HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeကမ္ဘာ့သတင်းများ - Page 2 I_icon_mini_portalLatest imagesSearchRegisterLog in

 

 ကမ္ဘာ့သတင်းများ

Go down 
2 posters
Go to page : Previous  1, 2
AuthorMessage
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ - Page 2 Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ - Page 2 EmptySun Apr 25, 2010 1:02 pm

ထိုင်းစစ်တပ်နှင့် ဆန္ဒပြသမားများက ငြိမ်းချမ်းရေးအတွက် အသီးသီး အဆိုပြု
Saturday, April 24, 2010 8:00 PM

ကမ္ဘာအရပ်ရပ်မှ အစိုးရများက ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းကို အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေး ဖြေရှင်းကြရန် တိုက်တွန်း ပြောဆို လျက်ရှိကြသည်။ ထို့ကြောင့် ထိုင်းစစ်ဘက်နှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများသည် သောကြာနေ့က ပြဿနာ ဖြေရှင်းနိုင်မည့် အဆိုပြု ချက်များကို အသီးသီးထုတ်ဖေါ်လာကြသည်။ ထိုင်းစစ်တပ်အကြီးအကဲ ပေါင်ချင်တာက လက်ရှိပြဿနာကို အင်အားသုံး ဖြေရှင်း၍ မရနိုင်ကြောင်း၊ အင်အားသုံးခြင်းဖြင့် ဆိုးကျိုးများသာ ဖြစ်ပေါ်နိုင်ကြောင်း၊ လုံခြုံရေး အစည်းအဝေးတစ်ခုတွင် ထုတ်ဖေါ် ပြောဆိုသည်။ ထို နည်းတူစွာ ဆန္ဒပြသမားများ၏ ခေါင်းဆောင် မူဆီကပေါင်က လက်ရှိ အကြပ်အတည်းမှ ထွက်မြောက်နိုင်ရန် လာမည့် သုံးလအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရန် လိုသည်ဟု ထုတ်ဖေါ် ပြောဆိုခဲ့သည်။ ၄င်း၏စောစောပိုင်း တောင်းဆိုချက်တွင် ရွေးကောက်ပွဲများကို ချက်ချင်း ပြုလုပ် ပေးရမည်ဟု ပါရှိနေသည်။ (အေအက်ဖ်ပီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ - Page 2 Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ - Page 2 EmptySun Apr 25, 2010 1:03 pm

မြောက်ကိုရီးယား ကွန်ကန်တောင်ပေါ် အပန်းဖြေစခန်းရှိ အဆောက်အဦများအား သိမ်းဆည်း
Saturday, April 24, 2010 8:00 PM

မြောက်ကိုရီးယားနိုင်ငံသည်၎င်း၏ တောင်ပေါ် အပန်းဖြေစခန်းတွင် တောင်ကိုရီးယားမှ လာရောက် ရင်းနှီးမြှုပ်နှံထားသော အဆောက်အဦများ ကို သိမ်းဆည်း လိုက်ကြောင်း သောကြာနေ့က ထုတ်ပြန်ကြေညာသည်။ တောင်ကိုရီးယားသည် ၄င်း၏ စစ်သင်္ဘောတစ်စင်း နစ်မြှုပ်ခဲ့သည်ကို အကြောင်းပြ၍ နယ်စပ်ဖြတ်ကျော် သွားလာမှုတွင် တင်းမာမှုများ တိုးပွားအောင် ပြုလုပ်ခဲ့သည်ဟု စွတ်စွဲ ပြောကြားခဲ့သည်။ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြှုပ်မှုတွင် မြောက်ကိုရီးယားနိုင်ငံ၌ တာဝန် မရှိကြောင်း ငြင်းဆို ပြောကြားသည်။ လွန်ခဲ့သော အပတ်က အပန်းဖြေစခန်းရှိ အဆောက်အဦများကို ချိတ်ပိတ်ပြီးလျှင် တာဝန်ရှိသူများအား နိုင်ငံမှနှင်ထုတ်ခဲ့သည်။ နောက်ထပ်ကျန်ရှိနေသော တောင်ကိုရီးယားပိုင် ပစ္စည်း များကိုလည်း ထိန်းချုပ်သွားမည်ဟု ပြောဆိုသည်။ (အေအက်ဖ်ပီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ - Page 2 Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ - Page 2 EmptyMon Apr 26, 2010 8:53 am

ဆူဒန်နိုင်ငံ တောင်ပိုင်းတွင် တိုက်ခိုက်မှုများ ဖြစ်ပွား
Monday, April 26, 2010 8:00 PM

ဆူဒန်နိုင်ငံ ဒါဖူးလ်ဒေသတွင် ရီဇီဂတ် မျိုးနွယ်စုမှ မွေးမြူရေးသမားများသည် သောကြာနေ့က ဆူဒန်တောင်ပိုင်း နယ်စပ်အနီးတွင် တိရစ္ဆာန်များ အတွက် စားကျက်သစ်များ ရှာဖွေနေစဉ် အစိုးရတပ်ဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်သဖြင့် မျိုးနွယ်စုဝင် ၅၅ ဦး သေဆုံးခဲ့သည်ဟု သက်ဆိုင်ရာမှ ထုတ်ဖော် ပြောဆိုသည်။ ထိုနည်းတူ တနင်္ဂနွေနေ့ကလည်း မြောက်ပိုင်းမှ အစိုးရတပ်ဖွဲ့များသည် လူမျိုးစုအဖွဲ့ဝင်များအား ထပ်မံ တိုက်ခိုက်မှု ပြု လုပ်ခဲ့သည်ဟု ဆိုသည်။ ဆူဒန်နိုင်ငံတွင် ၂၄ နှစ်တာ ကာလအတွင်း ကျင်းပပြုလုပ်ခဲ့သော ပါတီစုံရွေးကောက်ပွဲများတွင် အနိုင်ရရှိသူများ စာရင်း ကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း နိုင်ငံမြောက်ပိုင်းတွင် လက်ရှိအာဏာရ အိုမာဘရှီးယား၏ ပါတီက ဦးဆောင်နေ၍ ဆူဒန် တောင်ပိုင်းတွင် ပြည်သူ့လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့က အာဏာကို ချုပ်ကိုင်ထားဆဲဖြစ်သည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ - Page 2 Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ - Page 2 EmptyMon Apr 26, 2010 8:53 am

ငှက်ပျောသီးအရက်ကြောင့် ယူဂမ်ဒါတွင် လူ ၈၀ ကျော်သေဆုံး
Monday, April 26, 2010 8:00 PM

ယူဂမ်ဒါနိုင်ငံတွင် ငှက်ပျောသီးမှ ထုတ်လုပ်သော ၀ါရာဂီ အမည်ရှိ ဂျင်အရက်ကို တရားမ၀င်သောက်သုံးကြသဖြင့် လွန်ခဲ့သော ရက်သတ္တ သုံး ပတ်အတွင်း ကာဘာလေးခရိုင်တွင် လူ ၈၀ ကျော် သေဆုံးခဲ့သည်ဟု ကျန်းမာရေး အရာရှိများက ထုတ်ဖော်ပြောဆိုသည်။ လူအများစုသည် စက် မှုနည်းပညာဖြင့် ထုတ်လုပ်သော အဆင့်အတန်းမြင့် အရက်သေစာကို မသောက်သုံးနိုင်သဖြင့် ဈေးပေါသော ၀ါရာဂီအရက်ကိုသာ သုံးစွဲကြရ သည်။ ထို့ကြောင့် နိုင်ငံတွင်းတွင် အရက်အဆိပ်သင့်၍ သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ ယင်းသို့ အဆိပ်သင့်သောအခါ အသဲနှင့် ကျောက်ကပ်ကို ထိခိုက်၍ မျက်စိကွယ်ပြီးလျှင် နောက်ဆုံး သေဆုံးကြရသည်။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ - Page 2 Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ - Page 2 EmptyMon Apr 26, 2010 8:54 am

ရေနံယိုဖိတ်မှုကြောင့် လူဝီဇီယားနား ကမ်းခြေတလျှောက် အထူးစိုးရိမ်နေရ
Monday, April 26, 2010 8:00 PM

အမေရိကန်နိုင်ငံ မက္ကဆီကိုပင်လယ်ကွေ့တွင် ရေနံစမ်းသပ်တူးဖော်နေသော ဘီပီကုမ္ပဏီ Deep Water Horizon ရေနံတူးစင်သည် ပေါက်ကွဲ မီးလောင် ပြီးနောက် ကြာသပတေးနေ့က ရေအောက်သို့ လုံးဝ နစ်မြုပ်သွားခဲ့သည်။ ၎င်းတွင်းတူးစင်မှ တစ်နေ့လျှင် ရေနံစိမ်း စည် ၁၀၀၀ ခန့် ပင် လယ်တွင်းသို့ ယိုဖိတ်လျက်ရှိသည်။ ယခုလောလောဆယ်တွင် လေပြင်းများ ကမ်းခြေမှ အဝေးသို့ တိုက်ခတ်နေသဖြင့် ဆီပြင်ကြီးသည် ကမ်း ခြေသို့ ရောက်ရှိ မလာသေးသော်လည်း ကမ်းခြေတလျှောက်ရှိ အပန်းဖြေသောင်ပြင်များ၊ သန္တာကျွန်းများနှင့် စိမ့်မြေများအတွင်းသို့ ၀င်ရောက် ဖျက်ဆီးမည့် အန္တရာယ် ရှိနေခဲ့သည်။ ဆီပြင်ကြီးသည် ၅၈၀ စတုရန်းမိုင်ခန့် ကျယ်ဝန်းလေသည်။ ဘီပီကုမ္ပဏီက စက်ရုပ် ရေငုပ်သင်္ဘောများ သုံး၍ ဆီပြင်ကြီးကို ပျက်ပျယ်သွားရန် ကြိုးစားလျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် ရေယာဉ်ပေါင်း ၃၀ နှင့် လေယာဉ်အများအပြား အသုံးပြု၍ ရေနံ အရည်ပျော်ဆေးများ ဖျန်းပက်လျက်ရှိသည်။ ၎င်းဆီပြင်ကြီးသည် အခဲအဖြစ်သို့ ရောက်ရှိပြီးလျှင် သမုဒ္ဒရာကြမ်းပြင်သို့ ကျဆင်းသွားမည် ဖြစ် သည်။ ပျောက်ဆုံးနေသော လုပ်သား ၁၁ ဦးကိုမူ ယခုတိုင် ရှာဖွေမရသေးချေ။ (ဘီဘီစီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ - Page 2 Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ - Page 2 EmptyMon Apr 26, 2010 8:55 am

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် သဲမုန်တိုင်း တိုက်ခတ်မှုကြောင့် သုံးဦး သေဆုံး
Monday, April 26, 2010 8:00 PM

တရုတ်နိုင်ငံ အနောက်မြောက်ဘက်ပိုင်းတွင် သဲမုန်တိုင်းကျရောက်သဖြင့် လူသုံးဦး သေဆုံး၊ တစ်ဦးပျောက်ဆုံးလျက်ရှိပြီး ပတ်ဝန်းကျင် တစ်ခု လုံး လုံးဝ ပိန်းပိတ်မှောင်လျက် ရှိနေသည်။ ရာသီဥတုသည် အေးမြလျက်ရှိပြီး သဲမုန်တိုင်းသည် တနင်္လာနေ့အထိ ဆက်လက် ဖြစ်တည် နေဦး မည်ဟု ယူဆရသည်။ သဲမုန်တိုင်းသည် ပူပြင်းခြောက်သွေ့သော တရုတ်နိုင်ငံ မြောက်ပိုင်းသို့ နှစ်စဉ် နွေဦးတွင် တိုက်ခတ်မြဲ ဖြစ်သည်။ သဲမိုး တိမ်ကြီးသည် တရုတ်ပြည်မှ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ တို့အထိအပြင် အမေရိကန်နိုင်ငံအထိ ခြေဆန့်နိုင်ဖွယ်ရှိသည်ဟု သိရသည်။ သစ်တော ပြုန်းတီးခြင်း၊ မိုးခေါင်ခြင်း၊ တိရစ္ဆာန်များ နည်းပါးလာခြင်းနှင့် ကန္တရဧရိယာ တိုးပွားလာခြင်းတို့ကြောင့် သဲမုန်တိုင်းများ ဖြစ်ပေါ်လာရ သည်ဟု သိပ္ပံပညာရှင်များက ပြစ်တင် ပြောဆိုသည်။ (အေအက်ဖ်ပီ)
Back to top Go down
http://www.hapmalaysia.net
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကမ္ဘာ့သတင်းများ - Page 2 Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ - Page 2 EmptyMon Apr 26, 2010 8:55 am

ဖိလစ်ပိုင်နိုင်ငံ ပျံကျဒေသတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား
Monday, April 26, 2010 8:00 PM

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၊ ဆင်ဖြေဖုန်းဒေသရှိ ပျံကျနေရာတစ်ခုတွင် မီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားရာ နေအိမ်ပေါင်း ၆၀၀ ကျော်ပြာကျခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ခဲ့ရသည်။ သေဆုံးပျက်စီးမှု သတင်းကို အတိအကျ မရသေးပေ။ မီးခိုးများဖြင့် ပိန်းပိတ်နေ သောကြောင့် အခင်းဖြစ်ရာ ဒေသတွင်းသို့ တိုးဝင်ရန် မလွယ်ကူလှချေ။ မီးသည် နေ့ခင်းမှစတင်၍ ညဘက်အထိ လောင်ကျွမ်းနေခြင်း ဖြစ်သဖြင့် အဓိက လမ်းမကြီးများသည် မီးသတ်ကားများကြောင့် ပိတ်သွားခဲ့ရသည်။ မည်သည့် အကြောင်းကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ရသည်ကို မသိရ သေးပေ။ မနီလာမြို့ရှိ ဆင်ခြေဖုန်းဒေသတွင် အိမ်များသည် သစ်သားများနှင့် ဆောက်လုပ်ထားပြီး တစ်အိမ်နှင့်တစ်အိမ် အလွန်နီးကပ်စွာ တည်ရှိ နေသောကြောင့် မီးလောင်ကျွမ်းရန် အလွန်လွယ်ကူပေသည်။ (အေအက်ဖ်ပီ)
Back to top Go down
http://www.hapmalaysia.net
Sponsored content





ကမ္ဘာ့သတင်းများ - Page 2 Empty
PostSubject: Re: ကမ္ဘာ့သတင်းများ   ကမ္ဘာ့သတင်းများ - Page 2 Empty

Back to top Go down
 
ကမ္ဘာ့သတင်းများ
Back to top 
Page 2 of 2Go to page : Previous  1, 2

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: NEWS (သတင်းများ) :: ကမ္ဘာ့သတင်းများ-
Jump to: