HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeဟာသတွေပဲပေါ့ဗျာ................... I_icon_mini_portalLatest imagesSearchRegisterLog in

 

 ဟာသတွေပဲပေါ့ဗျာ...................

Go down 
AuthorMessage
kokyawko777




Posts : 51
Join date : 2010-03-26

ဟာသတွေပဲပေါ့ဗျာ................... Empty
PostSubject: ဟာသတွေပဲပေါ့ဗျာ...................   ဟာသတွေပဲပေါ့ဗျာ................... EmptySat May 08, 2010 2:42 am

အမေ့သား(၁)
ကိုချူချာ ဓါတ်ပုံဆရာကို ပြောသည် ။
" ဟိုမှာ အင်မတန်လှတဲ့ သစ်ပင်ကို တွေ.တယ်မဟုတ်လား ။
အဲ ..ကျနော့်ကို အဲဒီသစ်ပင်နဲ့ အတူတူ ဓါတ်ပုံ တစ်ပုံ ရိုက်ပေးစမ်းပါ ။"
"သစ်ပင်ဘေးမှာ ရပ်ပြီး ရိုက်မှာလား ။ ဒါမှမဟုတ် သစ်ပင်ပေါ်တက်ထိုင်နေတဲ့ပုံကို
ရိုက်ပေးရမှာလား ။"
"နိုး ..နိုး ..ကျနော် သစ်ပင်နောက်မှာ ပုန်းနေမယ် ။ရိုက်သာ ရိုက်လိုက် ။ အဲဒီ ဓါတ်ပုံ ကို
အမေ့ဆီ ပို.လိုက်မယ် ။ ဓါတ်ပုံကို ကြည့်ပြီး ဟဲ့ ..ငါ့ သားဘယ်မှာပါလိမ့် လို. သူမေးလိမ့်မယ် ။
အဲဒီ အခါမှာ ကျနော် သစ်ပင်နောက်က ထွက်လာပြီး ဂွတ်မော်နင်း မေမေ လို. နှုတ်ဆက်လိုမယ် ။
ဟဲ ..ဟဲ ။"
********************

အမေ့သား(၂)
အမျိုးသမီးတစ်ဦး သူမဧ။် ကျောင်းနေဘက်သူငယ်ချင်းကို ပြောပြနေသည် ။
"အိုင့်ယောက်ျားလေ အင်မတန်ကို စိတ်ညစ်စရာ ကောင်းတဲ့လူ သိလား ။ တစ်ချိန်လုံး
သူ. အမေအကြောင်းကိုပဲ သတိတရ ပြောနေတယ် ။ မေမေ ဆိုရင် ဒီလိုလုပ်မှာ မဟုတ်ဘူး ။
မေမေ မြင်စမ်းချင်တယ် ။ မေမေဆို ကြိုက်မှာ မဟုတ်ဘူး ဆိုတဲ့ စကားပဲ ကြားနေရတယ် ။ အမေကို
ရှေ.တန်းတင်လွန်းတယ် ။ အိုင့်ကို လုံးဝ ဂရုမစိုက်ဘူး ။အိုင် စိတ်ညစ်လှပြီ ။"
" မိန်းမ တစ်ယောက်အနေနဲ့ ယူ.ကို သူစိတ်ဝင်စားလာအောင် လုပ်ဖို.လိုတယ် ။ အဲဒါဆိုရင်
သူ.အမေကို သူ သတိရတော့မှာ မဟုတ်တော့ဘူး။ ညနေ သူရုံးကပြန်လာတဲ့အချိန် သူ.ကို ဆွဲဆောင်နိုင်တဲ့
အ၀တ်အစားဝတ်ပြီး ကြိုကြည့်စမ်းပါ ။"
သူငယ်ချင်း အကြံပေးသည့် အတိုင်း တညနေတွင် အမည်းရောင် ဘရာဇီယာ ၊ အမည်းရောင် ခြေအိတ်နှင့်
အမည်းရောင် ဇာလက်အိတ်တို.ကိုဝတ်ပြီး ယောက်ျားကို ခရာတာတာ အမူအရာဖြင့် ကြိုသည် ။ ယောက်ျားက သူ.ကို
မြင်မြင်ချင်း စိုးရိမ်တကြီး မေးသည် ။
"မင်း တစ်ကိုယ်လုံး အမည်းရောင်နဲ့ ပါလား ။ မေမေ ဘာဖြစ်လို.လဲကွ ဟေ ။"

*********************
မာတာ မိခင်
သားဖြစ်သူက နယ်ရှိ မိခင်ထံ ဖုန်းဆက်သည် ။
"ဟဲလို ... မေမေ လား ။ ကျနော် မိန်းမ ယူဖို.ဆုံးဖြတ်လိုက်ပြီဗျ ။ ဒါပေမဲ့ မေမေ ..
ကျနော် ယူမဲ့ မိန်းကလေးက အသားမည်းမည်း နီဂရိုး အမျိုးသမီး ဖြစ်နေတယ် ခင်ဗျ ။"
"ဟုတ်လား ။ ၀မ်းသာလိုက်တာ သားရယ် ။ ဒါများ အရေးတကြီး လုပ်လို.ကွယ် ။
မေမေ နဲ့ သားတို.ဖေဖေ အသားအရောင် ခွဲခြားတတ်တဲ့စိတ် မရှိဘူးဆိုတာ မင်းသိသားနဲ့.."
"ဒါပေမဲ့ ..သူ.မှာ အရင် ယောက်ျားနဲ့ ရတဲ့ ကလေး သုံးယောက်ပါလာမယ် ခင်ဗျ ။"
"ကိစ္စမရှိပါဘူး ။ သား ဖေဖေ က ကလေးတွေ ချစ်တတ်ပါတယ် ကွယ့် ။"
"ခက်တာက ကျနော်တို. နေစရာ မရှိဘူး မေမေ ရ ..။"
"ဒါလည်း ပြသနာ မဟုတ်ပါဘူး။ မမေတို.ဆီ လာနေပေါ့ ။ မေမေတို. အိမ်ခန်းက အိပ်ခန်း
တစ်ခန်းထဲ ရှိပေမဲ့ နေလို.ရပါတယ် ။ မင်းတို.မိသားစု အဲဒီအခန်းမှာ နေကြပါ ။
အဲ .. မင်း ဖေဖေ ကတော့ စတိုခန်းထဲမှာ နေပါလိမ့်မယ် ကွယ် ။"
"မေမေ ၊ မေမေကရော ဘယ်မှာနေမှာလဲ ခင်ဗျ ။"
" မေမေလား ၊ မေမေလေ မင်းနဲ့ ခု စကားပြောပြီးတာနဲ့ ကြိုးဆွဲချပြီး ကိုယ့် ကိုယ် ကို
သတ်သေသေလိုက်တော့မယ် ။ သား စိတ်မပူပါနဲ့ ။"

************************
အဖေ့ အမျိုး
ပီတာလေးက အမေ ကိုပြောသည် ။
" မေမေ .. ဖေဖေကပြောတယ် ။ လူဆိုတာ မျောက်ကနေဆင်းသက်လာတာတဲ့ ။
ဟုတ်သလား ဟင် ။"
" မသိဘူး သား ။ မင်း အဖေက မေမေ့ ကို သူ.မိဘတွေနဲ့ မိတ်မဆက်ပေးဖူးဘူးလေ ။"

************************
မေမေကူပါ
ပီတာလေး ကန်လိုက်သော ဘောလုံး အိမ်နီးချင်း ပြတင်းပေါက်ကို ထိမှန်ပြီး ကွဲသွားသည် ။
အမေဖြစ်သူက ပီတာလေးကို ခြောက်လှန်.သည် ။
" မင်း အဖေ မှန်အသစ် မယူလာမလာမချင်း ပေါက်နေတဲ့ နေရာကို မင်းရဲ့ ဖင်ပြောင်ကြီးနဲ့
ပိတ်ပေးထားရမှာပဲ ၊ နားလည်လား ။"
ပီတာလေး မျက်ရည်များကြားက ပြောသည် ။
"ကျနော် ထမင်းစားတဲ့ ချိန်မှာ ကျနော့် အစား မေမေ ကူပိတ်ပေးနော် ။"

*************************
PDF
ရွဲ့တာလား
စာတိုက်ကောင်တာစာရေးက အမျိုးသမီးကြီးအား "" ဒီစာအိတ်ပေါ်မှာ နောက်ထပ်တံဆိပ်ခေါင်းတစ်လုံး ထပ်ကပ်လိုက်ပါဦး
စာအိတ်က သိပ်လေးနေလို့ပါ"" သည်တော့ အမျိုးသမီးကြီးက "" အဲလိုဆို စာအိတ်က ပေါ့သွားရောလား"" ဟု မေးလိုက်၏။

လူကွဲတယ်လေ
ငယ်ရွယ်သော မီးယပ်ရောဂါကု ဆရာဝန်လေးက စမ်းသပ် စစ်ဆေးနိုင်ရန် အ၀တ်အစားတွေကို ချွတ်ပစ်ဖို့ အလွန်ချောမောလှပသော
မိန်းမပျိုလေးအား ပြောလိုက်၏။ မိန်းမပျိုလေး အလွန်အမင်း ရှက်သွား၏။ ထို့ကြောင့် ဆရာဝန်လေးက အရှက်ပြေသွားစေရန်
ခပ်ရွှင်ရွှင်လေး မေး၏။
"" ဘာလဲ၊ အရင်က တစ်ခါမှ အစမ်းသပ်မခံခဲ့ဖူးဘူးလား "" "" အို- အစမ်းခံဖူးတာပေါ့၊ တကယ်ပါ၊ ဒါပေမယ့် ဆရာဝန်နဲ့တော့ မဟုတ်ဘူး""

အတူတူထင်လို့
ဆရာဝန် - ရက်သတ္တပတ်အနည်းငယ်တော့ ခင်ဗျား ခေါင်းအလုပ်မလုပ်ဖို့ လိုတယ်နော်
လူနာ - ဟုတ်ကဲ့ ဒေါက်တာ၊ ဒါပေမယ့် ခေါင်းအလုပ်က ကျွန်တော့် အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်နေတယ်။
ဆရာဝန်- သြော်၊ ခင်ဗျားက ပညာရှင်လား
လူနာ- မဟုတ်ပါ၊ ဆံပင်ညှပ်သမားပါ။

မရှိတာက
"" ကဲ- မိန်းမက ခင်ဗျားကို ပစ်သွားပြီဆိုရင်လည်း အိမ်ပြန်ပြီး ၀မ်းနည်း ကြေကွဲရမှာကို အရက်ထဲ နှစ်လိုက်ပါလား"" ဟု
အဖေါ်တွေက အကြံပေး၏။
"" ဖြစ်နိုင်မယ် မထင်ပါဘူး "" ဟု ကိုကျန်ရစ်က ပြော၏။ "" ဘာဖြစ်လို့လဲ၊ အရက်မရှိလို့လား ""
"" အို- မဟုတ်ပါဘူး၊ အရက်ထဲနစ်ဖို့ ၀မ်းနည်းကြေကွဲစရာ မရှိလို့ပါ ""

မငြင်းပါဘူး
"" ဂျွန်... ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်က ဘယ်လိုရှိလဲကွ "" ဟု ဆရာက မေးလိုက်သည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးပါ ဆရာ.."" ဟု ဂျွန်က ပြန်ဖြေသည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးဆိုတာ မင်းဘယ်လိုသိလဲ.."" ဆရာက ဆက်မေးသည်။
ဂျွန် ဇဝေဇ၀ါဖြစ်သွားပြီး "" ကောင်းပါပြီ..ကမ္ဘာကြီးက လေးထောင့်ကြီးဆိုရင်လည်း ကျွန်တော်မငြင်းလိုပါဘူး..ဆရာ "" ဟု
ပြန်ဖြေလိုက်လေသည်။

နှုတ်ဦးသူ
မုဆိုးမတစ်ယောက်က မုဆိုးဖိုတစ်ယောက်ကို လက်ထပ်လိုက်၏။ သည်တော့ မုဆိုးမ၏ သူငယ်ချင်းက "" အေး- ငါထင်တယ်၊
လက်ထက်ခဲ့ဖူးတဲ့ ယောက်ျားတွေလိုပဲပေါ့ဟာ၊ နင့် ခု ယောက်ျားကလည်း တခါတခါကျတော့ သူ့အရင်မိန်းမအကြောင်းပြောမှာေ
ပါ့ ""
"" အို--တစ်ခွန်းမှကို မဟဘူး"" ""ဘာကြောင့်ပါလိမ့် "" "" သူပြောမယ်ကြံတိုင်း ငါက ငါယူမယ့်ယောက်ျားအကြောင်း အရင်ဦးအောင် ပြောပစ်လိုက်တယ်လေ ""

စေတနာ ဝေဒနာဖြစ်
လူနာ အမျိုးသမီးအနေဖြင့် သူမ ခွဲစိတ်ခံရဖို့ နီးကပ်နေပြီ ဆိုသည့် စိုးရိမ်စိတ်ပျောက်သွားစေရန် ဆရာဝန်က ကြိုးစားပြီး အာရုံလွှဲဖို့ စကားတွေပြောနေသည်။
ဆရာဝန်- "" ကျွန်တော့်သမီး မင်္ဂလာဆောင်ဖို့ နီးနေပြီလေ၊ သားကိုလည်း အလွတ်ပညာသင်ကျောင်းပို့ဖို့ ငွေတွေကုန်ရဦးမယ် ""
ဆရာဝန်က ထိုသို့ပြောပြီး မပြန်ခင်လေးမှာ ဆက်ပြောလိုက်သည်။ "" အေးဗျာ၊ ခင်ဗျားကို နက်ဖြန် ခွဲစိတ်ခန်းထဲမှာ တွေ့မယ်လေ၊
ဒါ့ထက် ခင်ဗျားကရော ဘာများမေးချင်သေးလဲ ""
သည်တော့ လူနာအမျိုးသမီးက "" တစ်ခုပဲ ဒေါက်တာ၊ ကျွန်မက ဒေါက်တာ့ သမီး မင်္ဂလာဆောင်ဖိုး ပေးရမှာလား၊
ဒါမှမဟုတ် ဒေါက်တာ့ သား ပညာသင်စရိတ်ပေးရမှာလား ""

လိမ်ညာသူ သူ့အပြစ်
ယောက်ျား - "" ဟိုကောင်မ၊ ငါ့မိန်းမလေ၊ မိန်းမညာကွ ""
သူငယ်ချင်း - "" မင်းဘယ်လိုလုပ် သိလဲ ""
ယောက်ျား- "" ဘယ်လိုလုပ်သိလဲ ဆိုတော့ သူက ပြောတယ်လေ သူ "ယူရှာ" နဲ့ ညက အိပ်ခဲ့တယ် ""
သူငယ်ချင်း - "" အဲဒီတော့..""
ယောက်ျား - "" ဟ- ငါက အဲဒီ"ယူရှာ"ဆိုတဲ့ ကောင်မနဲ့ တစ်ညလုံးရှိနေတာလေကွာ..""

ခွကျတဲ့ ဖေါ်ရွေမှု
အလုန်ကျယ်လောင် ပြင်းထန်သော တံခါးခေါက်သံကြောင့် အိမ်ရှင်က တံခါးဖွင့်ပေးလိုက်၏၊
တံခါးရှေ့မှာ လုံးဝ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။
"" ဘယ်သူများပါလိမ့် ခင်ဗျား ""
"" ရဲပါ ""
"" အို- ရဲလား ခင်ဗျားက၊ ယူနီဖေါင်း ၀တ်မထားပဲကိုး ""
"" မှန်ပါတယ်၊ ကျွန်တော်က စီအိုင်ဒီပါ ""
"" အော်.. သိပြီ..သိပြီ.၊ အိမ်ထဲဝင်ပါဦး ဦးစစ် ""
( CID- စစ်)

သူ့အတွေး
မာမီ -- "" သမီးရေ၊ ဒီသိုးမွေးဆွယ်တာကို ကောင်းကောင်းဝတ်နော်၊ ဒီဆွယ်တာထိုးဖို့ သိုးငါးကောင်လောက်လိုတာ ""
ရှယ်လီ -- "" တကယ်လား မာမီ၊ သမီးဖြင့် သိုးတွေ သိုးမွေးထိုးတတ်မှန်း ခုမှ သိရတယ် ""

ကြက်သား
ဘီလ်သည် စားသောက်ဆိုင်တွင် ထမင်း ဟင်းများ မှာယူစားသောက်ပြီးချိန်တွင် စားပွဲထိုးအား မေးလိုက်၏၊
ဘီလ်- ""မင်းတို့ ကြက်သားဟင်းက အရိုးပဲ ရှိသလား ""
စားပွဲထိုး -"" ဆရာက အမွေးပါ လိုချင်တာလား ""

နားလည်မှုလွဲပုံက
အိမ်တစ်အိမ်တွင် အိမ်ရှင်က ဧည့်သည်ကို ဧည့်ခံထမင်းကျွေးနေသည်။
အိမ်ရှင်က "" ထမင်းစာပြီး လက်ဆေး ရေသောက်လိုက်နော် "" ဟု ခပ်သွက်သွက်ပြောလိုက်သည်။
သည်တော့ ဧည့်သည်က "" ဟုတ်ကဲ့ ခင်ဗျ.."" ဟု ပြောပြီး ထမင်းစားပြီးပြီးချင်း ဘေးတွင်ရှိသော လက်ဆေးရေဇလုံကို
ယူပြီး မော့သောက်လိုက်သည်။
ထိုအခါ အိမ်ရှင်က အံ့အားသင့်ပြီး "" ခင်ဗျား ဘာလို့ လက်ဆေးရေတွေကို သောက်ရတာလဲ၊ ကျွန်တော်တို့အိမ်မှာ သောက်ရေတွေရှိပါတယ် "" ဟု ပြောရာ
ဧည့်သည်က " ခင်ဗျားပဲ ထမင်းစားပြီးရင် လက်ဆေးရေသောက်လိုက်ဆိုလို့ပါ.."" ဟု ပြောလိုက်လေသည်။

ယူခဲ့ရောပေါ့
ရှေ့နေတစ်ဦး၏ ဇနီးသည် ဆတ်ဆတ်ထိမခံသူ ဖြစ်သည်။ တစ်ညနေတွင် ခင်ပွန်းက "" ဒီပြုတ်ကျော်ကို မောင်တော့ စားလို့မရဘူးကွာ "" ဟု ညည်းမိရာ
ဇနီးသည်က "" ရှင့်ဘာသာ ချက်ပေတော့၊ အစတုန်းက ရှင်ထမင်းချက်ကို ရှာယူခဲ့ပါလား "" ဟု ပြန်ပြောသည်။
ထိုည သန်းခေါင်ယံတွင် အမျိုးသမီးက ခင်ပွန်းသည်ကို အတင်းနှိုးသည် "" ထဦး..ကိုကို ..အိမ်ထဲကို သူခိုးရောက်နေသံကြားတယ် ""
အမျိုးသားက ဟောက်နေရင်းပင် ပြန်ပြောလိုက်ပုံက "" မင်းဘာသာ ထပေတော့၊ အစတုန်းက မင်း ရဲသားကို ရှာယူခဲ့ရောပေါ့ကွာ..""

အလှူက နေ့တိုင်းမရှိဘူး
တစ်နေ့တွင် လမ်းဘေးခွေးတစ်ကောင်သည် ဘုရားပေါ်သို့ ရောက်သွားလေသည်။
ဘုရားပေါ်တွင် အလှူနှင့် ကြုံသောကြောင့် ကောင်းမွန်စွာ စားခဲ့ရသည်။ နောက်နေ့တွင်
ထိုခွေးသည် ဘုရားပေါ်သို့ ထပ်သွားပြန်ရာ ဘုရားပေါ်က ခွေးက ပြန်ပြောလိုက်ပုံက
"" ဟကောင်ရ..အလှူက နေ့တိုင်းရှိတာ မဟုတ်ဘူးကွ..""

*************************************************************************************

ခေတ်ဆန်သော၊ အလှအပ ကြိုက်တတ်သော၊ ရဲတင်း ပွင့်လင်းသော မိန်းမပျို တဦးသည် လေယာဉ် ခရီးစဉ် တခုတွင် ဘုန်းတော်ကြီး တဦးနှင့် ဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။

သူမသည် ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း အထဲမှာ ပါလာသော ပစ္စည်းတခုကို မကြာခဏ ထုတ် ထုတ်ကြည့် နေမိ လေ၏။ သူ၏ မျက်နှာ ပေါ်တွင်လည်း ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ အထင်းသား ပေါ်လွင်လျှက်ရှိသည်။

ထိုသို့ဖြင့် လိုက်ပါလာယင်း မကြာမီတွင် ရုတ်တရက် အကြံတခုရကာ နံဘေးမှ ပတီးစိပ်၍ လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍...

“တပည့်တော်ကို တခုလောက် ကူညီနိုင်မလား ဘုရာ့” ဟု ပြောလိုက်လေသည်။

ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဖာသာကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း...

“ပြောလေ ဒကာမလေး။ ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့”

“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့် တတောင့်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့်။ အသစ် စက်စက်မို့ လေဆိပ်က အကောက်ခွန်မှာ အခွန်တွေ အများကြီး ဆောင်ရမှာ ကြောက်လို့... အဲဒါ ဖာသာကြီးရဲ့ ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး ယူသွားပေးဖို့ အကူအညီ တောင်းကြည့် တာပါ ရှင့်။”

“အင်း... ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူးကွဲ့။ လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင် ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ... ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့...”

“မှန်ပါ” အမျိုးသမီးမှာ တချက် စဉ်းစားယင်း...

“ဟုတ်တော့ ဟုတ်တယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင် မဖြစ်နိုင်ဘူးလား” ဟုဆိုကာ ဘုန်းတော်ကြီးနား နားသို့ တိုးတိုးကပ်ပြော လိုက်သည်။

ထို့နောက် “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။

... ... ...

လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း...

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။

ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ...

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့... ခါးအောက်ပိုင်းမှာတော့... ဘုန်းဘုန်းမှာ... အမျိုးသမီးတွေ အတွက် ဟို.. ဟိုဒင်း... ပစ္စည်းတခုတော့ ပါတယ်ကွဲ့... ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော် ထုတ်ပြမယ်လေ...”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့် ပြုလိုက် လေတော့သတည်း။

လူချောလေးတယောက်မှာ ချစ်စ ခင်စ ကြင်နာစရည်းစားအသစ် စက်စက်လေးတယောက်ရှိတယ် ။ သူ့ အသည်းလေး မွေးနေ့ အတွက် အမှတ်တရ ဖြစ်အောင် ..........ဘာလက်ဆောင်ပေးရင်ကောင်းမလဲလို့ အသည်းအသန်စဉ်းစားရပါတော့တယ် ။။သူ့အချစ်လည်းပေါ်လွင်နေမယ် သူမအတွက်လည်းအသုံးဝင်ရမယ် ...........။
အမှတ်တရ ဂန္ဓ၀င်လဲမြောက်ရမယ်ပေါ့ ။ဈေးကြီးတာလဲ မတတ်နိုင်ဘူးပေါ့ နောက်ဆုံးအကောင်းစားလက်အိတ်ဖြူဖြူလေးတစ်စုံ
ဝယ်ပေးဖို့ကြည်နူးစွာ ဆုံးဖြတ်လိုက်ပါတော့တယ် ဂွတ်တယ်နော်.....။
မိန်းမအသုံးအဆောင် ပစ္စည်းဆိုင် သွားမှာမို့ ချစ်သူရဲ့ ညီမလေးလဲပါတယ်လေ။ ဆယ်ကျော်သက်လှလှလေးပါပဲ။ ဆိုင်ရောက်တော့ သူက လက်အိတ်ဖြူဖြူလေးတစ်စုံဝယ်တယ် ၊ ချစ်သူညီမလေးက အောက်ခံဘောင်းဘီ( ပင်တီ) တစ်ထည်ဝယ်တယ်။ ဖြစ်ချင်တော့ ထုတ်ပိုးပေးတဲ့ အရေငြ်းစာရေးမ အမှားကြောင့် ချစ်သူရဲ့ ညီမလေးက လက်အိတ်ရသွားတယ် ။
သူလည်းဖွင့်စစ်ဆေးမနေပဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပီးစာတိုက် က ပို့လိုက်တယ်......
စာကတော့.......
အသည်းလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကိုရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ်ညနေခင်းတွေ လမ်းလျှောက်ထွက်တဲ့အခါ
မင်းဝတ်လေ့ဝတ်ထမရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ ။မင်းညီမက ချွှတ်လို့ စွပ်လို့လွယ်အောင် အဲဒါကို ၀ယ်ဖို့ တိုက်တွန်းတယ်။ ဟုတ်တယ်
................. သူစွပ်ပြ ချွတ်ပြတယ် လှလိုက်တာလေ ချွတ်ရ စွပ်ရလည်း လွယ်တယ် ။ ကိုယ်က နှိပ်ကြယ်သီးပါတာ ၀ယ်အုန်းမလို့ပါပဲ။
အရောင်းစာရေးမကလဲ သူမလဲ ဒါပဲဝတ်ကြောင်းနဲ့ သူကိုယ်တိုင် ၀တ်ပြချွတ်ပြသေးတယ် အတော်ကြည့်ကောင်းပါတယ် သူမကအပေ အစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်း အာမခံတယ်လေ ဒီတခါကိုယ်လာရင် မင်းဝတ်ထားတာမြင်ချင်တရ် ၊တွေ့ရင်တော့လား
အထပ်ထပ်အခါခါ နမ်းပစ်မိမှာပဲ ။ သောကြာနေ့မှာ ကိုယ်နမ်းဖို့ဆက်ဆက် ၀တ်ထားနော် ......နော်
အသည်းလေးရဲ့ ကိုကို

Forward မေးလ်များမှ ကူးယူဖော်ပြသည်။
Back to top Go down
 
ဟာသတွေပဲပေါ့ဗျာ...................
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: GENERAL (CHIT CHAT) :: ဖိုရမ်ထဲရှိသီးသန့်အကြောင်းအရာမရှိသည့်ခေါင်းစဉ်များကိုဒီနေရာလေးမှာ တင်ပြဆွေးနွေးနိုင်ကြပါတယ်-
Jump to: