HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeကမ္ဘာ့သတင်းများ I_icon_mini_portalLatest imagesSearchRegisterLog in

 

 ကမ္ဘာ့သတင်းများ

Go down 
2 posters
Go to page : 1, 2  Next
AuthorMessage
Admin
Admin



Posts : 2
Join date : 2010-03-10

ကမ္ဘာ့သတင်းများ Empty
PostSubject: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptyThu Mar 25, 2010 8:43 am

မက္ကာ မိုးပျံရထား ယခုနှစ်တွင် အသုံးပြု နိုင်တော့မည်

မက္ကာ မိုးပျံရထား ယခုနှစ်တွင် အသုံးပြု နိုင်တော့မည် ၂၀၀၉ ခုနှစ်တွင် စတင် အကောင်ထည် ဖေါ်ခဲံသည့် မက္ကာ မိုးပျံ ရထား စီမံကိန်း ပထမ အဆင့် အား ယခုနှစ် ဟဂ်ျရာသီတွင် ၃၅% စတင် အသုံးပြု နိုင်ပြီး လာမည့် နှစ်တွင် အပြီးသတ် နိုင်မည်ဟု သိရသည်။ ယင်း စီမံကိန်း အား နိုင်ငံတကာ ကုမ္ပဏီ လေးခုတို့က ဆော်ဒီရီယယ် ၆.၆၅ ဘီလီယံ အကုန်ကျခံ တည် ဆောက် နေခဲ့သည်။ စီမံကိန်းပထမအဆင့် သည် အာရဖသ် အရှေ့တောင် ဘက် နှင့် မူဇ လေဖာ ကို ဆက်သွယ်ထားပြီး မက္ကာရှိ ဟာရမိုင်း ရထားလမ်း နှင့် အခြား ရထားလမ်း ကွန် ရက် တို့နှင့် ချိတ်ဆက် မည်ဖြစ်သည်။ ယင်း စီမံကိန်းကြောင့် နှစ်စဉ်ကြုံတွေ့ နေရသော သယ်ယူ ပို့ဆောင်ရေး အခက်ခဲကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ မိုးပျံရထား စီမံကိန်းသည် တစ်နာရီလျှင် ခရီးသည် ၈၀၀၀၀ ကို ၀န်ဆောင် ပေးနိုင်ကြောင်း၊ စီမံကိန်း အစဆုံး အပြီးသတ် နိုင်ပါက မီနာ၊ အာရဖသ်၊ မုဇလေဖာ ၊ မက္ကာ၊ မဒီနာ တို့အကြား မိုးပျံရထား ဖြင့် သွားလာ နိုင်ကြောင်း သိရသည်။ မိုးပျံ ရထား ဘူတာရူံ ၃ခုကို မူဇလေဖာ ရှိ မိုးပျံရထား ဘူတာရူံသို့မီတာ ၃၀၀ မျှ လမ်းလျှောက် ရုံဖြင့် ရောက်ရှိ နိုင်သည်။ မူဇလေဖာရှိ ဘူတာရုံသည် ဂျူမီရသ် တံတား ၄ ထပ် ပေါ်တွင်တည်ရှိသည်။ စီမံကိန်း ဒုတိယအဆင့် အဖြစ် မီနာ နှင့် အာရာဖသ် ကို ဆက်လက် တည် ဆောက် မည် ဖြစ်သည်။ ( Hikmah.info)
Back to top Go down
http://hapmalaysia.heavenforum.com
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: ဗြိတိန်က အစ္စရေးသံကို နှင်ထုတ်   ကမ္ဘာ့သတင်းများ EmptyFri Mar 26, 2010 7:47 am

ဗြိတိန်က အစ္စရေးသံကို နှင်ထုတ်

ဒူဘိုင်းမှာ ဟားမတ်စ် ခေါင်းဆောင် တယောက်ကို လုပ်ကြံ သတ်ဖြတ် သူတတွေ ဗြိတိန် နိုင်ငံကူး လက်မှတ် အတု သုံးခဲ့ပြီး နှစ်လ အကြာမှာ အစ္စရေး သံဝန်ထမ်း တယောက်ကို ဗြိတိန်က နိုင်ငံ အတွင်းက နှင်ထုတ် လိုက်ပါတယ်။ ဗြိတိန် နိုင်ငံကူး လက်မှတ် တတွေကို အလွဲသုံးစား လုပ်တာဟာ လက်ခံနိုင်စရာ မဟုတ်ဘဲ ၊ ဒါဟာ အန္တတရာယ် တရပ် ဘဲလို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဒေးဗစ် မီလီဘန်က ပြောပါတယ်။ မိတ်ဆွေတွေ နိုင်ငံ အချင်းချင်း ဒါမျိုး လုပ်တာဟာ ပိုမို နာကျင်စရာ ကောင်းတယ် လို့လည်း သူက ဆိုပါတယ်။ ဒီကိစ္စမှာ အစ္စရေးမှာ တာဝန် ရှိတယ်လို့ ယုံကြည်ရတဲ့ အထောက်အထား တွေရှိပါတယ် ၊ ဒါကို ဗြိတိသျှ အစိုးရ အနေ နဲ့ အရေးတကြီး သဘောထားပြီး အခုလို ဗြိတိန် နိုင်ငံကူး လက်မှတ် အတုလုပ်မှု တွေကို သီးခံမှာ မဟုတ်ဘူးလို့ မစ္စတာ မီလီဘန် က ပြောသွား ခဲ့ပါတယ်။ ဒါပေမယ့် ဟားမတ်စ် ခေါင်းဆောင် အသတ်ခံရတဲ့ အကြောင်းကိုတော့ သူက ထည့်ပြော မသွား ခဲ့ဘူးလို့ သိရပါတယ်။ အစ္စရေးဖက် ကလည်း အခုလို သံအရာရှိ နှင်ထုတ် ခံရတဲ့ အပေါ် ၀မ်းနည်း ကြောင်း ပြောကြား ခဲ့ပေမယ့် လက်တုန့် ပြန်ဖို့ အစီအစဉ် မရှိဘူး လို့လည်း ဆိုပါတယ်။ ( BBC )
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: အမေရိကန် လေဆိပ်များတွင် ခရီးသည်များ ရှူးဖိနပ် ချွတ်ရမည် ဟု ကြေညာ   ကမ္ဘာ့သတင်းများ EmptyFri Mar 26, 2010 7:49 am

အမေရိကန် လေဆိပ်များတွင် ခရီးသည်များ ရှူးဖိနပ် ချွတ်ရမည် ဟု ကြေညာ


အမေရိကန် နိုင်ငံရှိ လေဆိပ် များတွင် လုံခြုံရေး ဂိတ်တံခါး များကို ဖြတ်သန်းသည့် အခါတွင် ခရီးသည် များသည် ဖိနပ်ချွတ် ရတော့မည် ဖြစ်ကြောင်း အမေရိကန် ပြည်ထဲရေး ၀န်ကြီး ဌာနက မတ် ၉ ရက် နေ့က ကြေညာသည်။ အဆိုပါ ကြေညာချက် အရ လက်ရှိ နညးပညာ သည် ခရီးသည် တစ်ဦး ဖိနပ်စီး ထားပါက ၎င်း၏ ဖိနပ် အတွင်းကို ဓာတ်မှန် များဖြင့် သေချာစွာ စစ်ဆေး နိုင်ခြင်း မရှိသဖြင့် ခရီးသည် များသည် လုံခြုံရေး အရ စစ်ဆေးသည့် နေရာတွင် ဖိနပ်ချွတ် ရမည်ဟု ဆိုသည်။ စက်တင်ဘာ ၁၁ အကြမ်းဖက်မှု ဖြစ်ရပ်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာက ရှူးဖိနပ် အတွင်း ဗုံးသယ်ဆောင် လာသူကို ဖမ်းမိ ပြီးနောက် အမေရိကန် လေဆိပ် များတွင် လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှု များကို တင်းကျပ်ခဲ့ ခြင်းဖြစ်သည်။ (Pyi Myanmar)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: နစ်မြုပ်သွားသည့် တောင်ကိုရီးယား ရေတပ်သင်္ဘောနေရာ ဖော်ထုတ်နိုင်ပြီ   ကမ္ဘာ့သတင်းများ EmptyMon Mar 29, 2010 8:17 pm

နစ်မြုပ်သွားသည့် တောင်ကိုရီးယား ရေတပ်သင်္ဘောနေရာ ဖော်ထုတ်နိုင်ပြီ

ပီးခဲ့သည့် သတင်းပါတ်က နစ်မြုပ်သွားသည့် တောင်ကိုရီးယား ရေတပ်သင်္ဘော တည်ရှိရာ နေရာအတည်အကျကို ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဖက်က အတည်ပြု ကြေညာခဲ့သည်။ မြောက်ကိုရီးယားနှင့် နယ်နိမိတ်အနီး ခုတ်မောင်းနေစဉ် မတ်လ(၂၆)ရက်နေ့က နစ်မြုပ်ခဲ့သည့် စစ်သင်္ဘော၏ ပဲ့ပိုင်းတည်ရှိရာ နေရာကို ရှာဖွေနိုင်ခဲ့ပြီဟု ရေတပ်တာဝန်ရှိသူ တစ်ဦးက AFPသတင်းဌာနသို့ ပြောကြားခဲ့သည်။ အမှုထမ်း (၁၀၄)ဦးကို တင်ဆောင်လာသော တန်ချိန်(၁၂၀၀)ရှိ Cheonanစစ်သင်္ဘောသည် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း(၄၆)ဦး ယခုတိုင် ပျောက်ဆုံးနေဆဲဖြစ်သည်။ အသံလှိုင်းစနစ်ဖြင့် ထောက်လှမ်းရှာဖွေမှုများအရ သင်္ဘော၏ ပဲ့ပိုင်းကို နစ်မြုပ်သွားရာ နေရာမှ မီတာ(၄၀)နှင့် (၅၀)ကြားမျှ ကွာဝေးသော နေရာတွင် ရှိနေသည်ကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။ ရေတပ်တာဝန်ရှိသူများက စစ်သင်္ဘောမှ အမှုထမ်း (၅၈)ဦးကိုမူ ကယ်တင်ခဲ့ပြီးဖြစ်ကြောင်း ကြေညာထားသည်။ ဘေညီယွန်း ကျွန်းအနီး ပင်လယ်ဝါ ရေပြင်တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ် ဖြစ်ရပ်အတွက် စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ယခုလောလောဆယ် အနေအထားအရ ရေကြောင်းနှင့် လေကြောင်းတို့မှ ပိုက်စိပ်တိုက် ရှာဖွေနေသည့်တိုင် နောက်ထပ်အသက်ရှင် ကျန်ရစ်သူများကို မတွေ့ရသေးကြောင်း သိရသည်။ တောင်ကိုရီးယား ရေတပ်သည် အလောင်းများကို ရနိုင်သမျှ ပြန်လည်ရှာဖွေရန်နှင့် ရေငုပ်တပ်ဖွဲ့များ အသုံးချကာ သင်္ဘောနှင့် ပတ်သက်သော အထောက်အထားများ ရယူရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ရေတပ်ထောက်လှမ်းရေးက (၁၉၉၉)ခုနှစ်၊ (၂၀၀၂)ခုနှစ်များအတွင်းနှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကိုရီးယားနှစ်နိုင်ငံ ရေတပ်ချင်း ထိပ်တိုက်တွေ့ဆုံခဲ့သည့် ရေပြင်တွင် ဖြစ်ပွားခဲ့သော သင်္ဘောနစ်မြုပ်မှု၌ မြောက်ကိုရီးယား၏ လက်ချက်များ ပါဝင်သော သဲလွန်စမျိုး မတွေ့ရဟုလည်း တောင်ကိုရီးယား ရေတပ်က အတည်ပြု ပြောကြားခဲ့သည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: တရုတ်နိုင်ငံမိုင်းတွင်းပေါက်ကွဲမှု လုပ်သား၁၅၃ဦး ပိတ်မိနေ   ကမ္ဘာ့သတင်းများ EmptyMon Mar 29, 2010 8:19 pm

တရုတ်နိုင်ငံမိုင်းတွင်းပေါက်ကွဲမှု လုပ်သား၁၅၃ဦး ပိတ်မိနေ


တရုတ်နိုင်ငံရှိ မိုင်းတွင်းတစ်ခုအတွင်း ပိတ်မိနေသော မိုင်းလုပ်သား (၁၀၀)ကျော်ကို ကယ်ထုတ်ရန် ကယ်ဆယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေး မိုင်းတွင်းဟောင်း တစ်ခုတွင် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားရာမှ လူပေါင်း(၁၅၃)ဦးသည် မိုင်းတွင်းဥမင်များအတွင်း ပိတ်မိလျက်ရှိသည်။ တရုတ်နိုင်ငံ တ၀ှမ်းရှိ မိုင်းတွင်းများသည် လုံခြုံရေးအားနည်းချက်များကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း မိုင်းတွင်း မတော်တဆမှုများကြောင့် လူပေါင်းထောင်နှင့်ချီ သေဆုံးလေ့ရှိသည်။မတ်လ(၂၈)ရက်နေ့က မတော်တဆ ပြိုကျခဲ့သော မိုင်းတွင်းသည် ပြန်လည်ပြုပြင် တည်ဆောက်နေဆဲဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှ လုပ်ငန်းစတင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ပြိုကျစဉ်က မိုင်းတွင်းထဲတွင် အလုပ်သမား (၂၆၁)ဦး ရှိနေသော်လည်း (၁၀၈)ဦးမှာ လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။ လွတ်မြောက်လာသည့် မိုင်းအလုပ်သမား တစ်ဦးက မိုင်းတွင်းပြိုကျပြီးနောက် ရေများပါ ဒလဟော ၀င်ရောက်လာကြောင်း ပြောကြားခဲ့သည်။ ဖန်လီရှန်အမည်ရှိ ယင်းမိုင်းတွင်းလုပ်သားက ၎င်းသည် မိုင်းတွင်းပြိုကျမှု ဖြစ်ပွားစဉ် မြေအနက် ပေ(၁၀၀၀)တွင် ရောက်ရှိနေပြီး ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြောင်း ပြန်လည်ပြောပြသွားသည်။ တရုတ်သမ္မတ ဟူကျင်တောင်သည် ဒေသခံ ကယ်ဆယ်ရေး တပ်ဖွဲ့များအား ပိတ်မိနေသော အလုပ်သမားများအား အစွမ်းကုန် ကယ်တင်ပေးပါရန် ပန်ကြားထားသော်လည်း မလိုအပ်သည့် စွန့်စားမှုမျိုး မပြုလုပ်ရန်လည်း သတိပေး ပြောဆိုထားသည်။ တာဝန်ရှိသူများက မိုင်းတွင်းပေါက်ကွဲ ပြိုကျမှု အကြောင်းရင်းကို တိတိကျကျ မပြောနိုင်သေးကြောင်း ၀န်ခံထားသော်လည်း မိုင်းလုပ်သားအချို့၏ ပေါ့လျော့မှုကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Earth Hour အစီအစဉ် ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ ပါဝင်ဆင်နွှဲ   ကမ္ဘာ့သတင်းများ EmptyMon Mar 29, 2010 8:21 pm

Earth Hour အစီအစဉ် ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ ပါဝင်ဆင်နွှဲ


မတ်လ(၂၇)ရက်နေ့ညက Earth Hourအစီအစဉ်တွင် ကမ္ဘာ့လူဦးရေ၏ (၆)ပုံ(၁)ပုံက ပါဝင်ဆင်နွှဲခဲ့ကြပြီး လျှပ်စစ်မီးများကို တစ်နာရီကြာ ပိတ်ထားခဲ့ကြကြောင်း သိရှိရသည်။ နိုင်ငံပေါင်း (၁၂၅)ခုမှ မြို့ကြီး(၁၀၀၀)ကျော်တို့ အပါအ၀င် ကမ္ဘာ့နေရာ အတော်များများတွင် ဒေသစံတော်ချိန် (၈)နာရီခွဲမှ စတင်ပြီး တစ်နာရီကြာအောင် မီးများမှိတ်ထားလိုက်ကြသည်။ ကမ္ဘာ့သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ရံပုံငွေအဖွဲ့ (WWF)က ကြီးမှူးစည်းရုံးကာ စွမ်းအင်အသုံးချမှုများကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲထိခိုက်လာခြင်းအား လူအများ သတိပြုမိစေရေးအတွက် (၂၀၀၇)ခုနှစ်ကတည်းက စတင်ခဲ့သော လှုပ်ရှားမှု၏ (၂၀၁၀)ခုနှစ်အတွက် ပထမဆုံး ပါဝင်သော နိုင်ငံမှာ နယူးဇီလန် ဖြစ်လာခဲ့သည်။ကမ္ဘာ့မြေပုံအရ Earth Hour လှုပ်ရှားမှုတွင် ပါဝင်သည့် နိုင်ငံများအနက် ည(၈)နာရီခွဲ အချိန်ကို ပထမဆုံး ရောက်ရှိသည့် နယူးဇီလန်မှ ခရိုင်နှင့်မြို့ကြီးပေါင်း (၄၇)ခုတို့တွင် မီးများကို စမှိတ်ခဲ့ကြသည်။ အုက္ကလန်ရှိ ဘရီတိုဈေးကြီးနှင့် ၀ယ်လင်တန်မှ ပြည်သူ့ရင်ပြင်တို့ကိုပါ မီးများမှိတ်ထားခဲ့သည်။ အခြားသော ကမ္ဘာ့နိုင်ငံများစွာတို့သည်လည်း မီးများမှိတ်ခဲ့ကြပြီး အမေရိကန်ရှိ အင်ပါယာစတိတ်၊ ပြင်သစ်နိုင်ငံမှ အီဖယ်မျှော်စင်၊ အီဂျစ်ပြည်မှ ပိရမစ်ကြီးများကဲ့သို့ ကမ္ဘာ့နာမည်ကျော် အဆောက်အအုံများတွင်လည်း မှောင်နှင့်မည်းမည်း ဖြစ်နေခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ရှိ အပယ်ခံနန်းတော်(Forbidden Palace) အပါအ၀င် မြို့တစ်မြို့လုံးမှာလည်း မီးများမှိတ်ကာ Earth Hourကိုဂုဏ်ပြုခဲ့သည်။ အိုလံပစ်ပြိုင်ပွဲ အဓိက ကျင်းပခဲ့သည့် ငှက်သိုက်အားကစား ကွင်းကြီးမှာလည်း ထိုအချိန်တွင် အမှောင်ဖုံးနေခဲ့သည်။ ထို့အပြင် ရာနှင့်ချီသော လူများသည် အောက်စိုက်နေသော မြှားတစ်စင်းနှင့် CO2ဆိုသော အင်္ဂလိပ် စာလုံးတို့ကို မီးတိုင်များဖြင့် စုရုံးပုံဖော်ကာ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ လျှော့ချရေးအတွက် ကြွေးကြော်ခဲ့ကြသည်။ Earth Hourကို (၂၀၀၇)ခုနှစ်က ဩစတြေးလျတွင် စတင်လှုပ်ရှားခဲ့ပြီး ယခုနှစ်သည် ပါဝင်သည့်နိုင်ငံနှင့် လူဦးရေ ပမာဏ အများဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptyWed Apr 07, 2010 9:35 pm

ဗြိတိန်ရွေးကောက်ပွဲ မေလ၆ရက်တွင် ကျင်းပမည်ဟု ဂေါ်ဒွန်ဘရောင်းပြောကြား


မေလ(၆)ရက်နေ့တွင် ဗြိတိန်နိုင်ငံ၏ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဧပြီလ(၆)ရက်နေ့က အတည်ပြု ပြောကြားလိုက်သည်။ အဲလိဇဘက် ဘုရင်မကြီးနှင့် တွေ့ဆုံပြီးနောက် မိနစ်(၂၀)ကြာ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ဘရောင်းက ယခုလို ရွေးကောက်ပွဲရက်ကို တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။

ဘရောင်းအနေနှင့် ယခုရွေးကောက်ပွဲတွင် ဗြိတိန်နိုင်ငံရေးလောကကို (၁၃)နှစ်ကြာ ကြီးစိုးနေသည့် ၎င်း၏လေဘာပါတီအတွက် ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။ လေ့လာသူများက ယခုဗြိတိန် ရွေးကောက်ပွဲတွင် ဘရောင်းအတွက် အဓိကပြိုင်ဖက်များအဖြစ် လစ်ဘရယ်လ် ဒီမိုကရက်ခေါင်းဆောင် နစ်ခ်ကလာ့ခ်နှင့် ကွန်ဆာဗေးတစ်ခေါင်းဆောင် ဒေးဗစ်ကင်မရွန်တို့က ယှဉ်ပြိုင်လာဖွယ် ရှိနေကြောင်း ခန့်မှန်းထားသည်။ ဗြိတိန်တွင် ဘရောင်း၏ အစိုးရသည် တိုင်းပြည်စီးပွားရေး ကျဆင်းမှုများကြောင့် လူကြိုက်များမှု လျော့နည်းလာချိန်တွင် ကွန်ဆာဗေးတစ်တို့က အမတ်နေရာ အများအပြား ရရှိရန် အခြေအနေ ကောင်းလျက်ရှိသည်။

ဗြိတိန်အရေး သုံးသပ်သူများက ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စီးပွားရေး တိုးတက်မှု အနှေးကွေးဆုံး အနေအထားကို ဖြတ်သန်းခဲ့ရသည့် ဗြိတိန်၏ ရွေးကောက်ပွဲ အောင်မြင်မှုသည် စီးပွားရေး နာလံထမှုအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်မည်ဟု ပြည်သူလူထု ယုံကြည်ပေးသည့် ပါတီအတွက် အလားအလာ အရှိဆုံး ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကင်မရွန်ကမူ မိမိသည် လူကြီးလူငယ်၊ ဆင်းရဲချမ်းသာ၊ အဖြူအမည်း၊ အယုတ်အလတ် အမြတ်မရွေး Gayများပါမကျန် အခွင့်အရေး တန်းတူညီမျှ ရရှိစေမည်ဟု ကြွေးကြော်ကတိပြုထားသည်။ ဘရောင်းသည် ပါလီမန်ကို ဖျက်သိမ်းပေးပြီးနောက် ရွေးကောက်ပွဲကို အသစ်ကျင်းပမည်ဖြစ်ပြီး နိုင်ငံ၏ အနာဂတ်အတွက် အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုကို ပြည်သူများ ပြုလုပ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း သတင်းထောက်များအား ပြောကြားသွားသည်။
planetmyanmar
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:51 pm

အမေရိကန်၏ ခရီးသည်တင် ဂျက်လေယာဉ်အား ဗုံးခွဲရန် ကြံစည်
Thursday, April 08, 2010 8:00 PM

ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ၀ါရှင်တန်မှ ဒင်ဘာမြို့သို့ ပျံသန်းလာသော လေယာဉ်တစ်စီးပေါ်တွင် ရှုးဖိနပ်အတွင်း၌ ၀ှက်၍ သယ်ဆောင်လာသော ဗုံးကို ဖောက်ခွဲရန်ကြိုးစားသူ ကာတာနိုင်ငံ သံတမန်တစ်ဦးအား အမေရိကန်လေကြောင်း လုံခြုံရေးအရာရှိများက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၄င်း ပုဂ္ဂိုလ်မှာ ၀ါရှင်တန်မြို့ရှိ ကာတာသံရုံးမှ တတိယအတွင်းဝန်နှင့် ဒုတိယ ကောင်စစ်ဝန်ချုပ်ဖြစ်သော မိုဟာမက်အယ်လ်မိုဒါတီဆိုသည် ဖြစ်ကြောင်း သိရှိရသည်။ ၄င်းသည် သံတမန် အကာအကွယ်အပြည့်အ၀ ရသူဖြစ်သည်။ ယူနိုက်တက်လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ် ၆၆၃ တွင် ခရီးသည် ၁၅၇ ဦးနှင့် ၀န်ထမ်း ၆ ဦးတို့ ပါဝင်သည်။ ၄င်းလေယာဉ်သည် ဒင်ဘာမြို့တွင် အေးချမ်းစွာ ဆင်းသက်နိုင်ခဲ့သည်။

(အေအက်ဖ်ပီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:52 pm

ကာဂျစ္စတန်တွင် အစိုးရသစ် ဖွဲ့စည်း
Thursday, April 08, 2010 8:00 PM

ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကတ်တွင် အတိုက်အခံများမှ ဦးဆောင်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။ ဆန္ဒပြသူများသည် အစိုးရရုံးအတွင်းသို့ အတင်းအဓမ္မ ၀င်ရောက်ကြသည်။ ဤတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ပဋိပက္ခ ဖြစ်ပွားပြီးလျှင် လူ တစ်ဒါ စင်ခန့် သေဆုံး၍ အမြောက်အများ ဒဏ်ရာ ရရှိခဲ့သည်။ သမ္မတ ဘာရီရက်သည် လေယာဉ်ဖြင့် မြို့တော်မှ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ၀န်ကြီးချုပ် အူစီနော့ဖ်က ရာထူးတာဝန် စွန့်လွှတ်ကြောင်း ထုတ်ပြန်ကြေညာသည်။ ဤတွင် အတိုက်အခံများဘက်မှ အစိုးရအဖွဲ့အား ဖျက်သိမ်းကြောင်း ကြေညာ၍ ဆိုရှယ်ဒီမိုကရက်အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာအိုတွန်ဝါရီးဘား ခေါင်းဆောင်၍ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း အတိုက်အခံခေါင်းဆောင် ဆာရီရက်က ထုတ်ပြန်ကြေညာသည်။ ဆန္ဒပြသူများသည် လုံခြုံရေး တပ်ဖွဲ့များ၏ ဌာနချုပ်ကိုလည်း ၀ိုင်းရံပိတ်ဆို့ထားခဲ့ကြသည်။ အခြေအနေမှာ တဖြည်းဖြည်းငြိမ်သက်လာပြီဖြစ်သည်။ ကျန်းမာရေးဌာန၏ အဆိုအရ လူပေါင်း ၄၀ ခန့် သေဆုံး၍ နောက်ထပ် သေဆုံးမှုများ တိုးတက်လာနိုင်သည်ဟု ဖော်ပြပါရှိသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သေဆုံးဒဏ်ရာရရမှုများအတွက် စိတ်ထိခိုက်မိကြောင်း သက်ဆိုင်သည့်အဖွဲ့အားလုံး ထိန်းသိမ်းကြရန်နှင့် အမြန်ဆုံး တွေ့ဆုံ ညှိနှိုင်းကြရန် တိုက်တွန်း ပြောကြားသည်။ (ဆင်ဟွာ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:52 pm

ကာဂျစ္စတန်ရှိ လေတပ် အခြေစိုက်စခန်းသို့ ရုရှားတပ်ဖွဲ့များ ထပ်မံစေလွှတ်
Friday, April 09, 2010 8:00 PM

ရုရှားနိုင်ငံသည် ကာဂျစ္စတန်နိုင်ငံ ကန့်ဒေသတွင် စစ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ထားရှိသည်။ လတ်တလော မငြိမ်မသက်မှုများ ဖြစ်ပွားနေစဉ်အတွင်း စခန်း၏လုံခြုံရေးကို အားဖြည့်ရန် နောက်ထပ်တပ်ခွဲနှစ်ခု ထပ်မံပေးပို့ရန် ရုရှားသမ္မတက ဆုံးဖြတ်ခဲ့သည်။ ၄င်း တပ်ခွဲများ သည် လက်နက်ငယ်များကိုသာ ယူဆောင်သွားကြရမည်ဖြစ်သည်။ လောလောဆယ်တွင် ဆူပူမှုများကြောင့် ရုရှားစစ်စခန်းတွင် တစုံတရာ ထိခိုက်မှု ဖြစ်ပွားခြင်း မရှိခဲ့ပေ။ (ဆင်ဟွာ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:53 pm

အမေရိကန်နှင့် ရုရှားခေါင်းဆောင်များ အနုမြူဆိုင်ရာ သဘောတူညီချက် လက်မှတ် ရေးထိုး
Friday, April 09, 2010 8:00 PM

အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ မက်ဗီဒက် တို့သည် ချက်နိုင်ငံ ပရိတ်ရဲတိုက်တွင် တွေ့ဆုံ၍ ကြာသပတေးနေ့တွင် သမိုင်းတွင် မည့် အနုမြူလက်နက်များ လျှော့ချရေ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ၄င်းစာချုပ်ကို “New START ”ဟု ခေါ် တွင်လေ သည်။ စာချုပ်အဟောင်းသည် ဒီဇင်ဘာလက သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်သည်။ စာချုပ်သစ်အရ နှစ်နိုင်ငံစလုံးသည် အနုမြူထိပ်ဖူးများကို ၃၀ ရာခိုင်နှုန်းစီ လျှော့ချရမည် ဖြစ်သည်။ ၄င်းပြင် ဒုံးကျဉ်ပစ်စင် အရေအတွက်ကိုလည်း ၇၀၀ အောက်တွင်ထားရှိကြရန် သဘောတူညီခဲ့ကြ သည်။ ယခုသဘောတူညီချက်သည် နှစ်နိုင်ငံယုံကြည်ချက်များ ပိုမိုခိုင်မာစေသည့်အပြင် အနုမြူကင်းသော ကမ္ဘာကြီး ဖြစ်ပေါ်ရေးအတွက် အထောက်အကူ ပြုနိုင်လိမ့်မည်ဟု သမ္မတအိုဘားမားက ထုတ်ဖော်ပြောဆိုသည်။ (ဆင်ဟွာ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:54 pm

ကာဂျစ္စတန်နိုင်ငံတွင် အတိုက်အခံများက ကြားဖြတ်အစိုးရ ဖွဲ့စည်း
Friday, April 09, 2010 8:00 PM

ကာဂျစ္စတန်နိုင်ငံတွင် နှစ်ရက်ကြာဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုတွင် ဆန္ဒပြသူ ၇၅ ဦး သေဆုံး၍ လူ ၁၀၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ သမ္မတ ဘာကီရက်သည် မြို့တော်မှထွက်ပြေး၍ နိုင်ငံတောင်ပိုင်းတွင် သွားရောက် ခိုလှုံနေခဲ့သည်။ အတိုက်အခံများက ယာယီညွန့်ပေါင်းအစိုးရ ဖွဲ့စည်း ၍ သမ္မတဘာကီရက်အား ရာထူးမှနှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ရာ သမ္မတက နှုတ်ထွက်ရန်ငြင်းဆန်ခဲ့သည်။ အတိုက်အခံပါတီ၏ အဖွဲ့များသည် နိုင်ငံတွင်းရှိ ပြည်နယ်ခုနစ်ခုအနက် လေးခုကိုထိန်းချုပ်ထားသည်။ ယာယီအစိုးရသည် ခြောက်လတာမျှ အခြေအနေ ငြိမ်သက်အောင် ထိန်းသိမ်း ပြီးလျှင် နောက်ပိုင်းတွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု သိရှိရသည်။ အစိုးရသစ်ဖွဲ့စည်းသော်လည်း အမေရိကန်စစ်စခန်းနှင့် ပတ်သက်၍ ချုပ်ဆိုထားသော သဘောတူညီချက်မှာ ဆက်လက်တည်မြဲနေမည်ဟု ယာယီဝန်ကြီးချုပ်က ပြောဆိုသည်။ (ဆင်ဟွာ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:55 pm

တောင်ကိုရီးယားနှင့် ချုပ်ဆိုထားသော ခရီးသွားလာရေး သဘောတူညီချက်ကို မြောက်ကိုရီးယား ပယ်ဖျက်
Friday, April 09, 2010 8:00 PM

တောင်ကိုရီးယားနိုင်ငံက ခရီးသွားများ မြောက်ကိုရီးယားသို့ သွားရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားသဖြင့် မြောက်ကိုရီးယားက တောင်ကိုရီး ယားနှင့် ချုပ်ဆိုထားသော ခရီးသွားလာခြင်းဆိုင်ရာ သဘောတူညီချက်ကို ပယ်ဖျက်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ဖော် ပြောဆိုသည်။ ၄င်းပြင် ကွန်ဂန်တောင်တန်းပေါ်ရှိ ဟွန်ဒိုင်းကုမ္ပဏီက ဖွင့်လှစ်ထားသော အပန်းဖြေစခန်းမှ ကုမ္ပဏီပိုင် အဆောက်အဦနှင့် ပစ္စည်းများကို ချုပ်ထိန်းထားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုမျှသာမက အပန်းခြေစခန်းတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများအား ပြန်လည် နှင်ထုတ်၍ အခြားကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ မြောက်ကိုရီးယားသည် တောင်ကိုရီး ယားမှ လာရောက် ဖွင့်လှစ်ထားသော ကေဆောင်စက်မှုဇုန် လုပ်ငန်းများကိုလည်း ပြန်လည် သုံးသပ်လျက်ရှိသည်ဟု သိရှိရသည်။ နှစ်နိုင်ငံ မိသားစုများ ပြန်လည် တွေ့ဆုံပေါင်းစည်းရေး ဌာနကိုလည်း ပိတ်ပင်ထားခဲ့သည်။ တောင်ကိုရီးယားဘက်မှ ၂၀၀၈ ခုနှစ်တွင် အသတ်ခံခဲ့ရသော ခရီးသွား တစ်ဦး၏ မှုခင်းကို နှစ်နိုင်ငံပူးတွဲ၍ စစ်ဆေးရန်တောင်းဆိုထားသည်။ (အေအက်ဖ်ပီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:55 pm

ပို၍မြန်သော ဗဟိုခွာစက်များ အီရန်ထုတ် ဖော်ပြသ
Saturday, April 10, 2010 8:00 PM

ယူရေနီယံသတ္ထုကို လက်ရှိအသုံးပြုနေသော နည်းပညာထက် (၆)ဆမျှ ပို၍မြန်ဆန်စွာ သန့်စင်နိုင်သော တတိယမျိုးဆက် ဗဟိုခွာစက်များကို အီရန် နိုင်ငံက ထုတ်ဖော်ပြသခဲ့သည်။ နည်းပညာသစ်ဖြင့် အချိန်တိုအတွင်း နြူကလီးယားဗုံး တည်ဆောက်နိုင်မည် ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် ဂျာမဏီနိုင်ငံတို့သည် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်နိုင်ရန် အစည်းအဝေး တစ်ရပ် ကျင်းပလျက်ရှိသည်။ IAEA အကြီးအကဲ အဲဗာဒါဒေးက အနောက်နိုင်ငံများသည် စိတ်ပူပန်ကြောင့်ကျမှုဖြင့် အီရန်နိုင်ငံအား ပိတ်ဆို့ရန် ကြိုးစား နေကြခြင်း ဖြစ်သည်။ အမှန်တကယ်မှာမူ အီရန်နိုင်ငံအနေဖြင့် နြူကလီးယားဗုံး ထုတ်လုပ်ရန် လေးနှစ်ခန့်မျှ အချိန်ယူရဦးမည် ဖြစ်သည် ဟု ပြောကြားခဲ့သည်။ အီရန်နိုင်ငံ ရတ်စ်ပြည်နယ်တွင် ယူရေနီယံ သတ္ထုသိုက်တစ်ခု တွေ့ရှိရကြောင်း သိပ္ပံပညာရှင် ဆာလေဟီက ထုတ်ဖော် ပြောဆိုခဲ့သည်။ အီရန်နိုင်ငံတွင် ဗဟိုခွါစက်ပေါင်း ၈ ထောင့် ၆ ရာကျော် တပ်ဆင်ထားသည့်အနက် ၃၇၀၀ ကို လည်ပတ်လျက်ရှိသည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:56 pm

(၁၆)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ အောင်မြင်စွာ ပြီးဆုံး
Saturday, April 10, 2010 8:00 PM

(၂)ရက်ကြာကျင်းပလျက်ရှိသော (၁၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး သောကြာနေ့က ပြီးဆုံးသွားခဲ့သည်။ အစည်းအဝေးက နိုင်ငံ အသီးသီး တွင် စီးပွားရေး နလန်ထူရေးအတွက် ထည့်သွင်းထားခဲ့သော အားဖြည့် ငွေလုံးငွေရင်းများအား ဖြေးဖြေးချင်းပြန်လည် ရုတ်သိမ်းရန် ဆုံးဖြတ် ခဲ့ကြသည်။ ၄င်းအပြင် နိုင်ငံအလိုက်ငွေကြေးစနစ်များ၏ အခြေအနေများကို မူလကအတိုင်း ခိုင်မာ တောင့်တင်းအောင် ကြိုးစားကြရန် တိုက်တွန်းထားသည်။ ဈေးကွက်များကို ဖွင့်ထားရန် ကိုယ်ကျိုးစီးပွား ကာကွယ်သည့် မူဝါဒများကို ပယ်ဖျက်ရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ် နှံရေးအတွက် အတားအဆီးများကို ဖယ်ရှားထားကြရာတွင် ဆုံးဖြတ်ခဲ့ကြသည်။ ပို့ဆောင်ရေး ကဏ္ဍ အပိုင်းအသီးသီးတွင် စီမံချက်အတိုင်း အ ကောင်အထည်ဖော်ကြရန် ပါရှိသည်။ အထူးသဖြင့် မဲခေါင် ဧရိယာအတွင်း ကွက်လပ်ဖြစ်နေသော လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းခရီး နယ်ပယ်များတွင် အမြန်ဆုံး ဖြည့်စွမ်းကြရန် တိုက်တွန်းထားသည်။ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်းနိုင်မည့် အာဆီယံ လုပ်ငန်းအဖွဲ့ တစ်ခုကို လည်း ဖွဲ့စည်းနိုင်ခဲ့ကြသည်။ (စီအမ်အေ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:56 pm

တောင်အာဖရိကတွင် ဇိမ်ခံ ရထားတစ်စင်း လမ်းချော်မှုဖြစ်
Thursday, April 22, 2010 8:00 PM

တောင်အာဖရိကနိုင်ငံ မြို့တော် Pretoria အနီးတွင် ဇိမ်ခံရထားတစ်စင်း လမ်းချော်မှု ဖြစ်ပွား၍ လူ ၂ ဦးသေဆုံးပြီး ၂၅ ဦးကျော် ဒဏ်ရာ ရရှိခဲ့ သည်ဟုသိရသည်။ သေဆုံးသူမှာ မိခင်တစ်ဦးနှင့် ရင်သွေးငယ်တို့ ဖြစ်ကြသည်။ ရင်သွေးငယ်မှာ ရထားလမ်းချော်ပြီး မကြာခင်မှာပင် မွေးဖွား သေဆုံးသွားခြင်း ဖြစ်သည်။ ထိုရထားသည် Rovos Rail မှ ပိုင်ဆိုင်သော ရထားတစ်စင်း ဖြစ်ပြီး သစ်သား ပြတင်းပေါက်များ ပါသည့် တွဲများဖြင့် ဖွဲ့စည်း ထားသည်။ ထိုရထားတွဲများဖြင့် တောလည် ရထား ခရီးစဉ်များအား ပို့ဆောင်ပေးလျက်ရှိသည်။ ခရီးသည် အများစုမှာ ဥရောပနှင့် အမေရိကန် နိုင်ငံသားများ ဖြစ်သည်။ ယခုရထားသည် ခရီးသည် ၅၅ ဦးအား တင်ဆောင်လာပြီး Cape မြို့မှ ခရီးထွက်ခွာလာခြင်း ဖြစ်သည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:57 pm

ထိုင်း ငါးဖမ်းသင်္ဘော သုံးစင်းအား ဆိုမာလီ ပင်လယ် ဓါးပြတို့ ဖမ်းဆီး
Thursday, April 22, 2010 8:00 PM

အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် ဖြတ်သန်းသွားလာသော ထိုင်းငါးဖမ်းသင်္ဘော သုံးစင်းအား ဆိုမာလီ ပင်လယ်ဓါးပြတို့က ဖမ်းဆီး ခေါ်ဆောင်သွား ကြသည်ဟု သိရသည်။ သင်္ဘောသုံးစီးပေါ်တွင် သင်္ဘောသား ၇၇ ဦး လိုက်ပါလာပြီး တနင်္ဂနွေနေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု အီးယူရေတပ် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ အီးယူရေတပ် ကင်းလှည့် စောင့်ကြပ်သည့် နယ်မြေ အပြင်ဘက်တွင် ပြန်ပေးဆွဲ ခံရခြင်းဖြစ်ပြီး ဆိုမာလီ ကမ်းရိုးတန်းမှ မိုင် ၁၂၀၀ ခန့် ကွာဝေးသော နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောများအား ဆိုမာလီနိုင်ငံသို့ ခေါ်ဆောင် သွားကြ သည်။ သင်္ဘောပေါ်တွင် လိုက်ပါလာသော သင်္ဘောသား အားလုံးသည် ထိုင်းနိုင်ငံသားများသာ ဖြစ်နိုင်ချေရှိသည်။ လွန်ခဲ့သော နှစ်များအတွင်း အေဒင် ပင်လယ်ကွေ့နှင့် အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် သင်္ဘောပေါင်း မြောက်မြားစွာ ပြန်ပေးဆွဲ ခံခဲ့ရပေသည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:57 pm

လူဝီဇီယားနား ကမ်းလွန်တွင် ရေနံတူးစင် ပေါက်ကွဲ မီးလောင်
Thursday, April 22, 2010 8:00 PM

အမေရိကန်နိုင်ငံ လူဝီဇီယားနားပြည်နယ် အရှေ့တောင်ဘက် မိုင် ၅၀ ခန့်အကွာ မစ္စစ္စပီကန်ယွန် အကွက်အမှတ် 252 တွင် ရေနံ တူးဖော်လျက်ရှိ သော Deepwater Horizon ရေနံတူးစင်တွင် လွန်ခဲ့သော ရက်ပိုင်းအတွင်းက ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ တူးစင်ပေါ်တွင် လုပ်သား ၁၇၆ ဦး ရှိသည့်အနက် အများစုကို ကယ်တင်နိုင်၍ ၁၁ ဦး ပျောက်ဆုံးလျက်ရှိသည်။ ၎င်းတွင်း တူးစင်သည် တစ်ဝက် ရေမြုပ် တွင်းတူးစင်မျိုးဖြစ် ၍ ယခုအခါ ၇၀ ဒီဂရီခန့် တိမ်းစောင်းလျက် ရှိသည်။ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့သည် ရဟတ်ယာဉ်များ၊ သင်္ဘောများသုံး၍ ပျောက်ဆုံး နေသူများကို ရှာဖွေလျက်ရှိသည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:58 pm

သီရိလင်္ကာ ဒုက္ခသည်များအား အင်ဒိုနီးရှားတွင် ယာယီ ထိန်းသိမ်းထား
Thursday, April 22, 2010 8:00 PM

လွန်ခဲ့သော ခြောက်လခန့်က လှေတစ်စီးဖြင့် ထွက်ပြေး တိမ်းရှောင်လာခဲ့သော သီရိလင်္ကာ ဒုက္ခသည်များသည် အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်တွင် ရပ်နား၍ အင်ဒိုနီးရှားနိုင်ငံ၏ အမိန့်ကို စောင့်ဆိုင်းလျက်ရှိကြသည်။ ဒုက္ခသည်များက သြစတြေးလျနိုင်ငံသို့ လွတ်လပ်စွာ သွားရောက်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။ တောင်းဆိုချက် မရမချင်း လှေပေါ်မှ ဆင်းရန် ငြင်းဆန်ခဲ့ကြသည်။ သြစတြေးလျအစိုးရက တစုံတရာ ဝေဖန်ပြောဆိုခြင်း မရှိပေ။ ယခုအခါ အင်ဒိုနီးရှားအစိုးရနှင့် ဒုက္ခသည်များအကြား ဆွေးနွေး ညှိနှိုင်းပြီးဖြစ်၍ နိုင်ငံအလယ်ပိုင်း တစ်နေရာရှိ ထိန်းသိမ်း စောင့်ရှောက် ရေးစခန်းသို့ ဒုက္ခသည်များအား ခေါ်ဆောင်သွားပြီဖြစ်သည်။ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်၍ ထိုက်တန်သူများကို ဒုက္ခသည် အဆင့်အ တန်း သတ်မှတ်ပေးမည် ဖြစ်သည်။ ကျန်လူများကို နိုင်ငံ၏ နေရာ အနှံ့အပြားတွင် နေရာချထားပေးမည် ဖြစ်ကြောင်း သိရှိသည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:58 pm

ချင်ဟိုင် ငလျင်အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပပြုလုပ်
Thursday, April 22, 2010 8:00 PM

တရုတ်နိုင်ငံ ချင်ဟိုင်ပြည်နယ် ဂျေဂူးမြို့အနီးတွင် ဗဟိုပြု၍ လှုပ်ခတ်သွားသော ငလျင်ကြောင့် သေဆုံးသွားသူ ၂၀၀၀ ကျော်တို့အတွက် ၀မ်း နည်းခြင်း အထိမ်းအမှတ်ပွဲကို ယမန်နေ့က နိုင်ငံတ၀ှမ်းတွင် ပြုလုပ် ကျင်းပကြသည်။ ဖျော်ဖြေရေး အစီအစဉ်များဖြစ်သော TV Channel များ၊ ရုပ်ရှင်ရုံများ၊ ကာရာအိုကေများနှင့် ရုပ်ရှင် ၀က်ဆိုက်များအားလုံးကို တစ်နေ့တာ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ငလျင်ကြောင့် လူ ၁၇၅ ဦး ပျောက်ဆုံးနေပြီးလျှင် ၁၂၀၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြသည်။ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။ ကယ်ဆယ်ရေး ပစ္စည်းများ အနယ်နယ်အရပ်ရပ်မှ စုပြုံဝင်ရောက်လျက် ရှိသည်။ ယမန်နေ့က အပျက်အစီးများအောက်တွင် တပတ်ကြာ ပိတ်မိနေသော လူသုံး ဦးကို ကယ်ထုတ်နိုင်ခဲ့သဖြင့် ကယ်ဆယ်ရေး လုပ်သားများက အားတက်သရော တူးဖော်လျက်ရှိကြသည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 12:59 pm

နီပေါ တောင်တက်အဖွဲ့က ဧ၀ရတ် တောင်ပေါ်ရှိ အမှိုက်များနှင့် ရုပ်အလောင်းများအား ရှင်းလင်းရန် ခရီးထွက်
Friday, April 23, 2010 8:00 PM

နီပေါနိုင်ငံရှိ တောင်တက် အဖွဲ့တစ်ဖွဲ့သည် ဧ၀ရတ်တောင်ပေါ်ရှိ အမှိုက်များအား ရှင်းလင်းရန်နှင့် သေဆုံးသွားသော တောင်တက်သမားတို့၏ ရုပ်အလောင်းများအား ပြန်လည် သယ်ယူရန်အတွက် ဧ၀ရတ်တောင်ပေါ်သို့ တက်ရောက်ရန် စီစဉ်လျက်ရှိကြသည်။ အမြင့် ၈၀၀၀ မီတာာရှိ ရုပ် အလောင်းတို့အား ပြန်လည် ရယူရန်မှာ ဖြစ်နိုင်ချေ အရမ်းနည်းသည်ဟု ၁၉၉၆ ခုနှစ်က ဧ၀ရတ် တောင်ပေါ်တွင် သေဆုံးသွားသော နယူးဇီလန် တောင်တက်သမား၏ အမျိုးသမီးဖြစ်သူက ဆိုသည်။ ယင်းခရီးစဉ်အား ယခုသီတင်းပတ် အကုန်တွင် နီပေါနိုင်ငံ မြို့တော် Kathmandu မှ စတင် ထွက်ခွာမည် ဖြစ်ပြီး မေ ၁ ရက်နေ့တွင် ဧ၀ရတ်တောင်၏ အမြင့် ၈၀၀၀ မီတာရှိ South Col နေရာသို့ ရောက်ရှိမည်ဟု မျှော်လင့်ရသည်။ သူမ၏ အမျိုးသားသည် ဧ၀ရတ်တောင်ပေါ်တွင် သေဆုံးရန် လုံးဝဆန္ဒ မရှိခဲ့သလို သူ၏ ရုပ်အလောင်းအား ခြားလူများ အန္တရာယ်နှင့် ရင်း၍ ပြန်လည် ရယူရန်လည်း ဆန္ဒရှိလိမ့်မည် မဟုတ်ဟု သူမက ဆိုသည်။ အကယ်၍ ရုပ်အလောင်း ပြန်လည် ရရှိမည်ဆိုလျှင်လည်း မိသားစုများမှ ပြန်လည် လက်ခံပြီး နုတ်ဆက်ပွဲ ပြုလုပ်ပေးရန် အသင့်ရှိကြကြောင်း သူမကဆိုသည်။ လေထုနည်းပါးမှုနှင့် ပုံမှန် မဟုတ်သော ရာသီဥတု အခြေအနေ တို့ ကြောင့် အန္တရာယ်ဇုံဟု ထင်ရှားသော အမြင့် ၈၀၀၀ မီတာတွင် အလုပ်လုပ်ကြရမည့် ယင်း တောင်တက်သမားများသည် အနည်းဆုံး တောင် တက်သမားနှစ်ဦး၏ ရုပ်အလောင်းအား ပြန်လည် ရယူပေးနိုင်မည်ဟု မျှော်လင့်နေကြသည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 1:00 pm

လူလိုက်ပါခြင်း မရှိသည့် အာကာသယာဉ် US လေတပ် လွှတ်တင်
Friday, April 23, 2010 8:00 PM

ကြာသပတေးနေ့က အမေရိကန်လေတပ်က ပတ်လမ်းကြောင်း အနိမ့်တွင် ကိုးလကြာ ပျံသန်းမည့် လူလိုက်ပါခြင်းမရှိသော အာကာသယာဉ် Space Plane အား ကြာသပတေးနေ့ ညက ဖလော်ရီဒါ လေတပ်စခန်းမှ လွှတ်တင်လိုက်သည်ဟု သိရသည်။ ထိုပရောဂျက်အား နာဆာမှ ၁၉၉၉ ခုနှစ် ကစတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ပင်တဂွန်သို့ လွှဲပြောင်းပေးခဲ့သည်။ Space Plane အားဘိုးအင်း ကုမ္ပဏီမှ တည် ဆောက် ပေးခြင်း ဖြစ်ပြီး ၉ မီတာအရှည်နှင့် တောင်ပံအကျယ် ၄.၅ မီတာရှိသည်။ ယခုလွှတ်တင်မှု အောင်မြင်ခဲ့လျှင် နောက်ထပ် လွှတ်တင်မှု အား 2011 ခုနှစ်တွင် ထပ်မံပြုလုပ်ရန် စီစဉ်ထားသည်။ (ဆင်ဟွာ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 1:00 pm

ထိုင်းနိုင်ငံ ဆန္ဒပြပွဲများအတွင်း ပေါက်ကွဲမှုများ ဖြစ်ပွား
Friday, April 23, 2010 8:00 PM

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရ သည်။ ယင်း ပေါက်ကွဲမှုများသည် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အဖွဲ့များရှိရာ စခန်းမှ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု ဒုတိယ၀န်ကြီးချုပ်က ဆို သည်။ မြို့တော်အတွင်း ဆန္ဒပြသူများနှင့် ရဲသားများအကြား တင်းမာမှု ပြင်းထန်လာနေချိန်တွင် ယင်း ပေါက်ကွဲမှုများ ဖြစ်ပွားရခြင်း ဖြစ်သည်။ ဗုံး ပစ်ခတ်မှုသည် M-79 လက်နက်ဖြင့် ရှပ်အင်္ကျီ အနီဝတ် ဆန္ဒပြသူများ စခန်းချရာ King Rama VI Monument နောက်ဘက်မှ ထွက်လာခြင်း ဖြစ်သည်။ သို့သော် အနီဝတ်အဖွဲ့ခေါင်းဆောင်များက ထိုပေါက်ကွဲမှုအတွက် ငြင်းဆိုထားသည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 1:01 pm

ဖိလစ်ပိုင်တွင် ကုန်တင် လေယာဉ်တစ်စီး ပျက်ကျ
Friday, April 23, 2010 8:00 PM

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ၏ မြောက်ဘက်ကီလိုမီတာ ၉၀ ခန့် အကွာရှိ စပါးခင်းထဲသို့ ရုရှနိုင်ငံထုတ် ကုန်တင်လေယာဉ်တစ်စီး ပျက်ကျမှု ဖြစ်ပွားခဲ့ရာ လိုက်ပါလာသူ နိုင်ငံခြားသား ၃ ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသည်ဟု အာဏာပိုင်များက ကြာသပတေးနေ့က ထုတ်ဖော် ပြောဆို သည်။ အင်ဂျင်လေးလုံးတပ် Antonov 12 လေယာဉ်သည် မက္ကဆီကိုမြို့အနီးရှိ Diosdado Macapagal အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်း သက်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး လျှပ်စစ်ပြဿနာဖြစ်၍ မီးလောင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ် ကိုယ်ထည် နှစ်ပိုင်းကျိုးကာ မီးလောင် ပျက်စီးခဲ့သည်။ အသက်ရှင် ကျန်ရစ်သူ ရုရှလူမျိုး သုံးဦးအား ကယ်ဆယ်ရေးသမားများနှင့် ရွာသားများက လေယာဉ်တွင်းမှ ကယ်ထုတ် ပေးခဲ့ ကြသည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ EmptySun Apr 25, 2010 1:02 pm

အီရတ်နိုင်ငံရှီ အိုက်ဗလီများတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား
Saturday, April 24, 2010 8:00 PM

လွန်ခဲ့သော သောကြာနေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ရှီအိုက်ဗလီကျောင်းများ၌ ကားဗုံးပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားခဲ့ရာ လူ(၅၈)ဦး သေဆုံး ၍ (၁၀၀)ကျော် ဒဏ်ရာ ရရှိခဲ့သည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်းက အီရတ်အစိုးရက အယ်ကေးဒါးအဖွဲ့သည် အီရတ်နိုင်ငံတွင် ဆောက်တည် ရာမရ ပြေးလွှားနေရသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ လွန်ခဲ့သော (၂)လနီးပါးက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီများ အနေဖြင့် အစိုးရ ဖွဲ့စည်းရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။ သောကြာနေ့က ရှီးအိုက်ခေါင်းဆောင် အယ်ဆာဒါး၏ ဆားဒါးမြို့တွင် ဗုံး(၂)လုံး ပေါက်ကွဲ၍ (၅၆)ယောက် ဒဏ်ရာ ရရှိခဲ့သည်။ ဒုတိယဗုံးသည် လူစည်ကားသော ဈေးအတွင်းတွင် ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ဆားဒါးအဖွဲ့ မှ ၄င်းတို့၏ မာဒီတပ်ဖွဲ့အား တပ်လှန့်၍ ရှီးဟိုက်ဗလီများအား အထူး ကာကွယ်ကြရန် နိုးဆော်ထားသည်။ (အေအက်ဖ်ပီ)
Back to top Go down
http://www.hapmalaysia.net
Sponsored content





ကမ္ဘာ့သတင်းများ Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ Empty

Back to top Go down
 
ကမ္ဘာ့သတင်းများ
Back to top 
Page 1 of 2Go to page : 1, 2  Next

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: NEWS (သတင်းများ) :: ကမ္ဘာ့သတင်းများ-
Jump to: