HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeမြန်မာ့သတင်းများ I_icon_mini_portalLatest imagesSearchRegisterLog in

 

 မြန်မာ့သတင်းများ

Go down 
Go to page : 1, 2  Next
AuthorMessage
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptyFri Mar 26, 2010 8:33 am

အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတွင် သင်္ကြန်မဏ္ဍပ် ခွင့်မပြု

သင်္ကြန်မဏ္ဍပ် တာဝန်ခံများသည် သင်္ကြန်ကာလအပြီး မဏ္ဍပ်ပတ်ဝန်းကျင်ပျက်စီးမှု ရေခွန်နှင့် သန့်ရှင်းရေးခွန်များပေးသွင်းရန် ပျက်ကွက်ခဲ့မှုများကြောင့် ရန်ကုန်မြို့တော်တွင် လူစည်ကားရာ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် မဏ္ဍပ်တည်ဆောက်ခွင့်ကို ယခုနှစ်မဟာသင်္ကြန်တွင် ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သိရသည်။ ရန်ကုန်မြို့တော်အတွင်း ယခင်နှစ် သင်္ကြန်ကာလ အား နည်းချက်များကြောင့် ယခုကြေညာထားသည့် လမ်းနှစ်ခုတွင် မဏ္ဍပ်တည်ဆောက်ခွင့် လုံးဝခွင့်ပြုတော့မည်မဟုတ်ဘဲ မြန်မာ့ရိုးရာမဏ္ဍပ်များ ခရိုင်အတွင်း တည်ဆောက် ရေကစားနိုင်ရေးနှင့် ရိုးရာယဉ်ကျေးမှုနှင့်အညီ ဖျော်ဖြေကစားသောမဏ္ဍပ်များကို အားပေးသွား မည်ဟုလည်း သိရသည်။ “အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတွေကို ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလလို ခွင့်ပြုတော့မှာမဟုတ်ဘူး။ သင်္ကြန်မဏ္ဍပ်တာဝန်ခံတွေကိုလည်း သင်္ကြန် မဏ္ဍပ်မဆောက်လုပ်မီ ကြိုတင်ပြီး သက်ဆိုင်ရာအခွန်အခတွေ ပေးသွင်းသွားရမယ်” ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ပြီးခဲ့သည့်သင်္ကြန်ကာလတွင် လူအစည်ကားဆုံးဖြစ်ရာ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း များတွင် သရုပ်ပျက်မဏ္ဍပ်များ အများဆုံးတွေ့ရပြီး မဏ္ဍပ်များဆောက်လုပ်ရာ၌ ပတ် ၀န်းကျင်ပျက်စီးမှုများ ရှိခဲ့သည်။ အထက်ဖော်ပြပါလမ်းများတွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ် ခွင့်ပြုမည်မဟုတ်သော်လည်း ရန်ကုန်မြို့ရှိ တခြားနေရာများတွင် ရွေးချယ်စီစဉ်ပေးသွားမည် ဖြစ် သည်။ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းများတွင် ယခင်နှစ်သင်္ကြန်ကာလက ငုဝါပင် ၃၅ ပင် ပျက်စီးခဲ့ရကြောင်းနှင့် ရေကစားမဏ္ဍပ် ရောင်းစားမှုမျိုးပါရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်မဏ္ဍပ်များကို ခေတ်ပေါ်၊ ခေတ်ပြိုင်တေးဂီတများနှင့် ဖျော်ဖြေနိုင်ရေးအတွက် သင်္ကြန် မကျမီကာလကတည်းက အနုပညာရှင်များ ပူးပေါင်းပါဝင်ကပြနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။ မဏ္ဍပ်များတည်ဆောက်ရာတွင်လည်း ပတ်ဝန်းကျင်ရှိအိမ်များ၏ သဘောတူခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန်နှင့် စည်းကမ်းမလိုက်နာသော မဏ္ဍပ်တာဝန်ခံများကိုလည်း ထိထိရောက်ရောက် အရေးယူမည့်အပြင် ယခင်က ရေပူပေါင်းဖြင့်ကစားခြင်းကို ထိရောက်စွာအရေးယူခဲ့သလိုမျိုး၊ ရိုးရာသင်္ကြန်နှင့်မညီသော ၀တ်စားဆင်ယင်မှု၊ မူးယစ်သောက်စားမှုမျိုးပြုလုပ်သော အမျိုးသမီးများကိုပါ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရိုးရာသင်္ကြန်၏ ချစ်စရာကောင်းသော အမွေအ နှစ်ကို ရေရှည်တည်တံ့စေရန်ရည်ရွယ်ပြီး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၀ မဟာ သင်္ကြန်မဏ္ဍပ်များ၏ စည်းကမ်းချက်များကိုလည်း စီးတီးအက်ဖ်အမ်တွင် သင်္ကြန်မတိုင်မီကြေညာ သွားရန်ရှိကြောင်းသိရသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Myanmar International တီဗီအစီအစဉ် မတ်လကုန်တွင် စတင်ထုတ်လွှင့်မည်   မြန်မာ့သတင်းများ EmptyFri Mar 26, 2010 8:42 am

Myanmar International တီဗီအစီအစဉ် မတ်လကုန်တွင် စတင်ထုတ်လွှင့်မည်


မြန်မာနိုင်ငံ၏ နိုင်ငံတကာ ရုပ်သံလိုင်းဖြစ်သော MRTV-3ကို ပြောင်းလဲဆန်းသစ်လိုက်သည့် Myanmar International TV(MITV)ကို ယခုလကုန်၌ စလွှင့်တင်တော့မည်ဟု သိရှိရသည်။ မတ်လ(၃၁)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၉)နာရီမှစကာ ၎င်းရုပ်သံလိုင်း၏ ပုံမှန်အစီအစဉ်များကို စတင်မည်ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန(MRTV)က အတည်ပြု ကြေညာခဲ့သည်။ ယခုထုတ်လွှင့်မည့် MITVရုပ်သံလိုင်းကို MRTVကပင် အဓိက တာဝန်ယူ လွှင့်တင်ပေးခြင်းဖြစ်သည်။ MITVတွင် အဓိကအားဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သော မှတ်တမ်းDocumentaryများနှင့် လက်ရှိပြည်တွင်း သတင်းများအား အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ (၂၄)နာရီ ထုတ်လွှင့်မည့် အဆိုပါ ရုပ်သံလိုင်းအား Thaicom-5 (အာရှ)၊ Hot Bird-8 (ဥရောပ)၊ Glaxy-19(မြောက်အမေရိက)၊ Apstar-V (အာရှBeam)နှင့် Optus D2 (NANAZ Beam)စသော ဂြိုဟ်တုများမှ ဖမ်းယူကြည့်ရှု နိုင်မည်ဖြစ်သည်။ Round-the-clockစနစ်ဖြင့် ထုတ်လွှင့်မည့် ရုပ်သံအစီအစဉ်များအတွင်း နိုင်ငံတကာနှင့် မြန်မာ့သတင်းများကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သွားမည်ဖြစ်သလို မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများကိုလည်း အင်္ဂလိပ်စာတန်းထိုး ပြသသွားမည်ဟု သိရသည်။ MRTV-3သည် MITVအတွက် အစမ်းထုတ်လွှင့်မှုကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ကတည်းက ရုပ်သံလိုင်းသစ်အဖြစ် စတင်ထုတ်လွှင့်နေခဲ့ခြင်းဖြစ်သည်။ MRTVသည် လွန်ခဲ့သော နှစ်ပေါင်း(၆၀)ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက် ရုပ်မြင်သံကြား အစီအစဉ်ဖြစ်သော မြ၀တီသည် (၁၉၉၅)ခုနှစ်၊ မတ်လတွင် စတင်ခဲ့ကြောင်း သိရှိရသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: ရတနာပုံဝက်ဘ်ပေါ်တယ်မှ Content Provider များဖိတ်ခေါ်   မြန်မာ့သတင်းများ EmptyMon Mar 29, 2010 8:39 pm

ရတနာပုံဝက်ဘ်ပေါ်တယ်မှ Content Provider များဖိတ်ခေါ်


ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ လွှင့်တင်ထားသော www.yatanarpon.com.mm အား National Web Portal တစ်ခုအဖြစ် ထွက်ပေါ်လာရေးအတွက် Content ပိုင်းများ ပိုမိုစုံလင်စွာဖြင့် ဖြည့်ဆည်းလုပ်ဆောင်နိုင်ရန်အတွက် သတင်းဂျာနယ်၊ စာစောင်၊ ရုပ်ရှင်၊ ဂီတ၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်းများ၊ ကုန်စည်ဒိုင်၊ Shopping Mall များ၊ NGO များ၊ FM လုပ်ငန်းများအပါအ၀င် Content Provider များကိုဖိတ်ခေါ်၍ မတ်လ ၁၈ ရက်နေ့ နံနက် ၁၀း၃၀ မိနစ်တွင် အခန်း ၂၀၅၊ ပင်မဆောင်၊ မြန်မာအင်ဖိုတက်ခ်၌ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြကြောင်း သိရှိရသည်။ Web Portal အတွက် Content Provider ဖိတ်ခေါ်ရခြင်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနအင်ဂျင်နီယာ ချုပ် ဦးဇော်မင်းဦးက ပြောကြားရာတွင် “ကျွန်တော်တို့အနေနဲ့ ရတနာပုံ Web Portal ကို National Web Portal ဖြစ်ဖို့ကြိုးစားကြတဲ့အခါမှာ ကုမ္ပဏီတစ်ခုချင်းအနေနဲ့ လုပ်ဆောင်လို့မရသလို ကုမ္ပဏီ ၃ ခု၊ ၄ ခုနဲ့လည်း လုပ်ဆောင်လို့မရပါဘူး။ အားလုံးက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြော ကြားခဲ့သည်။ ရတနာပုံ Web Portal အား အမျိုးသားအဆင့် Portal တစ်ခုအနေဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် Content များစွာပါဝင်မည်ဖြစ်သည်။ ထိုသို့ Content များစွာပါဝင်သည့် အတွက် Provider များလည်း အမျိုးမျိုးပါဝင်မည်ဖြစ်သည်။ ဥပမာ ဗေဒင်ဟောသူများအနေဖြင့် Portal တွင် Content တစ်ခုအနေဖြင့်ဖော်ပြထားပါက ဗေဒင်ဝါသနာပါသူကလည်း အပြင်မှာမေး သကဲ့သို့ Portal တွင် ၀င်ရောက်မေးမြန်းနိုင်မည်ဖြစ်သည်။ ထိုအခါ မေးမြန်းသူနှင့်ဟောပြောသူ နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဖြစ်သည်။ ထို့အပြင် Download လုပ်ယူအသုံးပြုနိုင်မည့် Content ပိုင်းကဲ့သို့သော အပိုင်းကို Provide လုပ်မည့် ကုမ္ပဏီလုပ်ငန်း အဖွဲ့အစည်းများအတွက်ကိုမူ Portal မှ လုပ်ငန်းရှင်နှင့်ညှိနှိုင်းကာ ဆောင်ရွက်လုပ်ကိုင်သွားမည် ဖြစ်သည်။ ဥပမာ- Portal တွင် Ringtone ကို Provide လုပ်ထားသူအနေဖြင့် အသုံးပြုသူမှ Ringtone တစ်ခု download ဆွဲယူတိုင်း Portal မှ ညှိနှိုင်းသတ်မှတ်ပေးထားသော တန်ဖိုးငွေကို ရရှိမည်ဖြစ်သည်။ သတင်းပိုင်းကဲ့သို့သော ကဏ္ဍ အတွက်ကိုမူ သတင်းဂျာနယ်မီဒီယာများမှ update သတင်းများကို နေ့စဉ်လွှင့်တင်သွားမည်ဖြစ် သည်။ ထိုကဲ့သို့ ၀ယ်ယူရာတွင် ထိုက်သင့်သောတန်ဖိုးငွေကို Portal မှပေးသွားမည်ဖြစ်သလို သတင်းကို Portal တွင်ဖော်ပြရာ၌လည်း သတင်းနှင့်သက်ဆိုင်သော ဂျာနယ်အမည်ကို Credit ပေးသွားမည်ဖြစ်သည်။ အထက်ပါ Content ပိုင်းများအတွက်သာမကပဲ အခြားသော ကဏ္ဍ Content ပိုင်းများအတွက်ကိုလည်း Provide လုပ်လိုသူများအနေဖြင့် Portal မှတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။ ရတနာပုံ Web Portal အား အသုံးပြုသူများအနေဖြင့် အခမဲ့ဝင်ရောက်အသုံးပြုနိုင်မည့် အပိုင်းများရှိသလို အခကြေးငွေပေးဆောင်ရမည့် အပိုင်းများလည်း ပါဝင်မည်ဖြစ်သည်။ အခကြေးငွေပေးဆောင်ရမည့် အပိုင်းအတွက်ကိုမူ ရတနာပုံ Web Portal Member ကဒ် အသုံးပြုရမည်ဖြစ်သည်။ ထို Member ကဒ်ကို ငွေကျပ်တစ်သောင်း၊ နှစ်သောင်း စသည်ဖြင့် ကဒ်အမျိုးအစားစုံလင်စွာ ရောင်းချသွားမည်ဖြစ်သည်။ ကဒ်မှတစ်ဆင့် အသုံးပြုသူ၏ ငွေကြေးပေးဆောင်မှုများကို ဖြတ်တောက်သွားမည်ဖြစ်သည်။ ဗေဒင်မေးသည့်ကိစ္စရပ်များ၊ ဂိမ်းများ Download ဆွဲခြင်း၊ Video Download ဆွဲခြင်းကိစ္စရပ်များကို အဆိုပါ Member ကဒ်ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
Content Provider မှ user များအသုံးပြုထားသော ငွေကြေးဆိုင်ရာများကို Portal Member ကဒ်မှ တစ်ဆင့် လုပ်ဆောင်နိုင်သဖြင့် လုပ်ငန်းပိုင်းတွင်လည်း ယခင်ထက် ပိုမိုတွင်ကျယ်လာမည်ဖြစ်သည်။ လက်တလောအခြေအနေတွင် အွန်လိုင်းပေါ်တွင် ရောင်းဝယ်လုပ်ကိုင်နိုင်သောလုပ်ငန်း၊ Content မျိုးကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ပြီး အသုံးပြုသူများလာပါက Online Shopping ကဲ့ သို့သော Content များကို ထပ်မံထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရတနာပုံ Web Portal သို့ Content Provider များအဖြစ်ဆောင်ရွက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် Portal မှ တာဝန်ရှိသူများဖြစ်သော ဒေါ်နွယ်နီဝင်း ဖုန်း- ၂၁၄၂၉၆၊ ဦးနေလင်းထွန်း ဖုန်း- ၀၉၅၀ ၂၁၀၇၂ ၊ ပရိုဂျက်မန်နေဂျာ ဦးကျော်စိုးမင်း ဖုန်း- ၀၉၅၀၈၇၂၆၃ သို့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptyWed Apr 07, 2010 9:47 pm

မြန်မာ့ပထမဆုံး e-Medication ၀န်ဆောင်မှု စတင်တော့မည်


BlueOcean Operating Management Co.,Ltd နှင့် iTopiaတို့ပူးပေါင်းကာ ဖုန်းမှတဆင့် ပြည်တွင်းပြည်ပ ဆေးပညာနှင့် ပတ်သက်သော အချက်အလက်များကို အမြို့မြို့အနယ်နယ်မှ ၂၄နာရီပတ်လုံး မေးမြန်းနိုင်အောင် လုပ်ဆောင်ပေးမည့် Medical Help Line (e-medication) ၀န်ဆောင်မှုကို မကြာမီအချိန်ကာလအတွင်း စတင်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုအတွက် လတ်တလောအခြေအနေတွင် Techanical ပိုင်းနှင့် Infrastructure ပိုင်းမှာ အသင့်ဖြစ်နေပြီး ၀န်ဆောင်မှုတွင် ပါဝင်မည့် ဆေးပညာဆိုင်ရာပိုင်းမှ သက်ဆိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်မှုကိစ္စများ ကျန်ရှိနေသေးကြောင်း သိရသည်။Medical Help Line မှာ Call Center ၀န်ဆောင်မှုတွင် Medical ပေါင်းထားသော Medical Call Center ၀န်ဆောင်မှုဖြစ်ကြောင်း သိရသည်။ “ဒီဝန်ဆောင်မှုက မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ လူတွေအနေနဲ့ ပြည်တွင်းပြည်ပက ဆေးပညာနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အမြို့မြို့အနယ်နယ်ကနေ ၂၄ နာရီမေးနိုင်အောင် လုပ် တာဖြစ်ပါတယ်။ အဓိကက မြို့ပေါ်ကလူတွေလို နယ်ကလူတွေပါ Quality Service ပေးနိုင်အောင် လုပ်တာဖြစ်ပါတယ်။ Quality Serviceကို ပေးနိုင်သလို မြို့ကြီးတွေကို သွားလာရတဲ့ စရိတ်တွေနဲ့ အ ချိန်ကုန်မှုတွေကို သက်သာစေပါတယ်”ဟု Medical Help Line ၀န်ဆောင်မှု မိတ်ဆက်သည့် အခမ်းအနားတွင် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Blue Ocean Operating Management Co.,Ltdမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Medical Help Line ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် Prepaid Card စနစ်ဖြင့် အသုံးပြုရမည်ဖြစ်သည်။ အသုံးပြုသူအနေဖြင့် မိမိကိုယ်ပိုင် ဖုန်းမှတဆင့်ဖြစ်စေ၊ P.C.O ဖုန်းများမှတဆင့်ဖြစ်စေ Medical Help Lineကို ခေါ်ဆိုရ မည်ဖြစ်သည်။ ထိုသို့ခေါ်ဆိုရာတွင် ပြည်တွင်းသို့ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ ဖုန်းခေါ်ဆိုမှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ချမှတ်ထားသော ဖုန်းခအတိုင်း အသုံးပြုသူမှ ပေးဆောင်ရမည်ဖြစ်သည်။ Medical Help Line ၀န်ဆောင်မှုကို စတင်အသုံးပြုမှသာလျှင် ၀န်ဆောင်မှု အသုံးပြုခနှင့် ဆေးပညာနှင့်ပတ်သက်သော တွေ့ဆုံမေးမြန်းမှုများကို Prepaid Cardမှ ဖြတ်တောက်သွားမည် ဖြစ်သည်။ Medical Help Line ၀န်ဆောင်မှု အသုံးပြုသည့်အခါတွင် ပထမဆုံးအနေဖြင့် ၀န်ဆောင်မှု ဖုန်းနံပါတ်ကို စတင်နှိပ်ရမည်ဖြစ်သည်။ ထို့နောက် ၀န်ဆောင်မှုမှ အသုံးပြုပုံအဆင့်ဆင့်ကို အသံဖြင့် တစ်ဆင့်ခြင်း ညွှန်ကြားသည့်အတိုင်း အသုံးပြုသူမှ အဆင့်လိုက် လိုက်လံလုပ်ဆောင်ရမည် ဖြစ်သည်။ အဆိုပါ Prepaid Cardများကို တစ်သောင်းငါးထောင်ကျပ်၊ သုံးသောင်းကျပ် စသဖြင့် ရောင်းချရန်စီစဉ်ထားပြီး ကတ်အသုံးပြုရင်း Expiredဖြစ်သွားခြင်းမျိုး မရှိကြောင်း သိရသည်။ Medical Help Line ၀န်ဆောင်မှုကို သုံးခြင်းအားဖြင့် ဥပမာ အိမ်တွင် တစ်ယောက်တည်းနေထိုင်သည့် အချိန်အခါမျိုးတွင် ရောဂါဖြစ်လာသောအခါ ဆရာဝန်ထံသို့ အဆိုပါ ဆားဗစ်မှတဆင့်မေး၍ ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာ၍ လူနာရှင်ကိုယ်တိုင် ဖုန်းမှတဆင့် ဆေးကုသမှုကို ရယူနိုင်မည်ဖြစ်သည်။ အဆိုပါဆားဗစ်မှာ ကျန်းမာရေးအတွက်သာမကပဲ အခြားသော ဆေးပညာရပ်ဆိုင်ရာ ကဏ္ဍအသီးသီးကိုပါ မေးမြန်းနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် လုပ်ကိုင်ဆောင်ရွက်မည့် Medical Help Line ၀န်ဆောင်မှုအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ဆရာဝန်များနှင့် ဆေးရုံကြီးများကိုလည်း ကုမ္ပဏီမှ ဖိတ်ခေါ်ထားသလို နောက်ပိုင်းကာလများတွင်ပြုလုပ်မည့် ၀န်ဆောင်မှုများအတွက်ကိုပါ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ BlueOcean Operating Management Co.,Ltdနှင့် iTopiaတို့ပူးပေါင်း၍ Medical Help Line ဆေးပညာနှင့် ပတ်သက်၍ ၀န်ဆောင်မှုများအပြင် Legal (ဥပဒေ၊ အခွန်နှင့်ပတ်သက်သည့်အကြောင်း)၊ Astrology (ဗေဒင်အကြောင်း)၊ Agricultural (စိုက်ပျိုးရေး)၊ Public Transportနှင့် အခြားသော ဆားဗစ်များကိုပါ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ Medical Help Line ဆားဗစ်ကို ပြည်ပနိုင်ငံအချို့တွင် အသုံးပြုရာ၌ သိသာသော အကျိုးကျေးဇူးများကို ရရှိလျက်ရှိသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptyWed Apr 07, 2010 9:49 pm

SMS စနစ်က အင်တာနက်ထက် ကြော်ငြာလုပ်ငန်းတွင် ပိုမိုအသုံးဝင်လာ


မိုဘိုင်းဖုန်းများတွင် ကြော်ငြာခြင်းကို SMS မှတဆင့် ယခင်ကတည်းက လုပ်ဆောင်ခဲ့သော်လည်း ၄င်းစနစ်သည် နောက်ပိုင်းပေါ်လာသော မိုဘိုင်းအင်တာနက်စနစ်များထက် ကြော်ငြာလုပ်ငန်းအတွက် အားသာချက်များရှိနေသေးကြောင်း သိရသည်။ ဖုန်းအသုံးပြုသူများ၏ လက်အတွင်းတွင် wi-fi ပါဝင်သော 3G အဆင့်ရှိသောဖုန်းများ နည်းပါးနေခြင်းနှင့် အင်တာနက်သုံးစွဲရာတွင် ပြည်တွင်းရှိဝက်ဆိုက်များသည် မိုဘိုင်းကွန်ရက်အတွက် အ ဆင်သင့်မဖြစ်သေးခြင်းကြောင့် SMS စနစ်ဖြင့် ယခင်ကကြော်ငြာခဲ့ခြင်းများသည် အောင်မြင်လျက်ရှိ နေသေးကြောင်း မိုဘိုင်းဖုန်း အင်တာနက်ဝက်ဆိုက်များရေးဆွဲနေသော programmer တစ်ဦးမှ ရှင်းပြသည်။ SMS များဖြင့် ကြော်ငြာများပေးပို့ရာတွင် မိမိတို့သည် အရောင်းဆိုင်တစ်ခု သို့မဟုတ် ၀န်ဆောင်မှုတစ်ခုတို့တွင် ဖုန်းနံပါတ်ပေးထားပါက ထိုသူမှ သတင်းအချက်အလက်များ ၀န်ဆောင်မှုများ တစ်ခုခုပြောင်းလဲပါက သတင်းပေးကြော်ငြာသည့် စနစ်တစ်ခုဖြစ်သည်။ ထို စနစ်သည် မြန်မာပြည်တွင်းတွင်အောင်မြင်နေပြီး အသုံးဝင်လျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ “မိုဘိုင်းဖုန်းတွေမှာ အင်တာနက်ဖွံ့ဖြိုးလာဖို့က မြန်မာပြည်တွင်းမှာ မိုဘိုင်းဖုန်းသုံး အင်တာ နက် website တွေရှိလာဖို့လိုပါတယ်။ အချို့ဖုန်းတွေက အင်တာနက်သုံးရတာ အဆင်ပြေပါတယ်။ အချို့ဖုန်းတွေမှာ သုံးမရတာကိုတွေ့ရတယ် နောက်ဆုံးထွက်ရှိတဲ့ ဖုန်းတွေမှာ အင်တာနက်သုံးရတာ ကောင်းပါတယ်။ ဒါပေမယ့် အရင်ဖုန်းတွေသုံးနေတဲ့ လူတွေရဲ့ဖုန်းတွေမှာ အင်တာနက်သုံးရတာ မလွယ်ပါဘူး။ ဒါကြောင့် သတင်းအချက်အလက်ပေးမယ် ကြော်ငြာဖို့ဆိုရင် သိပ်တော့ မလွယ်သေးပါဘူး။ အခုတော်တော်များများသုံးနေတဲ့ SMS နဲ့ ကြော်ငြာသတင်း အချက်အလက်ပေးတာက အကောင်းဆုံးဖြစ်နေပါသေးတယ်” ဟု ကိုတေဇာ programmer တစ်ဦးမှ ရှင်းပြသည်။ မိုဘိုင်းဖုန်းဖြင့် သတင်းအချက်အလက် ကြော်ငြာများပေးပို့ခြင်းကို မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းနှင့်ပတ်သတ်သော သတင်းအချက်အလက်များပေးပို့သည့်အခါ တွင် အသုံးပြုသလို ပြည်တွင်းရှိ SMS ဖြင့်ဝန်ဆောင်မှုပေးနေသော MIT, etm တို့မှလည်း အောင်မြင်အောင်လုပ်ဆောင်နေပြီး အခြားပြင်ပရှိ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ယင်းတို့၏ ထုတ်ကုန်များ ၀န်ဆောင်မှုများကိုလည်း SMS ဖြင့်ကြော်ငြာခြင်းများ ပြုလုပ်ကြကြောင်းသိရသည်။planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptyWed Apr 07, 2010 10:03 pm

ရွေးကောက်ပွဲတွင် မီဒီယာအခန်းကဏ္ဍ အရေးကြီး


၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းမီဒီယာ အခန်းကဏ္ဍမှာ အရေးကြီးသည်ဟုထင်ကြောင်း မြန်မာပြည်သူများ ပြောသည်။ 7Day News က ရန်ကုန်နှင့်နယ်မြို့များရှိ လူ ၁၃၆ ဦးကို တွေ့ဆုံမေးမြန်း ကောက်ယူသော လူထုစစ်တမ်းငယ်အရ ၆၂ရာခိုင်နှုန်းကျော်ရှိသော ဖြေဆိုသူ ၈၅ဦးက လာမည့်ရွေးကောက်ပွဲတွင် မီဒီယာ၏ အခန်းကဏ္ဍမှာ အရေးကြီးသည်ဟု ဖြေဆိုသည်။ ၃၆ဦးက “လာမည့် ရွေးကောက်ပွဲတွင် မီဒီယာ၏အခန်းကဏ္ဍက အရေးကြီးမယ်လို့ ထင်ပါသလား”ဟုအမေးကို မသိဟုဖြေဆိုပြီး၊ ကျန်၁၁ဦးက မထင်ဟုပြန်လည်းဖြေဆိုသည်။ ဖြေဆိုသူအားလုံး၏ ၆၂ရာခိုင်နှုန်းကျော်ရှိသော မီဒီယာ၏ အခန်းကဏ္ဍမှာ အရေးကြီးသည်ဟု ဖြေဆိုသူများကို “ဘာကြောင့် အရေးကြီးတယ် ထင်ပါသလဲ”ဟုအမေးကို မီဒီယာမှာ ရွေးကောက်ပွဲတွင် ပြည်သူက မည်သည့်ပါတီ၊ မည်သည့်ကိုယ်စားလှယ်အား မဲပေးရမည်ကို ဆုံးဖြတ်နိုင်ရန် လိုအပ်သော အချက်အလက်များအား ပေးနိုင်၍ဖြစ်သည်ဟု ဖြေဆိုကြသည်။

ထို့အပြင် ဖြေဆိုသူများထဲမှ အသက်၄၅နှစ်အရွယ် အမျိုးသားတစ်ဦးက "ပြည်သူလူထုရဲ့ မဲတစ်ပြား အလကားမဖြစ်ဖို့ ကိုယ်စားလှယ်လောင်းတွေ မှန်ကန်စွာ အရွေးချယ်ခံနိုင်ဖို့ မီဒီယာ သတင်းတွေဆီက အမှန်သတင်းတွေရဖို့ မျှော်လင့်ကြောင်း" ဖြေဆိုသည်။ "ထင်တာက ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ဟာ မီဒီယာများအပေါ် ရာခိုင်နှုန်းတော်တော်များများ မှီနေရလို့ပါ"ဟု ဖြေဆိုသူ အမျိုးသမီးတစ်ဦးကလည်း ဆိုသည်။ "ထင်တာက ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ဟာ မီဒီယာများအပေါ် ရာခိုင်နှုန်းတော်တော်များများ အမှီပြုနေရလို့ပါ"ဟု အသက်၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း သူ၏အမြင်ကို ဖော်ထုတ်သည်။ အသက်၂၇အရွယ် အမျိုးသမီးတစ်ဦးကလည်း သူမ၏ မျှော်လင့်ချက်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောသည်။ "မီဒီယာတွေကပဲ သတင်းတွေ ပေးနိုင်မယ်ထင်လို့ပါ။ ရွေးကောက်ပွဲကာလမှာ မီဒီယာတွေဆီက မျှော်လင့်တာကတော့ အမှန်ကို အမှန်အတိုင်းရေးသားထားတဲ့ သတင်းတွေပါ"။ ရန်ကုန်နှင့် နယ်မြို့များတွင် လူချင်း၊ တယ်လီဖုန်းမှ အွန်လိုင်းမှ ဆက်သွယ်ရေး နည်းလမ်းပေါင်းစုံမှ ကောက်ခံခဲ့သော အဆိုပါစစ်တမ်းငယ်တွင် ဖြေဆိုသူအားလုံး၏ ၈ရာခိုင်နှုန်း ၀န်းကျင်ရှိသော ၁၁ဦးက လာမည့်ရွေးကောက်ပွဲတွင် မီဒီယာ၏ အခန်းကဏ္ဍမှာ အရေးကြီးမည်ဟု မထင်ကြောင်း ဖြေဆိုကြသည်။

လာမည့်ရွေးကောက်ပွဲတွင် မီဒီယာ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန်ကြိုးပမ်းနေသော နိုင်ငံရေးသမားများကလည်း ပြောသည်။ "မီဒီယာကို မဏ္ဍိုင်တစ်ခု အနေနဲ့ကို အသိအမှတ်ပြုထားတယ်။ စတုတ္ထမဏ္ဍိုင်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် ဆိုပြီးတော့ သုံးခုရှိတယ်။ ကျွန်တော်တို့က စတုတ္ထမဏ္ဍိုင်အဖြစ် မီဒီယာကို သဘောထားပါတယ်။ မီဒီယာတွေကလည်း မိမိမြင်တဲ့အတိုင်း ရေးရဲဖို့လိုတယ်။ တွေ့တာကို တွေ့တဲ့အတိုင်းရေးရဲဖို့ မိမိအထင်နဲ့ ရေးတာတွေက ပကတိအမြင်နဲ့ လွဲတတ်တယ်။ အဲဒီတော့ ပကတိအဖြစ်တွေကို မှန်မှန်ကန်ကန်ရေးဖို့ အားပေးပါတယ်"ဟု ပါတီမှတ်ပုံတင်ရန် ပြင်ဆင်နေသော အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကြည်ဝင်းကလည်း ပြောသည်။

"လာမယ့်ရွေးကောက်ပွဲမှာ မီဒီယာရဲ့ အခန်းကဏ္ဍကတော့ အလွန်ကိုအရေးကြီးပါတယ်"ဟု နိုင်ငံရေးကို လေ့လာသူတစ်ဦးကလည်း ဆိုသည်။ မီဒီယာမှာ အရေးကြီးသည်ဟု ဖြေဆိုသူ အများစုက သတင်းမီဒီယာများထံမှ မှန်ကန်၍မျှတသော သတင်းများကိုသာ ဖတ်ရှုလိုကြောင်း ၄င်းတို့၏ဆန္ဒကို ထုတ်ဖော်ခဲ့ကြသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 12:42 pm

မြန်မာ့ ရွေးကောက်ပွဲ အမျိုးသားရေး ပြန်လည်သင့်မြတ်မှု ဖြစ်ထွန်းစေမည်ဟု တရုတ် မှတ်ချက်ပေး


တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲများသည် အမျိုးသားရေး ပြန်လည် သင့်မြတ်မှု ဖြစ်ထွန်းလာစေမည်ဟု မျှော်လင့်ကြောင်းနှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးအုပ်စုများအကြား ပြန်လည် သင့်မြတ် ညီညွတ်မှု ရရှိ ခြင်းသည် နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရေးကို ဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး Jiang Yu ကပြောကြားသည်။ တရုတ်နိုင်ငံဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မကြာခင်ကာလအတွင်း အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားရာ အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ ဘေဂျင်းမြို့၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်စဉ် Jiang Yu က အထက်ပါ အတိုင်းမှတ်ချက် ပြုလိုက်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အဓိက မဟာမိတ်၊ ကုန်သွယ်ဖက် နိုင်ငံ တစ်နိုင်ငံ အဖြစ် ရပ်တည်လျက်ရှိပြီး ရွေးကောက်ပွဲအလွန် ကာလများတွင်လည်း အလားတူဆက်လက် ရပ်တည်သွားနိုင်မည်ဟု ယုံကြည် ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောကြားသည်။ တရုတ်နိုင်ငံသည်မြန်မာနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ကာလရှည် တင်သွင်းမှု ပြုလုပ် သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 12:44 pm

သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှု အမေရိကန် ရှုတ်ချ ဝေဖန်


မြန်မာနိုင်ငံတွင် ရိုးရာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကျင်းပဆင်နွှဲနေစဉ် သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းပေါ်၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့မှုသည် အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်ခြင်းဟု အမေရိကန် ပြည်ထောင်စု အစိုးရက သတ် မှတ်ပြီး ယင်းလုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါဗုံးခွဲ တိုက်ခိုက်မှု လုပ်ရပ်ကြောင့် သေဆုံးဒဏ်ရာ ရသူများရှိခဲ့ရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ထိခိုက်ခံစားရသူများအတွက် မိမိတို့ ဝမ်းနည်းမိကြောင်း၊ ဗုံးခွဲ တိုက် ခိုက်သူ သို့မဟုတ် တိုက်ခိုက်သည့် အဖွဲ့အစည်းသည် မည်သူမည်ဝါတို့ ဖြစ်သည်ကို မိမိတို့ မသိရသေးသော်လည်း ယင်းတိုက်ခိုက်မှု ဖန်တီးရန် တွေးခေါ် လုပ်ဆောင်သူများသည် အကြမ်းဖက် ဝါဒီများသာ ဖြစ်သည်ဟု မိမိတို့ သတ်မှတ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဖိလစ်ခရောင်လီက ပြောကြားသည်။ လူရှစ်ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ဒဏ်ရာ ရရှိခဲ့ကြသည့် အဆိုပါ ဗုံးများ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စင်ကာပူ အစိုးရကလည်း အကြမ်းဖက် လုပ်ရပ်အဖြစ် သတ်မှတ်ရှုတ်ချကြောင်း ၂၀၁၀ ခုနှစ်ဧပြီ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော် ပြထား ပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 12:46 pm

လေပြင်း တိုက်ခတ်မှုနှင့် မိုးသက်လေပြင်း ကျရောက် မှုများကြောင့် ပြည်နယ်နှင့်တိုင်း အချို့၌ ပျက်စီး ဆုံးရှုံးမှု အချို့ရှိခဲ့


၂၀၁၀ခုနှစ် ဧပြီ ၂၀ ရက် ညနေပိုင်းက ပြည်နယ်/တိုင်း အချို့၌ လေပြင်း တိုက်ခတ်မှုနှင့် မိုးသက်လေပြင်း ကျရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှု အချို့ ရှိခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်နယ် မူဆယ်ခရိုင်မူဆယ်မြို့နှင့် ကြူကုတ်( ပန်ဆိုင်း) မြို့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် အဆောက်အအုံ အချို့ အမိုးလန်ခြင်း၊ သစ်ပင်များ ပြိုလဲခြင်း၊ တယ်လီဖုန်းတိုင်နှင့် ဓာတ်တိုင်ပြိုလဲ ပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ အမျိုးသား သုံးဦး၊ အမျိုးသမီးခုနစ်ဦး ပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိ၍ မူဆယ်ဆေးရုံ၌ ကုသမှု ခံယူလျက်ရှိကြောင်းနှင့် လူ၊ တိရစ္ဆာန် အသေအပျောက် မရှိကြောင်း သိရှိရသည်။ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့တွင် လည်းလေပြင်း တိုက်ခတ်ခဲ့သည်။ လောက်ကိုင်မြို့နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့သဖြင့် အဆောက်အအုံများ အမိုးလန်ခြင်း၊ အက်ကွဲ ပျက်စီး ခြင်းနှင့် ပြိုကျ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ကွမ်လုံမြို့နယ်တွင်လည်း လေပြင်း တိုက်ခတ်မှုကြောင့် အဆောက်အအုံ အချို့ အမိုးလန် ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးပေါင်း နှစ်ဦးတို့ ထိခိုက်ဒဏ်ရာ( မစိုးရိမ်ရ) ရရှိ၍ ကွမ်လုံ ဆေးရုံ၌ ကုသမှု ခံယူလျက် ရှိ ကြောင်း သိရှိရသည်။ လားရှိုးမြို့နယ် ပန်ဟုန်းရွာ၌လည်း လေပြင်း တိုက်ခက်ခဲသည်။ အလားတူ မန္တလေးတိုင်း ညောင်းဦးမြို့နယ်၌ လေပြင်း တိုက်ခတ်မှု ကြောင့် သစ်ပင်များပြိုလဲခြင်း၊ ဓာတ်တိုင်ပြိုလဲ ပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌လည်း မိုးသက်လေပြင်း တိုက်ခတ်ခဲ့သဖြင့် အမိုးလန်ခြင်း၊ သစ်ပင်များ ပြိုလဲခြင်း၊ ဓာတ်တိုင် ပြိုလဲပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရမှု မရှိကြောင်း၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်၌လည်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် အ ဆောက်အအုံ အချို့ အမိုးလန် ပျက်စီးခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ပံ့ပိုးကူညီခြင်း၊ ပြိုလဲပြတ်တောက် ပိတ်ဆို့မှုများကို အမြန်ဆုံး ရှင်းလင်းဖယ်ရှား ပြုပြင်ခြင်းများ ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရှိရသည်။ ယခုကာလ အတွင်း ရံဖန်ရံခါ မိုးသက် လေပြင်းများ တိုက်ခတ်လေ့ ရှိသည့်အတွက် ပြည်သူများ အနေဖြင့် အထူးဂရုပြု ဆောင်ရွက်ကြရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၃ရက်နေ့ ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: ဥရောပ လေကြောင်း ခရီးစဉ်များ ဖျက်သိမ်း၍ ကမ္ဘာလှည့်အချို့ ရန်ကုန်တွင် သောင်တင်   မြန်မာ့သတင်းများ EmptySun Apr 25, 2010 12:48 pm

ဥရောပ လေကြောင်း ခရီးစဉ်များ ဖျက်သိမ်း၍ ကမ္ဘာလှည့်အချို့ ရန်ကုန်တွင် သောင်တင်


အိုက်စလန်နိုင်ငံ ရေခဲပြင်ဒေသ အောက်ရှိ မီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော ပြာမှုန့်များကြောင့် ဧပြီလ ၁၇ ရက်နေ့မှ စတင်၍ ဥရောပတိုက် လေကြောင်း ခရီးစဉ်များ ဖျက်သိမ်းထားလျက်ရှိရာ ရန်ကုန်တွင် ဥရောပတိုက်မှ တစ်ဆင့်ချိတ်ဆက် ပျံသန်းသည့် လက်မှတ် ဝယ် ယူထားသော ကမ္ဘာလည့် ခရီးသည်များသည် ရန်ကုန် Park Royal ဟိုတယ်တွင် တည်းခိုနေသည့် အမေရိကန်နိုင်ငံသား Mr.Lyn က ပြောကြား သည်။ တစ်ခုသို့ ဖိတ်ကြားခြင်း ခံရ၍ သွားရောက်နေသူ အသည်းရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းသည် လည်းသြစတြီးယားနိုင်ငံ ဗီယင်နာတွင် သောင်တင်လျက်ရှိပြီး လေယာဉ်ခရီးစဉ်များ ပြန်လည် စတင်မည့် အချိန်ကို စောင့်ဆိုင်း နေရကြောင်း သိရှိရသည်။ ဧပြီလ ၂၁ ရက်နေ့တွင်မူ ဥရောပလေကြောင်းလိုင်းအချို့ခရီးစဉ်အချို့စတင်ပျံသန်းမှုရှိနေသော်လည်း ၅၀ရာခိုင်နှုန်းခန့်ရှိကြောင်း နှင့် နိုင်ငံအနှံ့ သောင်တင်နေကြသည့် ကမ္ဘာလှည့်များ အရေအတွက်မှာ ထောင်သောင်းချီ၍ သောင်တင်နေသည့် အတွက် ရက်ပိုင်းအတွင်း လေ ယာဉ်ခရီးစဉ်များ ပုံမှန်ပျံဖြစ်ရန် မလွယ်ကူနိုင်ကြောင်း လည်း EU အဖွဲ့ဝင်နိုင်ငံမှ မီဒီယာများက ခန့်မှန်းထားကြသည်။ အမေရိကန် နိုင်ငံသား Mr.Lyn အပါအဝင် ကမ္ဘာလှည့် အချို့သည် ဒေါ်လာသုံးထောင် ကုန်ကျမည့် အခြားလေကြောင်း တစ်ခု လေယာဉ် လက်မှတ်သစ်ကို ဝယ်ယူမည့် အစား ရန်ကုန်တွင် နေထိုင်၍ စောင့်ဆိုင်းနေကြရပြီး အချို့မှာ လုပ်ငန်းခွင်နှင့် ကျောင်းစသည့် အလုပ်ကိစ္စများနှင့် ပတ်သက်၍ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်ဟု ရန်ကုန်တွင် သောင်တင်နေသည့် အမေရိကန်ပြည်ထောင်စု မေရီလန်း တက္ကသိုလ်မှ စီးပွားရေး စီမံခန့်ခွဲမှု ပညာ မဟာဘွဲ့ ကျောင်းသားတစ်ဦးက ပြောကြားသည်။ ရန်ကုန်တွင် သောင်တင်နေသည့် ဥရောပ ကမ္ဘာလှည့်များမှာ စိုးရိမ်စိတ်ဝင်လျက် ရှိကြပြီး လေကြောင်းလိုင်းက တည်းခိုခွင့်ပေးထားသည့် လေးရက်မှာလာမည့် ဧပြီလ ၂၄ ရက်နေ့တွင် ကုန်ဆုံးပါက အခြားသော ဈေးနှုန်းသက်သာသည့် ဟိုတယ် များတွင် ရွှေ့ပြောင်း နေထိုင်ရန် စုံစမ်းလျက်ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:07 pm

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနေရာ လေးနေရာတွင် မိုင်း ၁၀ လုံး ပေါက်ကွဲ
Thursday, April 22, 2010 8:00 PM

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် မေခ-မလိခ မြစ်ဝှမ်းမြစ်ဆုံး ရေအား လျှပ်စစ်စီမံကိန်းရှိ တမံတည်ဆောက်ရေး ရှင်းလင်းဆောင် အပါအဝင် စီမံကိန်းနေရာ လေးနေရာတွင် ဧပြီလ ၁၇ ရက်နေ့က မိုင်း ၁၀ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက် အရသိရှိရသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး မှန်ကွဲစထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယာယီအဆောက်အအုံ နှစ်လုံး နှင့် မော် တော်ယာဉ် ခြောက်စီးတို့၏ အစိတ်အပိုင်း အချို့ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် မပေါက်ကွဲသေးသော မိုင်းအချို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုမှာ အရုဏ်မတက်မီအချိန်တွင် စီမံကိန်း လုပ်ငန်းခွင်နေရာ သုံးနေရာနှင့် နေထိုင်ရာ နေရာတို့ ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ စီမံကိန်းကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တရုတ် ကုမ္ပဏီ China Power Investment Group ( CPI) နှင့်ပြည်တွင်း ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၃ ရက်နေ့ ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:07 pm

ရန်ကုန်ကလေး ဆေးရုံကြီးတွင် ရင်ချင်းဆက်အမြွာ သုံးမြွာတက်ရောက် ကုသလျက် ရှိကြောင်း သိရ
Thursday, April 22, 2010 8:00 PM

ရန်ကုန်ကလေး ဆေးရုံကြီးတွင် ရင်ချင်းဆက်အမြွှာအား ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း ရန်ကုန်ကလေး ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာအောင်ကြည်ဝင်းကဆိုပါသည်။ အဆိုပါ ရင်ချင်းဆက် အမြွာသုံးမြွာမှာ တောင်ငူမှ ရန်ကင်းနှင့်ရန်ရှင်း၊ လောင်းလုံမြို့မှ အင်ကြင်းခိုင် နှင့် အင်ကြင်းလှိုင်၊ မုဒုံမြို့မှ စိုပြေဝင်းနှင့် စိုပြေလင်းတို့ ဖြစ်ကြောင်း သိရသည်။ စိုပြေဝင်းနှင့် စိုပြေလင်း ရင်ချင်းဆက် အမြွှာပူးမှာ ၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင်ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။ “စိုပြေဝင်းနဲ့ စိုပြေလင်းတို့က ရန်ကုန် ကလေး ဆေးရုံကြီးကို ၂၀၀၈ ခုနှစ်ဇန်နဝါရီလ ၂ ရက်နေ့မှာ ရောက်ရှိပါတယ်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ခွဲစိတ်မှု ပြုလုပ် ခဲ့တယ်။ စိုပြေလင်းက ကျန်းမာရေး ကောင်းမွန်ပါတယ်။ ဒါပေမယ့် စိုပြေဝင်းကတော့ အသေးစား ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ် နေရ ပါသေးတယ်။ ကျန်တဲ့အမြွှာပူးတွေဖြစ်တဲ့ ရန်ကင်းနဲ့ ရန်ရှင်း၊ အင်ကြင်းခိုင်နှင့် အင်ကြင်းလှိုင်တို့ နှစ်မြွှာကိုတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ် ထားတယ်။ သူတို့တွေက ရက်မပြည့်သေးဘူး။ ပေါင်ချိန်လည်း မပြည့်သေးဘူး။ အဲဒါကြောင့် ခွဲစိတ်မှု မပြုလုပ်သးပါဘူး။ နောက်ပိုင်းမှာ ကျန်းမာရေး စစ်ဆေးချက်တွေ ကောင်းမွန်မယ်။ သက်ဆိုင်ရာကို တင်ပြပြီး ခွဲစိတ်မှုပြုလုပ်သွားမှာပါ” ဟု ရန်ကုန် ကလေး ဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီးဖြစ်သူဒေါက်တာ အောင်ကြည်ဝင်းက ပြောကြားခဲ့သည်။ အဆိုပါ ရင်ချင်းဆက်အမြွှာပူးများကို ရန်ကုန် ကလေး ဆေးရုံကြီးရှိ ခွဲစိတ် ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထား ပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:08 pm

၂၀၁၀ သင်္ကြန်မဏ္ဍပ်များ၏ ဈေးကွက် အမြတ်အစွန်းမှာ ယမန်နှစ် အင်းလျားကို မမီခဲ့ဟုသိရ
Thursday, April 22, 2010 8:00 PM

၂၀၁၀ ၏ ရေကစားသင်္ကြန်မဏ္ဍပ် ဈေးကွက်တွင် အမြတ်ညီမျှမှု မရှိဘဲ အချို့မှာ အရင်းသာရှိခဲ့သည့် အပြင် ယမန်နှစ် အင်းလျားလမ်း မဏ္ဍပ် ဈေးကွက်ကို မမီခဲ့ကြောင်း ကန်တော်ကြီးပတ်လမ်း ရေကစား မဏ္ဍပ်နှင့် ပြည်လမ်းရှိ မဏ္ဍပ်စီစဉ်သူ အချို့ထံမှ စုံစမ်း သိရှိရပါသည်။ ယမန် နှစ် များနှင့် မတူသည့်နေရာ အခက်အခဲများ၊ မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ် ရရှိမှု အခြေအနေနှင့် မြေနေရာချင်း ကွာဟမှုများကြောင့် မဏ္ဍပ်၏ ခံနိုင် ရည်ကို ကြည့်ကာ လူဦးရေ ကန့်သတ်ခဲ့ခြင်းကြောင့် အမြတ်ညီမျှမှု မရှိခဲ့ကြောင်း ကန်တော်ကြီးပတ်လမ်း Black Culture မဏ္ဍပ် စီစဉ်သူက ရှင်း ပြခဲ့ပါသည်။ ထို့ပြင် ပြည်လမ်းရှိမဏ္ဍပ်များ အနေဖြင့်လည်း အမြတ်ငွေရရှိမှု ပမာဏမှာ ၂၀၀၉ ခုနှစ် အင်းလျားလမ်း သင်္ကြန်မဏ္ဍပ်၏ စံချိန် တင် အမြတ်ကို မမီခဲ့ကြောင်း God Theater မှ စီစဉ်သူ တစ်ဦးက ပြောပြခဲ့သည်။ ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့)က ဖြစ်ပေါ်ခဲ့သည့် ကန် တော်ကြီး ပတ်လမ်း ရေကစားမဏ္ဍပ်တစ်ခု ရှေ့ဗုံး ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သင်္ကြန်အတက်နေ့ နောက်ဆုံးရက်တွင် ရေကစားလာသူများ၏ လုံ ခြုံရေးကို တိုးမြှင့်ထားရသည့်အနေအထားများလည်း ရှိခဲ့ကြောင်း ကန်တော်ကြီးပတ်လမ်း မဏ္ဍပ်စီစဉ်သူ တစ်ဦးက ဆိုသည်။ အကြောင်း အမျိုး မျိုးဖြင့် ၂၀၁၀ ၏ ရန်ကုန်သင်္ကြန်မဏ္ဍပ် ဈေးကွက်သည် ယမန်နှစ်များ၏ အမြတ်ကိုမမီခဲ့ဘဲ မဏ္ဍပ်တစ်ခုချင်းစီ အလိုက် အမြတ် ပမာဏသည် လည်း မတူညီခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:08 pm

နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းများကို စိစစ် ခွင့်ပြု ပေးလျက်ရှိ
Friday, April 23, 2010 8:00 PM

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားလျက် ရှိကြရာ ဧပြီလ ၂၂ ရက်အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့(၁၆)ဖွဲ့ ရှိပြီ ဖြစ်ကြောင်း၊ ယင်းသို့ လျှောက်ထား သည့် အဖွဲ့များအနက် (က)၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) [THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)] နှင့် (ခ)ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် (THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS) အဖွဲ့နှစ်ဖွဲ့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ် တွေ့ရှိရသဖြင့် ကော်မရှင်က ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၂ ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။ ပါတီ တည်ထောင်ခွင့် ရရှိသော ဖော်ပြပါ အဖွဲ့နှစ်ဖွဲ့သည် ခွင့်ပြုချက် ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်း ဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် ပါတီ တည်ထောင်ခွင့် လျှောက် ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထား ပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:09 pm

ပြည်နယ်၊ တိုင်းများအတွင်းမှ ဘိန်းခင်း ၂၀၀၇၅ ဒသမ ၇၄ ဧက ဖျက်ဆီး နိုင်ခဲ့ပြီးဖြစ်
Friday, April 23, 2010 8:00 PM

၂၀၀၉ - ၂၀၁၀ခုနှစ် ဘိန်းစိုက် ရာသီအတွင်း ဘိန်းခင်းများ ရှာဖွေ ဖျက်ဆီးလျက်ရှိရာ ၂၀၁၀ ခုနှစ် ဧပြီ ၁၃ ရက်အထိ ပြည်နယ်/ တိုင်းများအ လိုက် ဘိန်းခင်း ၁၉၅၉၂ ဒသမ ၅၄ ဧက ဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်သည်။ ဧပြီ ၁၄ ရက်မှ ၂၀ ရက်အထိ ဘိန်းခင်း ၄၈၃ ဒသမ ၂ ဧက ထပ်မံ ဖျက်ဆီး နိုင်ခဲ့ သဖြင့် ဘိန်းခင်း စုစုပေါင်း ၂၀၀၇၅ ဒသမ ၇၄ ဧက ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထပ်မံဖျက်ဆီးနိုင်ခဲ့သည့် ဘိန်းခင်း ၄၈၃ ဒသမ ၂ ဧက အနက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်းမှ ၁၁ ဒသမ ၁၅ ဧက၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း မှ ၄၇၂ ဒသမ ၀၅ဧက ဖျက်ဆီးနိုင်ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:10 pm

တစ်ပတ်အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
Friday, April 23, 2010 8:00 PM

ဧပြီလ ၁၇ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် မေခ-မလိခ မြစ်ဝှမ်းမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် မိုင်း ၁၀ လုံး ပေါက်ကွဲခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုသည် တမံ တည်ဆောက်ရေး ရှင်းလင်းဆောင် အပါအ၀င် စီမံကိန်းနေရာ လေးနေရာတွင် မိုင်း ပေါက်ကွဲ ခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး မှန်ကွဲစများ ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ယာယီအဆောက်အဦ နှစ်လုံးနှင့် မော်တော်ယာဉ် ခြောက်စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် မူဆယ် ၁၀၅ မိုင် အေးရှားဝေါလ် တိုးဂိတ်တွင် သင်္ကြန်အကျနေ့က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။ လူကိုထိခိုက်မှု မရှိသော်လည်း တိုးဂိတ် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၃) စစ် ဆေးရေး ဂိတ် (မြ၀တီအထွက် ခင်နိမ်းမူဂိတ်) အနီးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ၌ လူသုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သင်္ကြန် အကြတ်နေ့တွင် ရန်ကုန် ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး နှစ်ဆန်း တစ်ရက်နေ့ မြစ်ဆုံတွင် ပေါက်ကွဲမှု အပါအ၀င် ဗုံးပေါက်ကွဲမှု စုစုပေါင်း လေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဗုံးထောင်ဖောက်ခွဲသည့် အကြမ်းဖက် သောင်းကျန်းသူ အဖျက်သမားများအား အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီး ရရှိရေး တာဝန်ရှိသူများမှ စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:10 pm

ကျပ် ၅ သိန်းတန်ဖုန်းများ ပျောက်ဆုံး ပျက်စီးပါက ကဒ်ဖိုးငွေ တစ်သိန်းနှင့်အတူ တစ်လအတွင်း ပြန်လည် လျှောက်ထားနိုင်
Friday, April 23, 2010 8:00 PM

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်း အသုံးပြုခွင့် ချထားပေးနေသည့် ကျပ် ၅ သိန်းတန် CDMA 800 , 450 MHz WLL ဖုန်းများ ပျောက်ဆုံး ပျက်စီးပါက အသစ် ပြန်လည် လျှောက်ထားနိုင်ကြောင်း သိရသည်။ ကျပ် ၅ သိန်းတန် ဖုန်းများသည် GSM, ကမ်းရိုးတန်း ဖုန်းများကဲ့သို့ ကတ် ဖုန်းစနစ် ဖြစ်ရာ သုံးစွဲနေသည့် RIUM ကတ်ပျက်စီး၊ ပျောက်ဆုံးပါက GSM, ကမ်းရိုးတန်းဖုန်းများ ကဲ့သို့ပင် မြန်မာ့ဆက်သွယ်ရေးသို့ ငွေ တစ် သိန်း ပေးသွင်း၍ ကတ်အသစ် ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရသည်။ “ ၅ သိန်းတန်ဖုန်းရဲ့ ကတ်ကို ဟန်းဆက်တွေမှာ ထည့်သုံးပြီး ကျ ပျောက်တာတို့၊ ခါးပိုက်နှိုက်ခံရလို့ ပါသွားတာတို့ ဖြစ်ခဲ့ရင် မိုလ်ဘိုင်းဖုန်းတွေလိုပဲ ငွေတစ်သိန်း လာသွင်းပြီး တစ်လကြာတဲ့အခါ ပြန်ထုတ်ပေး ပါတယ်။ ဖုန်းကျတုန်းက မြန်မာ့ဆက်သွယ်ရေးနဲ့ ချုပ်ထားတဲ့ စာချုပ်ကိုပြပြီး လာလျှောက်နိုင်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးမှ လက်ထောက် မန်နေဂျာ ဦးတင်ထွဋ်ကပြောကြားခဲ့သည်။ ကျပ် ၅ သိန်းတန်ဖုန်းများ ပျောက်ဆုံး၍ ကတ်အသစ် ပြန်လည် လျှောက်ထားရာတွင် တစ်လ ကြာမြင့်သော်လည်း ကတ်ပျက်စီးခြင်းတွင် ပျက်စီးသည့် ကတ်အဟောင်းကိုပြ၍ ငွေတစ်သိန်းနှင့် ပြန်လည် လျှောက်ထားလျှင် အချိန်နှစ်ပတ်အတွင်း ကတ်အသစ် ပြန်လည် ရရှိနိုင်ကြောင်း သိရသည်။ “ကတ်ပျက်စီးလို့ အသစ် လာလျှောက်ရင် ပျောက်လို့ လာလျှောက် တာထက် ပိုမြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျက်စီးတဲ့ကတ်ကို ယူလာရင် ပျက်နေတဲ့ကတ်ကို ပြန်လဲပေးရုံပဲ။ ပျောက်သွားတဲ့ ကတ်ကျတော့ အရှုပ်အရှင်းတွေ ပေါ်လာတတ်တယ်၊ တချို့က ရောင်းထား၊ ပေါင်ထားပြီးမှ ပျောက်တယ်ဆိုပြီး ကတ်အသစ် ပြန်လျှောက်ကြတဲ့အတွက် အချိန် တစ်လ ပေးပြီး စောင့်တာပါ။ ပြဿနာတွေ ပေါ်လာရင်တော့ ကတ်ထုတ်ပေးဖို့ကို ဆိုင်းငံ့ထားပါတယ်။ ပြဿနာကို ကိုယ့်ဘာသာ ကိုယ်ရှင်း ရမှာ ပါ။ ကျွန်တော်တို့ဘက်ကတော့ စာချုပ်လက်ဝယ်ရှိတဲ့သူ တစ်ဦးကိုပဲ ပြန်ထုတ်ပေးမှာပါ” ဟု ဦးတင်ထွဋ်မှ ဆက်လက် ရှင်းပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:11 pm

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ “ လူ့အဖွဲ့အစည်း ပြောင်းလဲမှု၊ အခွင့်အရေးများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည်
Friday, April 23, 2010 8:00 PM

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်းတို့၏ ပူးပေါင်း စီစဉ်မှုနှင့် “ Diamond City Hyper Mart” ၏ ကူညီ ပံ့ပိုးမှုဖြင့် ဧပြီ ၂၄ ရက် (စနေနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် သီရိ အဏ္ဏဝါခန်းမ၌ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က “ လူ့အဖွဲ့အစည်း ပြောင်းလဲမှု၊ အခွင့်အရေးများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဟော ပြောမည် ဖြစ်၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော် ပြထား ပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:11 pm

ရန်ကုန်နှင့် မန္တလေးမြို့ လေဆိပ်နှစ်ခုတွင် နိုင်ငံခြားငွေ လေးမျိုးကို လဲလှယ်ပေးသည့် ကောင်တာများ ဖွင့်လှစ်
Friday, April 23, 2010 8:00 PM

နိုင်ငံပိုင်ဘဏ်များက ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ဝင်ရောက်လာသည့် နိုင်ငံခြားသားများအတွက် ငွေလဲလှယ်ပေးသည့် ကောင်တာ နှစ်ခု ဖွင့်လှစ်၍ နိုင်ငံခြားငွေ လေးမျိုးကို ယခုလ ၁ ရက်နေ့မှစတင်၍ လဲလှယ်ပေးလျက်ရှိသည်။ “ဒီငွေလဲလှယ်တဲ့ ကောင်တာ နှစ်ခု ကို ပြည်ပ ဆိုက်ရောက် (arrival ) နဲ့ ပြည်ပ ထွက်ခွာ ( departure) ပေါက်တွေမှာ ထားပေးထားပါတယ်။ ငွေလဲ ကောင်တာမှာ အက်ဖ်အီးစီကို လဲပေး ပါတယ်။ မြန်မာကျပ်ငွေ မဟုတ်ပါဘူး။ ဝင်လာတဲ့ နိုင်ငံခြားသားတွေ သက်မှတ်နှုန်းထားနဲ့ အက်ဖ်အီးစီနဲ့ လဲလှယ် သွားနိုင်သလို ပြန်လည် ထွက်ခွာတဲ့ အခါမှာလည်း ပြန်လဲ ယူသွားလို့ ရအောင် စီစဉ်ထားတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။ အဆိုပါ ကောင်တာများ၌ ဒေါ်လာ၊ ပြင်သစ်ငွေ ဖရန်ခ်၊ ဗြိတန် ပေါင်နှင့် ယူရို ငွေကြေးများကို သတ်မှတ်နှုန်းထားဖြင့် အက်ဖ်အီးစီသို့ လဲလှယ် ပေးလျက် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ ပြည်ပမှ လာရောက် လည်ပတ်သူများ အဆင်ပြေစွာ နိုင်ငံခြားငွေ လဲလှယ် သွားနိုင်ရန် ယခုကဲ့သို့ နိုင်ငံပိုင်ဘဏ်များကစီစဉ်ခဲ့ခြင်းဖြစ်သည်။ “ခုလိုစီစဉ်လိုက်တာကောင်းမွန်တဲ့ခြေလှမ်းတစ်ရပ်ပါပဲ။ အဝင်တုန်းကလိုပဲ နိုင်ငံခြားငွေကနေ အက်ဖ်အီးစီးကို လဲရသလို အပြန်မှာလည်း အက်ဖ်အီးစီကနေ နိုင်ငံခြားငွေကို အတိအကျ လဲပေးနိုင်တဲ့ ဒီစနစ်က ခိုင်မာ ဖို့တော့ လိုပါတယ်” ဟု သြစတြေးလျ လူမျိုး ခရီးသွားဧည့်သည် တစ်ဦးဖြစ်သူ စတူးလ်ဝဒ်က ပြောသည်။ သို့သော်လည်း ပြည်တွင်းရှိ ကမ္ဘာ့ ခရီးသွားများ သွားရောက် လည်ပတ်သည့် နေရာများ၌ ခရီးသွားဝန်ဆောင်မှု ပေးနေသော လူအများကမူ အမေရိကန်ဒေါ်လာ ပေးသည်ကို ပိုမို နှစ်သက် ကြကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၃ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:12 pm

စိတ်ကြွဆေးနှင့် အလားတူများ ပါဝင်သည့် အချိုရည် အချို့ သက်ဆိုင်ရာမှ သိမ်းဆည်း
Friday, April 23, 2010 8:00 PM

ရန်ကုန်မြို့ရှိမြို့နယ်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဝယ်စင်တာများ၊ စတိုးဆိုင်များ၊ Mini-Mart များ၊ ဈေးကြီးများ၊ စားသောက် ကုန် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန် ပစ္စည်းများတွင် သောက်သုံးရန် မသင့်သည့် ကျွဲရိုင်းနှင့် လစ်ပို အချိုရည်ဘူး များ ဆိုင်တင် ရောင်းချပါက လိုက်လံ သိမ်းဆည်းခြင်း ပြုလုပ်လျက်ရှိကြောင်း မြို့နယ်အဆင့် တာဝန်ရှိသူ အချို့ထံမှ သိရသည်။ ကျွဲရိုင်းနှင့် လစ် ပို အချိုရည်ဘူးများအား စီမံချက်အသွင်ဖြင့် သက်ဆိုင်ရာဌာန၊ တပ်ဖွဲ့၊ အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်သည့် အဖွဲ့များမှ လိုက်လံသိမ်း ဆည်း ခြင်း ဖြစ်ပြီး ရောင်းချခြင်းအား ခွင့်မပြုဘဲ ပစ္စည်း သိမ်းဆည်းခြင်းသာဖြစ်၍ လက်ဝယ် တွေ့ရှိသူများအား အရေးယူ ဆောင်ရွက်မှု မပြုလုပ် ကြောင်း သိရသည်။ “ကျွဲရိုင်းတို့၊ လစ်ပိုတို့ဆိုတာ ပြင်ပနိုင်ငံက ဝင်လာတာ၊ အရင်တုန်းက အားပြည့်စေတယ်၊ အိပ်ချင်စိတ် ပျောက်စေတယ် ဆိုပြီး သောက်ကြတယ်။ နောက်ကျတော့ သက်ဆိုင်ရာက တင်သွင်းရောင်းချမှုကို တားမြစ်လိုက်တယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နှစ်လယ်လောက် ကစပြီး ဆိုင်တွေမှာ မသိမသာနဲ့ ပြန်လည် ရောင်းချလာတာ တွေ့ရတယ်” ဟု ဗိုလ်တထောင်မြို့နယ်နေသူ တစ်ဦးက ပြော၍ သိရသည်။ အဆိုပါ အချိုရည်များတွင် သောက်သုံးရန် မသင့်သော စိတ်ကြွဆေးနှင့် ဆင်တူသည့် အရာများဖြင့် ထည့်သွင်းထားခြင်း ဖြစ်ပြီး လက်ရှိ သိမ်း ဆည်းခဲ့သည့် အချိုရည်ဘူးများတွင် သက်တမ်းကာလပင် ကျော်လွန်နေသော အချိုရည်ဘူးများ ပါဝင်နေကြောင်း သိရသည်။ ရှာဖွေ ဖော်ထုတ် သိမ်းဆည်းခြင်း လုပ်ငန်းအား အဆိုပါ အချိုရည်ဘူးများ တင်သွင်းဖြန့်ချိ ရောင်းချသည့် သတင်းရရှိသည်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ လိုက်လံ သိမ်းဆည်းသည့် ပုံစံဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလဆန်းမှ စတင်၍ ယခု အချိန်ထိ စဉ်ဆက်မပြတ် ရှာဖွေဖော်ထုတ် သိမ်းဆည်းလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ် တွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:13 pm

၂၀၁၀ ကမ္ဘာ့ဖလားနှင့် စပ်လျဉ်းသည့် လိုဂို၊ အရုပ်၊ အသံ၊ စာသား စသည်တို့ကို အသုံးပြုလိုပါက ခွင့်ပြုချက် တောင်းခံ ရမည်
Friday, April 23, 2010 8:00 PM

တောင်အာဖရိကနိုင်ငံတွင် ဇွန်လတွင် စတင်ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနှင့် စပ်လျဉ်းသည့် အသံ၊ သီချင်း၊ စာသား၊ အရုပ်၊ ရုပ်သေ၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှု၊ ကုန်အမှတ်တံဆိပ် Logo တို့ကို စီးပွားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် ထည့်သွင်း အသုံးပြုလိုပါက Yangon Entertainment ထဲတွင် ခွင့်ပြုချက် တောင်းခံရမည်ဟု အဆိုပါကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးအယ်လ်လမိန်းဒိန်က ပြောကြားခဲ့ သည်။ Yangon Entertainment သည် ၂၀၁၀ ကမ္ဘာ့ဖလား ပွဲစဉ်အားလုံးနှင့် Road to the 2010 FIFA World Cup South Africa အစီအစဉ် များအတွက် FIFA ၏ တစ်ဦးတည်းသော မူပိုင်ခွင့် လိုင်စင် ခွင့်ပြုချက် ရှိထားသူဖြစ်ပြီး ကမ္ဘာ့ဖလားနှင့် စပ်လျဉ်းသည့် မူပိုင်ခွင့် ဆိုင်ရာ အခွင့်အ ရေးများ၊ ကုန်အမှတ် တံဆိပ်ကာကွယ် ပေးခြင်းတို့ အတွက်လည်း ခွင့်ပြုချက် ရရှိထားသူ ဖြစ်ကြောင်း သိရသည်။ “Yangon Entertainment က ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ ကြေညာချက် တစ်စောင် ထုတ်ထားပါတယ်။ ဒီကြေညာချက်အတိုင်း ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုရင် ကျွန်တော်တို့ဆီ ခွင့်ပြုချက် တောင်းခံရမှာပါ။ ဥပမာအနေနဲ့ ရေသန့်ဘူးတို့ ၊ အချိုရည်ဘူးတို့ အပေါ်မှာ ကမ္ဘာ့ဖလား လိုဂိုတွေ ရိုက်နှိပ် ရောင်းချတာတွေ၊ ကုန်ပစ္စည်း ကြော်ငြာတွေပေါ်မှာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ကြော်ငြာတာမျိုးတွေဆို ခွင့်ပြု ချက်ယူပါမယ်” ဟု ဦးအယ်လ်လမိန်းဒိန်က ပြောကြားသည်။ ယင်းကဲ့သို့ ခွင့်ပြုချက် တောင်းခံရာတွင်လည်း စီးပွားရေး လုပ်ငန်းများ၏ နယ်ပယ် အကျယ်အဝန်းပေါ် မူတည်၍ ဝန်ဆောင်ခ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း မီဒီယာများအနေဖြင့် ကမ္ဘာ့ဖလားနှင့် စပ်လျဉ်း သည့် ဖော်ပြချက်များအတွက် ခွင့်ပြုချက် တောင်းခံရန် မလိုအပ်သော်လည်း အခြားစီးပွားရေးဆန်သည့် အပြုအမူများအတွက် ခွင့်ပြုချက် ယူရ မည်ဟု ဆိုသည်။ “စာနယ်ဇင်းတွေမှာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတာတွေကို မကန့်ကွက်ပါဘူး။ ခွင့်ပြုချက်လည်း ယူစရာ မလိုပါဘူး။ ဒါပေမယ့် ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ကံစမ်းမဲ အစီအစဉ်တို့ ဖြတ်ပိုင်း ပြန်ပို့ခိုင်းပြီး ဆုပေးတဲ့ အစီအစဉ်ဆိုရင်တော့ ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်ပါတယ်” ဟုအဆိုပါ အထွေထွေမန်နေဂျာ ပြောကြားသည်။ ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၁ ရက်အထိ တောင်အာဖရိက နိုင်ငံ တွင် ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့ဖလားပွဲ၏ ပွဲစဉ်များကို ပြည်တွင်း ရုပ်သံလိုင်းများမှတစ်ဆင့် ပြသနိုင်အောင် Yangon Entertainment မှ စီစဉ် လျက်ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:13 pm

ဘတ်စ်ကား လမ်းညွန် Light Box များ မှတ်တိုင် ၉၀၀ ကျော်တွင် စိုက်ထူမည်
Friday, April 23, 2010 8:00 PM

ခရီးသည်တင် ယာဉ်လိုင်းများ ရောက်ရှိသည့် မှတ်တိုင်များကို ဖော်ပြပေးထားမည့် ဘတ်စ်ကားလမ်းညွန် Light Box များကို ရန်ကုန်မြို့ရှိ ကား မှတ်တိုင် ၉၀၀ ကျော်တွင် စိုက်ထူထားရှိမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘတ်စ်ကားလမ်းညွန် Light Box များကို Neo Alpha ကုမ္ပဏီနှင့် မ.ထ.သ တို့မှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး လက်ရှိတွင် ဗိုလ်ကလေးဈေး၊ ပန်းဆိုးတန်း၊ လသာ၊ ၃၈ လမ်း မှတ်တိုင်များ အပါအ၀င် ကားမှတ် တိုင် ၁၁ ခုတွင် ယင်း Light Box များ စိုက်ထူထားကြောင်း သိရသည်။ “Light Box တွေကို ရန်ကုန်မှာရှိတဲ့ ကားမှတ်တိုင် တိုင်းမှာ တပ်ဆင် စိုက် ထူနိုင်အောင် ဆောင်ရွက်နေပါတယ်။ အရေအတွက်အားဖြင့်တော့ အခုရေ ၉၀၀ ကျော်လောက် တပ်ဆင်မှာပါ။ အဓိကကတော့ ခရီးသွား ပြည်သူ တွေ အဆင်ပြေစေဖို့ ရည်ရွယ်တာပါ။ Neo Alpha အနေနဲ့မှတ်တိုင်တွေမှာ ဘတ်စ်ကားလမ်းညွန် Light Box တွေကို စိုက်ထူတာ အပြင် ခရီးသွား ပြည်သူတွေ အဆင်ပြေစေတဲ့ တခြား အစီအစဉ်တွေကိုလည်း လုပ်ဆောင်ဖို့ ရှိပါတယ်” ဟု Neo Alpha မှ မန်နေဂျာ ကိုသန့်ဇင်ဦးက ပြောကြား သည်။ မှတ်တိုင်များတွင် စိုက်ထူထားသော ၄င်း Light Box များ၏ တစ်ဖက်တွင် ယာဉ်လိုင်းများ၏ ခရီးစဉ် တစ်လျှောက် ရပ်နားမည့် မှတ်တိုင် များကို ဖော်ပြထားပြီး ကျန်တစ်ဖက်တွင် ကုန်ပစ္စည်း ကြော်ငြာများ ထည့်သွင်း ဖော်ပြမည်ဟု သိရသည်။ ယာဉ်လိုင်းများ လမ်းကြောင်း ပြောင်းရွှေ့ ခြင်း၊ ယာဉ်လိုင်း အတိုးအလျှော့များ ဖြစ်ပေါ်လာ ခဲ့ပါကလည်း လမ်းညွှန် ဆိုင်းဘုတ်များကို ပြန်လည် တပ်ဆင် ပေးသွားမည်ဖြစ် ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။"
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:14 pm

မြန်မာ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ကျင်းပမည်
Saturday, April 24, 2010 8:00 PM

မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ (၁၅)ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို မေ ၂ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒူးဆစ်အင်းလျားလိတ် ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးနှင့် အတူအသင်းဝင်များ၏ ထုတ်ကုန် ပစ္စည်း ဈေးရောင်းပွဲကို ကျင်းပမည်ဖြစ်ရာ အသင်းဝင်များ မပျက်မကွက် အစည်းအဝေးတက်ရောက်ကြရန်ဖြစ်သည်။ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း၏ (၁၅) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းအဝေး အထိမ်းအမှတ် ညစာစားပွဲကို ယင်းနေ့ ညနေ ၆နာရီ တွင် ဒူးဆစ်အင်းလျားလိတ် ဟိုတယ်၌ပင် ပြုလုပ်မည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထား ပါသည်။"
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:15 pm

မြန်မာ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ကျင်းပမည်
Saturday, April 24, 2010 8:00 PM

မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၏ (၁၅)ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို မေ ၂ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒူးဆစ်အင်းလျားလိတ် ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးနှင့် အတူအသင်းဝင်များ၏ ထုတ်ကုန် ပစ္စည်း ဈေးရောင်းပွဲကို ကျင်းပမည်ဖြစ်ရာ အသင်းဝင်များ မပျက်မကွက် အစည်းအဝေးတက်ရောက်ကြရန်ဖြစ်သည်။ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း၏ (၁၅) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းအဝေး အထိမ်းအမှတ် ညစာစားပွဲကို ယင်းနေ့ ညနေ ၆နာရီ တွင် ဒူးဆစ်အင်းလျားလိတ် ဟိုတယ်၌ပင် ပြုလုပ်မည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထား ပါသည်။"
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ EmptySun Apr 25, 2010 1:15 pm

ရန်ကုန်-ပုသိမ် လမ်းပိုင်း လမ်းအသုံးပြုခ တိုးမြှင့် ကောက်ခံ
Saturday, April 24, 2010 8:00 PM

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့သို့ အဓိက ဆက်သွယ်ပေးထားသော ရန်ကုန်-ပုသိမ်လမ်းပိုင်းတွင် လမ်းတံတား အသုံးပြုခများကို ဧပြီလ ၁၆ရက်နေ့မှ စတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အေးရှားဝေါလ် ကုမ္ပဏီလီမိတက်၏ ထုတ်ပြန် ကြေညာချက်အရ သိရှိရသည်။ ရန်ကုန်-ပုသိမ် လမ်းပိုင်းရှိ ရန်ကုန်-ပန်းတနော် လမ်းပိုင်း ၀/၀ မိုင်မှ ၅၆/၀ မိုင် တွင်လမ်းအသုံးပြုခ နှုန်းထားများကို B.O.T စနစ်ဖြင့် ဧပြီလ ၁၆ရက်နေ့မှ စတင်၍ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်၊ ဆားမလောက်-ပန်းတနော် လမ်းပိုင်းအတွက် ဆားမလောက်ဂိတ်တွင် ကောက်ခံ နေရာမှ ဗိုလ်မြတ်ထွန်း တံတားဂိတ်တွင် ယင်းလမ်း အသုံးပြုခနှင့် ဗိုလ်မြတ်ထွန်းတံတား အသုံးပြုခ နှစ်မျိုးစလုံးကို တစ်ပေါင်းတည်း ကောက်ခံ သွားမည် ဖြစ်ကြောင်း၊ ဆားမလောက်-မအူပင် လမ်းပိုင်းအတွက်လည်း ဆားမလောက်ဂိတ်အစား မအူပင်ဂိတ်တွင် အသွားအပြန် ကောက်ခံ သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ လမ်းပိုင်း အသုံးပြုခကို သင်္ကြန်ပြီးသည့် နောက်ပိုင်း စတင် တိုးမြှင့် ကောက်ခံ လိုက်ခြင်း ဖြစ်ကြောင်း၊ ယခင်က လှိုင်သာယာတိုးဂိတ်နှင့် ဆားမလောက်တိုးဂိတ်အတွက် လမ်းအသုံးပြုခမှာ ကုန်၊ ယာဉ် ၁၃ တန်ရှိ ၁၄ ပေ ဒိုင်နာတစ်စီးလျှင် ၅၀၀ ကျပ်ကောက်ခံနေရာမှ ယခုအခါ လှိုင်သာယာဂိတ်နှင့် ဗိုလ်မြတ်ထွန်းဂိတ်တို့တွင် လမ်းအသုံးပြုခ စုစုပေါင်းမှာ ကျပ် ၄၆၀၀ ကျော်အထိပေးနေရကြောင်း၊ ကုန်၊ ယာဉ်တန် ၅၀ ရှိ ၁၂ ဘီးယာဉ်တစ်စီးလျှင် ယခင် ၂၆၀၀ ကျပ်ပေးနေရာမှ ယခုအခါ ကျပ် ၁၈၅၀၀ ကျော် ပေးနေရကြောင်း၊ သို့သော် ကားလမ်းကောင်းမွန်သဖြင့် ကုန်ပစ္စည်းကို အချိန်မြန်မြန်ဖြင့် သယ်ယူပေးနိုင်ကြောင်း ဘုရင့်နောင် ပွဲရုံ အခြေစိုက် ရန်ကုန်-ပုသိမ်ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ “လမ်းအသုံးပြုခ နှုန်းထား တက်မယ်ဆိုတာ ကြိုတင် ကြေညာချက် ထုတ်ထားတာမျိုးတော့ မရှိပါဘူး။ နောက်ပြီး သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ဘယ်လိုသတ်မှတ်တယ်ဆိုတာ သက်ဆိုင်ရာ အမည်နဲ့ စည်းတံဆိပ်လည်း မပါဘူး။ မန္တလေးလမ်းပိုင်းမှာ အရင်က ဒီလိုနှစ်ခုလောက်စလုပ်ပြီး နောက်ပိုင်းမှာ တစ်လမ်းလုံးကို စနစ်ပြောင်း ကောက်လိုက်ကြတယ်။ အခုလည်း ဒီလိုမျိုးဖြစ်လာနိုင်တယ်။ တန်ဆာခက ကုန်အနည်းအများ ပေါ်မူတည်ပြီး အတက်အကျ ဖြစ်တာဆိုတော့ အပြောင်းအလဲ မရှိပါဘူး။ ဒါပေမဲ့ ကုန်ဈေးနှုန်း တက်တာမျိုးတော့ ဖြစ်နိုင်တယ်”ဟု ၄င်းက ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Back to top Go down
http://www.hapmalaysia.net
Sponsored content





မြန်မာ့သတင်းများ Empty
PostSubject: Re: မြန်မာ့သတင်းများ   မြန်မာ့သတင်းများ Empty

Back to top Go down
 
မြန်မာ့သတင်းများ
Back to top 
Page 1 of 2Go to page : 1, 2  Next

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: NEWS (သတင်းများ) :: မြန်မာ့သတင်းများ-
Jump to: