HAPMALAYSIA CYBER FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.



 
Homeကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍) I_icon_mini_portalLatest imagesSearchRegisterLog in

 

 ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍)

Go down 
2 posters
AuthorMessage
Hay Shan




Posts : 11
Join date : 2010-03-25

ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍) Empty
PostSubject: ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍)   ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍) EmptyThu Apr 01, 2010 8:57 am

မွတ်စ်လင်မ်တစ်ဦး အနေဖြင့် မိမိဘ၀ ဆောက်တည်ရာတွင် ကဏ္ဍတိုင်းအတွက် လိုအပ်ချက်များကို ရှရီအသ် တရားတော်က ပြီးပြည့်စုံစွာ ရှင်းရှင်းလင်းလင်း တင်ပြထားပြီး ဖြစ်သည်။ ဥပမာ - လူမှုရေး၊ သာရေး၊ နာရေး၊ စာရိတ္တ၊ ၀တ်စားဆင်ယင်မှု၊ ပြောဆိုနေထိုင်မှု၊ အခမ်းအနားများတွင် ပါဝင်မှုခြင်း စသည့် ကဏ္ဍများနှင့် သက်ဆိုင်သော အမိန့်ပညတ်ချက်များကို အစ္စလာမ့် တရားတော်မြတ်က ရှင်းရှင်းလင်းလင်း တင်ပြထားပြီးဖြစ်လျှက် ယနေ့ ကျွန်ုပ်တို့သည် အလေးမထား လစ်လျူရှုနေကြသည်ကို ၀မ်းနည်းစွာ တွေ့မြင်နေရပါသည်။
မွတ်စ်လင်မ်တစ်ဦး အနေဖြင့် ဤသို့ အခြားဘာသာဝင်များ၏ ဓလေ့ ထုံးတမ်းစဉ်လာ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှု စသည်များကို အတုခိုးခြင်း ၊ ပုံတူကူးချ ခြင်း များ ပြုလုပ်ရန် မလိုအပ်ပေ။ ယခုအခါ မွတ်စ်လင်မ်အချို့သည် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလများတွင် ယင်းအခမ်းအနားများတွင် ပါဝင်နေကြောင်း ၀မ်းနည်းစွာတွေ့ရှိရပါသည်။ အဘယ့်ကြောင့် ဆိုသော် အစ္စလာမ်တို့အား အခြားသူတို့၏ ရိုးရာဓလေ့အရဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ ကျင်းပသော အခမ်းအနား များတွင်ပါဝင်ခြင်းမှ အထူးတလည် တားမြစ်ထားသောကြောင့် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်တွင် - - - - -
"ထိုမှ တစ်ပါး အသင်တို့သည် (မိမိတို့ကိုယ်ကို မိမိတို့ပင်)ညှင်းပန်းနှိပ်စက်ကြကုန်သော သူတို့အပေါ်ဝယ် ယုံကြည်စိတ်ချအားထားခြင်းမပြုကြကုန်လင့်၊ သို့(ယုံကြည်စိတ်ချအားထားကြ)ပါလျှင် အသင်တို့တွင် ငရဲမီး (ဘေး)သည် ထိရောက်ပေမည်။ထို့ပြင် အလ္လာဟ့်အရှင်မြတ်မှ အပ သင်တို့ အဖို့ မိတ်ဆွေမွန် တစ်ဦးတစ်ယောက်မျှပင်ရှိကြလိမ့်မည် မဟုတ်ပေ။ ထို့နောက် အသင်တို့သည် ကူညီ မှိုင်းမ ခြင်းကို လည်း ခံကြရမည် မဟုတ်ပေတကား" (စူရာဟ်ဟူးဒ် - 113)

` ကျူးကျော်စော်ကားသူတို့အား မှီခိုအားထားခြင်းမပြုရ`
အထက်တွင် စည်းကမ်းမကျူးလွန်ရန် တားမြစ်ထားတော်မူ၏။ ယခုအာယသ်တော်တွင် စည်းကမ်းကျူးလွန်လျက်ရှိသူများဘက်သို့ အနည်းငယ် စိုးစဉ်းမျှ မယိမ်းယိုင်မိကြရန် တားမြစ်ထားတော်မူသည်။ ယင်းစည်းကမ်း ကျူးလွန်လျက်ရှိသော သူများနှင့် ချစ်ခင်ရင်းနှီးမှု၊ ပေါင်းဖက်ဆက်ဆံမှု ၄င်းတို့အား အရိုအသေပေးမှု၊ ချီးမွန်းမှု၊ ၄င်းတို့နှင့်နေထိုင်ဝတ်စားဆင်ရာတွင် ဆင်တူမှု၊ ပူးပေါင်းဆောင်ရွက်မှု စသည့်ကိစ္စအားလုံးတို့တွင် တတ်စွမ်းနိုင်သမျှ ရှောင်ကြဉ်ကြရမည်။ သို့မဟုတ်ပါလျှင်ငရဲမီးသည် အသင်တို့ထံ သို့ ကူးစက်လာပေမည်။ ထိုအချိန်တွင် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှ တစ်ပါး ကူညီ ရိုင်းပင်းမည့် အဆွေခင်ပွန်းဟူ၍ တစ်ဦးတစ်ယောက်မှ ရှိမည်မဟုတ်ပေ။ တစ်စုံတစ်ရာ အကူအညီ လည်း အလျင်း ရရှိကြမည် မဟုတ်ပေ။ ထို့အတွက် ကြောင့် ယင်းကျူးကျော် လျက်ရှိကြသူများဘက်သို့ အလျင်း မယိမ်းယိုင်ကြရ။ ၄င်းတို့အားမှီခိုအားထားခြင်း အလျင်းမပြုကြရ။ (ကျမ်းမြတ် ကုရ်အာန် ဘာသာပြန်ကျမ်း ၊ စာ -1286၊ စူရာဟ်ဟူးဒ် ကဏ္ဍ၊ အာယသ် 113)

အို ညီနောင်မွတ်စလင်မ်အသင်သည်မိမိကိုယ်ကိုကာဖရ်များနှင့်အတူပြန်လည် ထစေရက်သလား

ထို့အတူ ဟဒီးစ်တော်မြတ်များတွင်လည်း အခြားလူမျိုးများ၏ ရိုးရာ ဓလေ့ ထုံးတမ်း ၊ ယဉ်ကျေးမှု စသည်တို့အား အတုခိုးခြင်း၊ ပုံတူခိုးခြင်း ကို ဟရာမ် (ပြုပိုင်ခွင့် မရှိသော လုပ်ရပ်) ဖြစ်ကြောင်းလာရှိပါသည်။ ဟဒီးစ်တော်တစ်ရပ်တွင် ----- အစ်ဗ်နို့အုမရ်(ရသွေ့) သခင်က တမန်တော်မြတ်(ဆွ) ၏ အမိန့်တော်ကို ဤသို့ ဆင့်ပြန်တော်မူပါသည်။ မည်သူမဆို လူမျိုးတစ်မျိုး၏ အတုကိုခိုးပြီး (ယင်းတို့ လုပ်ရပ်ကဲ့သို့လုပ်ဆောင်လျှင်)ထိုသူသည် ကေယာမသ် ကမ္ဘာ့ တရားခွင်နေ့တွင် မိမိ အတုခိုးခဲ့သောလူမျိုးတို့နှင့် အတူ ပြန်လည်ရှင်ထရမည် (အဗူဒါဝူးဒ်ကျမ်း စာ 559)

ဤဟဒီးစ်တော် အရ အစ္စလာမ် သာသနာ လမ်းညွှန်မှုမှ အပ အခြားဘာသာ ၀င်များနှင့် လူမျိုးတို့၏ လုပ်ရပ်နှင့် ဆင်တူအောင် ပြုလုပ်ခြင်းသည်ဟရာမ်ဖြစ်ကြောင်း ထင်ရှား၏။ ဤဟဒီးစ်တော် ကို ဆင့်ပြန်သော ဆွဟာဗာကြီး အစ်ဗ်နို့အုမရ်(ရသွေ့ဝ ကမူ အထက်ပါအတိုင်း ပြုလုပ်သူကို ကာဖရ် ဖြစ်ကြောင်း မိန့ထားပါသည်။ (မွတ်စ်ဆလင်မ် အများစု နေထိုင်ရာရပ်ကွက်/ကျေးရွာ တွင်နေထိုင်နိုင်ပါလျက်)မွတ်ရှရစ်က် များ၏ ပျော်ပွဲရွှင်ပွဲ များတွင် သွားရောက်ပါဝင်သူ/၄င်းတို့၏ နည်းစနစ်ထုံးတမ်းအစဉ်အလာများကို အတုခိုးပြီး ပြုလုပ်ဆောင်ရွက်သူသည် ကေယာမသ်နေ့ တွင် ထိုသူများနှင့် အတူပြန်လည် ရှင်ပြန်ထရမည်။

ပျော်ပွဲရွှင်ပွဲ ဟုဆိုရာတွင် ၄င်းတို့၏ ဘာသာရေးအရဖြစ်စေ၊ ထုံးတမ်းအစဉ်အလာအရ ဖြစ်စေ ပြုလုပ်သော အခမ်းအနားများ၊ ဘုရားပွဲများ၊ စတိတ်ရှိုး၊ သင်္ကြန်၊ သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ တပေါင်းပွဲ စသည်တို့အပြင် အချို့မွတ်စ်စလင်မ် များ တည်ခင်းသောမင်္ဂလာ ဧည့် ခံပွဲများ၊ မွေးနေ့ပွဲ၊ ကလေးကင်မွန်းတပ် ထမင်း ဖိတ်ကျွေးမွေးခြင်းစသော တရားတော်နှင့် ဆန့်ကျင်သည့် စုဝေးမှုအခမ်းအနားများ အားလုံးပါဝင်သည်။

=================================================================================
မွဖ်သီ အဗ်ဒွလ်ရဟီးမ်း နှင့် အခြားသော အာလင်မ်ပညာရှင်များ( မြစ်ငယ်ကျောင်း) မှ ထုတ်ဝေ သော စာစောင်တစ်ခုမှ


ယာအလ္လာဟ့် ကျနော် မျိုးမ တို့ အားလုံး အပေါ် ထိုပြစ်မှုဆိုးကြီးမှ ထိန်းသိမ်းတော်မူပါစေ။ (အာမီးန်)
Back to top Go down
hapmalaysia

hapmalaysia


Posts : 146
Join date : 2010-03-25
Age : 47
Location : မလေးရှား

ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍) Empty
PostSubject: Re: ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍)   ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍) EmptyWed Apr 28, 2010 2:49 am

မည်သူမဆို တစ်စုံတစ်ရာ မကောင်းမှုကို အနုမြူခန့်မှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (မိမိပြုကျင့်ခဲ့သော) မကောင်းမှုကိုတွေ့မြင်ရမည်သာတည်း။ (၉၉:၈)

လူတို့သည်ဂိုနာဟူသောအပြစ်ကျူးလွန်သည်ရှိသော် ပြစ်ဒဏ်ခံရမည်ကို သိကြပါသည်။ သို့သော်၎င်းပြစ်ဒဏ်ကို သေပြီးနောက်ပိုင်းမှသာခံစားရမည်ဟုထင်ကြပါသည်။ စင်စစ် ကျမ်းမြတ်ကုရ်အန်နှင့် ဟဒီးစ်တော်များအရဂိုနဟ်လုပ်လျှင်
ပြစ်ဒဏ်သည်လော်ကုတ္တရာတွင်သာမက လူတို့မသေမှီဤလောက၌လည်း မလွဲမသွေခံစားရမည်ဖြစ်ပါသည်။
လော်ကတွင်အပြစ်ဂိုနဟ်ကျူးလွန်ကြသောသူတို့ကြုံတွေ့နိုင်သည့် ပြစ်ဒဏ်၏လက္ခဏာများရှိပါသည် ။မိမိတို့အနေဖြင့်
၎င်းလက္ခဏာရပ်များကိုကြိုတင်သိထားလျှင် ပြစ်မှုကျူးလွန်ခြင်းကိုရှောင်ကျဉ်နိုင်ကြမည် ဖြစ်သည်။ ၄င်းတို့သည်စင်စစ်
လော်ကီလော်ကုတ္တရာ ခရီးအေးချမ်းသာယာစွာ လျှောက်လှမ်းနိုင်ရေးအတွက် အထောက်အကူပြုနိုင်သည့် ဆေးမှီးတိုများဖြစ်သည်ဟုသတ်မှတ်နိုင်ပါသည်။ ၄င်းလက္ခဏာများမှာ ...........


(၁) အသက်တိုခြင်း
(၂) စိတ်မသန့်ဖြစ်ခြင်း
(၃) ရိက္ခါရှားပါးခြင်း
(၄) ပညာမတတ်ဖြစ်ရခြင်း
(၅) ဦးနှောက်စွမ်းအားကျဆင်းလာခြင်း
(၆) အရှက်သိက္ခါ ကင်းကွာသွားခြင်း
(၇) စိတ်သောကအစဉ်ရောက်နေတတ်ခြင်း
(၈) အခက်အခဲပြသ်နာများ များပြားလာခြင်း
(၉) စိတ်နှင့်ခန္ဓာ အစိတ်အပိုင်းများ ချိနှဲ့မှုခံစားရခြင်း
(၁၀) အသျှင်မြတ်အား ကိုင်းရှိုင်းသည့်စိတ် ကုန်ခမ်းသွားခြင်း
(၁၁) အသျှင်မြတ်ထ့ပါးအခစားဝင်ရန်ကြောက်ရွံလာခြင်း
(၁၂) အသျှင်မြတ်ထံပါးဝယ် အလွန်နီမ့်ကျသူဖြစ်လာတတ်ခြင်း
(၁၃) ဂိုနဟ်လုပ်သူ၏လုပ်ငန်းများတွင်အမင်္ဂလာဖြစ်ပေါ်ခြင်း
(၁၄) အမှားဝန်ခံ သောင်ဗဟ်လုပ်ရန် အခွင့်အရေးမရတတ်ခြင်း
(၁၅) အသျှင်မြတ်ပေးသနားထားသည့်နေအ်မသ်စည်းစီမ်တော်များရုပ်သီမ်းခံရခြင်း
(၁၆) မကောင်းပြုလုပ်ခြင်းဟူသော အမှားများတွင်သာယာတတ်လာခြင်း
(၁၇) တမန်တော်သခင့်ထံပါးမှ၎င်းသူအပေါ် လအ်နသ်ကျီမ်စာကျရောက်လာခြင်း
(၁၈) လုပ်ငန်းကိုင်ငန်းများတွင်မမျှော်လင့်သောအခက်အခဲများကြုံတွေ့ကျရောက်လာခြင်း
(၁၉) လူတို့နှင့် အထူးသဖြင့် လူကောင်းတို့နှင့် တွေ့ဆုံရန်ကြောက်ရွံလာခြင်း
(၂၀) မလာအေကဟ်ကောင်းကင်တမန်များ၏ ဒိုအာတောင်းခံပေမှုမှကင်းဝေးရခြင်း
(၂၁) လူအများဒက္ခရောက်စေသဖြင့်သူ့အပေါ် အလ္လဟ်လအ်နသ်ကျရေက်ခြင်း
(၂၂) အပြစ်လုပ်သူ၏စိတ်အစဉ်၌ ၇ျိုင်တွန်မိစ္ဆာ၏ ဓလေ့စရိုက်များကြီးဆိုးလာခြင်း
(၂၃) သေဆုံးချိန်တွင်ကလေမဟ်ဖတ်၇န် အခွင့်အေ၇းမရဖြစ်တတ်ခြင်း
(၂၄)အလ္လဟ်အသျှင်မြတ်ထံပါးမှ အကူအညီ ရနိုင်ခြင်းအပေါ် မျှော်လင့်ချက်များကုန်ဆုံးခြင်း....သို့ပါ၍သောင်ဗဟ်
လုပ်ခွင့်မရပဲသေဆုံးတတ်ခြင်း
(၂၅) အပြစ်လုပ်သူ၏နှလုံးသား၌ အသျှင်မြတ်၏ကြီးကျယ်မြင့်မြတ်စိတ်အသိကုန်ဆုံးသွားခြင်း စသည်တို့ဖြစ်သည်။

မိတ်ဆွေအပေါင်း အပြစ်ဂိုနဟ်တွင်းမှာနစ်မွန်းနေမှန်းမသိနှစ်မွန်းနေကြမယ်ဆိုရင်ဒီလိုဖြစ်စဉ်လေးတွေကလည်း
မိမိတို့ရဲ့နေ့စဉ်ဘာဝဖြစ်စဉ်တွေထဲမှာပေါ်ပေါက်နေမှာဖြစ်ပါတယ်...အဲ့လိုအခြေအနေဆိုးတွေရန့်တ� ��့်သွားဖို့ဆိုတာ
မိမိကိုယ်တိုင်ဦးစွာ ဂိုနဟ်အပေါင်းကိုစွန့်လွတ်ဖို့လိုအပ်ပါတယ်....အားလုံးရဲ့ဘဝဖြစ်စဉ်လေးတွေသန့်ပြန့် အဆင့်မြင့်ဖို့ရည်စူးပါတယ်...........
hapmalaysia
Back to top Go down
http://www.hapmalaysia.net
 
ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍)
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (အီမာန်) နှင့်ပတ်သက်သမျှကိုဒီနေရာလေးမှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။-
Jump to: