HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeရယ်မောပျော်ရျွှင် စရာဟာသလေးများ။ I_icon_mini_portalLatest imagesSearchRegisterLog in

 

 ရယ်မောပျော်ရျွှင် စရာဟာသလေးများ။

Go down 
AuthorMessage
kokyawko777




Posts : 51
Join date : 2010-03-26

ရယ်မောပျော်ရျွှင် စရာဟာသလေးများ။ Empty
PostSubject: ရယ်မောပျော်ရျွှင် စရာဟာသလေးများ။   ရယ်မောပျော်ရျွှင် စရာဟာသလေးများ။ EmptyThu Apr 29, 2010 1:43 am

ဓာတ်ပုံဆရာ



နေရှင်နယ်မဂ္ဂဇင်းတစ်ခုမှ ဓာတ်ပုံဆရာတစ်ယောက်ဟာ တောမီးလောင်ကျွမ်းမှုတစ်ခုကို ဓာတ်ပုံရိုက်ကူးပေးဖို့ စေခိုင်းခြင်း ခံရပါတယ်.. ပြီးတော့လဲ လောင်ကျွမ်းနေတဲ့ တောမီးအပေါ်ကို လေယာဉ်တစ်စီးနဲ့ လိုက်ပါ ပျံသန်းပြီး ဓာတ်ပုံကို ရိုက်ကူးလာဖို့ ညွှန်ကြားခြင်းခံရပါတယ်…



နေမ၀င်ခင် ၁နာရီလောက်အလိုမှာ ဓာတ်ပုံဆရာဟာ တောမီးလောင်ကျွမ်းနေတဲ့ အနီးက လေယာဉ်အဆင်းအတက် လုပ်နိုင်တဲ့ ကွင်းတစ်ခုကို ရောက်ရှိသွားပါတယ်.. ကံကောင်းတာက လေယာဉ်လေးတစ်စီးဟာ ပျံတက်ဖို့ အဆင်သင့် အနေအထားနဲ့ စောင့်ဆိုင်းနေတာကို တွေ့လိုက်ရတော့ ဓာတ်ပုံဆရာလဲ ၀မ်းသာအားရ လေယာဉ်ထဲကို တက်လိုက်ပြီး လေယာဉ်မောင်းသူကို သွားကြစို့လို့ ပြောလိုက်ပါတယ်.. လေယာဉ်မောင်းသူလဲ လေယာဉ်ကို လေထဲရောက်အောင် ပျံတက်လိုက်ပါတယ်.. လေထဲရောက်ချိန်မှာ ဓာတ်ပုံဆရာက တောမီးနဲ့ အနီးဆုံးနေရာကနေ ခပ်နိမ့်နိမ့်နဲ့ အကြိမ်များများ ပျံပေးပါလို့ လေယာဉ်မောင်းသူကို ပြောလိုက်ပါတယ်..



“ဘာဖြစ်လို့လဲဗျ ” လေယာဉ်မောင်းသူက ပြန်မေးလိုက်ပါတယ်။



“အာ ကျွန်တော်က ဓာတ်ပုံရိုက်ရမယ်လေ… ဓာတ်ပုံဆရာပါဆို ဓာတ်ပုံရိုက်မှာပေါ့ဗျ ” လို့ ပြန်ပြောလိုက်ပါတယ်..



“ဘာဗျ.. ဒါဆို ခင်ဗျားက ဒီလေယာဉ်ရဲ့ ပျံသန်းမှုကို ကြီးကြပ် ညွှန်ကြားမဲ့သူ မဟုတ်ဘူးပေါ့.. ကျုပ်က သူ့ကိုစောင့်နေတာဗျ..”





———————————————————————————————————————————–



အင်တာဗျူး



မိန်းခလေးတစ်ယောက်က ကုမ္ပဏီတစ်ခုမှာ အလုပ်သွားလျှောက်ပါတယ်.. ကုမ္ပဏီပိုင်ရှင်က သူမကို အင်တာဗျူးလုပ်ပြီး မေးခွန်းတွေ မေးလိုက်ပါတယ်..



သူဌေး။ ။ မင်းမှာ ရည်းစားရှိသလား



မိန်းခလေး။ ။ ဟုတ်ကဲ့.. ရှိပါတယ်..



သူဌေး။ ။ သူက ဒီနိုင်ငံတွင်းမှာဘဲ အလုပ်လုပ်သလား



မိန်းခလေး။ ။ မဟုတ်ပါဘူးရှင်.. ကျွန်မရည်းစားက နိုင်ငံခြားမှာ အလုပ်လုပ်တာပါ..



သူဌေး။ ။ ကောင်းပြီ. ဒါဆိုရင် ကုမ္ပဏီက မင်းကို အလုပ်မခန့်နိုင်ပါဘူး



မိန်းခလေး။ ။ ဘာဖြစ်လို့လဲရှင်



သူဌေး။ ။ မင်းကြောင့် နိုင်ငံခြားဖုန်းခေါ်ဆိုမှုအတွက် ငွေကုန်ကြေးကျ များမဲ့ အခြေအနေကို ကုမ္ပဏီက ခွင့်မပြုနိုင်ပါဘူး..





(မိန်းခလေးများ အလုပ်အင်တာဗျူး ဖြေတဲ့ခါ နိုင်ငံခြားမှာ ရည်းစားရှိနေရင် ယောင်လို့တောင် မပြောမိစေနဲ့နော်) Smile Smile



——————————————————————————————————————————



အကြွေးများ



အက်ဘီ နဲ့ အက်စသာ တို့ဟာ နှစ်၄၀ပြည့် မင်္ဂလာနှစ်ပတ်လည် ဟန်းနီးမွန်း ၂ပတ် ခရီးအတွက် သြစတြေးလျှကို လေယာဉ်နဲ့ ထွက်ခွာလာပါတယ်.. ပျံသန်းလာပြီး လေယာဉ် ခရီးတစ်ဝက်မှာ လေယာဉ်မှူးထံမှ ကြေငြာချက်တစ်ခု ထွက်ပေါ်လာပါတယ်.. “အမျိုးကောင်းသမီးများနဲ့ အမျိုးကောင်းသားများ ခင်ဗျာ. ကျွန်တော့မှာ သတင်းဆိုးတစ်ခု ကြော်ငြာဖို့ရှိပါတယ်.. ကျွန်တော်တို့လေယာဉ်ဟာ အင်ဂျင်စက် ချို့ယွင်းသွားတဲ့အတွက် အရေးပေါ် ဆင်းသက်ရပါလိမ့်မယ်.. ကံကောင်းစွာဘဲ ကျွန်တော်တို့ အောက်တည့်တည့်မှာ ကျွန်းကလေးတစ်ကျွန်းကို တွေ့ရပါတယ်.ဒါကြောင့် အဲဒီကျွန်းကို အရေးပေါ် ဆင်းသက်ပါမယ်.. ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးစံနစ်လဲ ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် ဒီကျွန်းပေါ်ကို ဘယ်လိုကယ်ဆယ်ရေးမှ ရောက်လာနိုင်စရာမရှိပါဘူး.. ဒါကြောင့် ကျွန်တော်တို့ဟာ ဒီကျွန်းပေါ်မှာဘဲ တစ်သက်လုံး နေထိုင်သွားရဖို့ ရှိပါတယ်…”



လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုကြောင့် လေယာဉ်ဟာ ချောချောမွေ့မွေ့ဘဲ ကျွန်းပေါ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်.. ကျွန်းပေါ်ရောက်တဲ့အခါ အက်ဘီဟာ သူ့မိန်းမ အက်စ်သာကို မေးလိုက်ပါတယ်..



“အက်စ်သာ ငါတို့ပေးစရာရှိတဲ့ ရှေ့နေခ ဒေါ်လာ၅၀၀၀ ပေးပြီးခဲ့ပြီလား.. ”



“ဟင့်အင်း မပေးရသေးဘူး”



“ဘဏ်မှာ ပေးဖို့ရှိတဲ့ ဘဏ်ကြွေး ဒေါ်လာ ၂၅၀၀၀ ရော ပေးဖို့ သတိရခဲ့ရလား”



“အိုး.. ကျွန်မ မေ့သွားခဲ့တယ်.. မပေးခဲ့ရဘူး. ”



“ငါတို့အကြွေးနဲ့ ၀ယ်ထားတဲ့ အိမ်နဲ့ ကားအတွက်လဲ ဒီလ ငွေ ပေးသွင်းခဲ့ပြီလား”



“အိုး ကျွန်မတောင်းပန်ပါတယ်.. အဲဒါလည်း မပေးခဲ့ရသေးဘူး”



အက်စ်သာရဲ့ စကားအဆုံးမှာ အက်ဘီဟာ အက်စ်သာကို ပွေ့ဖက်လိုက်ပြီး ၀မ်းသာအားရ အနမ်းခြွေလိုက်ပါတယ်..



အက်စ်သာက အထိတ်တလန့် မေးလိုက်ပါတယ်.. “ဘယ်လိုဖြစ်တာလဲ ရှင် ရူးနေပြီလား”



“ငါတို့ ပူစရာမလိုတော့ဘူး အကြွေးရှင်တွေ ငါတို့ကို လိုက်ရှာကြလိမ့်မယ် ” တဲ့…





(ဒီတော့ အကြွေးများများ တင်ထားတာ ပိုကောင်းတယ်နော်) Smile Smile



————————————————————————————————————————————



အပြစ်



ကောင်လေးနဲ့ သူ့အဖေဖြစ်သူတို့ဟာ အိမ်ရှေ့ကွပ်လပ်မှာ ဘောလုံးကစားနေကြပါတယ်.. ပျားတစ်ကောင် ပျံနေတာကို မြင်လိုက်တဲ့ကောင်လေးဟာ ပျားကို ကျောက်ခဲတွေ တုတ်တွေနဲ့ ကောက်ပေါက်ပြီး လိုက်လံ မောင်းထုတ်ပါတယ်..



သူ့အဖေက “ သား ဒီလိုမလုပ်နဲ့လေ .. ဒါက ပျားရည် ထုတ်ပေးတဲ့ပျားလေ…. ဒီပျားက သားကို ဘာမှ လုပ်တာမဟုတ်ဘူး… နောက်ကို ဒီလိုမလုပ်ရဘူး.. အခု ပျားကို လုပ်တဲ့ အပြစ်အတွက် သား တစ်ပတ်တိတိ ပျားရည်မစားဘဲ နေရမယ်.. ”



မကြာခင်မှာဘဲ ကောင်လေးဟာ လိပ်ပြာလေးတစ်ကောင်ကို တွေ့ပြန်ရော။ ဒါနဲ့ လိပ်ပြာလေးကို ကျောက်ခဲတွေ တုတ်တွေနဲ့ ပေါက်ပြီး လိုက်လံ မောင်းထုတ်ပြန်ပါတယ်..



ကောင်လေးအဖေက “သား…. လိပ်ပြာဆိုတာ သားကို ဘာမှ လုပ်တာမဟုတ်ဘူး.. ဘာလို့ဒီလို လုပ်ရတာလဲ… ဒီအပြစ်အတွက် သား တစ်ပတ်တိတိ ထောပတ်မစားရဘူး ”



နောက်နေ့မနက်မှာတော့ ထောပတ်လဲမစား ပျားရည်ကိုလဲ မတို့မထိဘဲ ပေါင်မုန့် အလွတ်ကိုသာ ကောင်လေးက စားနေပါတယ်.. အဲဒီချိန်မှာ ဘီဒို တစ်ခုအောက်က ပိုးဟပ်တစ်ကောင် ထွက်လာတာနဲ့ ကောင်လေးရဲ့ မိခင်ဖြစ်သူက တုတ်နဲ့ ခြောက်ပြီး မောင်းထုတ်ပါတယ်.. အဲဒီတော့ ကောင်လေးက သူ့အဖေကိုပြောလိုက်ပါတယ်..



“အဖေ ဒီကိစ္စ အပြစ်ရှိကြောင်း အမေ့ကို အဖေပြောမလား.. သားဘဲ ပြောလိုက်ရမလား ” တဲ့



—————————————————————————————————————————————



ဥာဏ်ကြီးရှင်



အမျိုးသမီးတစ်ယောက်ဟာ လမ်းပေါ်မှာ လျှောက်လာရင်း စုတ်စုတ် ပြတ်ပြတ် ညစ်ညစ်ပတ်ပတ်နဲ့ နံစော်နေတဲ့ အိမ်ခြေမဲ့ သူတောင်းစား အဖွားကြီးတစ်ယောက်က သူမထံမှာ ညစာအတွက် ပိုက်ဆံ အနည်းငယ် စွန့်ကြဲပါလို့ တောင်းပါတယ်..



အမျိုးသမီးက သူမရဲ့ပိုက်ဆံအိတ်ကို ဖွင့်လိုက်ပြီး ၁၀တန် ဒေါ်လာတစ်ရွက်ကို ထုတ်လိုက်ပါတယ်.. ပြီးတော့ “ရှင့်ကိုကျွန်မက ဒီပိုက်ဆံပေးမယ်ဆိုရင် ရှင်က ညစာ ၀ယ် မစားဘဲ ရှော့ပင်းစင်တာတွေမှာ ဈေးဝယ်ထွက်မှာလား ” လို့မေးပါတယ်..



“အိုး မဟုတ်တာ ကျွန်မ ဒီကိစ္စတွေအတွက် ငွေလဲ မဖြုန်းနိုင်ပါဘူး… ရသမျှငွေဟာ ကျွန်မဘ၀ နေထိုင် စားသောက်ရေးအတွက်ပါ ” လို့ အဖွားကြီးက ပြန်ဖြေပါတယ်..



“ဒါဆိုရင် ဒီငွေနဲ့ မိတ်ဆွေ သူငယ်ချင်းအိမ်တွေ လျှောက်သွားမှာလား ” လို့ မေးပြန်ပါတယ်..



“မဖြစ်နိုင်တာ ကျွန်မမှာ လည်စရာအိမ်လဲမရှိဘူး.. မိတ်ဆွေ သူငယ်ချင်းလဲ မရှိပါဘူး” လို့ အဖွားကြီးက ပြန်ပြောတယ်..



“ဒါဆိုရင် အလှပြင်ဆိုင်တွေမှာ ရှင့်ဆံပင်တွေ မျက်နှာတွေကို သွားပြင်မှာလား ” လို့ ထိုမိန်းမက မေးပြန်ပါတယ်..



“ ရှင်ရူးနေလား.. ဒီကိစ္စက ကျွန်မနဲ့ ဘာမှမဆိုင်တာ .. ကျွန်မဘ၀မှာ မှန်မကြည့်တာ၊ မပြင်ဆင် မဖြီးလိမ်း ဖြစ်တာတောင် အနှစ် ၂၀ကျော်ခဲ့ပြီ. ” လို့ အဖွားကြီးက စိတ်မရှည်စွာ ပြန်ပြောပါတယ်..



အမျိုးသမီးက “ အိုကေ .. ကောင်းပြီ.. ရှင့်ကို ကျွန်မက ပိုက်ဆံပေးမဲ့အစား ကျွန်မယောက်ျားရယ် ကျွန်မရယ် အတူတူစားမဲ့ ညစာစားပွဲကို ရှင့်ကိုခေါ်သွားမယ်.. ” လို့ပြောလိုက်ပါတယ်..



သူတောင်းစားအဖွားကြီးဟာ အလွန်ကို တုန်လှုပ်သွားပါတယ်.. “ရှင်ရဲ့ယောက်ျားက ကျွန်မလို ညစ်ပတ်ပြီး စုတ်ပြတ် နံစော်နေတဲ့သူနဲ့ ညစာအတူစားရမယ်ဆိုတာ သိရင် ဒေါသ မဖြစ်ဘူးလား” လို့ ပြန်မေးလိုက်ပါတယ်..



“အိုး ဈေးဝယ်မထွက်၊ အလှပြင်ဆိုင်မသွား၊ သူငယ်ချင်းအိမ်တွေ မလည်တဲ့ မိန်းမ တစ်ယောက်ဟာ ဘယ်လိုပုံစံဆိုတာ ဒါမှ သူသိမှာ.. ” တဲ့





( ကဲကဲ.. အိမ်ထောင်ရှိသူ ဦးလေးကြီးများ.. ကိုယ့်မိန်းမ ရှော့ပင်းထွက်တာ၊ အလှပြင်ဆိုင်တွေသွားတာ၊ လည်ပတ်တာတွေ ခွင့်လွှတ်လိုက်ကြနော်) Smile Smile Smile





ပျော်ရွှင်ရယ်မောရင်း သောကများ ပြေပျောက်ကြပါစေရှင်….



ချော(အစိမ်းရောင်လွင်ပြင်)
*****************************************************************************************************

ရေလာမြောင်းပေး

"ရှင်ကျွန်မကို နမ်းရင် အဖေ မမြင်စေနဲ့နော် ။"

"ကိုယ်မင်းကို ဘယ်တုန်းကမှ မနမ်းရပါလား။"

"ဟုတ်ပါတယ် ၊ တကတည်းမှပဲ ၊ နမ်းမယ်ဆိုရင်ပြောတာပါ။"

ကောင်း ရော ။

*******************

“ဓါးခုတ်ပြိုင်ပွဲ”

ကမ္ဘာ့အကောင်းဆုံး ဓါးခုတ်ပြိုင်ပွဲဝင်များ၏ အစွမ်းပြပွဲကို ပြုလုပ်လျက်ရှိရာ

ပထမဆုံး တတိယဆုရ ဓါးသမားထွက်လာ၏၊ ။ ထိုအခါ ယင်ကောင်တစ်ကောင်ကို

လွှတ်လိုက်သည်၊ ထိုဓါးသမားက ဓါးကိုဆွဲထုတ်လိုက်ပြီး တစ်ချက် ဝှေ့ယမ်းလိုက်ရာ

ယင်ကောင်မှာ နှစ်ပိုင်းပြတ်သွားလေသည်။

ဒုတိယဆုရ ဓါးသမားအလှည့်တွင် ယင်ကောင်မှာ လေးပိုင်း ပြတ်သွားလေသည်။

ဤသို့ဖြင့် အကောင်းဆုံး ဓါးသမားအလှည့် ရောက်လာ၏။
သူ့ဓါးချက် ဝှေ့ယမ်းလိုက်ရာ ယင်ကောင်မှာ ဆက်လက်ပျံသန်းသွားလေသည်၊
ပရိသတ်ကြီးမှာ တအံ့တဩ ဖြစ်သွားကြလေသည်။ ကမ္ဘာ့အကောင်းဆုံး ဓါးသမား

ဓါးချက်လွဲသွားပြီဟု အားလုံးက ထင်လိုက်လေသည်။ သို့သော် ထိုဓါးသမား၏
မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးကို တွေ့နေရ၏၊ ထိုအခါ ပရိသတ်ထဲမှ
တစ်ယောက်က လှမ်းမေးလိုက်သည်။

“ခင်ဗျားရဲ့ ဓါးချက် လွဲသွားတာတောင် ဘာဖြစ်လို့ ခင်ဗျားက ပြုံးနေရတာလဲ”

“ဒီလိုဗျ၊ ခင်ဗျားတို့က သေသေချာချာမှ ကြည့်မနေဘဲ၊ အဲသည်ယင်ကောင်
သေတော့မသေဘူးပေါ့၊ ဒါပေမဲ့ ဒီကောင်ဟာ ဘယ်တော့မှ အဖေ တစ်ယောက်
မဖြစ်နိုင်တော့ဘူးလေ”

****************

အူကြောင်ကြား ကြာကူလီ

အိမ်မှာယောက်ျားမရှိတုန်း မိန်းမက တခြားယောက်ျားနဲ့ နောက်မီလင်းနေတယ်။
အဲဒီမှာ ရုတ်တရက် ယောက်ျားရဲ့ ကားသံကြားတော့ မိန်းမက “နင့်အဝတ်အစားတွေ
မြန်မြန်ယူပြီး ပြတင်းပေါက်ကနေ ပြေးတော့” လို့ ပြောတယ်။

“အပြင်မှာမိုးရွာနေတာ ငါဘယ်လိုခုန်ချမလဲ” တိတ်တိတ်ပုန်းယောက်ျားက ပြောတယ်။

" ငါ့ယောက်ျားမိရင် ငါတို့နှစ်ယောက်လုံးသေမှာ ..သွား.. သွား…"

မိန်းမက အင်္ကျီတွေအတင်းထိုးထည့်ပေးပြီး ပြေးခိုင်းတယ်။ အဲဒီလူလည်း ကိုယ်တုံးလုံးနဲ့ပဲ

ပြတင်းပေါက်က ခုန်ချလိုက်တာ အပြင်ဘက်မှာ မာရသွန်ပြေးနေတဲ့ လူအုပ်ကြီးကြားထဲရောက်သွားတယ်။

မာရသွန်ပြေးနေတဲ့ လူတစ်ယောက်က သူ့ကိုတွေ့တော့ မေးတယ်။

“ ခင်ဗျား တုံးလုံးပြေးရတာ ဝါသနာပါတာလား ”

“ ဟုတ်ကဲ့ ... ဒါမှ ဆန့်ကျင်ဖက်လေဖိအားတွေ လျော့မှာလေ ”

“ ပြေးနေတဲ့အချိန် အဝတ်အစားကိုင်ပြီး ပြေးတတ်တာလား ”

“ ဟုတ်ကဲ့… ဒါမှ ပန်းဝင်တာနဲ့ ကျွန်တော်ပြန်ဝတ်လိုက်လို့ရမှာပေါ့ ”

“ ခင်ဗျား ခါတိုင်းလည်း ကွန်ဒုံးတပ်ပြီး ပြေးတတ်တာလား ”

“ မဟုတ်ပါဘူး.. မိုးရွာတဲ့အချိန်မှပါ ”


*** မိုးကောင်းကင် မှ ကူးယူဖေါ်ပြသည် ။
***************************************************************************************************

ရထားတစ်စီးပေါ်၏မျက်နှာချင်းဆိုင်တွင် ကောင်းလေးနှစ်ယောက် ရှေ့ဘက်တွင် အဘွားတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်တို့ အသီးသီးထိုင်နေကြသည်။ ထိုကောင်လေးနှစ်ယောက်သည် ကောင်မလေးအား အသေငမ်းနေကျ၏်။ရထားသည် ခုတ်မောင်းလာစင် လှိုင်ဂူတစ်ခုအတွင်း သို့ ၀င်ရောက်ရု မောင်မိုက်သွားချိန် မှာ....
ရွှတ်ခနဲဆို နမ်းလိုက်သည့် အသံတစ်ခုနှင့် ဖျန်းခနဲဆို ရိုက်လိုက်သည့် အသံထွက်လာသည်။
ရထားသည် အမှောင်ထဲမှအလင်းသို့ထွက်လာသည်.။အဲဒီအချိန်မှ သူတို့လေးယောက်အတွေးကို စီနဲ့ရှိ နေကြသည်။

အဘွားအို ။ ။ ဟိုကောင်နှစ်ကောင်ထဲကတစ်ကောင်ကတော့ ကောင်မလေးကို နမ်းလိုက်တာ ကောင်မလေးကလည်းပါးရိုက်လွတ်လိုက်တာ လက်သန်ကလည်း ပြောင်ပတော်။

ကောင်မလေး။ ။ ဟိုဘဲ နှစ်ကောင်ထဲကတစ်ကောင်က တော့ ငါမှတ်ပြီ်းအဘွားကို သွားနမ်းလိုက်တာ အဘွားကလည်း အသက်ကြီးပေမယ့်လက်သံ ကလည်းပြောင်ပ ဟီး။


ပထမကောင်လေး။ ။တောက် ..နမ်းတာကာ တစ်ယောက် အရိုက်ခံရတာကတော့ငါ ..မတရားလိုက်တာ။

ဒုတိယ ကောင်လေး။ ။ မိုက်တယ်ကွာ ...ကိုယ်လက်ကိုယ်စုပ်ပြီးသူများပါးကို ရိုက်ရတာအရသာ ရှိလိုက်တာ အဟိ။

-- ************************************************************************************************

(၁)
ဖက်ထုပ်လေးနှစ်ထုပ် မင်္ဂလာဆောင်တယ်။ သတို့သားဖက်ထုပ်က ဧည့်သည်တွေကို
ပြန်ပို့ပြီးနောက် အိပ်ခန်းထဲဝင်လာတယ်။ ကုတင်ပေါ်မှာ
အသားတုံးတစ်တုံးတွေ့တော့ ကြောက်အားလန့်အား ထအော်တယ်။

"ငါ့ သတိုးသမီး ဘယ်ရောက်သွားလဲ?"

အဲဒီအခါ အသားတုံးက ရှက်ရှက်နဲ့ပြန်ပြောတယ်။

"ဟင့်... သူများ အင်္ကျီချွတ်လိုက်တာနဲ့ သူများကို မမှတ်မိတော့ဘူးလားတဲ့!"


(၂)
သခွါးသီး အသဲကွဲပြီး ငိုနေတယ်။ ခရမ်းသီးက ဘေးကနေပြီး နှစ်သိမ့်နေတယ်။

"အချစ်က လှပရုံတင်မကဘူး မူးယစ်စေတယ်၊ ကြေကွဲစေတယ်၊ မျက်ရည်ကျစေတယ်၊ ဟင်း!
မင်းကွာ... ကြက်သွန်နီကိုမှ သွားချစ်မိတယ်လို့!"


(၃)
ငိုပြီးပြန်လာတဲ့ ခြင်ကလေးကို ခြင်မေမေက ဘာဖြစ်တာလဲလို့ မေးတယ်။

ခြင်ကလေး "အီး..ဟီး.. ဖေဖေသေသွားပြီ!"

ခြင်မေမေ "ဟင်း... ဖေဖေက သားနဲ့အတူ စတိတ်ရှိုးသွားကြည့်တာ မဟုတ်လား!"

ခြင်ကလေး "ဟုတ်တယ်.. ပရိသတ်လက်ခုပ်တီးတဲ့အချိန် ဖေဖေမရှောင်ခဲ့ဘူး..."


(၄)
ယောက်ျားဖြစ်သူက မိန်းမကိုမေးတယ်။

"နင့်ကိုငါ စိတ်ညစ်အောင်လုပ်တာတောင် နင်ပြန်မငြင်းခဲ့ဘူးနော်!
နင့်ဒေါသကို နင်ဘယ်လို ထိန်းခဲ့တာလဲ!"

"ငါ အိမ်သာသွားဆေးတယ်လေ"

"ထူးလို့လား?"

"ထူးတာပေါ့။ နင့်ရဲ့သွားတိုက်တံနဲ့ ဆေးတာလေ"


(၅)
ဆရာက ကျောင်းသားတွေကို KFCရဲ့ကြော်ငြာဖြစ်တဲ့ "We do chicken right"ကို
ဘာသာပြန်ခိုင်းတော့ ကျောင်းသားတွေက မတူတဲ့အဖြေတွေနဲ့ အမှားလိုက်
ဘာသာပြန်ထားကြတာတွေ့ရတယ်။ သူတို့ ဘာသာပြန်ထားတာတွေက...

(၁) ကျွန်တော်တို့ ကြက်လုပ်တာမှန်တယ်
(၂) ကျွန်တော်တို့ ကြက်လုပ်တယ်
(၃) ကျွန်တော်တို့မှာ ကြက်လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်
(၄) ကျွန်တော်တို့က ကြက်ညာဖက်ပဲလုပ်တယ်
(၅) ကျွန်တော်တို့က ကြက်ရဲ့ညာဖက်ကိုပဲလုပ်တယ်
(၆) ကျွန်တော်တို့ ကြက်လုပ်နိုင်တယ်။ မှန်လား?
(၇) ကျွန်တော်တို့ ကြက်လုပ်တာပဲ ကောင်းတယ်
(၈) ကျွန်တော်တို့ကပဲ ကြက်လုပ်လို့ရတယ်
(၉) ကြက်ရှိတယ်... ညာကြည့်ပါ
(၁ဝ) ကျွန်တော်တို့ ကြက်ကိုကောင်းကောင်းဆက်ဆံရမယ်
(၁၁) ကျွန်တော်တို့ ကြက်မှန်မှန်ကန်ကန်လုပ်တယ်
(၁၂) ကျွန်တော်တို့ ကြက်စစ်စစ်လုပ်တယ်
(၁၃) ကျွန်တော်တို့ ကြက်လုပ်တာ မှန်တယ်
(၁၄) ကျွန်တော်တို့ လက်ရှိကြက်လုပ်တယ်

ဘုရားသခင်ရဲ့ အလိုတော်အတိုင်း

ဘုရားသခင်ရဲ့ အလိုတော်အတိုင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖြစ်သည်။ ဗြိတိသျှ နန်းရင်းဝန်(၀န်ကြီးချုပ်) ၀င်စတန်ချာချီသည် ဂျာမန်တို့၏ လေကြောင်းရန်မှ ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် လန်ဒန်မြို့ တော်မှ ကမ္ဘာကျော် “ကင်တာကာရီ” ဘုရားရှိခိုးကျောင်းကြီးကို ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်ရန် အတတ်နိုင်ဆုံး စီစဉ်နေခဲ့သည်။ ထိုစဉ်က
ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် သဲအိတ်များကို ဘေးပတ်ပတ်လည်မှ အများအပြားချထားခဲ့ ကြရသည်။ ချာချီသည် လူအင်အားအများအပြားဖြင့် သဲအိတ်များကို စုပြုံချထားရန် စီစဉ် အမိန့်ပေးရင်း သူ့ဘေးနားမှ ဂိုဏ်းချုပ် ဘုန်းတော်ကြီးအား ဤသို့ လျှောက်ထားလိုက်သည်။
“ဒီလို သဲအိတ်တွေ အလုံအလောက် စုပြုံပြီးချထားမယ်ဆိုရင် ဂျာမန်တွေရဲ့
ဗုံးဒဏ်ဟာ ဘယ်လောက်ပဲ အနီးကပ်ကျပြီး ပေါက်ကွဲပေမယ့် အဆောက်အအုံကို
မထိခိုက်မပျေက်စီးနိုင်ပါဘူး”
ဤတွင် ချာချီ၏စကားကို နားစိုက်ထောင်ရင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီးက
ဂျာမန်တွေ ကြဲချတဲ့ဗုံးတွေဟာ ဘုရားရှိခိုးကျောင်းကြီးနားတစ်
ဝိုက်မကျဘဲ
ဘုရားရှိခိုးကျောင်းကြီးပေါ်ကို တည့်တည့်ကြီး ဒါရိုက်ဟစ် ကျလာခဲ့ရင်
ဘယ်လိုလုပ်မလဲ ၀န်ကြီးချုပ်” ဟူ၍ ပြန်မေးလိုက်ရာ ဖြတ်ထိုးဥာဉ်ကောင်းသလောက်
ဟာသဥာဏ်ရွှင်လှသော ၀န်ကြီးချုပ်ချူချာချီက “ အဲဒီလို
ဒါရိုက်ဟစ် ကျလာခဲ့ရင်လည်း ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲလို့
မှတ်ယူရမှာပေါ့ဘုရား” ဟု ပြန်လည်လျှောက်ထားလိုက်ရာ ဂိုဏ်းချုပ်ဘုန်းတော် ကြီးမှာ ဘာမှပြန်မပြောနိုင်အောင် ဖြစ်သွားရသည်ဟူ၏။
--

ကျွန်တော့် ဂေါက်ကွင်းထဲရောက်နေပြီ
ကျွန်တော့် ဂေါက်ကွင်းထဲရောက်နေပြီ
တစ်ခါက ဂေါက်သီးရိုက် ၀ါသနာပါလှသော ကမ္ဘာကျော် လူရွှင်တော် ဒင်နီကေးသည်
အပျော်တမ်း ဂေါက်သီးရိုက် ပြိုင်ပွဲတစ်ုခသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ဒင်နီကေးမှာ တစ်ခါမျှဂေါက်သီး မရိုက်ဖူးသည့်ပြင် ဘေးမှ
ကြည့်ရူအားပေးနေကြသည့် ပရိသတ် ၅၀၀ ခန့်ရှိနေသဖြင့် ဂေါက်သီးကို
ကျင်းထဲဝင်အောင် မရိုက်နိုင်ဘဲ ရူံးသွားခဲ့ရသည်။ ဤတွင် ဒင်နီကေးက “ကျုပ်က
ပရိသတ် ၅၀,၀၀၀ လောက်ရှိတဲ့ ရုံထဲမှာ စင်မြင့်ပေါ်ကနေပြီး သီချင်းတွေဆို
ပြက်လုံးတွေထုတ်ပြရဲပေမယ့် ဂေါက်ကွင်းထဲ က ပရိသတ် ၅၀၀ ကျတော့ ရှိန်းဖိန်း
လန့်ဖျန့်ပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားခဲ့တာပါဗျ” ဟု ပြိုင် ပွဲဝင်သူ
မိတ်ဆွေများအား ၇ှင်းပြခဲ့သည်။
ထိုနောက် နှစ်လသုံးလခန့်အကြာတွင် ကပွရုံတစ်ခု၌ ပဒေသာကပွဲကျင်းပခဲ့ရာ
ဒင်နီကေးက သူ့မိတ်ဆွေဂေါက်သီး ပြိုင်ပွဲဝင်သူများအား ထိုပဒေသာကပွဲသို့
ဖိတ်ကြားခဲ့ရာ အားလုံးရောက် လာခဲ့ကြသည်။ ရုံထဲတွင် ပရိသတ်
သောင်းကျော်မျှရှိနေသည်။ သည်တော့မှ ဒင်နီကေးက မမျှော်လင့်ဘဲ ဂေါက်သီးသမား
သူ့မိတ်ဆွေများအား စင်ပေါ်သို့ ဖိတ်ကြား၍ သီချင်းတစ်ပုဒ်ဆိုပြကြရန်
မေတ္တာရပ်ခံခဲ့ရာ မိတ်ဆွေများမှာ သီချင်းမဆိုရဲကြဘဲ
ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့ကြသည်။ ဤတွင်မှ လူရွှင်တော် ဒင်နီးကေးကသူ့မိတ်ဆွေများအား “ကဲ ဂေါက်သီးရိုက်ပြိုင်ပွဲတုန်းက ကျွန်တော် ဘာကြောင့်ရူံးခဲ့ရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်ကြပြီလား။ အခုခင်ဗျားတို့အားလုံးကျုပ်ရဲ့ ဂေါက်ကွင်းထဲ ရောက်နေပြီလေ” ဟု ပြောလိုက်ရာ ပရိသတ်အားလုံးတ၀ါးဝါးဖြင့် ရယ်မော၍ မဆုံးအောင် ဖြစ်သွား ခဲ့ကြရ၏။

်လှည့်ဆရာနှင့်ဗေဒင်ဆရာ

မျက်လှည့်ဆရာနှင့်ဗေဒင်ဆရာ
ကွယ်လွန်သူ မျက်လှည့်ဆရာကြီး ဘလက်စတုန်းနှင့် နာမည်ကျော် ဗေဒင်ဆရာ ဒန်နင်းဂျားတို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ ထိုသို့ ပြောမနာ ဆိုမနာ မိတ်ဆွေအရင်းအချာများ ဖြစ်ကြသည့်အတိုင်း သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်မကြာခဏ နောက်ပြောင်ကျီ စယ်လေ့ရှိကြသည်။ တစ်နေ့တွင် ညစာစားပွဲတစ်ခုသို့ သွားရန်ရှိနေသဖြင့် နှစ်ယောက်သား
အ၀တ်အစားများလဲလှယ်ဝတ် ဆင်နေကြသည်။ ထိုအခိုက်
မျက်လှည့်ဆရာကြီးဘလက်စတုန်းမှာ သူ၏ လည်စီး(နက်တိုင်) အဖြူကို ရုတ်တရက်
ရှာမတွေ့ဘဲ ဖြစ်နေခဲ့ရာ ဗေဒင်ဆရာကြီး ဒန်နင်းဂျားက သု့ထံတွင် အလွယ်တကူ
ရှိနေသော လည်စီးအနက်ကို လှမ်းပေးလိုက်သည်။ ဤတွင် ဘလက်စတုန်းက ဒေါပွသွားပြီး
”ဒီပွဲမှာ လည်စီးအနက်နဲ့သွားလို့ ဘယ်ဖြစ်ပါ့မလဲဗျ” ဟု ဖြေလိုက်ရာ
ဗေဒင်ဆရာဒန်နင်းဂျားက “ခင်ဗျားလည်း နာမည်ကြီး မျက်လှည့်ဆ၇ာတစ်ယောက်ပဲဗျာ။
ဒီလည်စီးအနက်ေ၇ာင်ကို အဖြူရောင်ဖြစ်အောင် လုပ် လိုက်ပေါ့ဗျ” ဟု
ပြောလိုက်သည်။
ဤတွင် မျက်လှည့်ဆရာကြီးက အားကျမခံဘဲ “ဒီလိုဆိုခင်ဗျားလည်း နာမည်ကျော်
ဗေဒင်ဆရာတစ် ယောက်ပဲ ကျုပ်လည်စီးအဖြူရောင် ဘယ်နားမှာရှိတယ်ဆိုတာ
ဗေဒင်တွက်ပြီး ရှာပေးပါလားဗျာ” ဟု ပြန်ပြောလိုက်ရာ ဗေဒင့်ဆရာကြီးမှာ
အူကြောင်ကြောင်ဖြစ်သွားခဲ့ရ၏။



ာတ်ပုံထဲက လူတွေ မ၀င်စေနဲ့

ဓာတ်ပုံထဲက လူတွေ မ၀င်စေနဲ့
ကမ္ဘာကျော်ဟန်ဂေရိပြဇာတ်ရေးဆရာကြီး မိုလ်နာသည် အလွန်မာနကြီးသူဖြစ်သည်။ အထူးသဖြင့် နာမည်ကြီး၍ ၀င်ငွေကောင်းနေသဖြင့် ဘ၀င်မြင့်နေသည်ဟု အများကယူဆနေကြသည်။ အပေါင်း အသင်း မိတ်ဆွေများကို သာမက ဆွေမျိုးသားချင်းများကိုပင် အဖက်မလုပ်ဘဲ နေတတ်သူဖြစ်သည်။သို့သော် တစ်နေ့တွင် သူ၏ ဆွေမျိုးသားချင်းများသည် ဆရာကြီး၏ စိတ်ရင်းသဘောထားအမှန်ကို အတိအကျသိနိုင်ရန်အတွက် ဗီယင်နာမြို့ရှိသူ၏ နေအိမ်သို့ တစ်စုတစ်ဝေးကြီး သွားရောက် လည်ပတ်ခဲ့ ကြသည်။ မိမိတို့ ဆွေမျိုးများကို အရေးမလုပ်ဘဲ အေးတိအေးစက် နေလိမ့်မည်ဟု မထင်မှတ်ဘဲ ပျူပျူငှာငှာ ဧည့်ဝတ်ကျေပွန်စွာ ဖော်ဖော်ရွေရွေ ဧည့်ခံပြုစုနေခဲ့သဖြင့် အားလုံးကပင် တအံ့တသြ ဖြစ်နေခဲ့ကြသည်။ ဆရာကြိးသည် ဆွေမျိုးသားချင်းများအား အကျအနဧည့်ခံခဲ့သည့်ပြင် ပြန်ခါနီးတွင် ဆွေမျိုးများကြုံကြိုက်တုန်း အမှတ်တရာ ဓာတ်ပုံရိုက်ယူခဲ့သဖြင့် အားလုံးကပင် သဘောကျကျေနပ် လျက်ရှိကြသည်။ သို့သော် ဆွေမျိုး မိသားစုများအားလုံး ပြန်သွားကြသောအခါ ဆရာကြီးက အိမ်စေတစ်ယောက်အား စောစောကရိုက်ယူထားခဲ့သည့် ဓာတ်ပုံကို ကူးယူခဲ့ရန်ခိုင်းသဖြင့် ဓာတ်ပုံကို ယူလာပြီး ဆရာကြီးအား ပြသသည်။ ဤတွင် ဆရာကြီးက အိမ်စေဖြစ်သူအား“ ဒီဓာတ်ပုံကို မင်းအမြဲသိမ်းထားပြီး ငါနဲ့နောက် တွေ့ချင်လို့ လာတဲ့သူမှန်သမျှ အဲဒီဓာတ်ပုံထဲမှာပါတဲ့သူဆိုရင် အိမ်ထဲကိုမ၀င်စေနဲ့ဟု” ပြောလိုက်ရာ အိမ်စေဖြစ်သူမှာ အံ့သြသဖြင့် ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားခဲ့ရသည်။


ဖြိုးသူရ
**********************************************************************************************


မိန်းမ ထမင်းစားခန်းထဲဝင်လာသောအခါ ယောကျာင်္းက ယင်ကောင်များအား ယပ်တောင်ဖြင့် လိုက်ရိုက်နေသည်ကိုတွေ့ ရသည်။
"ရှင်ဘာလုပ်နေတာလဲ" ဟု မိန်းမကမေးသောအခါ
ယေကျာင်္းက "ယင်ကောင်အမဲလိုက်ထွက်နေတာ"ဟုအဖြေပေးသည်။
"တော်တော်များများ သတ်လိုက်ပြီလား" ဟုမိန်းမက ဆက်မေးသည်။
"အေး၊ အမ၂ကောင်၊ အထီး၃ကောင် ဆော်ထည့်လိုက်ပြီ" ဟုယောကျာင်္းကပြောရာ
"ရှင်က ယင်ကောင်ကိုအထီး အမ ဘယ်လိုသိသလဲ "ဟုမိန်းမက ပြန်မေးလေ၏ ။
ထိုအခါ ယောကျာင်္းက "သိတာပေါ့ဟ၊ ဘီယာဗူးပေါ်က ၃ကောင်ကအထီး၊ ဖုန်းပေါ်မှာ ကြာကြာနားနေတဲ့ ၂ကောင်က အမပေါ့" ဟုအဖြေပေးလေသည်။



တစ်ခါကရွာတစ်ရွာမှာ ဆရာနှင့်တပည့်၂ဦး၊ အိမ်တစ်အိမ်မှာအတူနေထိုင်ကြပြီး၊
တပည့်မှာဆရာ့စကားကိုမြေ၀ယ်မကျနားထောင်၍ ရိုးသားသူတစ်ဦးဖြစ်ပါတယ်။
တစ်နေ့ မှာဆရာကကိစ္စရှိလို့ -" တပည့်ရေ၊ ဆရာအပြင်သွားအုံးမယ် ထမင်းချက်ထားကွာ" လို့ မှာခဲ့ပါတယ်။

ဆရာအပြင်ကပြန်လာပြီး" တပည့်ရေ၊ ထမင်းစားကြရအောင်ခူးကွာ" လို့ ပြောလိုက်တော့၊ တပည့်ကလည်းခူးပြီးတာနဲ့ ဆရာက " ဟင်းကောကွာ" လို့မေးတယ်။
ထိုအခါတပည့်က" ဆရာကထမင်းပဲချက်ထားလို့ မှာတာကို" ဟုပြန်ဖြေတယ်။
ဆရာက အားမလိုအားမရနဲ့ " တပည့်ရာရိုးပါ့၊ ဆရာက 'တစ်' ဆိုရင်၊ တပည့်က 'နှစ်' 'သုံး' အထိစီစဉ်ထားရတယ်ကွ၊မှတ်ထားသိလား လို့ပြောပါတယ်။

အဲဒီလိုနဲ့ တစ်နေ့ မှာတော့ ဆရာဖျားနေလို့ တပည့်ကို" ဆေးဆရာသွားပင့်ခဲ့ကွာ" ပြောတော့၊ တပည့်လည်းအပြေးတစ်ပိုင်းနဲ့ အိမ်ကထွက်သွားတယ်။
ခဏကြာတပည့်ပြန်လာပြီး ဆရာက-"တပည့်ရေ၊ ဆေးဆရာပင့်ခဲ့ပြီလား" လို့ မေးတော့၊
တပည့်ဖြေလိုက်ပုံမှာ-" ဆရာကျွန်တော့်ကိုသွန်သင်တဲ့အတိုင်း၊ ဆေးဆရာလည်းပင့်ပြီ၊
နောက်ပြီးအခေါင်းနဲ့ ဘုန်းကြီးပါပင့်လာပါတယ်ခင်ဗျာ"


တစ်နေ့  အဖျားအလွန်ကြီးနေသောလူနာတစ်ဦးအား၊ ဆရာဝန်ကဆေးကုသပေးပါသည်။
လူနာ- ဆရာ၊ ကျွန်တော်ဘာတွေစားရမယ်ဆိုတာညွှန်ကြားပေးပါ။
ဆရာဝန်- အဖျားကတက်လိုက်ကျလိုက်ဖြစ်နေတော့ အူရောင် ငန်းဖျားဖြစ်မှာစိုးရတယ်။
ထမင်းကအစ အဖတ်ဆိုရင်ဘာမှမစားပါနဲ့ ၊ နွားနို့ ၊ ကော်ဖီ အရည်ဆိုရင်အားလုံး
သောက်လို့ ရပါတယ်။
ပြောပြီးဆရာဝန်ကပြန်သွားတော့သည်။ နောက်တစ်နေ့ လူနာဆီရောက်တော့၊ လူနာအဖျား
တက်နေသဖြင့်-

ဆရာဝန်- အဖျားတက်နေပြန်ပြီလား၊ ဘာတွေစားလဲ၊ အဖတ်တွေစားတယ်ထင်တယ်။
လူနာ- ဘာမှမစားပါဘူးဆရာရယ် ။ ထန်းရည်ခါး ၁ဗူးပဲသောက်ထားတာပါ။
ဆရာဝန်- ဟာ၊ ဖျားနေတဲ့သူက ထန်းရည်ခါးသောက်ရသလား။
လူနာ- ဆရာက အရည်ဆိုရင်အားလုံးသောက်လို့ ရတယ်ဆို။

ဒါမှ အမတ်အစစ်
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။

မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။

မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။


ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း

ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။

ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။

ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။

အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။


စိတ်မှန်နေသောအရူး

အရူးထောင်တွင် ဗိုလ်ချုပ်ကြီးလာရောက်စစ်ဆေးမည်ဆိုသဖြင့် ဆရာဝန်များက အရူးများကို အမိန့်ပေးနေလေသည်။
‘ဒီနေ့ ဗိုလ်ချုပ်ကြီးလာလိမ့်မယ်။ မင်္ဂလာပါ ဘဘကြီးလို့ နှုတ်ဆက်မှ မင်းတို့ကို ထမင်းကျွေးမယ်’

ဗိုလ်ချုပ်ကြီးလာသောအခါ အရူးတစ်ယောက်မှလွဲပြီး ကျန်သောအရူးများက မင်္ဂလာပါ ဘဘကြီး ဟု နှုတ်ဆက်လေသည်။

ထိုအခါဗိုလ်ချုပ်ကြီးက ဆရာဝန်များကို ထိုအရူးဘာကြောင့် မနှုတ်ဆက်သလဲဟုမေးသောအခါ ဆရာဝန်ကြီးဖြေလိုက်ပုံက
‘စိတ်မဆိုးပါနဲ့ ဗိုလ်ချုပ်ကြီးရယ် သူဒီနေ့ စိတ်ကောင်းနေလို့ ဖြစ်ပါလိမ့်မယ်’


ဒီညတော့ အိပ်ရတော့မယ်

ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။

ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။

နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’ ဟု ထပ်မံ ကြေညာလေသည်။

နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။

ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’


ကျေးဇူးပါ

ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။

ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ် အကြာကြတော့ မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့ သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။

လူငယ်။ ။ ကျေးဇူးပါအဖေ။


နံရံတွေ ပြိုနေလို့

အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။ နောက်ဆုံးတွင် ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့် ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။

ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’


ပိုတောင်ကောင်းသွားပါတယ်

တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့် မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။

ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။

ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း လူလဲထပြီး အဖြေပေးလိုက်လေသည်။

‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’


ကြိုက်ရာလမ်းရွေး

နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’

ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’

နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’

နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’

Good Father

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

Postive Attitude
ိပ်သိရင်
ကောင်လေးက သူ့အမေကို ပြောပါတယ်။
“အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
သူ့အမေက အံ့သြတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။
အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။
“ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”

****************
မောင်လို့ခေါ်ရင် ပြောမယ်
တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ
ကောင်လေးကနောက်ကခုံမှာ
အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကော
င်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ
ကျကြတာ

ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို
ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး

ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့
အခက်တွေ့နေတယ်
Back to top Go down
 
ရယ်မောပျော်ရျွှင် စရာဟာသလေးများ။
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: GENERAL (CHIT CHAT) :: ဖိုရမ်ထဲရှိသီးသန့်အကြောင်းအရာမရှိသည့်ခေါင်းစဉ်များကိုဒီနေရာလေးမှာ တင်ပြဆွေးနွေးနိုင်ကြပါတယ်-
Jump to: