HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
HomeCracks များ နှင့် Cracker ဆိုသည်မှာ I_icon_mini_portalLatest imagesSearchRegisterLog in

 

 Cracks များ နှင့် Cracker ဆိုသည်မှာ

Go down 
AuthorMessage
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

Cracks များ နှင့် Cracker ဆိုသည်မှာ Empty
PostSubject: Cracks များ နှင့် Cracker ဆိုသည်မှာ   Cracks များ နှင့် Cracker ဆိုသည်မှာ EmptyTue Mar 30, 2010 12:28 pm

Cracks တွေဆိုတာ Independent (လွပ်လပ်သော) reverse engineers များ (သို့) Crackers များကဖန်တီးထားတဲ့ Program သေးသေးလေးတွေပါတဲ့ ။ များသောအားဖြင့် Cracks တွေဟာ Software တွေရဲ့ ကန့်သတ်မှူ့တွေကို ဖယ်ထုတ်ဖို့၊ ပြုပြင်ဖို့ ဒါမှမဟုတ် ပိတ်ပြစ်ဖို့ ဖန်တီးထားတာပါ ။software protection တွေပေါ့ ။ ဘာလို့ software protection တွေချထားရလဲ ? ရှင်းပါတယ် သူတို့ တွေကိုအလကားပေးမသုံးစေချင်တာပေါ့ ။ (ကျနော်တို့ကလဲအလကားဆို အရမ်းကြိုက်ပဲဗျ ။ ဟီး ဟီး )

Software တွေကို unauthorized use ဘေးကနေကာကွယ်ဖို့ ဒီနည်းတွေကိုသုံးပါသတဲ့

Time limit - (shareware) ကြေငြာတဲ့ သဘောလဲပါပါလိမ့်မယ် ။Software ကိုအချိန်အတိုင်းတာ တခုအထိပဲပေးသုံးပြီး အချိန်စေ့တာနဲ့ ပိုက်ပိုက်ပေးပြီး Register လုပ်ခိုင်းပါတယ် ။

Demo limit - (shareware) - ဒါကတော့ Software ရဲ့ features တချို့ကိုပဲ enable ပေးထားပြီးတော့ တကယ်တမ်း မိုက်တဲ့ features တွေကိုပိတ်ထားပါတယ် ။ အဲ့ဒါတွေသုံးချင်ရင် ဝယ်ဆိုတဲ့သဘောပေါ့ ။ (ကျနော် အဲ့ဒါကို အရမ်းစိတ်တိုတာ ။ ဆန့်တငင်ငင် လုပ်ထားလို့းP )

Usage limit - (shareware) သူကကြတော့ တမျိုး အကုန်လုံးသုံးလို့တော့ရတယ် ။ ဒါပေမဲ့ အရေအတွက် လုပ်ထားတယ် ။ Software ကို ဘယ်နှကြိမ်ပဲ run ရအောင်တို့ ၊ ဘယ်နှ ခေါက်ပဲ save မှတ်လို့ရအောင်တို့ အဲ့လိုပေါ့။

Copy protection - (retail software) ဒီဟာမျိုးကြတော့ Mp3 mp4 players တို့ digital camera တို့ မှာပါတဲ့ Cds DVDs တွေထဲက Softwares တွေမှာတွေ့ရတတ်ပါတယ်။ သူကတော့ CDs တွေကနေ ကူးပြီးတော့ စက်အများကြီးမှာ သုံးလို့မရအောင်တားတဲ့သဘောပေါ့။

Disc protection - (games) ဒီကောင်ကတော့ Games တွေမှာ အဓိကပါတာပါ ။Game ကိုကစားဖို့ သူ့ရဲ့ Original CDs ကိုရှိမှရမဲ့ သဘောပါ။

Dongle protection - (different) Dongle လို့ခေါ်တဲ့ encryption device တွေအတွက်ပါ ။ သူကြတော့ အဲ့ဒီ သက်ဆိုင်ရာ device ကို ကို့ PC မှာတပ်လိုက်မှ ကိုပေးသုံးပါသတဲ့ ။ ဒါတွေကတော့ Software Productions တွေက သူတို့ရဲ့ Softwares တွေကိုကာတဲ့နည်းတွေပေါ့ ။တခြားဟာတွေလည်းရှိသေးတယ် လို့ဆိုပါတယ်။

ကဲ ဒီတခါတော့ ကျနော်တို့ အကြိုက်တွေလာပြီပေါ့ ဗျားP Cracks အမျိုးအစားတွေပါ ။


Serial codes (serials) ဒါကိုတော့ တော်တော်များများ သိပြီးသားနေမှာပါ ။ Crackers တွေက Reverse Engineering နည်းနာသရ တွေအတိုင်း registration algorithm (လုပ်နည်းစနစ်) တွေဘယ်လိုအလုပ်လုပ်တယ် Serials တွေကိုဘယ်လို generate လုပ်တယ် ဆိုတာကိုနားလည်အောင်လုပ်ပြီးမှ Serials တွေကို ထုတ်လုပ်ပါသတဲ့ ။Non-crackers တွေကတော့ Own user တွေစီကနေ ခိုးရင်ခိုး ဒါမှမဟုတ် Credits cards အတုတွေနဲ့ Software ကိုဝယ်ပြီးတော့ Serial ကို Internet ပေါ်မှာဖြန့်ပါသတဲ့ ။ သူတို့ဆိုချင်တာ အဲ့ဒါ Crackers တွေနဲ့မဆိုင်ဘူးပေါ့ Non-Crackers တွေသာအဲ့လိုလုပ်တယ်ပေါ့ ။ ဂလို ဂလို ။

Registration files (regfiles or keyfiles). သဘောတရားကတော့ Serials လိုပါပဲတဲ့ ။ ဒါပေမဲ့ သူကပိုခက်တယ်ပြောတယ် ။ ဒီကောင်ကို Create လုပ်မဲ့ Crackers တယောက်ဟာ Keyfile generation ရဲ့လုပ်နည်းစနစ်ကိုနားလည်တတ်ကျွမ်းမှဖြစ်မှာပါတဲ့ ။

Serial generators (keygenerators, keymakers, keygens). ဒီတခု ကပိုခက်တယ် ဆိုပြန်ရော ။ Serial Code generation လမ်းစဉ်ကို လုံးဝနားလည်တဲ့ Cracker တယောက်မှရမှာပါ တဲ့ ။ တခါတလေ Keygen တခုရဖို့ တပတ်လောက်အချိန်ယူရပါသတဲ့ ။ အဲ ရသွားပြန်ရင်လည်း Software Production က ဒီ အကြောင်းသိသွားလို့ Software ရဲ့ Serial generate လုပ်တဲ့ လမ်းစဉ်ကို ပြောင်းလိုက်ပြန်ရင်လည်း တိုင်ပတ်ကြရပါသတဲ့ ။

Patches. ဒီတခုကတော့ အသုံးများတဲ့ နည်းပေါ့ ။ Patches တွေက Software ရဲ့ Registration တွေ Protection တွေ ကို ဖယ်ထုတ်ပြစ် ဒါမှမဟုတ် ပြုပြင်ပြစ်တဲ့ အလုပ်ကိုလုပ်ပါတယ် ။Patches တွေဟာ Assembler programming language ကိုနှံ့နှံ့စပ်စပ် သိရှိမှူ့နဲ့ Reverse Engineering ကောင်းမွန်တဲ့ skill တို့ရဲ့ ပေါင်းစပ်မှူ့ ရလဒ် လို့ဆိုပါတယ်။ Patches တွေရဲ့ အားနဲချက်တခုကတော့ ရေးတဲ့ cracker ဟာ အတွေ့အကြုံသိပ်မရှိတာပဲဖြစ်ဖြစ် ၊ သိပ်မတတ်သေးတာကြောင့်ပဲဖြစ်ဖြစ်ပေါ့ အဲ့ဒါ ဆို Patch ဟာ Software ရဲ့ normal function binary codes တွေကိုပြောင်း မိပြီး software ဟာပုံမှန်အလုပ်မလုပ်တော့တာတွေ ဖြစ်သွားနိုင်ပါသတဲ့ ။

Loaders. Loaders တွေဟာ Patches တွေကိုနဲနဲပြောင်းလဲထားတာတွေပါပဲ ။ ဒါပေမဲ့သူတို့တွေကတော့ Program run ပြီးတော့မှ Binary Code တွေကို modify လုပ်ပါသတဲ့ ။

Pre-cracked files ("cracked EXE"). ဒီကောင်ကတော့ cracker ကအဲ့ဒိ Software ရဲ့ အစိပ်အပိုင်းတခုကိုပဲ ပြန်လည်ပြောင်းလဲထားတာပါ ။ Cracked EXE တွေဟာ Softwares တွေနဲ့ အစဉ်အပြေဆုံး လို့ဆိုပါတယ် ။သူ့ကို Program က လုံးဝနီးနီး counter မလုပ်ဘူးလို့ဆိုပါတယ်။ ကဲ ဒါပါပဲ ဗျာ ။ သိလို့တတ်လို့တော့မဟုတ်ပါဘူးဗျာ ။ ဖတ်ဖူးတာလေးကို ပြန်လည်မျှဝေတာပါ။
Refer from http://www.cracks.am/howto.html
Back to top Go down
http://www.hapmalaysia.net
 
Cracks များ နှင့် Cracker ဆိုသည်မှာ
Back to top 
Page 1 of 1
 Similar topics
-
» အဟ်လေ့ကုရ်အာန် ဆိုသည်မှာ.............

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: GENERAL ( ကွန်ပျူတာနှင့် အိုင်တီ ) :: SOFT WARESစောဖ်ဝဲများနှင့်ပတ်သက်၍ ဒီနေရာမှာ တင်ပြဆွေးနွေး မျှဝေနိုင်ကြပါတယ်-
Jump to: