အာဟ်လေ့ဟ်ကုရ်အာန်ဆိုတာက ဟိုအရင်က ကုရ်အာန်ကျမ်းတော်မြတ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ သူတော်စဉ် သူတော်ကောင်းများကို လူအများက
ခေါ်တဲ့နာမည်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခောတ်မှာ ရှိတဲ့ ဟဒိဆ်းလက်မခံတဲ့ အုပ်စုတွေ ဖွေကဟ်နဲ့သက္ကလိဒ်ကိုလက်မခံချင်တဲ့ အုပ်စုတွေက
သူတို့ကိုသူတို့ အာဟ်လေ့ကုရ်အာန်ပါဆိုပြိးနာမည်တပ်လိုက်ကြတယ်။ အမှန်တကယ်တော့ သူတို့တွေဟာကုရ်အာန်ရဲ့ အမိန်ကိုပဲနာခံကျင့်သုံးမယ်
ကျွေးကြော်နေပေမဲ့ သူတို့ရဲ့ လုပ်ရပ်နဲ့ အပြောတွေကတော့ ကုရ်အာန်ကိုဆန့်ကျင်နေတာပဲဖြစ်တယ်။
ကုရိအာန်ကိုကျွမ်းကျင်ဖို့ဝေးစွ ကုရ်အာန်၇ဲ့အနက်အဓိပ္ပာယ် ကိုနားလည်ဖို့ဝေးစွ ကုရ်အာန်ကိုတောင် မှန်မှန်ကန်ကန် သဂ်ျဝဒ်နဲ့ဖတ်နိုင်သူတွေကရှားတယ်။
တကယ်လို့များ ကုရ်အာန်ကို သူတို့နားလည် သဘောပေါက်အောင်လေ့လာမည် ဆိုပါက သူတို့တွေ နဗိတမန်တော်ရဲ့ နောက်ကိုဖ၀ါးခြေထပ်လိုက်ကြရမှာပေါ့။