HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ် စာအုပ်နှင့် ပတ်သက်၍ I_icon_mini_portalLatest imagesSearchRegisterLog in

 

 ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ် စာအုပ်နှင့် ပတ်သက်၍

Go down 
AuthorMessage
Hay Shan




Posts : 11
Join date : 2010-03-25

ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ် စာအုပ်နှင့် ပတ်သက်၍ Empty
PostSubject: ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ် စာအုပ်နှင့် ပတ်သက်၍   ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ် စာအုပ်နှင့် ပတ်သက်၍ EmptySat Apr 24, 2010 9:13 am

အစ္စလာမို့အလိုင်းကွမ်း

အစ္စလာမ် ဘာသာဝင် အပေါင်းတို့ခင်ဗျား - -
လွန်ခဲ့သော
နှစ်ပါတ်ခန့်က "ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဘ်" မည်သော
စာအုပ် တစ်အုပ် ထွက်လာခဲ့ပါသည်။ ယင်းစာအုပ်တွင် အများမွတ်စ်လင်မ်
ထင်ယောင်ထင်မှား ဖြစ်စေရန် အထောက်အထားများကို (ဖြတ်၊ညှပ်၊ကပ်) ပြုလုပ်ပြီး
လိုရာဆွဲ၍ ပြန်ဆိုထားခြင်း၊ မူရင်းစာသားအချို့ကို ချန်လှပ်၍
ပြန်ဆိုထားခြင်း၊ မိမိဘက်မှ ဖြည့်စွက်ရေးသားခြင်း၊ မြန်မာပြည်ရှိ
အာလင်မ်သာသနာ့ ပညာရှင်ကြီးများနှင့် အစ္စလာမ် ဘာသာ ၀င်များအား
စော်ကားထားခြင်းများကို ပြုလုပ်ထားသည်ကို တွေ့ရပါသည်။ သာဓက အားဖြင့်
ဖော်ပြရသော် - - - -


  1. ၄င်းစာအုပ်တွင် ဂျာမေအဟ်ဒါရွလ်အုလူမ်ကရာချိပါကစ္စတန်ဖသ်ဝါဌာနမှ အိုလမာ အဖွဲ့ချုပ် သို့ပေးပို့သောစာကို ဖော်ပြရာတွင် မူရင်းစာသားအချို့ကို ချန်ထားပြီး မိမိလိုရာကိုသာဖော်ပြထားခြင်း၊ ဥပမာ - မူရင်းစာအောက်ဆုံးအပိုဒ်တွင် အကယ်၍ မည်သည့် အုပ်စုမဆို ပညာရေးကို အကြောင်းပြပြီး သက္ကလိဒ် မပြုကြရန် ပညာဆည်းပူးခြင်းမှ တားမြစ်ရမည် ဟူသော မူရင်းစာသားကို ချန်ထားခဲ့ခြင်း၊
  2. ၄င်းစာအုပ်ကို ရေးသားသူသည် မိမိကိုယ်မိမိ ဟနဖီ မဇ်ဟဗ် ၀င်ဖြစ်သည်ဟုရေးသားဖော်ပြထားပါလျက် စလဖီ အယူဝါဒကို စာအုပ်တစ်အုပ်လုံးတွင်အားပေးဖော်ပြနေခြင်း၊
  3. ၄င်းစာအုပ်တွင် "မြန်မာပြည်ရှိ အစ္စလာမ်သည်လည်း ကုရ်အာန်ကျမ်းတော်၊ စွန္နသ်တော်နှင့် ဆန့်ကျင်သော အစ္စလာမ်ဖြစ်ရုံမကအကာဗိရ်များ၏ လမ်းစဉ်နှင့်လည်း ဆန့်ကျင်နေသည့် အစ္စလာမ်သည်ဖြစ်နေရပါတော့သည်" ဟု ရေးသားထားခြင်း။
  4. ၄င်းစာအုပ်တွင် "မိမိတို့မျက်လုံးကို အမှောင်ထဲ စုံမှိတ်ကာဆရာကြီးတွေနောက်ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ မွတ်စ်လင်မ်လူထုကြီးကိုဒီအတိုင်းပဲ ဆက်လျှောက်နေလျှင် အလွန်နက်ရှိုင်း တဲ့ ချောက်ကြီးထဲကိုကျသွားမှာ ဖြစ်နေလို့" ဟု ရေးသားထားခြင်း။
  5. ၄င်းစာအုပ်တွင် "ဒီကနေ့အထိဆရာကြီးတွေရဲ့ မှားယွင်းချွတ်ချော်မှုတွေနဲ့ အတူလွှမ်းမိုးလျှက်ရှိနေတာကို အမှန်တည့် ပေးမယ့်ဆရာသခင် (ကျနော်မှ အပ)တစ်ပါးမှ မပေါ်ပေါက်သေးပါ" ဟုရေးသားထားခြင်း။
  6. ၄င်းစာအုပ်တွင်မှန်ကန်သော မဇ်ဟဗ် လေးခုနှင့် တစ်ဆက်တည်း စလဖီကိုလည်း မဇ်ဟဗ် တစ်ခုဟုဖော်ပြကာ မွစ်လင်မထုအား မဇ်ဟဗ် ငါးခု ရှိသယောင် မဟုတ်မမှန် ဖော်ပြထားခြင်း။
  7. ၄င်းစာအုပ်တွင် ဂိုင်ရ်မုက္ကလိဒ်၏ နောက်တွင် နမာဇ်ဝတ်ပြုပိုင်သည်ဟူ၍ ကျမ်းကြီး ကျမ်းငယ်များမှ အထောက်အထားများကို မူရင်းစာ(စ၊လယ်၊ဆုံး) မှ မိမိဖော်ပြလိုသည်ကိုသာ နှိုက်ထုတ်ပြန်ဆိုတင်ပြထားခြင်း။
  8. ၄င်းစာအုပ်တွင် ကအ်ဗဟ်ကျောင်းတော်၏ အိမာမ်များဖြစ်သည့်ရှိုက်ခ်စုဒိုက်စ် နှင့်  ရှိုက်ခ်ရှိုရိုင်းမ် တို့သည် စလဖီ ဖြစ်သည် ဟုဖော်ပြထားကြောင်းတွေ့ရပါသည်။ဤသည်မှာ လုံးဝ မဟုတ်မမှန်ဖော်ပြချက် တစ်ရပ်သာဖြစ်သည်။ ဖော်ပြပါအီမာမ်များသည် မိမိကိုယ်မိမိ စလဖီ ဖြစ်ကြောင်းယတိပြတ် အသုံးအနှုန်းဖြင့် ကြေငြာချက်တစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိပါ။အမှန်စင်စစ် ကအ်ဗဟ် ကျောင်းတော်နှင့် မတ်စ်ဂျိဒေနဗ၀ီ၏ သာသနာရေးဆိုင်ရာအကြီးအကဲ ဥက္ကဌကြီးဖြစ်သည့် ရှိုက်ခ်မုဟမ္မဒ်ဗင်န်အဗ်ဒွလ်လာဟ် အပ်စ်စုဗိုင်ယိလ်က မုချဟရမိုင်းန်တွင်ရှိကြကုန်သော အိမာမ်များသည် အိမာမ် အဟ်မဒ်ဗင်ဟမ်ဗလ်ရဟ်မသွလ္လာဟ်သခင် ၏ နောက်လိုက် ဟမ်ဗလီ မဇ်ဟဗ်ဝင်များဖြစ်ကြောင်း ဖြေကြားထားသည့် အထောက်အထား အတိအကျရှိပေသည်။ ၄င်းမှာ - - - - -ထိုဟရမိုင်န်ရှရီဖိုင်း(န်)၏ အိမာန်များသည် ဟမ်ဗလီ မဇ်ဟဗ်ဝင်များ ဖြစ်ကြသလားဟု မေးမြန်းထားသည်သည်ကို ဟရမိုင်း(န်)၏ ဥက္ကဌကြီးကဖြေကြားလိုက်သည်မှာ "ဟုတ်ကဲ့၊ ၄င်းတို့သည်အဲဟ်လေ့စွန္နသ်အိမာန်ကြီးတစ်ပါးဖြစ်သည့်အိမာန်အဟ်မဒ်ဗင်န်ဟမ်ဗလ်ရဟ်မသွလ္လာဟ် သခင်ကြီး၏ နောက်လိုက်များဖြစ်ကြပါသည်။"
  9. ၄င်းစာအုပ်တွင် ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ကျင်းပသောကအ်ဗဟ်ကျောင်းတော်၏ အိမာမ် အား ကြိုဆိုသည့် သီးခြား အခမ်းအနား နှစ်ခုကိုဟနဖီအကာဗရ်အကြီးအကဲများနှင့် အဲဟ်လေ့ဟဒီးစ်(စလဖီ) ပညာရှင်ကြီးများပူးပေါင်းလျှက် မိန့်ခွန်း ပြောကြားနေကြပုံများဟူ၍ အခမ်းအနား တစ်ခုသယောင်လိမ်လည်၍ ဖော်ပြထားခြင်း၊ စသည့် အချက်များ အပြင် နောက်ထပ် လိမ်လည် လှည့်ဖျား၍ ရေးသားထားသည့် အချက်အလက်များစွာ တို့ကို"ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ်" မည်သော စာအုပ်တွင်တွေ့ရှိရပါသည်။ သို့ပါ၍ ယင်းစာအုပ်ကို အစ္စလာမ် ဘာသာဝင်များဖတ်ရှုလေ့လည်ခြင်းဖြင့် အိမာန်ကိုထိခိုက်ပျက်စီးစေမည့် အပြင်ကျင့်စဉ်များကိုလည်း ထိခိုက်နိုင်ပြီးအချင်းချင်း ၀ိဝါဒကွဲ ၍ အငြင်းပွားကာပြဿနာများ ပေါ်ပေါက်နိုင်ပါသည်။

သို့ပါ၍ ယင်းစာအုပ်ကို မွတ်စ်လင်များ အနေဖြင့် -
ဖတ်ရှုလေ့လာခြင်း၊
လက်ဝယ်ထားရှိခြင်း၊
တဆင့်ပြန်လည်ဖြန့်ဝေခြင်း စသည်တို့ကို လုံးဝ မပြုလုပ်ကြပါရန် အသိပေးအပ်ပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
13-11-2008 ခုနှစ်၌ အိုလမာ အဖွဲ့ချုပ်မှ ထုတ်ဝေသော ဖသ်ဝါကို ကူးယူတင်ပြပါသည်။
Back to top Go down
 
ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ် စာအုပ်နှင့် ပတ်သက်၍
Back to top 
Page 1 of 1
 Similar topics
-
» ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍)

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (စလဖီ) ရှေးယ္ခင်သူတော်စဉ်များရဲ့နာမည်ကိုင်ပြီး မိုကလီးဒ်သူတော်စဉ်များကိုစော်ကားနေကြသူများအကြောင်းဒီနေရာမှာဆွေးနွေးနိုင်ကြပါတယ်။-
Jump to: