့ URL မှာ http:// မပါဘူး ဆိုရင်လည်း ကိုယ့်ဘာသာ ရိုက်ထည့်လိုက်ပါ။

ပြီးရင် Add ကို နှိပ်လိုက်တာနဲ့ ကိုယ်ထည့်ချင်တဲ့ Gadget ကို URL က တစ်ဆင့်ပေါင်းထည့်လို့ရသွားပါပြီ။

ဒီလိုပေါင်းထည့်ပြီးသွားရင် နောက်တစ်ခါဂျီမေးလ်ကို ၀င်တာနဲ့ စကရင်ရဲ့ ဘယ်ဘက်အခြမ်းမှာ ခုနကပေါင်းထည့်ထားတဲ့ Gadget တွေကို တစ်ပြိုင်တည်း မြင်တွေ့နိုင်ပါပြီ။

ဒီ Gadget တွေက တစ်ကယ်အသုံးချတတ်ရင် ကိုယ့်အတွက် အရမ်းကို အကျိုးရှိအသုံးဝင်တာမို့ မြန်မာတိုင်း(မ်) ပရိသတ်ကြီးလည်း ကိုယ်တိုင်စမ်းပြီး သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ......။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: Re: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ EmptySun Apr 25, 2010 1:33 pm


အက်ပဲလ်ရဲ့ အိုင်ပက်ဒ် အပြိုင်အဆိုင် များတဲ့ ပီစီဈေးကွက်ထဲ ၀င်ရောက်လာ


(အေအက်ဖ်ပီ)
သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၁)
News Pic

ရှေ့ပြေးတွေဖြစ်တဲ့ အိုင်ပေါ့ဒ်နဲ့ အိုင်ဖုန်းတွေ နောက်မှာ ပီစီကွန်ပျူတာ လောကအတွက် အပြောင်းအလဲတစ်ခုအဖြစ် အက်ပဲလ်ရဲ့ အိုင်ပက်ဒ် (iPad)ဟာ သုံးစွဲသူတွေရဲ့ လက်ထဲကို ရောက်လာပါပြီ။

အိုင်ပက်ဒ်ကို အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် စနေနေ့က စတင်ပြီး ဈေးကွက်ထဲ ကိုစတင်ဖြန့်ချိလိုက်တဲ့အတွက် တစ်နိုင်ငံလုံးမှာ ရှိတဲ့ အက်ပဲလ်စတိုးတွေမှာ ဈေးဝယ်တွေနဲ့ ကြိတ်ကြိတ်တိုးနေပြီး ကယ်လီဖိုးနီးယားမှာ ရှိတဲ့ကုမ္ပဏီမှာလည် ကြိုတင်အမှာစာတွေ တပြုံတခေါင်းရရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီကွန်ပျုတာ ပြားပြားသေးသေးလေးတွေဟာ အပြောင်း အလဲတစ်ခုအဖြစ် လူတွေကြိုက်၊ မကြိုက် ဆိုတာကိုတော့ စောင့်ကြည့် ရဦးမှာပါလို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဈေးကွက်အတွင်းမှာ အောင်မြင်မှုရရှိနေတဲ့ အက်ပဲလ်ရဲ့အိုင်ပက်ဒ်ကို လက်ခံတဲ့အနေနဲ့ ကုမ္ပဏီတွေက စိတ်ထက်သန်စွာနဲ့ အခုလို လုပ်ပေးကြတာဟာ အိုင်ပက်ဒ်အတွက် သတင်းကောင်းပါ။

အိုင်ပက်ဒ်ပရိုဂရမ်တွေကို အက်ပဲလ်ရဲ့ အိုင်ကျူးန်(iTunes) အွန်လိုင်းဆိုင်တွေမှာလည်း တင်ထားပါတယ်။

အိုင်ပက်ဒ်မှာ အက်ပဲလ်က၀က်ဘ်အခြေခံ အီးမေးလ် ၀န်ဆောင်မှု တွေကိုပါ အခမဲ့ပေးတာကြောင့် အင်တာနက်ခေါင်းဆောင်ကြီးဖြစ်တဲ့ ဂူးဂဲလ်ရဲ့ အရှိန်အ၀ါတွေတောင် အိုင်ပက်ဒ်ရဲ့ နောက်ကို ရောက်သွားပါပြီ။

ဒါ့ပြင်အိုင်ပက်ဒ်မှာ ကင်န်ဒဲလ်စတိုးက စာအုပ်တွေကို ဖတ်ရှုနိုင်အောင် http://www.amazon.com က အက်ပလီကေးရှင်းတွေ ဖန်တီးပေးထားတဲ့အတွက် ကင်န်ဒဲလ်ရဲ့ စာဖတ်ပရိသတ်တွေလည်း လျော့ကျသွားနိုင်ပါတယ်။

အိုင်ပက်ဒ်ဟာ အသံသွင်းတာ၊ ဗီဒီယို၊ ဓာတ်ပုံနဲ့ ဂိမ်းကစားတာတွေ လုပ်နိုင်သလို အင်တာနက်ကိုလည်း လွယ်လွယ်ကူကူသုံးစွဲ စေနိုင်မှာပါ။

နယူးယောက်မြို့မှာ ပြီးခဲ့တဲ့စနေ နေ့တုန်းက လူရာပေါင်းများစွာဟာ အိုင်ပက်ဒ် ကိုဝယ်ယူဖို့ မနက်ငါးနာရီတည်းက စောင့်နေ ကြတဲ့မြင်ကွင်းဟာ နှစ်သစ်ကူးအခါသမယလိုပဲ ပျော်စရာကောင်းလှပါတယ်။

ဈေးဝယ်သူတော် တော်များများဟာ အမေရိကန်နိုင်ငံသားတွေ မဟုတ်ကြပါဘူး။

ထိတွေ့ခံစားနိုင်တဲ့ အာရုံခံ မျက်နှာပြင်ပါဝင်တဲ့ ဒီ Tablet ကွန်ပျူတာကို အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းမှာပဲ ကန် ဒေါ်လာ ၄၉၉ က နေ ၈၂၉ အတွင်း လက်လီ စတင်ရောင်းချပေးခဲ့တာပါ။

အရွယ်အစားအားဖြင့် ၉ ဒသမ ၇ လက်မသာရှိတဲ့ ဒီပစ္စည်းလေးဟာ သီချင်းနား ထောင်လို့လည်းရသလို ဂိမ်းလည်းကစားနိုင်၊ အင်တာနက်လည်း ကြည့်နိုင်၊ စာအုပ်တွေလည်း ဖတ်လို့ရပါတယ်။

ကီးဘုတ်က အာရုံခံ ဖြစ်ပြီး အရမ်းကိုပေါ့ပါးပါတယ်။

ပြီးတော့ ဖုန်းလိုပဲသုံးရတာလွယ်ကူပြီး အင်တာနက်သုံးရာမှာလည်း လျင်လျင်မြန်မြန်ချိတ်ဆက်လို့ရတယ်။ ဒါ့ပြင် အိုင်ပေါ့ဒ်နဲ့ အိုင်ဖုန်းတွေအတွက် ထုတ်လုပ်ထားတဲ့ အက်ပလီကေးရှင်းပေါင်း ၁၅၀,၀၀၀ ကိုလည်း သုံးစွဲနိုင်တယ်လို့သိရပါတယ်။

အခုရောင်းတဲ့အိုင်ပက်ဒ်က ၀ိုင်ဖိုင်နဲ့ချိတ်ဆက်ထားတာဖြစ်ပြီး ၀ိုင်ဖိုင်၊ သရီးဂျီဆယ်လူ လာချိတ်ဆက်ထားတဲ့အိုင်ပက်ဒ်ကိုတော့ ဧပြီလ နှောင်းပိုင်းမှာ စရနိုင်မယ်လို့ သိရတယ်။
Back to top Go down
http://www.hapmalaysia.net
Sponsored content





သိပ္ပံနှင့်နည်းပညာသတင်းများ Empty
PostSubject: Re: သိပ္ပံနှင့်နည်းပညာသတင်းများ   သိပ္ပံနှင့်နည်းပညာသတင်းများ Empty

Back to top Go down
 
သိပ္ပံနှင့်နည်းပညာသတင်းများ
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: NEWS (သတင်းများ) :: သိပ္ပံနှင့်နည်းပညာသတင်းများ-
Jump to: